Main menu

မော်လမြိုင်မြို့နယ်တာဝန်ခံသည် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့တွင် မွန်ပြည်နယ်၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လမ်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်စွမ်းအားဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

  ထိုသို့ စစ်ဆေးရာတွင် စက်သုံးဆီသိုလှောင်ကန်များထားရှိမှုမှာ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်စည်းကမ်းချက်နှင့်ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးထားရှိမှု၊ မီးသတ်ရေကန်ထားရှိမှုအခြေအနေအား စစ်ဆေးခြင်း၊ စက်သုံးဆီအရည်အသွေးနှင့် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိတို့ကို စစ်ဆေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)