ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

KIAF အဖွဲ့ဝင် ကုမ္ပဏီ ၅၀ကျော်သည် အလားအလာရှိသော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့

     ဝန်ကြီးချုပ် Hun Manet သည် Korea Industry Alliance Forum (KIAF) ဥက္ကဋ္ဌ  Marn-Ki jeong နှင့် ကုန်သွယ်ရေးကုမ္ပဏီ ၃၅ ခုကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်အဖွဲ့အား ၁၄-၁၂-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ဖနွမ်းပင်မြို့ရှိ Borey Peng Houth Boeung Snor, PH Green Hall  Centre ၌ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။ လွန်ခဲ့သည့် ခုနှစ်လခန့်က ကိုရီးယားသမ္မတ နိုင်ငံ၌ ပထမဆုံးတွေ့ဆုံမှုအပြီးတွင် KIAF ဥက္ကဋ္ဌက ဝန်ကြီးချုပ်နှင့် ထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုရှာဖွေရန် ရည်ရွယ်၍ ကုမ္ပဏီပေါင်း ၅၀ မှ ကိုရီးယား စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် ပထမဆုံးတွေ့ဆုံစဉ်က ကတိပြုထားသည့်အတိုင်း အခွင့်အလမ်းများ၊ ကမ္ဘောဒီးယားသို့ လက်ရှိတာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများသည် အင်ဂျင်နီယာ၊ အခြေခံအဆောက်အအုံ တည်ဆောက်မှု၊ မော်တော်ယာဉ်၊ နည်းပညာပိုင်းနှင့် နည်းပညာကျွမ်းကျင်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှအပဆိုင်ရာ ဝန်ဆောင်မှုများအပါအဝင် အဓိကကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေလိုကြောင်း ဥက္ကဋ္ဌကဆက်လက်ပြောကြားသည်။ အထွေထွေစီးပွားရေးစနစ်များနှင့် မီဒီယာများ တွင် ရင်းနှီးမြှုပ်နှံမှုတုန့်ပြန်တဲ့အနေနဲ့ Dr.Hun Manet က KIAF ၏ ကမ္ဘောဒီးယား နိုင်ငံသို့ စီးပွားရေးဆိုင်ရာ ခရီးစဉ်လာရောက်မှုကို ဝမ်းမြောက်မိပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး၊ အမြန်လမ်းများဖောက်လုပ်ရေး၊ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်း များအဆင့်မြှင့်တင်ရေးနှင့် အခြားအရေးကြီးသော အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတို့ကို အဓိကထား ဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဒီးယား တော်ဝင်အစိုးရ၏ ဦးစားပေးဝါဒများကို ဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က ပြည်တွင်းနှင့် နိုင်ငံတကာဈေးကွက်များကို ဝန်ဆောင်မှုပေးနိုင်ရန် မော်တော်ယာဉ်ကျွမ်းကျင်မှုနှင့် နည်းပညာ များကို အလေးထားဆောင်ရွက်လျက်ရှိသည့် လူ့စွမ်းအားအရင်းအနှီး တည်ဆောက်ရေးသည် တော်ဝင်အစိုးရအတွက် ဦးစားပေးဖြစ် ကြောင်းအလေးပေးပြောကြားခဲ့သည်။ ဝန်ကြီးချုပ် Hun Manet က ကမ္ဘောဒီးယားအစိုးရ၏ မူဝါဒများနှင့် မက်လုံးပေးယန္တရားများကို အလေးပေး ဖော်ပြခဲ့ပြီးဝန်ကြီးချုပ်က ကမ္ဘောဒီးယား နိုင်ငံသည် ဒေသတွင်းနှင့် ကမ္ဘာ့ဈေးကွက်များသို့ ချိတ်ဆက်ကာနှစ်နိုင်ငံနှင့် နိုင်ငံစုံ လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်များမှတဆင့် အလေးထားဆောင်ရွက်ခဲ့ပါသည်။ ဝန်ကြီးချုပ်က ကမ္ဘောဒီးယားတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ပိုမိုရရှိစေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဆက်လက်၍ဆက်သွယ်ဆွေးနွေးသွားရန် ပြောကြားခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)

ကုန်သွယ်ရေးနှင့် ဈေးကွက်မြှင့်တင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ဝန်ကြီးချုပ် ဟွန်မက်စ်က အကြံပြုချက်(၆)ချက်ပေးခဲ့

      ကမ္ဘောဒီးယား ဝန်ကြီးချုပ် Hun Manet ကကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်နှင့် ကမ္ဘောဒီးယားထုတ်ကုန်များကို ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ သင့်လျော်သော ဈေးကွက်များသို့ ဝင်ရောက်နိုင်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအတွက် အကြံပြုချက်(၆)ချက်ကို မျှဝေခဲ့သည်။ ၁၃-၁၂-၂၀၂၄ ရက်နေ့က ဖနွမ်းပင်တွင် ကုန်သွယ်မှု‌ခေတ်သစ်ဆောင်ပုဒ်ဖြင့် ကမ္ဘောဒီးယားကုန်သွယ်မှု ကုန်စည်ပြပွဲ ၂၀၂၄ ဖွင့်ပွဲ အခမ်းအနား၌ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ အကြုံပြုချက်များမှာ (၁) ကမ္ဘောဒီးယား ထုတ်ကုန်များသည် ဒေသတွင်းနှင့်ကမ္ဘာ့စီးပွားရေးသို့ ပိုမိုနက်ရှိုင်းစွာပေါင်းစည်းပြီး ဦးစားပေး အကောက်ခွန်များဖြင့် ဈေးကွက်သစ်များ ရှာဖွေခြင်းဖြင့် ကမ္ဘောဒီးယားထုတ်ကုန်များပြည်တွင်း နှင့်နိုင်ငံတကာဈေးကွက်များ အားကောင်းလာစေရေးနှင့် ဈေးကွက်သစ်များချဲ့ထွင်ခြင်း ချဉ်းကပ်မှုကို ဆက်လက်အကောင်အထည်ဖော်‌‌ဆောင်ရွက် သွားရန်နှင့် နှစ်နိုင်ငံဒေသတွင်းနှင့် နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်ဖြစ်သည်။ (၂)အထူးသဖြင့် ကမ္ဘောဒီးယားသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဆင့်မှ ၂၀၂၉ ခုနှစ်တွင် အဆင့်မြှင့်တက်လာရန်ပြင်ဆင်နေသောကြောင့် လက်ရှိအလားအလာရှိသော စက်မှုလုပ်ငန်းများကို ပံ့ပိုးပေးရန်အတွက် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ဆွဲ‌‌ဆောင်မှုကိုမြှင့်တင်ရန်ဖြစ်သည်။ (၃) နိုင်ငံတကာကုန်သွယ်မှုနှင့် ကမ္ဘာ့ပြပွဲများတွင် ဆက်လက်ပါဝင်ပြီး နိုင်ငံပြပွဲများကို ပြည်တွင်း၌ရော နိုင်ငံတကာတွင်ပါ ကျင်းပရန် ၊ အထူးသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်မြှင့်တင်ရေးယန္တရားမှ တစ်ဆင့်ပို့ကုန် အလားအလာများကို ချဲ့ထွင်နိုင်ပြီး ပုဂ္ဂလိကကဏ္ဍအား ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ဩစတြေးလျတို့ ကဲ့သို့ အလားအလာရှိသောဈေးကွက်များတွင် ထင်ရှားသော နိုင်ငံတကာ ပြပွဲများတွင် ပါဝင်ဆင်နွှဲရန် ပိုမိုတွန်းအားပေးရန်နှင့် ပြည်တွင်းပြပွဲများတွင်ရောင်းချသူများနှင့် ဝယ်ယူသူများ၏ ကိုက်ညီမှုကို ဦးစားပေးခြင်းဖြင့် ပစ်မှတ်ထားသာ ထုတ်ကုန်များကို အာရုံစိုက်ရန် ဖြစ်သည်။ (၄) ပြပွဲနှင့် ပတ်သက်သည့်လုပ်ငန်းများကို ခေတ်မီအောင် ဆက်လက်ဆောင်ရွက် ပြီးပြပွဲ အခမ်းအနားများကို စီမံခန့်ခွဲရန်နှင့်ပုဂ္ဂလိကဏ္ဍနှင့် အစိုးရအဖွဲ့အစည်းများထံမှ ပြပွဲပါမစ် တောင်းခံမှုများကိုအချိန်နှင့်တစ်ပြေးညီ ထိရောက်စွာကိုင်တွယ်ဖြေရှင်းရန် နည်းပညာပလက်ဖောင်း များကို အသုံးပြုခြင်းဖြင့် ပြပွဲနှင့်ပတ်သက်သည့်လုပ်ငန်းများကို ခေတ်မီအောင် ဆက်လက်လုပ်‌ဆောင်ရန်ဖြစ်သည်။ (၅) ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၉ ခုနှစ်တွင် ဖွံ့ဖြိုး တိုးတက်မှု အနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ပြီးနောက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု သေချာစေရန် အနှုတ်လက္ခဏာသက်ရောက်မှုများကို လျော့ချရန်ဖြစ်သည်။ (၆) ကမ္ဘောဒီးယား ဒီဂျစ်တယ် စီးပွားရေးနှင့် လူ့အဖွဲ့အစည်းမူဘောင်အရ အစိုးရ၏မျှော်မှန်းချက် အားလုံး အောင်မြင်စေရန် ပံ့ပိုးကူညီမှုနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အားလုံးကို ဒီဂျစ်တယ် အသွင်ကူးပြောင်းပေးရန် ဖြစ်သည်။

Source: Khmer Times

DOCA(ရန်ကုန်)

 

 

 

 

 

 

ကိုရီးယားအထူးစီးပွားရေးဇုန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဝန်ကြီးတွေ့ဆုံဆွေးနွေး

     ကမ္ဘောဒီးယားနိုင်ငံ၊ အလုပ်သမားနှင့်အသက်မွေးဝမ်းကြောင်းလေ့ကျင့်ရေးဝန်ကြီးဌာန၊ ဝန်ကြီး Heng Sour က ကိုရီးယားစီးပွားရေးလုပ်ငန်းရှင်းများကို နိုင်ငံတော်၏ ခိုင်မာသောရင်းနှီး မြှုပ်နှံမှုမူဝါဒများဖြင့် ကမ္ဘောဒီးယားတွင် အထူးစီးပွားရေးဇုန်တစ်ခုတည်ထောင်သင့်ကြောင်း ပြောကြားခဲ့သည်။ လျင်မြန်စွာတိုးချဲ့နေသော အထူးစီးပွားရေးဇုန်များမှတစ်ဆင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် နိုင်ငံတော်၏စီးပွားရေးဗျူဟာများနှင့် ကိုက်ညီမည်ဟု ယုံကြည်ထားသည်။ ကမ္ဘောဒီးယားနိုင်ငံဖွံဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပြီး ကမ္ဘောဒီးယားလူမျိုးများအတွက် အလုပ်အကိုင်များစွာ ဖန်တီးပေးနိုင်မည်ဖြစ်သောကြောင့် အစိုးရအနေဖြင့် ကိုရီးယားအထူးစီးပွားရေးဇုန်များကို ကြိုဆိုပြီး အခိုင်အမာထောက်ခံအားပေးကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံတွင် အကြီးဆုံးနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အများဆုံးနိုင်ငံဖြစ်သည်။ တောင်ကိုရီးယားရင်းနှီးမြှုပ်နှံမှုအများစုသည် ထုတ်ကုန်ထုတ်လုပ်ခြင်း၊ လျှပ်စစ်ပစ္စည်းနှင့် မော်တော်ကားထုတ်လုပ်ခြင်းတို့ဖြစ်ကြသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၃ ခုနှစ်က ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၇၅၁ သန်းရှိပြီး အဓိကအားဖြင့် အထည်ချုပ်ထုတ်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုမှာ ကန်ဒေါ်လာ ၂၈၁ သန်းနှင့် မော်တော်ယာဉ်၊ လျှပ်စစ် ပစ္စည်းနှင့် ဖျော်ရည်ယမကာများတင်သွင်းမှုမှာ ၄၇၀ သန်းရရှိခဲ့သည်။

Source: Khmer Times

DOCA(ရန်ကုန်)

 

AI နည်းပညာသည် စီးပွားရေးတိုးတက်မှုအတွက် အရေးပါသောအထောက်အကူဖြစ်ကြောင်း Vissoth ကပြောကြား

       ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ Ai နည်းပညာတိုးတက်မှုဖြင့် စီးပွားရေးလုပ်ငန်းများ တိုးတက်လာမှုဖော်ဆောင်သင့်သည်ဟု ဒုတိယဝန်ကြီးချုပ် Vongsey Vissoth ကပြောကြားခဲ့ သည်။  Ai နည်းပညာသည် တိုးတက်မှုနှင့် သာယာဝပြောရေးအတွက် အထောက်အကူ အသစ် ဖြစ်လာပြီး ယခင်ကမမြင်ဖူးသည် ပုံစံများဖြင့်အသက်များကိုပင်ကယ်တင်နိုင်သည်ဟု ၉-၁၁-၂၀၂၄ ရက်နေ့က ဖနွမ်းပင်မြို့တွင် “China-ASEAN cooperation on AI Development and Governance ” ဆိုင်ရာစာတမ်းဖတ်ပွဲ၌ ပြောကြားခဲ့သည်။ အစိုးရသည် ဒစ်ဂျစ်တယ်နည်းပညာ ကို ၎င်းတို့၏စီးပွားရေးနှင့်လူမှုရေးဆိုင်ရာဦးစားပေးများထဲမှ တစ်ခုအဖြစ်သတ်မှတ် ထားပြီး AI မူပိုင်ခွင့်များကို ကာကွယ်ရန်၊ သတင်းတုများနှင့် လူ့အဖွဲ့အစည်းအပေါ် မတည်မငြိမ်ဖြစ်နိုင် သော သက်ရောက်မှုများကို ကာကွယ်ခြင်းအပါအဝင် စက်မှုလုပ်ငန်းအတွက် မူဘောင်အသစ်ကို ဖန်တီးနေသည်ဟုပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသားအများစုသည် Siri မှ Google Assistant အထိ ဘဏ်လုပ်ငန်းနှင့် algorithms များဖြစ်သည့် Ai ကို၎င်းတို့၏ နေ့စဉ်ဘဝတွင် အသုံးပြုနေပြီဖြစ်ကြောင်း၊ Netflix ကဲ့သို့သောထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကိုတစ်ဦးချင်း စီ၏စိတ်ကြိုက်ရွေးချယ်မှုများအပေါ် အခြေခံ၍လိုအပ်မှုနှင့်လိုက်လျောမှုရှိရန်ပြောကြားခဲ့သည်။ ကမ္ဘေားဒီးယားနိုင်ငံတွင် Ai နည်းပညာသည် စတင်တည်ထောင်ကတည်းက အစိုးရအနေဖြင့် ခိုင်မာသော စည်းမျဉ်းမူဘောင်တစ်ခုကို တည်ဆောက်ရန်လိုအပ်ကြောင်း ထပ်မံပြောကြားခဲ့ သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံနှင့် ကာတာနိုင်ငံတို့အကြားရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာ သဘောတူညီချက်နှစ်ခုကို အပြီးသတ်ရန် Hun Sen တောင်းဆို

      ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen က ကမ္ဘောဒီးယားနှင့်ကာတာ အကြား ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုတိုးမြှင့်ရန်တောင်းဆိုခဲ့သည်။ ကာတာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Sheikh Faisal Bin Thani Al-Thani နှင့် The Qatar Investment Authority (QIA) ၏ CEO Mohammed Al Sowaidi တို့အား ကာတာနိုင်ငံ၊ Doha မြို့တွင် ၁၀-၁၂-၂၀၂၄ ရက်နေ့ကတွေ့ဆုံစဉ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။ Hun Sen က ကာတာ နှင့် ကမ္ဘာ့ဈေးကွက်များသို့တင်ပို့နိုင်သည့် အလားအလာရှိသည့် ဆန်၊ သီဟိုဠ်စေ့၊ ပီလောပီနံနှင့် အခြားသီးနှံများအပါအဝင် ကမ္ဘောဒီးယားစိုက်ပျိုးရေးကဏ္ဍတွင် ရရှိနိုင်သည့် အခွင့်အလမ်းများ ကိုအလေးပေးပြောကြားခဲ့သည်။ Sheikh Faisal Bin Thani Al-Thani သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများဆိုင်ရာ အချက်အလက်များ ကိုမျှဝေပေးသည့်အတွက် Hun Sen အားကျေးဇူးတင်ရှိကြောင်း၊ သဘောတူညီချက်နှစ်ခုကို လက်မှတ်ရေးထိုးနိုင်ရေးအတွက်နှစ်နိုင်ငံလုံးမှ အရှိန်အဟုန်ဖြင့်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

RCEP နှင့် နှစ်နိုင်ငံ FTA များသည် ကမ္ဘောဒီးယားပို့ကုန်များကို မြှင့်တင်

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) အတွင်း အမေရိကန်ဒေါ်လာ ၂၃.၉၃ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၁၆.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အစီရင် ခံစာအရသိရသည်။ အဓိကတင်ပို့သည့် ကုန်ပစ္စည်းများတွင် အထည်ချုပ်၊ ဖိနပ်၊ ခရီးသွား ကုန်ပစ္စည်းများ၊ စက်ဘီးများ၊ ကားတယာများ၊ ဆန်၊ ရာဘာ၊ ပီလောပီနံ၊ ငှက်ပျောသီးနှင့် သရက်သီးတို့ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ အရှေ့တောင်အာရှနိုင်ငံများ အတွက် ထိပ်တန်းတင်ပို့သည့်နိုင်ငံ (၅) နိုင်ငံသည် အမေရိကန်၊ ကနေဒါ၊ ဗီယက်နမ်၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့ဖြစ်ကြောင်း အစီခံစာအရသိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှနိုဝင်ဘာလအတွင်း စုစုပေါင်းသွင်းကုန်ဒေါ်လာ ၂၅.၉၄ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၁၇.၉ ရာခိုင်နှုန်းတိုးလာခဲ့သည်။ အဓိကတင်သွင်းသည့် ကုန်ပစ္စည်းများတွင် ရေနံ၊ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ၊ မော်တော်ယာဉ်များ၊ စက်ယန္တယားများ၊ လျှပ်စစ် ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများပါဝင်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet သည် ဒေသတွင်းနှင့်နှစ်နိုင်ငံလွတ်လပ်သောကုန်သွယ်မှုဘောတူညီချက်များ (FTA) သည် Made In Cambodia ထုတ်ကုန်များအတွက် ကြီးမားသောဈေးကွက်ဝင်ရောက်ခွင့်ကို ဖန်တီးပေးကြောင်း ပြောကြားခဲ့သည်။ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံရေး (RCEP) မှတဆင့် ကမ္ဘောဒီးယားသည် ရင်းနှီးမြှုပ်နှံသူများနှင့် ပို့ကုန်လုပ်ငန်းရှင်များကို ကမ္ဘာလုံးဆိုင်ရာ (GDP) ၏ သုံးပုံတစ်ပုံနီးပါးဈေးကွက်အသစ်များကို ကမ်းလှမ်းခဲ့သည်ဟု ထပ်မံပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

MOC သည် ကမ္ဘာ့ဈေးကွက်များတွင် အဓိကထုတ်ကုန်များကို အရောင်းမြှင့်တင်ရန်ကြိုးပမ်း

        စီးပွားရေးနှင့်ကူးသန်းရောင်ဝယ်ရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံတွင်ပြုလုပ် ထားသည့်ကုန်ပစ္စည်းများကို ပြည်တွင်း၌သာမက နိုင်ငံတကာသို့အသိအမှတ်ပြုမှုမြှင့်တင် သွားမည်ဖြစ်ကြောင်း MOC မှထိပ်တန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ MOC သည် အဓိက ကျသောကမ္ဘာ့ဈေးကွက်များတွင် ဆွဲဆောင်မှုအားကောင်းသည့် အလားအလာရှိသော ထုတ်ကုန် (၁၀) ခုကို ရည်မှန်းရန် အဓိက ပုဂ္ဂလိက ကဏ္ဍများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးနှင့် MOC ၏ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ကပြောကြားခဲ့သည်။ အဆိုပါ ကုန်စည် (၁၀) မျိုးတွင် စပါး၊ သီဟိုဠ်စေ့၊ ငရုတ်သီး၊ သရက်သီး၊ ငှက်ပျော်းသီးအဝါ၊ Pailin longan (တောင်ဆိတ်သီး)၊ ပီလောပီနံ၊ ပျားရည်၊ ဆားနှင့် အုန်းသီးတို့ပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် သွင်းကုန်များအပေါ်တွင် မှိခိုနေခြင်းမရှိတော့ဘဲ ၎င်းတို့ကို အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ပံ့ပိုးပေးရန်၊ ဒေသထွက်ကုန်များကို အားကောင်း လာစေရန်နှင့် ကမ္ဘောဒီးယား ထုတ်ကုန်များ၏ အရည်အသွေးနှင့် ထုတ်ပိုးမှုတို့ကို အသိအမှတ်ပြုရန် ဆက်လက်ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဆန်သည် မကြာမီသေးက ကမ္ဘာ့ အကောင်းဆုံးဆန်အဖြစ် အသိမှတ်ပြုခံခဲ့ရကြောင်း၊ အလားတူ သီဟိုဠ်စေ့နှင့် ပီလောပီနံတို့ကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် နိုင်ငံတကာမှ ဝယ်ယူသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း Sovichea က မှတ်ချက်ပြုခဲ့သည်။ ထိုထုတ်ကုန်အားလုံးအတွက် တော်ဝင်အစိုးရအနေဖြင့် ထုတ်လုပ်မှုပမာဏမြှင့်တင်ရန်၊ အရည်အသွေးစံချိန်စံညွှန်းများ ကောင်းမွန်စေရန်နှင့် အချောထည်ထုတ်ကုန်များကိုတင်ပို့နိုင်ရန် နှင့်စီမံဆောင်ရွက်ရေးတို့ကို မြှင့်တင်ရန်ပြင်ဆင်ထားကြောင်း ထပ်မံပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျတို့သည် ဆန်ကုန်သွယ်မှုသဘောတူညီချက်ရယူ

          ကမ္ဘောဒီးယားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည်နှစ်နိုင်ငံဆက်ဆံရေး အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် ခိုင်မာအားကောင်းရန်အခွင့်အလမ်းများကို အထက်လွှတ်တော် ဥက္ကဋ္ဌ Hun Sen နှင့် ဆော်ဒီအာရေဗျနိုင်ငံတော်အတိုင်ပင်ခံညီလာခံဥက္ကဋ္ဌ Abdullah Mohammed Ibrahim Al-Sheikh တွင်ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံလုံးသည် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုတိုးမြှင့်ရန်နှင့် ကုန်သွယ်မှုလမ်းကြောင်းအသစ်များ ရှာဖွေရန်ကြိုးပမ်းနေချိန် တွင် ယခုကဲ့သို့ပေါ်ထွက်လာခြင်းဖြစ်သည်။ ကမ္ဘောဒီးယားသည် ဆန်ထုတ်လုပ်မှုနှင့်ဆန်ပိုလျှံမှု ကြွယ်ဝပြီး အထူးသဖြင့် ဆော်ဒီအာရေဗျသို့ ပြည်ပဆန်တင်ပို့မှုပိုမိုနိုင်သည်ဟု တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။ ဆော်ဒီအာရေဗျနှင့် ဒေသတွင်းနိုင်ငံများသို့ဆန်တင်ပို့ရန်အတွက် ဆန်ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနှင့် ထုတ်ပိုးခြင်းတို့အတွက် စက်ပစ္စည်းများတည်ထောင်ရာတွင် ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံသူများကို အားပေးရန် Abdullah Mohammed Ibrahim Al-Sheikh ကတောင်းဆိုထားသည်။ အဆိုပြုထားသော သဘောတူညီချက်သည် ကမ္ဘောဒီးယား ဆန်ကို ဆော်ဒီအာရေဗျဈေးကွက်သို့ တင်ပို့ရန်ရည်ရွယ်ထားပြီး  ကမ္ဘောဒီးယားလယ်ယာထွက် ကုန်ပစ္စည်းတင်ပို့မှုကိုမြှင့်တင်ပေးနိုင်မည်ဖြစ်သည်။  ကမ္ဘောဒီးယားဆန်စပါးအသင်းချုပ် (CRF) သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရှိ ဆန်ဈေးကွက်ကို ချဲ့ထွင်ကာအလားအလာရှိသော ဝယ်ယူသူများထံမှ စိတ်ဝင်စားမှုကိုရရှိခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် အကြီးဆုံးနိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနိုင်ငံသည် စီးပွားရေးတိုးတက်မှုကို ကြုံတွေ့နေရပြီး ကမ္ဘောဒီးယားဆန် ဈေးကွက်အတွက် အလားအလာရှိပြီး  အရှေ့အလယ်ပိုင်းနှင့် အာဖရိကအတွက် ဈေးကွက် ချဲ့ထွင်ရာတွင် အရေးပါသောခန်ကဏ္ဍမှပါဝင်နေကြောင်း CRF ကထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား-ဆော်ဒီအာရေဗျ နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၆ သန်းရှိခဲ့ပြီး ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၀ ရာခိုင်နှုန်းတိုးလာကာ အမေရိကန်ဒေါ်လာ ၁၉ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက် အလက်များအရသိရသည်။

DOCA(ရန်ကုန်)

အမေရိကန်ကုမ္ပဏီသည် ကမ္ဘောဒီးယားတွင် ဖွဲနုပြုပြင်ရေးစက်ရုံတည်ဆောက်ရန် ပြည်တွင်းကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်

         အမေရိကန်ကုမ္ပဏီ Stabil Nutrition LLC နှင့် ကမ္ဘောဒီးယားပြည်တွင်းကုမ္ပဏီ Amru Rice (Cambodia) တို့သည် အမေရိကန်ဈေးကွက်သို့တင်ပို့ရန်အတွက် ဖွဲနုပြင်ပြင်ရေးစက်ရုံ တည်ဆောက်ရန်အတွက် ပူတွဲရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol ၊ Amru Rice (Cambodia) ၏ ဥက္ကဋ္ဌ Song Saran နှင့် Stabil Nutrition LLC ၏ ဥက္ကဋ္ဌ  Michael A. Tarrasch တို့သည် ၉-၁၂-၂၀၂၄ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြသည်။ ယခုအခါ အမေရိကန် ပုဂ္ဂလိကကုမ္ပဏီတစ်ခု၏ ကမ္ဘောဒီးယားနိုင်ငံသို့လာရောက်ရင်းနှီးမြှုပ်နှံခြင်းသည် အရည် အသွေးစံနှုန်းသတ်မှတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ အမေရိကန်ဈေးကွက်သို့ တင်ပို့ရန်အတွက် ကမ္ဘောဒီးယား၏ အော်ဂဲနစ်ဖွဲနုထုတ်ကုန်များ ထုတ်လုပ်ခြင်းနှင့်ပြုပြင်ခြင်း အတွက်သိသာထင်ရှားသောခြေလှမ်းအသစ်တစ်ခုဖြစ်ကြောင်း Sun Chanthol မှပြောကြားခဲ့ သည်။ Sun Chanthol သည် CDC ၏ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးမှုနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် အခွန်ကင်းလွတ်ခွင့်များနှင့် မတ်လုံးများမှတဆင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) ၏ မျှော်မှန်းချက်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ ဆန်ဖွဲနုများထုတ်လုပ်ခြင်းနှင့်တင်ပို့ခြင်းတွင် ကုမ္ပဏီနှစ်ခု၏ရင်းနှီး မြှုပ်နှံမှုများအောင်မြင်စေရန်အတွက် ဆက်လက်တိုက်တွန်းခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-တရုတ် နယ်စပ်ဖြတ်ကျော်ငွေပေးချေရေး စနစ်ချိတ်ဆက်မှုကို ဆက်လက်တိုးချဲ့ရန် စီစဉ်

        ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ်အုပ်ချုပ်ရေးမှူး Dr. Chea Serey က ကုန်သွယ်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့်ခရီးသွားလုပ်ငန်းများမြှင့်တင်ရေးအတွက် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ငွေပေးချေရေး ချိတ်ဆက်မှုများကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားရန် တရုတ်နိုင်ငံအားတောင်းဆိုထားသည်။ Dr. Chea Serey သည် ၉-၁၂-၂၀၂၄ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး Wang Wenbin နှင့် ကမ္ဘောဒီးယားအမျိုးသားဘဏ် Wat Phnom Building ၌ တွေ့ဆုံစဉ်ယင်းကဲ့သို့တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ကမ္ဘောဒီးယားအမျိုးသားဘဏ်သည် တရုတ်ပြည်သူ့ဘဏ်၊ တရုတ်ငွေကြေးအဖွဲ့အစည်းများ၊ တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံဘဏ္ဍာရေးကဏ္ဍတွင် ကောင်းမွန်သောပူးပေါင်းဆောင်ရွက် မှုများရှိကြောင်း၊ နှစ်နိုင်ငံအကြားကုန်သွယ်မှုနှင့် ခရီးသွားလာရေးမြှင့်တင်ရန်အတွက် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်များ အထူးသဖြင့် နှစ်နိုင်ငံသုံးငွေးကြေးများကို တိုက်ရိုက် ငွေပေးချေမှုများပြုလုပ်ခဲ့ကြောင်း Dr. Chea Serey ကဆက်လက်ပြောကြားခဲ့သည်။ သံအမတ်ကြီး Wang Wenbin က နယ်ပယ်စုံတွင်နှစ်နိုင်ငံအကြားခိုင်မာသော ချစ်ကြည်ရင်းနှီးမှု နှင့် ကောင်းမွန်သောငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုတန်ဖိုးထားကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များ၏ မျှော်မှန်းချက်များနှင့်အညီ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ အဆင်ပြေစေရန်နှင့် ကုန်သွယ်မှုချဲ့ထွင်ရန်အတွက် နှစ်နိုင်ငံအကြားငွေပေးချေမှုစနစ်များ ချိတ်ဆက်မှုများ ဆက်လက်လုပ်ဆောင်ရန်ပံ့ပိုးမှုများပေးခဲ့ကြောင်းပြောကြားခဲ့သည်။ နှစ်နိုင်ငံ ခေါင်းဆောင်များသည် ကုန်သွယ်မှုနှင့်အခြားကဏ္ဍများကို မြှင့်တင်ရာတွင် အထောက်အကူ ဖြစ်စေရန် ဘဏ်လုပ်ငန်းနှင့်ငွေကြေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကိုအားကောင်း ခိုင်မာစေရန်ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ