Main menu

မဘိမ်းမြို့နယ်တွင် မိုးစပါးများရိတ်သိမ်းလျက်ရှိ

Powered by Drupal

       ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မဘိမ်းမြို့နယ်တွင် မိုးစပါးစိုက်ဧက ၂၃,၉၉၆ ဧကရှိပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအထိ ၁၇,၉၄၁ ဧက ရိတ်သိမ်းထားကာ အထွက်နှုန်းမှာ တစ်ဧကလျှင် ၇၆.၆၅ တင်း ထွက်ကြောင်းနှင့် ပျက်စီးမှုဧကမှာ ၅၅၅.၅၁ ဧကရှိကြောင်း သိရှိရပါသည်။

       တောင်သူများထံသို့ သွားရောက်၍ စုံစမ်းမေးမြန်းခဲ့ရာ တောင်သူ ဦးမောင်ကြည်တွင် မိုးစပါးစိုက်ဧကမှာ ၄.၅၀ဧက ရှိကြောင်း၊  ယခင်နှစ်တွင် ကျဲပက်စိုက်ပျိုးခဲ့ခြင်းကြောင့် အထွက်နည်းခဲ့ပြီး၊ ယခုနှစ်တွင် စနစ်တကျစိုက်ပျိုးထားသည့်အတွက် ယခင်နှစ်ထက် စပါးတင်း ၅၀ ပိုထွက်ရှိခဲ့ကြောင်း၊ ကုန်ကျစရိတ်မှာ ၅သိန်းကျပ်ခန့်ရှိပြီး ချွေလှေ့စက် ငှားပါက တစ်ဧကလျှင် (၆) သောင်းကျပ် ပေးချေရကြောင်း၊ ချွေလှေ့စက်မငှားဘဲ ရိတ်စက်ငှားပါက တစ်ဧကလျှင် စပါး(၅)တင်း သာပေးရသဖြင့် ကုန်ကျစရိတ် ပိုမိုသက်သာခဲ့ကြောင်းသိရှိရပါသည်။

    ဆက်လက်၍ တောင်သူ ဦးမိုးစိန်အားမေးမြန်းခဲ့ရာတွင် လယ်ဧကများစွာပိုင်ဆိုင်ထားပြီး မရိတ်သိမ်းရသေးသည့် လယ်ကွက်များရှိကြောင်း၊ ကျဲပက်စိုက်ပျိုးသည့်လယ်မြေများမှာ ဆုံးရှုံးမှုများပြီး စနစ်တကျ စိုက်ပျိုး သော လယ်မြေများမှ စပါးပိုမိုရရှိကြောင်း၊ ကိုယ်ပိုင် ထွန်စက် ၊ ချွေလှေ့စက်များရှိ၍ ကုန်ကျစရိတ် သက်သာကြောင်းသိရှိရပါသည်။

       မိုးရာသီအတွင်း ပုံမှန်အောက်မိုးရွာသွန်းမှုကြောင့် မိုးနည်း၍ ရေမလိုက်သည့်အတွက် စပါးဆုံးရှုံးမှုဖြစ်ပေါ်၍ တောင်သူများအခက်အခဲများကြုံတွေ့ရကြောင်းသတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)