Main menu

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် သင်တန်း၌ စားသုံးသူကာကွယ်ရေးအကြောင်းဆွေးနွေး

Powered by Drupal

     ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသော သင်တန်း၌ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက စားသုံးသူကာကွယ်ပေးရေးအကြောင်း တက်ရောက်ဆွေးနွေး ပြောကြားခဲ့သည်။

        အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဥပဒေအကြောင်း ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူရေးရာ ဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန် ရှိသူများက မျိုးစေ့၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ သင်တန်းတွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးသူ တောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး(DOCA)