Main menu

တိုင်းဒေသကြီးသမဝါယမဦးစီးဌာနတွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် မုံရွာမြို့နယ်တာဝန်ခံတို့သည် စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်သည့်  လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ ၁၂.၅.၂၀၂၃ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

   ဆွေးနွေးဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက တက်ရောက်နေသော သင်တန်းသူ/သားများအား ဦးစွာမိတ်ဆက်ပြီး မိမိတို့၏စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၁၆ ခုနှစ်၊ဧပြီလတွင် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ဌာနဖြစ်ပြီး စားသုံးသူအခွင့်အရေး၊အကျိုးစီးပွားကာကွယ်ရေးနှင့် ဘေးအန္တရာယ် ရှိသောကုန်စည်များ ဈေးကွက်အတွင်း ကင်းရှင်းပပျောက်စေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ ဖွဲ့စည်းပုံ၊ ဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအ ကြောင်း၊ ဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအကြောင်း သင်တန်းသူ/ သားများအား ဦးစွာ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

    ဆက်လက်၍ မိမိတို့ဦးစီးဌာနတွင် ကျင့်သုံးနေသော စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၉။ ဖြင့် အတည်ပြုထုတ်ပြန်ခဲ့ ကြောင်း ယခုသင်တန်းသား/သူများတွင် အချို့က သင်တန်းပြီးလျှင် ကိုယ်ပိုင်လုပ်ငန်းများ လုပ်ကိုင် ကြမည့်သူများ ပါဝင်သဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀) တွင် ပါဝင်သော စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်များကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်တွင် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ဖြင့် အသေးစိတ် ရှင်းလင်းပြောကြားပြီး ဥပဒေပါတားမြစ်ချက်နှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြား ခဲ့ပါသည်။ ထို့နောက် သင်တန်းသူ/သားများအား လက်ရှိသင်တန်းဆင်းပြီးသွားလျှင် စီးပွားရေးလုပ် ငန်းလုပ်ကိုင်ကြမည်ဖြစ်၍ လုပ်ငန်းရှင်ဟုမြင်သာအောင် ဆွေးနွေးပြောကြားခဲ့သော်လည်း တစ်ဖက် ကကြည့်လျှင် စားသုံးသူများဖြစ်ကြောင်း၊ ပြည်သူများသည် စားသုံးသူများဖြစ်သည့်အတွက် စားသုံး သူတိုင်းတွင် စားသုံးသူ အခွင့်အရေးများရှိကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈) ရပ်ကို မြင်သာ အောင် ရှင်းလင်းဆွေးနွေးခဲ့ပြီး ထိုအခွင့်အ‌ရေးများ နစ်နာဆုံးရှုံးခဲ့ပါက DOCA တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ CICC များတွင် တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသေးစိတ်ဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသူ/သားများကလည်းသိလိုသည်များ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)