စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာမြို့နယ်တာဝန်ခံဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်တိုးတိုးချွန်နှင့် ဒု-ဦးစီးမှူး ဒေါ်ဇင်မာနွယ်တို့သည် (၂၅-၄-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် “သင်္ဂဟ” ဆီရောင်းဝယ်ရေးအနေဖြင့် ကုမ္ပဏီများမှဖြန့်ဖြူးသည့်စားအုန်းဆီများအား မုံရွာမြို့၊ ပြည်ထောင်စုဈေးသို့ ဈေးကားဖြင့် ရောင်းချပေးနေမှုကို စိစစ်ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
ထိုသို့စိစစ်ကြပ်မတ်ဆောင်ရွက်ရာတွင် မုံရွာခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များထံသို့ဖြန့်ဖြူးပေးသည့် စားအုန်းဆီများကို ရည်ညွှန်းလက်ကားဈေးအပေါ်တွင် သယ်ယူစရိတ်ထပ်ပေါင်းကာ အမြတ် ၂ % ထက်မပိုသောဈေးနှုန်းဖြင့် ရပ်ကွက်များ၊ ဈေးများသို့ ဈေးကားဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လာရောက်ဝယ်ယူကြသောအိမ်ထောင်စုများအား စနစ်တကျတန်းစီစေခြင်း၊ တိုကင်နံပါတ်များပေး၍ စောင့်ဆိုင်းစေခြင်း၊ လူတန်းစေ့ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ လူတစ်ဦးလျှင် (၁) ပိဿာနှုန်းဖြင့် တန်းတူညီမျှရောင်းချစေရန် ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)