(၄-၄-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၃:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ ထားဝယ်မြို့၊ မြို့မစျေးကြီး၊ စျေးခေါင်းရုံးခန်းမတွင် စျေးသူ/စျေးသားများအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ပါအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးပွဲကျင်းပခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်က စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့်စားသုံးသူတာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ ကုန်စည်များနှင့်ပတ်သက်သည့် ကုန်အညွှန်းအမှတ်အသားများဖော်ပြရာတွင် ပြည့်စုံမှန်ကန်စွာဖော်ပြနိုင်ရေးနှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသည့်ကုန်စည်များအား စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်ဝင်းမောင်က ဆီစားသုံးမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်ညီညွတ်စွာစားသုံးနိုင်စေရန် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ စျေးသူ/စျေးသားစုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပြီး နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ဟောပြောပွဲအား ရုပ်သိမ်းခဲ့ကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)