စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးဦးဆောင်၍ ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးနှင့် ဆီနှင့်ဆီထွက်သီးနှံပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ “စိန်မိသားစု” မြေပဲဆီနှင့်နှမ်းဆီထုတ်လုပ်ရေးဆီစက်သို့ (၈-၅-၂၀၂၃) ရက်နေ့၊ ညနေ (၁၆:၀၀) နာရီအချိန်တွင် ကုန်ကြမ်းရရှိမှုအခြေအနေများ၊ ကုန်ကြမ်းနှင့်ထုပ်ပိုးပစ္စည်းများဝယ်ယူစုဆောင်းမှုအခြေအနေများကို သွားရောက်အားပေးကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။
ထိုသို့စစ်ဆေးမှုပြုလုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးက ကရင်ပြည်နယ်အတွင်း ဆီနှင့်ဆီထွက်သီးနှံများစားသုံးပိုလျှံမှုအခြေအနေ၊ ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းထားရှိမှုအခြေအနေ၊ ဆီထွက်သီးနှံများစိုက်ပျိုးဖြစ်ထွန်းထွက်ရှိမှုအခြေအနေကိုလည်းကောင်း၊ ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိုးသူနှင့် ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဖြိုးဇော်ထွန်းက ကရင်ပြည်နယ်စားသုံးဆီကုန်သည်များနှင့် စားသုံးဆီလုပ်ငန်းရှင်များအသင်း အသင်းဖွဲ့စည်းမျဉ်းရေးဆွဲဆောင်ရွက်မှုအခြေအနေနှင့် ကရင်ပြည်နယ်အတွင်းရှိ ဆီစက်များ၏ ဆီကြိတ်ခွဲထုတ်လုပ်နိုင်မှုအခြေအနေများကိုလည်းကောင်း၊ အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး စိန်မိသားစုဆီစက်ပိုင်ရှင် ဦးဝေလင်းအောင်က ဆီထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ၊ ကုန်ကြမ်းဝယ်ယူစုဆောင်းရရှိမှုနှင့် ဈေးကွက်အလားအလာတို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ကရင်ပြည်နယ်ဦးစီးမှူးက ကရင်ပြည်နယ်အတွင်း စားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံထုတ်လုပ်နိုင်စေရေးအတွက် ဆီနှင့်ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်ရန်နှင့် Supply Chain တစ်ခုလုံးတွင်ပါဝင်သည့် စိုက်ပျိုးတောင်သူ၊ ကုန်သည်နှင့်စက်ပိုင်ရှင်များ၏ လိုအပ်သည့်အရင်း အနှီး၊ နည်းပညာအထောက်အကူများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့်အခြေအနေနှင့် နိုင်ငံတော်ကပံ့ပိုးဆောင်ရွက်နေမှုအခြေအနေများကို ရှင်လင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(ကယား)