ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနက (၂၃-၃-၂၀၂၃) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် နမ့်ရမ်းကျေးရွာအုပ်စု၊ နမ့်ရမ်းကျေးရွာရှိ GOLDEN PINEAPPLE အမှတ်တံဆိပ်၊ ရွှေနာနတ်ကုမ္ပဏီသို့ သွားရောက်ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်နှင့် မြန်မာ (GAP) အသိအမှတ်ပြုလက်မှတ်တို့ဖြင့် ရွှေနာနတ်ကုမ္ပဏီမှ ထုတ်လုပ်လျက်ရှိသော ထုတ်ကုန်များမှာ နာနတ်သီးစည်သွပ်ဘူး(အတုံး)၊ နာနတ်သီးစည်သွပ်ဘူး(အကွင်း)၊ နာနတ်သီးခြောက်နှင့် နာနတ်သီးယိုဘူးများကို အဓိကထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ထိတင်ပို့လျက်ရှိကြောင်း လေ့လာသိရှိရပါသည်။
DOCA(ရှမ်း)