Main menu

မိုးညှင်းမြို့နယ်ရှိ စားသောက်ဆိုင်များအားစစ်ဆေးခြင်း

Powered by Drupal

        မိုးညှင်းခရိုင်၊ မြို့နယ်အဆင့် COVID–19 ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆပ်ကော်မတီအလိုက် တာဝန်ခွဲဝေပေးအပ်ခဲ့ရာ မိုးညှင်းမြို့စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစိုးလွင်(လ/ထကြီးကြပ်ရေးမှူး)သည် အဖွဲ့ဝင်အဖြစ် ပါဝင်ပူးပေါင်းဆောင်ရွက် လျက်ရှိပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် COVID–19 ကာလအတွင်း မိုးညှင်းမြို့နယ်၌  စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဉီးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနစသည့် ဌာန(၅)ခုဖြင့် ဖွဲ့စည်းထားသော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် (၆.၁.၂၀၂၁ ) ရက်နေ့တွင် မိုးညှင်းမြို့ပေါ်ရှိ စားသောက်ဆိုင် (၁၅)ဆိုင်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID–19 ဆိုင်ရာလိုက်နာရမည့် (A ၊ B ၊ C ) အဆင့်လိုက် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ စစ်ဆေးခဲ့ရာတွင် စားသောက်ဆိုင်(၁၀)ဆိုင် အား (A) အဆင့်သို့ တိုးမြှင့်ပေးခြင်း နှင့် (၁)ဆိုင်အား (B) အဆင့်  ၊(၄)ဆိုင်အား (c) အဆင့်သို့ အဆင့်လျော့ချခြင်းများ ဆောင်ရွက်ခဲ့ပြီး မိမိဌာနမှလည်း ဌာန၏လုပ်ငန်းတာဝန်များ ဖြစ်သော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်းသည့် ဥပဒေပါအချက်များကို  လိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်(DOCA)