Main menu

ဘီးလင်းမြို့နယ်တာဝန်ခံက သောက်ရေသန့်လုပ်ငန်းရှင်အား တွေ့ဆုံ

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၃-၃-၂၀၂၃) ရက်နေ့တွင် ဘီးလင်းမြို့ပေါ်ရှိ “မိဘစွမ်းအား” သောက်ရေသန့်စက်ရုံလုပ်ငန်းရှင်အား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

      ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံက သောက်ရေသန့်များထုတ်လုပ်ရာတွင် စားသုံးသူများအား သန့်ရှင်းသောသောက်သုံးရေကို သုံးစွဲနိုင်စေရန်၊ အရည်အသွေးပြည့်မီစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန် စသည့်အချက်များ ဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်ပတ်သက်သော အကြောင်းအရာများအား အသိပညာပေးဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြရမည့်အချက်များဖော်ပြပါရှိသော လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)