Main menu

HighLight News

Powered by Drupal

Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံသည် ၂-၈-၂၀၂၄ ရက်နေ့တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ May Online Sale လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။

       ထိုသို့တွေ့ဆုံရာတွင်  May Online Sale လုပ်ငန်းရှင်က Online Sale မှတ်ပုံတင်လျှောက်ထားရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောင်ထားမှုအဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ  သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲတာဝန်ခံက         Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကိုတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်ဖြစ်ပါက တင်ပြရန်မလိုအပ်ကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale၏ Logo များကိုပြင်ဆင်ထားရန်၊ Online Sale  လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sing Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)

                   

သာစည်မြို့နယ်အတွင်းရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့်  မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ သာစည်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌‌ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်း၌ စားနပ်ရိက္ခာဖူလုံရေး၊ အခြေခံစားသောက်ကုန်များဈေးနှုန်းတည်ငြိမ်ရေးနှင့် ကျန်းမာရေးအထောက်အကူပြုဆေးဝါးပစ္စည်းများပြတ်လပ်မှုမရှိစေရေးနှင့်ပတ်သက်၍ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၅ရက်နေ့၊ နံနက်(၀၉း၃၀နာရီအချိန်တွင် သာစည်မြို့ပေါ်ရှိ ဆေးဆိုင် (၆) ဆိုင်အား စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် သာစည်မြို့နယ်အတွင်းရှိ ဆေးဆိုင်တာဝန်ခံများအား ဆေးဈေးနှုန်းများမှန်ကန်မှုရှိစေရေး၊ ဈေးကစားခြင်းကြောင့် ဈေးနှုန်းများမြင့်တက်ခြင်းမရှိစေရေးရည်ရွယ်၍ သွားရောက်စစ်ဆေးခြင်းနှင့် ဈေးနှုန်းကောက်ယူခြင်းလုပ်ငန်းများလုပ်ဆောင်နေသောကြောင့် ဈေးကွက်အတွင်း ဆေးလက်ကျန်အခြေအနေနှင့် ဆေးပစ္စည်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

မိတ္ထီလာခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စျေးကွက်တွင်းရောင်းချနေသော စက်သုံးဆီများအား သတ်မှတ်အချင်အတွယ်နှင့် အရည်အသွေးစံချိန်စံညွှန်းပြည့်မီခြင်းရှိ/မရှိ၊ MSMEs နှင့် စက်မှုလုပ်ငန်းများအတွက် စက်သုံးဆီလိုအပ်ချက်များဝယ်ယူရာတွင် အဆင်ပြေစေရေးနှင့် စက်သုံးဆီများပြတ်လပ်မှုရှိ/မရှိ ၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၃) ရက်နေ့၌ မိတ္ထီလာမြို့နယ် ၊ မိတ္ထီလာ-ကျောက်ပန်း တောင်းလမ်းပေါ်ရှိ စက်သုံးဆီဆိုင် (၈) ဆိုင်အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များသို့ နေ့စဉ်ဆီဝင်ရောက်မှုအခြေအနေများ၊ ဆီဆိုင်ဖွင့်လှစ်/ပိတ်သိမ်းမှုအခြေအနေများ၊  သတ်မှတ်ရည်ညွှန်းစျေးများအတိုင်း ရောင်းချမှုရှိ/မရှိ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် ကုန်စည်၏အရည်အသွေး၊ အချင်အတွယ်ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိ/မရှိ၊  အရည်အသွေးပြည့်မီမှန်ကန်သည့် သတ်မှတ်ချက်နှင့်ကိုက်ညီသော စက်သုံးဆီ၊ ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ပြီး စီပွားရေးလုပ်ငန်းရှင်များနေဖြင့် ကုန်စည်ပတ််သက်၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်‌ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းကို အသိပညာပေးဆွေးနွေးခဲ့ပြီး  ဆီဆိုင်များမှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီမှသတ်မှတ်ထားသော နှုန်းထားများအတိုင်းသာရောင်းချမှုရှိပြီး၊ ကွင်းဆင်းစစ်ဆေးခဲ့သော စက်သုံးဆီဆိုင် (၈) ဆိုင်တွင် ဆိုင်ကြီးများလည်းပါဝင်ပြီး၊ ခွဲတမ်းအနည်းငယ်သာရရှိသည့် ဆိုင်ငယ်များလည်းပါဝင်ရာ ဆိုင်ကြီးများ၌ ဆီပြတ်လပ်သည့်ကာလအနည်းငယ်သာရှိပြီး ကွင်းဆင်းစစ်ဆေးသည့်အချိန်တွင် ဆီဘောက်ဆာများရောက်ရှိနေပြီဖြစ်ပါသည်။ ဆီဘောက်ဆာများမှာ တစ်ပတ်လျှင်နှစ်ကြိမ် ပုံမှန်ဖြည့်တင်းပေးလျက်ရှိရာမှ ပဲခူးမြို့တွင် ရေကြီးမှုကြောင့် ဘောက်ဆာကားများဖြတ်သန်းနိုင်ခြင်းမရှိ၍  ပုံမှန်ရောက်ချိန်ထက် သုံးရက်ခန့်နောက်ကျနေ၍ စက်သုံးဆီပြတ်လပ်မှုရှိခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်ကြောင့် ဆီစုဆောင်းမှုများရှိနေကြောင်း၊ တစ်ဆင့်ပြန်လည်ရောင်းချလိုသောသူများမှာလည်း တန်းစီဝယ်ယူနေမှုများရှိကြောင်း၊ ဆီပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်တွင် ကားများသွားလာနိုင်ပြီဖြစ်၍ ဆီပြတ်လပ်မှုလျော့နည်းသွားနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)

ပြည်သူများအား သက်သာ‌သောစျေးနှုန်းဖြင့် ဆန်များရောင်းချပေးနေမှုအား ကွင်းဆင်းကြီးကြပ်

       စားသုံးသူရေးရာဦးစီးဌာနသည် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များ ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာဝယ်ယူစားသုံးနိုင်ရေး၊ ပစ္စည်းများပြတ်လပ်မှုမရှိစေရေးအတွက် စီးပွားရေးဆိုင်ရာအသင်းအဖွဲ့များနှင့်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်လျက်ရှိပါသည်။

     မကွေးမြို့နယ်ကုန်သည်များအသင်းသည် (၆-၈-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မကွေးမြို့၊ ချမ်းမြေ့သာယာရပ်ကွက်၊ ဓမ္မာရုံ၌ မနောသုခဆန်(၁)ပြည်လျှင် ကျပ်(၃၀၀၀)နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်(၁)ပြည်နှုန်းနှင့် ပြည်သူ(၆၀၀)ဦးအတွက် ဆန်(၂၅) အိတ်ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

       မကွေးမြို့နယ်ဆန်ကုန်သည်များအသင်းအနေဖြင့် ၂၀၂၄ခုနှစ်၊ ဩဂုတ်လအတွင်း ရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား အလှည့်ကျစနစ်ဖြင့် (၁)လလျှင် ဆန်အိတ်(၃၀၀)အား စျေးနှုန်း သက်သာစွာရောင်းချပေးသွားမည်ဖြစ်ကြောင်း မကွေးမြို့နယ်ဆန်ကုန်သည်အသင်းဥက္ကဋ္ဌ ဦးမြင့်စိုးထံမှသိရှိရပါသည်။

DOCA(မကွေး)

 

ဒုတိယညွှန်ကြားရေးမှူးဦးဆောင်သော စားအုန်းဆီဖြန့်ခွဲမှုအစည်းအဝေးသို့ တိုင်းဦးစီးမှူးတက်ရောက်

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဆောင်၍ စားအုန်းဆီဖြန့်ခွဲမှုအစည်းအဝေးကို ဩဂုတ်လ ၇ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးတိုင်းဦးစီးမှူးက Vitural စနစ်ဖြင့်တက်ရောက်ခဲ့ပါသည်။

        အဆိုပါအစည်းအဝေးတွင် စားအုန်းဆီဖြန့်ခွဲမှုအခြေအနေများကို ရုံးချုပ်သို့တင်ပြရမည်ဖြစ်ပြီး စားအုန်းဆီဝယ်ယူရာတွင် တန်းစီနေရမှုပပျောက်စေရေးအတွက် စာအုပ်များဖြင့်ထုတ်ယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူဦးရေများသော တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များကို စားအုန်းဆီပိုမိုရရှိရေးအတွက် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးထံသို့ တင်ပြရမည်ဖြစ်သည်ဟု ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မော်လမြိုင်မြို့၊ အ.လ.က(၇)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပ

       မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်    ၆-၈-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ အ.လ.က(၇)ကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်က စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းခဲ့ပြီး ကုန်စည်များကိုဝယ်ယူအသုံးပြုရာတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါဝင်သော ကုန်စည်များကိုရွေးချယ်ဝယ်ယူအသုံးပြုတတ်စေရန် ရှင်းလင်းဆွေးနွေးပြီး၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက စားသုံးသူများက လူကိုယ်တိုင်ဖြစ်စေ၊ Facebook စာမျက်နှာမှတစ်ဆင့်ဖြစ်စေ တိုင်ကြားနိုင်ကြောင်း၊ DOCA Myanmar Mobile Application နှင့် Consumer Call Center (1535) သို့တိုင်ကြားနိုင်ကြောင်းတို့ကို အသေးစိတ ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသောကျောင်းသား/ကျောင်းသူများ၏ သိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။

          ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၂၃၅) ဦးတက်ရောက်ခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

မော်လမြိုင်မြို့နယ်တာဝန်ခံသည် “စိန်” စားသောက်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံ

        စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ အခက်အခဲများအား ဖြေရှင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၇-၈-၂၀၂၄) ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံသည် ပြည်နယ်ဦးစီးမှူးရုံး၌ “စိန်” စားသောက်ဆိုင်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့သည်။

        ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မော်လမြိုင်မြို့နယ်တာဝန်ခံက တစ်နေ့ရောင်းအား၊ လုပ်သားအခြေအနေ၊ အခက်အခဲများအားဆွေးနွေးမေးမြန်းရာ လုပ်ငန်းရှင်က တစ်နေ့ရောင်းအားမှာ ပျမ်းမျှအားဖြင့် (၅) သိန်းကျပ်ခန့်ရှိကြောင်း၊ လုပ်သား (၅) ဦးအား အလုပ်အကိုင်ဖန်တီးပေးနိုင ကြောင်း၊ အခက်အခဲအနေဖြင့် စားသုံးဆီဈေးနှုန်းမြှင့်တက်လျက်ရှိသဖြင့် သက်သာသောဈေးနှုန်းဖြင့် လုပ်ငန်းသုံးဆီဝယ်ယူခွင့်ရရှိရေး ကူညီဆောင်ရွက်ပေးရန် ပြန်လည်ဆွေးနွေးခဲ့သည်။ ထို့နောက် မော်လမြိုင်မြို့နယ်တာဝန်ခံက လုပ်ငန်းသုံးဆီလျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများ ပူးတွဲတင်ပြလျှောက်ထားလာပါက ပြည်နယ်ဦးစီးမှူးထံသို့ ဆက်လက်တင်ပြပြီး ဆီအသင်းနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မွန်)

မုန့်ဈေးတန်းအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်း

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မော်လမြိုင်ခရိုင်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည်   ၆-၈-၂၀၂၄ ရက်နေ့တွင် မော်လမြိုင်မြို့၊ အ.လ.က(၇) ကျောင်းမုန့်ဈေးတန်းအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

      ထို့သို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးတန်းအတွင်းရောင်းချနေသော မြန်မာလက်လုပ်မုန့်များသန့်ရှင်းလတ်ဆတ်မှုရှိစေရေးနှင့် လေဖောင်းမုန့်များ၊ ဖျော်ရည်ဘူးများ စသည့်အသင့်စားမုန့်များ၌ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်ကုန်ပစ္စည်းကိုသာ စားသုံးသူများလက်ဝယ်အရောက် ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ဖြန့်ဖြူးရောင်းချရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

ဘီးလင်းမြို့နယ်တွင် ရေကြီးနစ်မြုပ်ခဲ့သော ရပ်ကွက်/ ကျေးရွာများရှိ တိရစ္ဆာန်များအတွက် အစာနုထောက်ပံ့ပေးအပ်

       မွန်ပြည်နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ဘီးလင်းမြို့နယ်တွင် ဇူလိုင်လအတွင်း ရေကြီးနစ်မြုပ်ခံခဲ့ရသော ရပ်ကွက်/ ကျေးရွာများရှိ  တိရစ္ဆာန်များအတွက် တိရစ္ဆာန်အစာနုထောက်ပံ့ပေးအပ်ပွဲကို ၇-၈-၂၀၂၄ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်၌ ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

      အခမ်းအနားတွင် ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးအောင်ချိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဘီးလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာဥမ္မာနှင်းက တိရစ္ဆာန်အစာနု ထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

        ထို့နောက် တိရစ္ဆာန်အစာနုအိတ်များကိုထောက်ပံ့ပေးအပ်ရာ ဘီးလင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) နှင့် တာဝန်ရှိသူအသီးသီးက တိရစ္ဆာန်အစာနုအိတ်၂၀၀အား မြို့ပေါ်ရပ်ကွက် ၅ခုနှင့် ကျေးရွာ ၂ရွာရှိ တိရစ္ဆာန်မွေးမြူသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)

“ ခရမ်းမြို့နယ်ရှိ စားအုန်းဆီရောင်းချလျက်ရှိသောဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီရောင်းချလျက်ရှိသောဆိုင်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် စားသုံးသူပြည်သူများ အလွယ်တကူဝယ်ယူရရှိနိုင်ရေး ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ဩဂုတ်လ(၃)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ်စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်းအဖွဲ့သည် အမှတ်(၁၉)၊ ကမ်းနားလမ်း (၂)ရပ်ကွက်ရှိ ရွှေခြင်္သေ့ဆီဆိုင်၊ အမှတ်(၁၃) ကမ်းနားလမ်း(၂)ရပ်ကွက်ရှိ ဒေါ်ခင်သိန်းဆီဆိုင်၊ ရုံ(ဘီ) အမှတ်(၇) စည်ပင်သာယာမြို့မဈေးမှ ဦးအောင်ဝင်းဆီဆိုင်နှင့် ရုံ(အီး) အမှတ်(၁/၂၊ ၉/၁၀) စည်ပင်သာယာမြို့မဈေးမှ ဒေါ်မြသန်းဆီဆိုင်များ၏ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချမှုအခြေအနေနှင့် ခရမ်းမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ သတ်မှတ်ဈေးနှုန်းဖြင့် စားအုန်းဆီများကို အခက်အခဲမရှိဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီကိုယ်စားလှယ်များအား သတ်မှတ်ခွဲတမ်းများခွဲဝေချထားပေးပြီးဖြစ်၍ ရရှိသည့်ဆီခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား ဒေသအရောက် သယ်ယူစရိတ်အပါ (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချပေးကြရန် အသိပညာပေးပြောကြားခဲ့ပြီးနောက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News