Main menu

ကျောက်မဲမြို့တွင် ဈေးကွက်စောင့်ကြည့်လေ့လာစစ်ဆေးခြင်း

Powered by Drupal

         ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ( စတုတ္ထအပတ် ) အတွင်း ကျောက်မဲမြို့ပေါ်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ၅ ဆိုင် အား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဂတ်(စ်) မီးဖို၊ ရေပူချိုးစက်၊ အကင်စက်၊ ထမင်းပေါင်းအိုး ၊ လျှပ်စစ်မီးဖိုနှင့် အခြား အိမ်သုံးလျှပ်စစ်ပစ္စည်းများ ရောင်းချနေမှုအခြေအနေနှင့် ရောင်းချသည့် ကုန်ပစ္စည်းများ တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချရန် ၊ ရောင်းချသည့် ကုန်ပစ္စည်းများသည် သက်ဆိုင်ရာဌာနများ၏ ဥပဒေ ၊ ညွှန်ကြားချက်များနှင့်ကိုက်ညီသည့် ကုန်ပစ္စည်းများကို ရောင်းချရန်၊ ကုန်ပစ္စည်းများတွင် မြန်မာစာသားဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရန်တို့ကို လုပ်ငန်းရှင်များအားအသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)