Main menu

စားသုံးသူကာကွယ်ရေးအသိပညာပေး‌ဟောပြောပွဲ

Powered by Drupal

    စားသုံးသူရေးရာဦစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးကဦးစီးပြီး ဝိုင်းမော်မြို့၊ မဒိန်ကျေးရွာအုပ်စု၊ ခကွမ်ရပ်ကွက်တွင် လာချိဒ်တိုင်းရင်းသားများစာပေသင်ကြားသင်ယူနေသည့် သင်တန်းတွင် (၂၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှနံနက် (၁၀:45) နာရီအချိန်ထိ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောမှု ဆောင်ရွက်ခဲ့ပါသည်။

       ‌ဟောပြောပွဲဆောင်ရွက်ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကြောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်း ကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကိုဆိုလိုကြောင်း၊ ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ဖော်ပြပါရှိရမည့်ကုန်အညွှန်းအမှတ်အသားဆိုင်ရာနှင့် ဘေးအန္တရာယ်ရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုသိရှိစေရန်အတွက် ကုန်အညွှန်းအမှတ်အသားများပြည့်စုံပါရှိသော ကုန်စည်များ‌ကိုသာရွေးချယ်ဝယ်ယူသုံးစွဲရန် ရှင်းလင်းဟောပြောခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ(၈)ဦးနှင့် သင်တန်းသား/သင်တန်းသူ (၁၀၂)ဦး၊ စုစုပေါင်း(၁၁၀)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဆိုင်ရာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)