၂၀၂၀-ပြည့်နှစ်၊ ဇွန်လမှ ဒီဇင်ဘာလအထိ ကသာခရိုင်အတွင်း စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ ဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ပူးပေါင်းစစ်ဆေးခဲ့ရာတွင် ဈေးကွက်အတွင်းမှ သက်တမ်းလွန် အစားအသောက်များ၊ ဆေးဝါးများနှင့် အလှကုန်များ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၂၇၃,၂၂၇/- ကျပ် အား သိမ်းဆည်းရရှိခဲ့ပြီး သိမ်းဆည်းရရှိခဲ့သော ကုန်စည်များအား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သည့် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ကသာမြို့နယ်၊ စည်ပင်သာယာရေး အမှိုက်စွန့်ပစ်ကွင်း၌ စနစ်တကျမီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး
စားသုံးသူရေးရာဦးစီးဌာန