Main menu

ဆီအုန်းပင်များအား အကန့်အသတ်ဖြင့် ပြန်လည်စိုက်ပျိုးခြင်းကြောင့် စားအုန်းဆီထုတ်လုပ်မှုမှာ နှစ်အတန်ကြာ စောင့်ဆိုင်းရနိုင်ခြင်း

Powered by Drupal

           တင်းကျပ်သောမူဝါဒ စည်းမျဉ်းစည်းကမ်းများကြောင့် စားအုန်းဆီပင်သစ်များ တိုးမြှင့်စိုက်ပျိုးမှု လျော့ကျလာမှုနှင့်အတူ လတ်ဆတ်သောသီးနှံအခိုင်များ (Fresh fruit bunches - FFB) ဖြစ်ထွန်းမှုနည်းပါးလာခြင်းနှင့်  ကုန်ကျစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ကာလရှည်တွင် စားအုန်းဆီတိုးချဲ့ထုတ်လုပ်နိုင်မှု အလားအလာများ လျော့ကျသွားနိုင်ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် Kenanga သုတေသနအဖွဲ့က အသိပေးထားပါသည်။

          ဆီအုန်းပင်စိုက်ပျိုးဧရိယာ ဟက်တာ (၁၅) သန်း အကျယ်အဝန်းရှိသည့် အင်ဒိုနီးရှားနိုင်ငံအနေဖြင့်  အခြားကောက်ပဲသီးနှံ စိုက်ပျိုးရန် ဟက်တာ ၃ သန်းမှ ၄ သန်း အထိသာ ကျန်ရှိကြောင်းနှင့် မလေးရှားနိုင်ငံအနေဖြင့် ဆီအုန်းပင်စိုက်ပျိုးဧရိယာမှာ  ဟက်တာ ၆.၅ သန်းခန့်ရှိကြောင်း သိရပါသည်။

        ၁၉၉၀ ခုနှစ်နောက်ပိုင်းနှင့် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကာလတွင် စိုက်ပျိုးထားသော ဆီအုန်းပင်များ သက်တမ်းရင့်လာခြင်း၊ လာမည့်နှစ်များတွင် ဆီအုန်းပင်ငယ်များ အနည်းငယ်သာကျန်ရှိနေခြင်း၊ အထွက်နှုန်းလျော့ကျသွားခြင်း၊ လတ်ဆတ်သောသီးနှံအခိုင် (FFB) များ ဖြစ်ထွန်းမှု နည်းပါးခြင်း၊ ကုန်ကျစရိတ်များမြင့်တက်လာခြင်းတို့ကြောင့် ပြန်လည်စိုက်ပျိုးနေရမှုက ၃ နှစ်မှ ၅ နှစ်ခန့်အထိ စားအုန်းဆီထုတ်လုပ်မှု စောင့်ဆိုင်းရနိုင်ကြောင်း အဆိုပါအဖွဲ့က ဖော်ပြထားသည်။

        ၂၀၂၃ ခုနှစ်တွင် စားသုံးဆီ လုံလောက်မှုရှိစေရန် ဆောင်ရွက်နေဆဲဖြစ်သော်လည်း မျှော်မှန်းထားသည့်အတိုင်း ဖြစ်နိုင်ခြေနည်းပါးကြောင်း၊ ယခုနှစ်အတွင်း တောင်အမေရိကဒေသတွင် ပဲပိစပ်ပိုမိုထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းတွက်ချက်ခဲ့သော်လည်း ထုတ်လုပ်မှုပိုမိုနည်းပါးလာသည့်အတွက် ထိရှလွယ်သော ရောင်းလိုအားကို ပြန်လည်အားကောင်းစေမည့် အစီအစဉ်များအား ၂၀၂၄ ခုနှစ်အထိ ဆက်လက်တိုးချဲ့၍ ဆောင်ရွက်နိုင်ခြေရှိကြောင်း သိရပါသည်။ ဘရာဇီးနိုင်ငံက ပဲပိစပ်စံချိန်တင် ရိတ်သိမ်းထုတ်လုပ်နိုင်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံက ရိတ်သိမ်းရမှု အနည်းဆုံးဖြစ်ပေါ်ခဲ့ပါသည်။

        ဘရာဇီးနိုင်ငံသည် စားသုံးဆီထွက်ရှိမှု ထိပ်ဆုံးနိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အာဂျင်တီးနားနိုင်ငံသည်လည်း နိုင်ငံတကာကုန်သွယ်ရေးတွင်အရေးပါပြီး ရံဖန်ရံခါ၌ အင်ဒိုနီးရှား နှင့် မလေးရှားနိုင်ငံတို့နောက်တွင် တတိယ သို့မဟုတ် စတုတ္တ အများဆုံး စားသုံးဆီတင်ပို့သူအဖြစ်ရပ်တည်နေကြောင်း၊ အမေရိကန်နိုင်ငံနှင့် ဥရောပသမဂ္ဂ ဒေသ ၂ ခုပေါင်း၏ စားသုံးမှုနီးပါးရှိပြီး ကမ္ဘာ့အဆင့်တစ် စားသုံးဆီဈေးကွက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ ပါဝင်လျက်ရှိမှုနှင့်အတူ အာရှ-ပစိဖိတ်ဒေသသည် ကမ္ဘာ့အကြီးမားဆုံး စားသုံးဆီဈေးကွက်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ စားသုံး ဆီသုံးစွဲမှုသည်လည်း အင်ဒိုနီးရှားနိုင်ငံ၏ နောက်မှကပ်၍ အမေရိကန်နိုင်ငံကို ကျော်လွန်နိုင်ကြောင်းဖြင့်  Kenanga သုတေသနအဖွဲ့က တင်ပြထားသည်။

Source: The Malaysian Reserve, 27 March 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)