Main menu

လွိုင်ကော်မြို့ပေါ်ရှိဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၃ခုနှစ်၊ မတ်လ (၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ရွှေတောင်ရပ်ကွက်ရှိ မြင့်မြတ်စံဆေးဆိုင်၊ ပုလဲထွန်းဆေးဆိုင်၊ ကျော်ရတနာဆေးဆိုင်နှင့် ရှမ်းပိုင်းရပ်ကွက်ရှိ ပြည်ဝဟိဏ်းဆေးဆိုင်၊ မန္တလေးပင်ရင်းဆေးဆိုင်၊ချမ်းမြေ့ဆေးဆိုင်များတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ထောက်ခံချက်မပါရှိဘဲ Parbisure ဆေးရောင်းချနေမှုရှိ/မရှိအား မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ ဆေးဆိုင်များတွင်ရောင်းချနေသော ဆေးဝါးများမှာ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များမှ အများဆုံးတင်သွင်းရောင်းချလျက်ရှိပြီး တရားဝင်မှတ်ပုံတင်ထားသောဆေးဝါးများကိုသာ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်းနှင့် Parbisure ဆေးရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ဆေးဆိုင်ပိုင်ရှင်များအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထား သောဆေးဝါးများသာ တင်သွင်းရောင်းချဖြန့်ဖြူးကြရန်၊  တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော Parbisure ဆေးအား ဈေးကွက်အတွင်း ရောင်းချနေမှုများတွေ့ရှိပါက   သက်ဆိုင်ရာဌာန၏ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဆေးဆိုင်(၆)ဆိုင်အား ကွင်းဆင်းအသိပေးဆောင်ရွက်ခဲ့မှုများကို အစီရင်ခံတင်ပြအပ်ပါသည်။

DOCA(ကယား)