Main menu

စားသုံးသူကာကွယ်ပေးရေးဆိုင်ရာ Talk Show အစီအစဉ်ကျင်းပပြုလုပ်

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးမိုးနှင့် ဝန်ထမ်းများသည် ၆.၁၀.၂၀၂၀ရက်နေ့  နံနက် ၁၀:၀၀နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်သော Talk Show အစီအစဉ်တွင် စားသုံးသူ ကာကွယ် ပေးရေးဆိုင်ရာနှင့်ပတ်သက်သည့် စားသုံးသူအခွင့်အရေးနှင့်လိုက်နာရမည့် တာဝန်ဝတ္တရားများအား ရှင်းလင်းပြောကြားခဲ့ပြီး ၊ စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉ ) ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များနှင့် Covid-19 ကာလတွင် စျေးကွက်အတွင်းရှိ ကုန်စည်စျေးနှုန်းများနှင့် ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခြင်းများ အပြင် စားသုံးသူများအနေဖြင့် ကုန်စည်များအပေါ် မိမိတို့၏အခွင့်အရေးများဆုံးရှံးနစ်နာမှုများရှိပါက ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနသို့ လာရောက်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန