Main menu

မွန်ပြည်နယ်မှ ထွက်ရှိသော ငါးများကို မိုဘိုင်းစနစ်ဖြင့် စားသုံးသူများထံသို့ တိုက်ရိုက်ရောင်းချပေးမည်

Powered by Drupal

        COVID 19 ရောဂါဖြစ်ပွားနေသောကာလအတွင်း မွန်ပြည်နယ်အတွင်းမှာရှိသော ငါးဖမ်းလုပ်သားများ၏ ငါးဈေးကွက်များ ရပ်တန့်နေရခြင်းသဘောဖြစ်နေသည့်အတွက် ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်နေခြင်းအပေါ် မွန်ပြည်နယ် သမဝါယမဦးစီးဌာန မှတဆင့် ငါးဈေးကွက် တိုးချဲ့ဖြန့်ဖြူးနိုင်ရေးအတွက် မွန်ပြည်နယ်အတွင်းရှိ မြို့နယ် သမဝါယမအသင်းစုတို့နှင့်ချိတ်ဆက်ပြီး အမြတ်မယူဘဲ တစ်မြို့နယ်လျှင် ငါး ပိဿာချိန် ၅၀ မှ ပိဿာချိန် ၁၀၀ အထိ စားသုံးသူပြည်သူများထံ မိုဘိုင်းစနစ်ဖြင့် တိုက်ရိုက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ မွန်ပြည်နယ်အတွင်း သာမက စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကိုလည်း ဖြန့်ဖြူးရောင်းချရန် အဆိုပါဒေသများရှိ သမဝါယမအသင်းစုတို့နှင့်ချိတ်ဆက်ပြီး ပို့ဆောင်ရောင်းချနိုင်ရေး စီစဉ်ထားကြောင်း မွန်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဟန် ထံမှ သတင်းရရှိပါသည်။

မွန်ပြည်နယ် (DOCA)