Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ် ကျေးရွာ/ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရောင်းချနေမှု မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၅)ရက် နေ့၊ နေ့လည်(၁၃:၀၀)အချိန်တွင် မြန်အောင်မြို့ သပြေကုန်းအုပ်စုရှိ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ် (၄)နှင့် အမှတ်(၅)ရပ်ကွက်ရှိ ရပ်ကွက်နေ ပြည်သူများအား စားအုန်းဆီဝယ်ယူခွင့် စာအုပ်များဖြင့် ခွဲတမ်းရ စားအုန်းဆီကိုယ်စားလှယ်များမှတစ်ဆင့် ဆီဖြန့်ဖြူး ရောင်းချနေမှုများအား မြေပြင် ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ တစ်ဆင့် ခွဲတမ်းရရှိသော ဆီများအား သပြေကုန်းအုပ်စုအတွင်းရှိ ရပ်ကွက်နေပြည်သူများအား ဆီထုတ်ကိုယ်စားလှယ်မှ တစ်ဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး ၊ ထိုသို့ရောင်းချ ရာတွင်လည်း စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေး ထက် ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံ စာအုပ်များ ထားရှိခြင်း၊ သတ်မှတ်ရည် ညွှန်းဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများမရှိကြောင်း သိရှိရပါသည်။ စာအုန်းဆီ ဝယ်ယူခွင့် စာအုပ်များဖြင့် တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် ၂ ကြိမ်ရရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေး ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

အင်ပင်မြို့ရှိ “လပြည့်ဝန်း”ဆန်စက်သို့ MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ကောက်ယူနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅) ရက် နေ့ နံနက်(၁၀:၃၀)အချိန်တွင် မြန်အောင်မြို့နယ် မြို့မလမ်း၊ အင်ပင်မြို့ရှိ “လပြည့်ဝန်း”ဆန်စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင် ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀) ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်းတိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်မြစ်ဆွဲကျေးရွာရှိ “ထက်”စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၁၀.၁၀.၂၀၂၅)ရက် နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် မြန်အောင်မြို့ ညောင်မြစ်ဆွဲကျေးရွာရှိ “ထက်” စက်သုံးဆီ အရောင်း ဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ် စံချိန်စံညွှန်းပြည်မီရေး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချ ခြင်းမပြုရန်၊  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၁.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် မြန်အောင်မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော အမှတ်တံဆိပ်ပါ ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြာင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဗူးသွပ်ဆီများတွင် FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး၊   မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ခွဲတမ်းရစားသုံးဆီ အရောင်းဆိုင်များအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

            စားသုံးသူရေးရာဦးစီးဌာန ၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၅)ရက် နေ့ ၊နံနက်(၀၉:၀၀)နာရီအချိန်တွင် မြန်အောင်မြို့၊ ရှားတောကျေးရွာအုပ်စုအတွင်းရှိ ခွဲတမ်းရ စားအုန်း ဆီရောင်းချနေသောဆိုင်များအား ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ /မရှိ ကွင်းဆင်း စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေး အတိုင်း ရောင်းချမှု ရှိ/မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောက်ရှိ ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆီထုတ်လက်ကား ကိုယ်စားလှယ်များမှ ခွဲတမ်းရရှိသော ဆီများအား လက်လီ ကုန်စုံဆိုင်များသို့ လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး ၊ ထိုသို့ ရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်း ချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်း ဈေးဖြင့်သာ ရောင်းချခြင်း၊ အခြားမသမာ သော နည်းလမ်းများသုံး၍ ရောင်းချမှု မရှိခြင်းနှင့် ဈေးကစားရန် ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ စားအုန်းဆီ အရောင်းဆိုင်(၃)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

မြန်အောင်မြို့နယ် ကန်ဇွန်းခုံအုပ်စုရှိ မုန့်မျိုးစုံလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၅.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ ကန်ဇွန်းခုံအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး၌ မုန့်မျိုးစုံလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

   ထိုသို့ဟောပြောရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခု ထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည့်အကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာ တွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး လုပ်ငန်းရှင်များမှလည်း သိလိုသည်များကို မေးမြန်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါသည်။

DOCA (ဧရာဝတီ)

ကနောင်မြို့“ဝေလ” ကယေကယာလုပ်ငန်းအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၄.၁၀.၂၀၂၅)ရက် နေ့ နံနက်(၁၁:၅၀)တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ ကနောမြို့ရှိ “ဝေလ” ကယေကယာလုပ်ငန်းသို့ သွားရောက်၍ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်း စစ်ဆေးမှုများဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့သည် ပြုလုပ်ပုံလုပ်ငန်းအဆင့်ဆင့်ကို မေးမြန်းပြီး ၎င်းတို့ ပြုလုပ်နေသော ကုန်စည်များသည် စားသုံးရန် (သို့) အသုံးပြုရန်သင့်/မသင့်၊ ဘေးအန္တရာယ် ကင်းရှင်းမှု ရှိ/မရှိနှင့် သက်ဆိုင်ရာဌာန ထောက်ခံချက်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေတွင် ဖော်ပြထားသော စီးပွားရေးလုပ် ငန်းရှင်များ၏ တာဝန်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်၊  ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရန်၊ ကုန်စည်၏ ထုတ်လုပ်ပုံနည်းစနစ်၊ ဈေးနှုန်း ဈေးကွက်အခြေအနေ၊ ရင်းနှီးမြှပ်နှံမှုနှင့် အကျိုးအမြတ်ရရှိမှု၊ သက်ဆိုင် ရာ ဌာနများ၏ ထောက်ခံချက်၊ သတ်မှတ်ထားသော စံချိန်စံညွှန်းပြည့်မီအောင် ထုတ်လုပ်နိုင်ရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်စေလိုကြောင်းအသိပညာပေး ဆွေးနွေးခဲ့သည်ဟု သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ ရွာသစ်ကုန်းကျေးရွာရှိ “ရွှေ”ဆန်စက်သို့ MyRo တွင် ဆန်စပါးလက်ကျန်စာရင်း ဖြည့်သွင်းနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅) ရက် နေ့ နံနက်(၀၉:၃၀)အချိန်တွင် မြန်အောင်မြို့ ညောင်မြစ်ဆွဲအုပ်စု၊ ရွာသစ်ကုန်းကျေးရွာရှိ “ရွှေ”ဆန် စက်သို့ သွားရောက်၍ MyRo တွင် ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် စာရင်းများ လစဉ် ထည့်သွင်းနိုင် ရေးနှင့် ဆန်စပါး လက်ကျန် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် နှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် မြန်မာဆန်စပါး အွန်လိုင်း(MyRo)တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်မှုများအား မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ MyRo တွင် မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက် ပိုမိုသိုလှောင်ခွင့် မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့်    ဆန်စပါး သိုလှောင်ရုံလုပ်ငန်းရှင် များအနေ ဖြင့်  ကုန်ရ၊ ကုန် ထုတ်၊  ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း ၁ရက်နေ့ မှ  ၇ ရက်နေ့ အတွင်း Update ဖြည့်သွင်းနိုင်ရေးနှင့် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးပါက သက်တမ်း တိုးနိုင်ရေး ဆွေးနွေးခဲ့ပြီး၊ ဆန်စပါး လက်ကျန်အခြေအနေများအား စာရင်းကောက်ယူ စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့နယ် ဘုရင့်နောင်ရပ်နှင့် ရှားတောကျေးရွာရှိ စားအုန်းဆီလက္ကား၊ လက်လီဆိုင်များမှ ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဖြန့်ဖြူးရောင်းချနေမှုအားကွင်းဆင်းစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၁.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင်မြန်အောင်မြို့နယ် ဘုရင့်နောင်ရပ်နှင့် ရှားတောကျေးရွာရှိ စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိ‌စေရေး ကွင်းဆင်းစစ်ဆေးခြင်းကို   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ခွဲတမ်းရ စားသုံးဆီ ကုန်စုံဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင် ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နှံ့နှံ့စပ်စပ် ရောင်းချပေးရန်၊ ဆီရောင်းချရာတွင်လည်း Daily စာရင်းများပြုစုထားရှိပြီး သတ်မှတ်ရည်ညွှန်းဈေးထက်မပိုပဲ မှန်မှန်ကန်ကန်ရောင်းချရန်၊ ဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးရေးသားထားသည့် ဗွီနိုင်းများကို ချိတ်ဆွဲထား၍ရောင်းချရန် စိစစ်ခဲ့ပြီး၊ စားသုံးဆီလက်လီ/ လက္ကားဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိပြီး၊ အိမ်ထောင်စုများအား ဆီစာအုပ်ဖြင့် ဖြန့်ဝေရောင်းချရာတွင်  တစ်ကြိမ်လျှင် တစ်အိမ်ထောင် (၅၀ ကျပ်သား) ရောင်းချပြီး တစ်လလျှင် (၂)ကြိမ် ရောင်းချ ကြောင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်ဟု သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြန်အောင်မြို့ “ငြိမ်းချမ်းရေး”စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

  စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဦးစီးမှူးသည်(၁၀.၁၀.၂၀၂၅)ရက် နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ သဘာဝမီးစက်ကြီးလမ်းရှိ “ငြိမ်းချမ်းရေး” စက်သုံးဆီ အရောင်းဆိုင်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူး ရောင်းချမှုအခြေအနေ၊ စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ (PPRD) စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ  နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီရည်ညွှန်းဈေးနှုန်း အတိုင်း ရောင်းချမှု ရှိ/မရှိနှင့် အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှု ရှိ/မရှိခြင်းတို့ကိုစစ်ဆေးခဲ့ပြီး၊ သတ်မှတ် စံချိန်စံညွှန်းပြည်မီရေး၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင်စက်ဆီ/ ချောဆီ များတင်သွင်းရောင်းချ ခြင်းမပြုရန်၊  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါစီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းအသိပညာပေးဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ