Main menu

“ ပေါ်ဦးပေါ်ဖျား ပဲတီစိမ်း ဈေးကွက် ”

Powered by Drupal

သန်လျင်မြို့၊ ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၇) ရက်

          ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ ဒုတိယပတ်မှစ၍ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း သုံးခွမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် ကုန်းပဲတီစိမ်းများ အနည်းငယ်ခူးဆွတ်ထွက်ရှိနေပြီ ဖြစ်ကြောင်းသိရှိရသည်။

          ယခု ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကုန်းပဲတီစိမ်းတစ်တင်းလျှင် (၄၃၅၀၀/-) ကျပ် ဈေးဖြင့် ပေါ်ဦးပေါ်ဖျား ပဲများအား ရောင်းချလျက်ရှိကြောင်း ပဲစိုက်တောင်သူများထံမှ သိရှိရပါသည်။

           သုံးခွမြို့နယ် ပဒတ္ထိုင်း၊ ပိုက်စီး၊ အုန်းပင်စု၊ ရေပေါ်ကန်၊ သခွတ်ကုန်းကျေးရွာများတွင် ကုန်းပဲတီစိမ်းများ ခူးဆွတ်၍ သုံးခွမြို့ပေါ်ရှိ Bright Light Co.,Ltd. သို့ တောင်သူတချို့မှ လာရောက် ရောင်းချလျက်ရှိကြောင်း ကုမ္ပဏီဒါရိုက်တာထံမှ သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး (DOCA)