(၁၁-၅-၂၀၂၃) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာရှိ ဆေးဆိုင်နှင့်အလှကုန်ဆိုင် (၁၀) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အဆိုပါဆိုင်များ၌ တရားမဝင်ဆေးဝါးများနှင့် အလှကုန်များရောင်းချနေခြင်းရှိ/မရှိကိုစစ်ဆေးခဲ့ပြီးနောက် ဆေးဝါးနှင့်အလှကုန်ပစ္စည်းများမှ သံသယဖြစ်ဖွယ်ရှိသောကုန်ပစ္စည်းများကို စစ်ဆေးရန်အတွက် နမူနာဝယ်ယူခဲ့ကာ ဆိုင်ရှင်များအား တရားမဝင်ဆေးဝါးများကိုရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်မပါရှိသော ကုန်ပစ္စည်းများကိုရောင်းချခြင်းမပြုရန် အသိပညာပေးခဲ့ပါသည်။
DOCA(မွန်)