Main menu

လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

 

     စားသုံးသူရေးရာဦစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် (၂၈-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်မှ နံနက် (၁၁:၃၀) နာရီအချိန်ထိ ဝိုင်းမော်မြို့၊ ရပ်ကွက်(၃)တွင် လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်အား တွေ့ဆုံ‌ဆွေးနွေးခဲ့ပါသည်။

     ထိုသို့ဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ်  အာမခံချက်၊ စားသုံးသူများနစ်နာဆုံးရှုံးမှုမရှိစေ‌ရေးအတွက် ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ သုံးစွဲပုံနည်းလမ်းများအကြောင်း၊ သက်တမ်းကာလအတွင်း ပျက်စီးဆုံးရှုံးမှုရှိလျှင် အာမခံချက်နှင့်အညီ ပြန်လည်ပြုပြင်ပေးခြင်း၊ အစားထိုးပေးခြင်းနှင့် တန်ဖိုးနှင့်အညီ စိတ်ကျေနပ်စွာစီမံဆောင်ရွက်ခြင်းများအကြောင်း ဆွေးနွေခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)