စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာန၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်လင်းသည် (၁၈.၁၂.၂၀၂၀) ရက်နေ့တွင် မိတ်ဖတ်ဌာနများဖြစ်သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာစားသုံးသူရေးရာအဖွဲ့တို့ဖြင့် ရွှေပေါက်ပင်ကျေးရွာရှိ ကုန်စုံဆိုင်များအား ကွင်းအသိပညာပေး စစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဉပဒေ အခန်း (၁၈) ပါ ကုန်အညွှန်း အမှတ်အသားဖေါ်ပြခြင်းနှင့်ပါတ်သက်၍ ကုန်စည်များအပေါ်တွင် မဖြစ်မနေပါဝင်ရမည့် အချက်များဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ သုံးစွဲပုံအညွှန်း၊ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်များကို ကုန်စည်ပေါ်တွင် မြန်မာဘာသာနှင့်ဖြစ်စေ၊ အခြားဘာသာနှင့်ဖြစ်စေ (သို့မဟုတ်) တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖေါ်ပြပါရှိရမည်ဖြစ်ကြောင်း အသိပညာပေးရှင်းလင်းခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကော်ပရှင်၏ (၃.၁၂.၂၀၁၉) ရက်စွဲပါ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်နှင့် ကိုက်ညီမှု ရှိမရှိ အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး(DOCA)