စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၆-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉) ပါ ကုန်အညွှန်း အမှတ်အသားသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိသောစားသုံးဆီအများစုကို တင်သွင်းရောင်းချလျက်ရှိရာ ဈေးနှုန်းများမှာ Goody စားသုံးဆီ၁ပိဿာလျှင် (၉၈၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ၊ ငွေလဝန်းစားသုံးဆီ၁ပိဿာလျှင် (၈၇၀၀) ကျပ်မှ (၉၂၀၀) ကျပ်ထိ၊ အေးသူဇာရောနှောဆီ (၉၀) ကျပ်သားတစ်ဘူးလျှင် (၈၇၀၀) ကျပ်၊ ၁ပိဿာလျှင် (၉၂၀၀) ကျပ်၊ မြေပဲဆီ၁ပိဿာလျှင် (၁၃၅၀၀ )ကျပ်၊ နှမ်းဆီတစ်ပိဿာ (၁၄၀၀၀) ကျပ်၊ Boss အမှတ်တံဆိပ်၊ တောင်ကြီးအမှတ်တံဆိပ်၊ Super အမှတ်တံဆိပ်တို့အား ချိန်ခွက်ဖြင့် ၁ပိဿာလျှင် (၇၁၀၀) ကျပ်မှ (၇၅၀၀)ကျပ်ထိရောင်းချလျက်ရှိပြီး စားသုံးဆီရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသည့်စားသုံးဆီများတွင် ပင်ရင်းပါဝင်ပစ္စည်းကိုအခြေခံသောကုန်စည်၏အမျိုးအမည်အား မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ကုန်စည်များ၏အသားတင်ပမာဏနှင့်အရွယ်အစားတို့ကို မြန်မာ့အလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ဖြင့် တိကျစွာဖော်ပြထားသောစားသုံးဆီများကိုသာ တင်သွင်းရောင်းချကြကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)