(၁၀-၅-၂၀၂၃) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးတို့နှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့မဈေးအတွင်းရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင် (၇) ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော မျက်စိအားဆေး(ဖြည့်စွက်စာ)ဖြစ်သော LUTEIN ESTER BLUEBERRY SALT ALGA ဆေးဝါးအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တရားမဝင်သောမျက်စိအားဆေး(ဖြည့်စွက်စာ)ဖြစ်သော LUTEIN ESTER BLUEBERRY SALT ALGA ဆေးဝါးအား အဆိုပါဆေးဝါးပစ္စည်းအရောင်းဆိုင် (၇) ဆိုင်တွင် ရောင်းချမှုမရှိပါကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသေ ာမျက်စိအားဆေး(ဖြည့်စွက်စာ)ဖြစ်သော LUTEIN ESTER BLUEBERRY SALT ALGA ဆေးဝါးအား ဈေးကွက်အတွင်း ရောင်းချမှုမပြုကြရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့်ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resgistration No.(IR) များဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာရောင်းချကြရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ကွင်းဆင်းစစ်ဆေးကာ အသိပညာပေးဆွေးနွေးမှုလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)