စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ဦးစီးမှူးရုံး၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်အတွင်းရှိ အလှကုန်ဆိုင်( ၂ )ဆိုင်အား ( ၂၂-၃-၂၀၂၃ ) ရက်နေ့၊ နံနက် ( ၉: ၃၀ ) နာရီအချိန်တွင် ဟုမ္မလင်းမြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်း( ၂ )ဦးတို့သည် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူပြည်သူများအသုံးပြုနေသည့် အလှကုန်ပစ္စည်းများနှင့်ပတ်သက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက သုံးစွဲရန်မသင့် ကြေညာထားသောအလှကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် သက်တမ်းလွန်နေသည့် အလှကုန်ပစ္စည်းများရောင်းချမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ ဈေးကွက်အတွင်းမှပပျောက်သွားစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုလုပ်ငန်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)