ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီခွဲအချိန်တွင် ဘိုကလေးမြို့နယ်တာဝန်ခံရုံး၌ စားသုံးဆီဖြန့်ဖြူးရောင်းချသူလုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးအသိပညာပေးမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးနှင့် မြို့နယ်တာဝန်ခံတို့က တက်ရောက်လာသည့်လုပ်ငန်း ရှင်တို့အား စားသုံးဆီအသင်းအဖွဲ့ကိစ္စများနှင့်ပတ်သက်၍ တိုင်း၊ ခရိုင်ကိုယ်စားလှယ်ရွေးချယ်ပြီးနောက် မြို့နယ်အနေဖြင့်လည်း အသင်းဖွဲ့စည်းစေလိုပါကြောင်၊း သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းဈေးကွက်အခြေအနေများအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အကြောင်းတို့ကို အသိပညာပေးဆွေးနွေးကာ ဈေးကွက်တွင် ကျယ်ပြန့်စွာပါရှိလာပြီဖြစ်ကြောင်း၊ ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူနစ်နာဆုံးရှုံးမှုများရှိလာလျှင် ရှင်းလင်းခွင့်၊ တိုင်ကြားခွင့်များအား စားသုံးသူရေးရာဦးစီးဌာနတွင် စင်တာများဖွင့်လှစ်ထားရှိပြီးဖြစ်၍ Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်း ထည့်သွင်းပြောကြား၍ တက်ရောက်လာသောလုပ်ငန်းရှင်များက သိလိုသည်များမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)