မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံ ဦးရဲမြင့်ဆန်းသည် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် မလှိုင်မြို့နယ်အတွင်းရှိ ဆေးဝါးရောင်းချနေသောလုပ်ငန်းရှင်များနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (၂၂-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀း၀၀) နာရီချိန်တွင် ပြည်သူ့ဆေးရုံးကြီး၊ အစည်းဝေးခန်းမ၌ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာနတွင် လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများနှင့် နစ်နာဆုံးရှုံးမှုများကိုညှိနှိုင်းဖြေရှင်းမှုများလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးကျင့်ဝတ်နှင့်အညီ မိမိတို့ရောင်းချ/ထုတ်လုပ်သော ကုန်ပစ္စည်းများ၏ သတင်းအချက်အလက်များကို ရိုးရှင်းမှန်ကန်စွာပေးရမည်ဖြစ်သောကြောင့် ထုတ်လုပ်သောကုန်စည်များပေါ် တွင် ဥပဒေပါကုန်အညွှန်းအမှတ်အသားများနှင့်စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို လိုက်နာခြင်းမရှိပါက အရေးယူခံရမည့်ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့အား ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဆေးဝါးအရောင်းဆိုင်များအား စျေးကွက်အတွင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အသိအမှတ်ပြု DRC No. မပါရှိသည့် Parbisure မရောင်းချစေရေး ပြောကြားခဲ့ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း အခြားကုန်စည်ကိုဝယ်ယူသုံးစွဲရာတွင် မိမိတို့ကိုယ်တိုင် စားသုံးသူများဖြစ်သည့် အတွက် စာသုံးသူအခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိခဲ့လျှင် DOCA Myanmar Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်ကြောင်းကို ဆွေးနွေးပြောကြားခဲ့ပါကြောင်း၊ ဆေးဝါးအရောင်းဆိုင်လုပ်ငန်းရှင် (၄၅) ဦးတက်ရောက်ခဲ့ကြောင်းနှင့် လက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ပြီး ဟောပြောပွဲကို နံနက် (၁၁း၁၅) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)