Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online လိုင်စင်လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

     အလုံမြို့နယ်၊ အမှတ်(၁/၃၀၂)၊  မင်္ဂလာဆင်မင်းအိမ်ရာ၊ ကမ်းနားလမ်းရှိ Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် Sorella Luxe Online Sale လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ အဖွဲ့သည် (၁၆.၉.၂၀၂၅) ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေး လုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၇) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့ သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ကမာရွတ်မြို့နယ်၊ တိုက်(၃)၊ အခန်း(၃/B)၊ စေတနာလမ်း၊ (၈) ရပ်ကွက်တွင်ရှိသော Essential Physiotherapy Online Shop လုပ်ငန်းသို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက် ၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Say Yes Collection Online Shop လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

    ကြည့်မြင်တိုင်မြို့နယ်၊ အမှတ်(၂၁/၂၃)၊  ဦးရွှေစိုးလမ်း၊ မကျည်းတန်းတောင်ရပ်ကွက်တွင် Online Sale ရောင်းချမှုနှင့်စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် Say Yes Collection Online Shop လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေး အရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့သည် (၁၇.၉.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ နှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တာမွေဈေးရှိ ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

         (၁၅-၉-၂၀၂၅) ရက်နေ့ ၊ နေ့လည် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည်(စစ်ဆေးရေးအရာရှိ)နှင့်ဈေးတာဝန်ခံ(ဦးသူရဝင်း) တို့နှင့်ပူးပေါင်း၍ တာမွေမြို့နယ်၊ တာမွေဈေးရှိ ကုန်စုံဆိုင်များတွင် ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ရာ စစ်ဆေးရေးအရာရှိက စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉၊ အခန်း (၁၈)တွင်ပြဌာန်းချက်နှင့် အညီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ ပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသော ကုန်ပစ္စည်းများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တာရာယ်ကင်းဝေးစေရေးအတွက် ယခုလိုဈေးကွက်စောင့်ကြည့်စစ်ဆေး ရခြင်းဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ (စက်၊ စိုက်၊ မွေး) အ.ထ.က ကျောင်းတွင် ကျောင်းသား/ကျောင်းသူမျာအား အသိပညာပေးဟောပြောခြင်း

          ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ (စက်၊ စိုက်၊ မွေး) အ.ထ.က ကျောင်းတွင် (၁၅.၉.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အားကစားနှင့်ကာယဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား (၉၁) ဦး၊ ကျောင်းသူ (၁၀၅)ဦး စုစုပေါင်း (၁၉၆) ဦးတို့အား အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ အသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ဦးစီးမှူးသည် ကျောင်းသားကျောင်းသူများအား အခန်း(၉) ၊ ပုဒ်မ (၁၉)၊ စားသုံးသူအခွင့်အရေး(၈) ချက်နှင့် စားသုံးသူရေးရာအကြောင်း သိမှတ်စရာများ လုပ်ဆောင်ချက်များအား အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရှိရပါသည်။

DOCA( ဧရာဝတီ)

 

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရင်မမုန့်တိုက်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် အမှတ် (၂) ရပ်ကွက်၊ ချမ်းမြေ့သာယာလမ်းရှိ ဘုရင်မမုန့်တိုက်မှ ထွက်ရှိသော မုန့်မျိုးစုံတို့အား  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ သန့်ရှင်းသပ်ရပ်စွာထားသိုသိမ်းဆည်းရန်၊ လုပ်ငန်းသုံးပစ္စည်းများ မုန့်လုပ်ရာတွင် ပါဝင်သော ပစ္စည်းများအား စနစ်တကျကိုင်တွယ် အသုံးပြုရန်နှင့် စားသုံးသူများအား ဘေးဥပါဒ်ဖြစ်စေနိုင်သော ဓာတုဆိုးဆေးများ မသုံးစွဲရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

ကမ်းရိုးတန်းသွားရေယာဉ်များ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ လမ်းညွှန်မှုအရ အကောက်ခွန်ဦးစီးဌာနမှ ဦးဆောင်သောပူးပေါင်းအဖွဲ့သည်  ၁၂-၉-၂၀၂၅ ရက်နေ့တွင် ကမ်းရိုးတန်း သွားရေယာဉ်များဆိုက်ကပ်သည့် ယုဇနဆိပ်ကမ်း(အမ်တီယုဇ) သင်္ဘောရေယာဉ်အား အရှေ့ပိုင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန ဦးနေလင်း (ဒု-ကြီးကြပ်ရေးမှူး)၊ အကောက်ခွန်ဦးစီးဌာန၊ကုန်သွယ်ရေးဦးစီးဌာန၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲတပ်ဖွဲ့စသည့်ပူးပေါင်းအဖွဲ့များနှင့်အတူသွားရောက်၍ ရေယာဉ်များတွင်တင် ဆောင်ထားသောကုန်စည်များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ လက်နက်ခဲယမ်းများနှင့်တရား မဝင်ကုန်ပစ္စည်းများတင်ဆောင်ခြင်းမရှိပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားအုန်းဆီကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်တွေ့ဆုံခြင်း

  ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် (၁၂.၉.၂၅) ရက်နေ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်ဦးစီးမှူးတို့သည် စားသုံးဆီလက်ကားကိုယ်စားလှယ် (၄) ဦး၊ လက်လီအရောင်းဆိုင် (၁၆) ဦးတို့နှင့် တွေ့ဆုံ၍ စားအုန်းဆီများအား သတ်မှတ်ရည််ညွှန်းဈေး၊ သတ်မှတ်အလေးချိန် အတိုင်း ရောင်းချရန်၊ ဆီစာအုပ်များကို ကျေးရွာအုပ်စုများအား လျှင်မြန်စွာ ဖြန့်ဝေရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

MSMEs လုပ်ငန်းများအား ဖွဲ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ချေးငွေလျှောက်ထားမှု

   ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်း ဆီစက်လုပ်ငန်း (၉) ခုနှင့် MSMEs လုပ်ငန်း (၃) ခုရှိပြီး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်ကိရိယာများအဆင့်မြှင့်တင်ခြင်းဆောင်ရွက်နိုင်ရန်အတွက် ယခင်နှစ်တွင် နိုင်ငံ့စီးပွားရေးရန်ပုံငွေကော်မတီမှ ဆီစက်လုပ်ငန်း (၉) ခုအတွက် (၁) စက်လျှင် ကျပ်သန်း (၅.၀၀) သန်းနှင့် စုစုပေါင်း (၄၅.၀၀) သန်းနှင့် MSMEs လုပ်ငန်း (၃) ခုအတွက် ကျပ်သန်း (၃၆.၅၀) သန်း ချေးငွေရရှိခဲ့ပြီး ယခုနှစ်အတွက် ဆီစက် (၁) စက်လျှင် ကျပ်သန်း (၁၀.၀၀) သန်းနှင့် စုစုပေါင်း (၉၀.၀၀) ကျပ်သန်းနှင့် MSMEs လုပ်ငန်း ရွှေချိန်ခွင် ဖိနပ်လုပ်ငန်းအတွက် (၃၀.၀၀) ကျပ်သန်း၊ မြတ်မွန် တံမြက်စည်းလုပ်ငန်းအတွက်( ၂၀.၀၀) ကျပ်သန်းနှင့် တော်ဝင်ရေခဲထုပ်လုပ်ငန်း အတွက် (၁၀.၀၀) ကျပ်သန်း စုစုပေါင်း (၁၅၀.၀၀) ကျပ်သန်းပေါင်း ချေးငွေရရှိနိုင်ရေးအတွက်  နိုင်ငံစီးပွားမြှင့်တင်ရေးကော်မတီသို့ လျှောက်ထားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA( ဧရာဝတီ)

ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း အသိပညာပေး Talk Show ပြုလုပ်ခြင်း

   ပုသိမ်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည် သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များဖြစ်သည့် ကုန်စည်(သို့) ဝန်ဆောင်မှု၏ အာမခံချက်၊ စားသုံးသူကို ခွဲခြားမှုမရှိဘဲ ဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ စီးပွားရေးကျင့်ဝတ်စည်းကမ်းများ၊ အရည်အသွေး စမ်းသပ်ရန်လိုအပ်သော ကုန်စည်များကိုဝယ်ယူခြင်းမပြုမီ စားသုံးသူများကို စပ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း စသည့်အချက်များကို ရှင်းလင်း၍ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁) ချက်ကို အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ