(၉-၅-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးနှင့်ဝန်ထမ်းများသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ “ZY” တံဆိပ်ကိတ်မုန့်၊ ပေါင်မုန့်မျိုးစုံလုပ်ငန်းနှင့် တာလေမြို့၊ သီရိရွာရှိ “ရွှေဖျာပုံ”တံဆိပ်ငါးမုန့်ကြော်လုပ်ငန်းတို့အား ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးရာတွင် “ZY” တံဆိပ်ကိတ်မုန့်၊ ပေါင်မုန့်နှင့် “ရွှေဖျာပုံ”တံဆိပ်ငါးမုန့်ကြော်တို့သည် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၈)ပါ ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာဖော်ပြထားပြီး လိုက်နာဆောင်ရွက်လျက်ရှိပြီး ထုတ်ကုန်များကိုလည်း သန့်ရှင်းသပ်ရပ်စွာထုတ်လုပ်ဖြန့်ချိလျက်ရှိကြောင်း၊ ထို့နောက် စစ်ဆေးရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းရှင်များအား စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးကို အလေးထားဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များနှင့် လုပ်ငန်းမှတ်ပုံတင်များပြုလုပ်ကြရန်၊ ကုန်ကြမ်းများကို စနစ်တကျသိုလှောင်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို လိုက်နာဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးခဲ့ပါသည်။
DOCA(ရှမ်း)