ဖြေရှင်းဆောင်ရွက်ပေးမှုများ
xxx ကင်ဆာအမြစ်ပြတ်ဆေးအား Online ပေါ်တွင် ပြန်လည်ရောင်းချမှုနှင့် ပတ်သက်၍ ထပ်မံတိုင်ကြားလာခြင်းကိစ္စအပေါ် ၇-၁၂-၂၀၁၇ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်ရှိ xxx တိုင်းရင်း ဆေးဝါးစက်ရုံနှင့် တွဲဖွင့်ထားသော ဆေးခန်းသို့ အသွင်ယူစုံစမ်းရာ အထွေထွေမန်နေဂျာ ဒေါ်စန်းစန်းရီက တာဝန်ယူကုသပေးနိုင်ကြောင်း၊ အဆိုပါဆေးဗူးအမှတ်တံဆိပ်ပေါ်တွင် ဆေးအမည်၊ ပါဝင်သောပစ္စည်းများ၊ သုံးစွဲရန်အညွှန်း၊ တိုင်ရင်းဆေးဝါးထုတ်လုပ်ခွင့်မှတ်ပုံတင်အမှတ်၊ ၃/၂၀၁၃ တ

၂၀၁၆ခုနှစ်၊ ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် ရောင်းချနေသောထမင်းကြော်၊ ခေါက် ဆွဲကြော်၊ မုန့်တီသုပ်များကိုဝယ်ယူစားသုံးသူ(၆၂)ဦး အော့အန်ခြင်း၊ ရင်ကြပ်ခြင်း၊ သတိလစ် ခြင်းများဖြစ်ခဲ့သဖြင့် စားအုန်းဆီ ပေးပို့ရောင်းချသော ပွဲရုံ ပင်ရင်းသို့ ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာရန်ကုန်မြို့၊ ညောင်ပင်လေး ဈေးရှိပွဲရုံမှ တစ်ဆင့်ဝယ်ယူရောင်းချသောစားအုန်းဆီမှ အစာအဆိပ်သင့်မှုဖြစ်ကြောင်းသိရှိခဲ့ရပါသည်။

၂၀၁၆ ခုနှစ် ဇွန်လအတွင်းတွင် မန္တလေးမြို့နေ စားသုံးသူတစ်ဦး ဝယ်ယူခဲ့သော LCD-TV မှာ အာမခံသက်တမ်းတစ်နှစ်မပြည့်မီပျက်စီးသွားသဖြင့် အရောင်းစင်တာသို့ ပြန်လည် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ရာတွင် အရောင်းဆိုင်မှ ပြင်ဆင်ဆောင်ရွက်ပေးခြင်းနှင့်အစားထိုးလဲလှယ်ပေးခြင်း ငြင်းဆန်ခဲ့ပြီး သုံးစွဲသူ၏အားနည်းချက်ကြောင့် ပျက်စီးခြင်းဖြစ်ကြောင်းအကြောင်းပြခဲ့သဖြင့် ထိခိုက်နစ်နာသူမှ သူ၏ လူမှုကွန်ရက်စာမျက်နှာ Facebook တွင် postတင်ခဲ့ပါသည်။
