Main menu

ကရင်ပြည်နယ်၌ စားသုံးသူရေးရာကော်မတီအစည်းအဝေးကျင်းပ

Powered by Drupal

      ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို (၃၀-၃-၂၀၂၃) ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးတွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့်ဟန်နှင့် ကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါသည်။

  အစည်းအဝေးတွင် ကရင်ပြည်နယ်၊ စားသုံးသူရေးရာကော်မတီ၏ ဒု-ဥက္ကဋ္ဌ ဒေါက်တာဦးအောင်မြင့်ဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ကရင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များ၊ ဌာန၏ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များ၊ ယခင်လအစည်းအဝေးဆုံးဖြတ်ချက်များမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို အမှာစာနှင့်တကွ တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသောကော်မတီအဖွဲ့ဝင်များက စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ရာ ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို (၁၁:၃၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။   

          အစည်းအဝေးတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီဝင် (၈) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက် (၇) ချက်ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

DOCA(ကရင်)