Main menu

ကောလင်းမြို့ရှိ စားသောက်ကုန်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

Powered by Drupal

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ကောလင်းမြို့ပေါ်ရှိ ရေသန့်စက်များနှင့် ခေါက်ဆွဲလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသောက်ကုန်လုပ်ငန်းများအား (FDA) ထောက်ခံချက်ရရှိမှု ရှိ/မရှိ စစ်ဆေးခြင်းများနှင့် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခြင်းများနှင့်ပတ်သက်၍လည်း အကြံပြု ရှင်းလင်းဆွေးနွေးပြောကြားကာ ကုန်စည် အမျိုးအစားအလိုက် ထည့်သွင်းရမည့် ကုန်အညွှန်း သတ်မှတ်ချက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန
ကသာခရိုင်