ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်နေ တိုင်ကြားသူ သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ပြည်မြို့သို့ မော်တော်ယာဉ်လိုင်းတစ်ခုဖြင့် စီးနင်းလိုက်ပါလာ ခဲ့ရာ ပြည်မြို့သို့ရောက်ရှိချိန်တွင် ၎င်း၏ခရီးဆောင် အိတ်မပါရှိတော့သဖြင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါရန် စားသုံးသူရေးရာဦးစီးဌာန၊ ပြည် ခရိုင်ဦးစီးမှူးရုံးသို့ စာဖြင့် တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁-၂-၂၀၂၄ ရက်နေ့တွင် တိုင်ကြားခံရသည့် ကားဂိတ်မှ ယာဉ်မောင်း နှင့် ယာဉ်နောက် လိုက်တို့အား ခေါ်ယူဆွေးနွေးရာတွင် တိုင်ကြားသူသည် ၂၃-၁-၂၀၂၄ ရက်နေ့တွင် မိမိတို့ မော်တော်ယာဉ်ဖြင့် မော်လမြိုင်မြို့မှ ပြည်မြို့သို့ စီးနင်းလိုက်ပါခဲ့သည်မှာ မှန်ကန်ပါကြောင်း၊ တိုင်ကြားသူ၏ ခရီးဆောင်အိတ်အား သုံးဆယ်မြို့တွင် မှားယွင်း၍ ချထားပေးမိပါကြောင်း၊ တိုင်ကြားသူ ကျေနပ်သည်အထိ ဖြေရှင်းပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည့်အတွက် တိုင်ကြားသူအား ခေါ်ယူဆွေးနွေးခဲ့ရာ တိုင်ကြားသူက ပျောက် ဆုံးသွားသော ခရီးဆောင်အိတ်နှင့် အိတ်အတွင်းပါရှိသော ဖုန်းနှင့်အခြားပစ္စည်းတို့၏ တန်ဖိုး သည် ၁၃ သိန်းခန့်ရှိပြီး ပစ္စည်းတန်ဖိုးထဲမှ ၈ သိန်းကျပ်ကို ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်တို့မှ ပြန်လည်ပေးလျော်မည်ဆိုပါက ကျေနပ်မှုရှိကြောင်း၊ ၎င်း၏ ခရီးဆောင်အိတ်အား မူလအတိုင်းပြန်လည်ရရှိပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ထံ ငွေကျပ်(၈)သိန်း အား ပြန်လည်ပေးအပ်မည်ဖြစ်ပါကြောင်း ညှိနှိုင်းရရှိခဲ့ပါသည်။ ဆွေးနွေးညှိနှိုင်းချက်အရ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှ တိုင်ကြားသူသို့ ၁-၂-၂၀၂၄ ရက်နေ့တွင် ငွေကျပ် (၅) သိန်း၊ ၅-၂-၂၀၂၄ ရက်နေ့တွင် ငွေကျပ်(၃)သိန်း၊ စုစုပေါင်း ငွေကျပ်(၈)သိန်းကို ပေးအပ်ခဲ့ သဖြင့် နှစ်ဦးနှစ်ဖက် စိတ်ကျေနပ်မှုရရှိခဲ့ပြီး တိုင်ကြားမှုကို စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။