ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးဒေါ်လဲ့လဲ့ဆန်းနှင့် ဝန်ထမ်းများသည် (၂၄-၃-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့၊ ရွှေညီကိုကားကြီးဂိတ်တွင် စားသုံးသူအသိပညာပေးဟောပြောမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲတွင် ဒု-ဦးစီးမှူးဒေါ်လဲ့လဲ့ဆန်းက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ စားသုံးသူကာကွယ်ရေးဆိုင်ရာအကြောင်းအရာများ၊ စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရေးအတွက်စားသုံးသူအခွင့်အရေးနှင့်တာဝန်မျာ၊း စားသုံးသူကာကွယ်ရေးဆောင်ရွက်ချက်များ၊ စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များ၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီးလုံခြုံစိတ်ချမှုရှိကာ အရည်အသွေးပြည့်မီသောစားသောက်ကုန်ပစ္စည်းများကိုသုံးစွဲနိုင်ရေးအတွက် အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် သက်မှတ်ချက်များပါရှိသောကုန်စည်နှင့်အစားအသောက်များ၊ တားမြစ်ဓာတုဆိုးဆေးနှင့် တာရှည်ခံဆေးပိုးသတ်ဆေးအန္တရာယ်အကြောင်းများ၊ ဌာနအနေဖြင့် စားသုံးသူများအသုံးပြုသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဟောပြောခဲ့ပါသည်။ အခမ်းအနားသို့ လုပ်သားပြည်သူ( ၁၅ )ဦးတက်ရောက် ခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)