ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်ပုဇွန်တင်ပို့မှု မြင့်တက်လာသော်လည်း ယှဉ်ပြိုင်မှုများ ဆက်လက်ရင်ဆိုင်ရနိုင်

   ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဗီယက်နမ်ပုဇွန်တင်ပို့မှု မြင့်တက်လာသော်လည်း ဈေးကွက်သည် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများ၏ ယှဉ်ပြိုင်မှုကို ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့်ထုတ်လုပ်သူများအသင်း(VASEP)၏ အဆိုအရ ယခုနှစ် ပထမ (၆)လတွင် ပုဇွန်တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ် တူညီသည့်ကာလထက် ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဇွန်လတစ်လတည်းတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၄၄ သန်းရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ (၆)လတာ ကာလတွင် တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့သည် ဗီယက်နမ်ပုဇွန်တင်ပို့သည့်  အကြီးမားဆုံးဈေးကွက်ဖြစ်ပြီး အဆိုပါကာလတွင် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၂၈ သန်း ရှိခဲ့ကြောင်းနှင့် လွန်ခဲ့သည့်နှစ် တူညီသည့် ကာလထက် ၁၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကျန်နှစ်ဝက်ကာလတွင် အဆိုပါ ဈေးကွက်သို့ ပုဇွန်တင်ပို့မှုသည် အထူးသဖြင့် black tiger ပုဇွန်နှင့် white leg ပုဇွန် တင်ပို့မှု ဈေးနှုန်းတွင် ဖိအားအောက် ကျရောက် နေ ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ၏ အ‌ကောက်ခွန်နှုန်းထားမြှင့်တင်မှုကြောင့် တရုတ် နိုင်ငံသို့ ပုဇွန်တင်ပို့မှုမြှင့်တင်ရန် ကြိုးပမ်းလာကြမည့် အီကွေဒေါ၊ အိန္ဒိယနှင့် အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံများကြောင့် ဗီယက်နမ်သည် ယှဉ်ပြိုင်မှု နှင့်ရင်ဆိုင်ရနိုင်ကြောင်း သိရပါသည်။ ဗီယက်နမ်ပုဇွန်၏ ဒုတိယအကြီးမားဆုံးဈေးကွက်မှာ အမေရိကန်ဖြစ်ပါသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်သို့ ဗီယက်နမ်ပုဇွန်တင်ပို့မှု အမေရိကန်ဒေါ်လာ ၃၀၃ သန်းရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁ ရာခိုင်နှုန်း ကြီးထွားလာကြောင်း သိရပါသည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် သင်္ဘောတင်ပို့မှု ကုန်ကျစရိတ်သည် မေလမှစ၍ ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ အမေရိကန် ဈေးကွက်တွင်လည်း ဗီယက်နမ်ပုဇွန်သည် အီကွေဒေါ၊ အင်ဒိုနီးရှားနှင့်အိန္ဒိယတို့၏ ဈေးနှုန်း ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရပါသည်။ VASEP က အမေရိကန်မှတင်သွင်းသူများသည် နှစ်ကုန်ပျော်ပွဲရွှင်ပွဲများအတွက် ဝယ်ယူမှုမြင့်တက်လာပါက ယခုနှစ်၏ တတိယသုံးလ ပတ်ကာလတွင် အမေရိကန်၏ ဗီယက်နမ်ပုဇွန်ဝယ်လိုအား အနည်းငယ်မြင့်တက်နိုင်ရန် မျှော်လင့်ရကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ဂျပန်သို့ ပုဇွန်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၂၉ သန်းနှင့် တောင်ကိုရီးယားသို့တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၄၉ သန်းဖြင့် ၃ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရပါသည်။ ဂျပန်တွင် ဗီယက်နမ်၏ထပ်ပေါင်းတန်ဖိုး ကုန်ပစ္စည်းများတင်ပို့မှုမှာ အိန္ဒိယနှင့်အီကွေဒေါကဲ့သို့သော အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ပိုမို ယှဉ်ပြိုင်နိုင်စွမ်းအသာရနေကြောင်း သိရပါသည်။ ဥ‌ရောပ သမဂ္ဂဈေးကွက်သို့ ပုဇွန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၁၇ သန်းတန်ဖိုးရှိပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလထက် ၁၃ ရာခိုင်နှုန်း မြင့်တက်ကာ ဒုတိယနှစ်ဝက်တွင်လည်း ဆက်လက်မြင့်တက်ရန် မျှော်လင့်ရသည်ဟု သိရပါသည်။ သို့သော် အခြားနိုင်ငံများနှင့်‌ ဈေးနှုန်း ယှဉ်ပြိုင်ရခြင်းနှင့် ရင်ဆိုင်နေရခြင်းအပြင် ဗီယက်နမ်ပုဇွန် သည် ပုဇွန်မွေးမြူရေးကန်များတွင် ရောဂါဖြစ်ပွားခြင်းနှင့် ပြုပြင်ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်း မလုံလောက်ခြင်းစသည့် အခြားပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း VASEP က ‌ပြောကြားခဲ့ပါ သည်။ VASEP က ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ပုဇွန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ 

Source: Vietnam Plus

DOCA(ရန်ကုန်)

ပိုမိုရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော စားသုံးသူ အခင်းအကျင်း

      ယနေ့ခေတ် ဒစ်ဂျစ်တယ်စီးပွားရေးတွင် အာဆီယံဒေသတွင်း စားသုံးသူ အရောင်းအဝယ်ကိစ္စများသည် ဝယ်သူနှင့် ရောင်းသူနှစ်ဦးစလုံးအတွက် အဓိက စိုးရိမ်စရာဖြစ်သည်။ အွန်လိုင်းကိရိယာများနှင့် နည်းပညာများသည် အဆက်မပြတ်ပြောင်းလဲနေပြီး အပြန်အလှန် ဆက်သွယ်မှုနည်းလမ်းအသစ်များနှင့် ပိုမိုမြန်ဆန်သည်။ အာဆီယံ စားသုံးသူကာကွယ်ရေးကော်မတီ (ACCP) သည် တရားမျှတမှုမရှိသော စာချုပ်စည်းမျဉ်းများ (UCT Guidelines) ဆိုင်ရာ အာဆီယံလမ်းညွှန်ချက်များကို ထုတ်ပြန်ခဲ့သည်။  လမ်းညွှန်ချက်များသည် ကွဲပြားသောမူဝါဒများ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စားသုံးသူများတွင် UCT ထိန်းချုပ်ခြင်းနှင့် ထိန်း ညှိခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ချမှတ်ရာတွင် အဓိကကျသောမူများ၊ အလေ့အကျင့်ကောင်းများ၊ လမ်းညွှန်ချက်များသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ စားသုံးသူအကာအကွယ်ပေးရေးအာဏာပိုင်များ (AMS) တွင် စားသုံးသူ အကာအကွယ်ပေးရေး အာဏာပိုင်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ချက်ဖြင့် ပံ့ပိုးပေးပါသည်။

    စားသုံးသူကာကွယ်ရေးနှင့် အာဆီယံအသိုက်အဝန်းသည် ( ASEAN Commnity) သည် စားသုံးသူများ၏ အခွင့်အရေးများနှင့် လုံခြုံစိတ်ချရမှုများကို တိုးတက်ကာင်းမွန်စေရာ၌ ပိုမိုလှုံ့ဆော်နိုင်ရန်  အဓိက အရေးကြီးသော ရည်မှန်းချက်များစွာရှိပါသည်။ စားသုံးသူများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများနှင့် ကာကွယ်မှုဆိုင်ရာ သတင်းအချက်အလက်များ သိရှိထားရန် အရေးကြီးသည်။ အာဆီယံနိုင်ငံများသည် စားသုံးသူများအားပညာပေးရေး အစီအစဉ်များ၊ ပိုမိုထိရောက်သော ဗဟုသုတပေးရေးမူဝါဒများအား ထောက်ပံ့ပေးခြင်းဖြင့် ကူညီပေးနိုင်ပါသည်။

      စားသုံးသူကာကွယ်ရေးဆိုင်ရာစနစ်များ တိုးတက်အောင် ပြုလုပ်ရန် အဓိကအရေး ကြီးသည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် တိုးတက်သော နည်းပညာများကို အသုံးပြု၍ စားသုံးသူများတွင် နစ်နာဆုံးရှုံးမှု ၊ မကျေနပ်မှုများကို အချိန်မီ ဖြေရှင်းနိုင်ရန် စနစ်များ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။  စားသုံးသူအခွင့်အရေးများကို အထောက်အကူပြုရန် စည်းမျဉ်း များကို တည်ဆောက်ရန် လိုအပ်သည်။ ၎င်းတို့သည် စားသုံးသူများ၏ အကျိုးစီးပွားများကို ကာကွယ်ရန် လုံခြုံမှုအတွက် အရေးကြီးသည်။ အာဆီယံ အသိုက်အဝန်း၏ အခန်းကဏ္ဍတွင် စားသုံးသူများ၏ ငွေကြေးပိုင်းဆိုင်ရာ အခွင့်အရေးများကို ကာကွယ်ရန်  ငွေကြေးပိုင်းဆိုင်ရာ ပညာပေးရေး၊ စားသုံးသူငွေကြေးကျင့်ဝတ်များနှင့် ငွေကြေးမူဝါဒများကို တိုးတက်အောင် ဆောင်ရွက်သည်။ စားသုံးသူကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ သည် စားသုံးသူကုန်စည်များ၏ အရည်အသွေးလုံခြုံမှုစံချိန်များကို ပူးပေါင်းကာကွယ်ကြသည်။

    စားသုံးသူကာကွယ်ရေးနှင့် အာဆီယံအသိုက်အဝန်းသည် ၂၀၂၄ ခုနှစ်တွင် အဓိကထား ဆောင်ရွက်ရမည့် အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ စားသုံးသူများ၏ အခွင့်အရေးများကို ကာကွယ်ရန် အချက်အလက်ပေးပို့ခြင်းနှင့် ပညာပေးခြင်းမှစပြီး စီမံခန့်ခွဲမှုစနစ်များ၊ စည်းမျဉ်းများနှင့် ဥပဒေများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ စားသုံးသူများ၏ အခွင့်အရေးများနှင့် လုံခြုံစိတ်ချရမှုများကို အာဆီယံအသိုက်အဝန်းက ထောက်ပံ့ကာ ကူညီပေးနေခြင်းကို ရှင်းလင်းစွာ သိရှိစေရန် လိုအပ်ပါသည်။

သုံးစွဲသူ သန်း ၆၀၀ ကျော်ရှိသော စျေးကွက်၊ ၀ယ်လိုအား မြင့်တက်လာမှုနှင့် ငယ်ရွယ် သော လူဦးရေစာရင်း အချက်အလက်များနှင့်အတူ အာဆီယံသည် စီးပွားရေးလုပ်ငန်းများ အတွက် အရေးကြီးသော စျေးကွက်ကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် စားသုံးသူအကာ အကွယ်ပေးရေးမူဝါဒများသည် စားသုံးသူများအား ယုံကြည်စိတ်ချစွာ ဝယ်ယူကြောင်းသေချာ စေရန်နှင့် စီးပွားရေးလုပ်ငန်းများသည် လိမ်လည်လှည့်ဖြားသည့် အလေ့အကျင့်များတွင် ပါဝင်ခြင်းမှရှောင်ကြဉ်ရန် လိုအပ်သောနောက်ဆက်တွဲတစ်ခုဖြစ်သည်။ ထို့အပြင် စားသုံးသူ မူဝါဒများသည် အာဆီယံရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းသစ်များကို တုံ့ပြန် ဆောင်ရွက်နိုင်သင့်သည်။ ၎င်းတွင် ဂလိုဘယ်လိုက်ဇေးရှင်းနှင့် နည်းပညာဆိုင်ရာ တိုးတက် မှုတို့မှ ထွက်ပေါ်လာသော နယ်စပ်ဖြတ်ကျော် e-commerce နှင့် အခြားသော ကုန်သွယ် မှုနည်းလမ်းသစ်များ ပါဝင်ပြီး အစိုးရများသည် စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ် ရန်နှင့် မြှင့်တင်ရန် ဆန်းသစ်သောနည်းလမ်းများကို ရှာဖွေရန် လိုအပ်ပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်း တိုးမြင့်လာမှု၊ နယ်စပ်ဖြတ်ကျော် ဝယ်ယူမှု၊ စားသုံးသူ လူဦးရေ အချိုးအစား ပြောင်းလဲမှုများနှင့် နည်းပညာ ဆန်းသစ်တီထွင်မှု တိုးတက်မှုများသည် အာဆီယံ အဖွဲ့ဝင်နိုင်ငံ (AMS) ရှိ စီးပွားရေးနှင့် စားသုံးသူ အပြုအမူအပေါ် သိသိသာသာ လွှမ်းမိုးမှု ရှိနေပါသည်။ ဤဖွံ့ဖြိုးတိုးတက်မှုများသည် ASEAN Blueprint ၂၀၂၅ အောက်တွင် ယှဉ်ပြိုင်နိုင်သော အာဆီယံအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် အာဆီယံစားသုံးသူအကာ အကွယ်ပေးရေးအစီအစဉ်ကို မြှင့်တင်ရန် ပိုမိုအားစိုက်လုပ်ဆောင်ရန် လိုအပ်ပါသည်။ ယင်းနှင့်ဆက်စပ်၍ အဆိုပါခေတ်ရေစီးကြောင်းများကို သိရှိနားလည်ခြင်းဖြင့်၊ ASEAN Strategic Action Plan for Consumer Protection (ASAPCP) 2025၊ AEC Blueprint 2025 အောက်တွင် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ မဟာဗျူဟာအစီအမံများနှင့်ပတ်သက်၍ မဟာဗျူဟာ ရည်မှန်းချက်များ၊ အစပျိုးမှုများနှင့် ရလဒ်များဆိုင်ရာ အသေး စိတ်အချက် အလက်များကို ဖော်ထုတ်ရန် တီထွင်ခဲ့သည်။ ASAPCP ၂၀၂၅ ကို အာဆီယံ စားသုံးသူ အကာအကွယ်ပေးရေး ကော်မတီ (ACCP) မှ အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရှိရပါသည်။

သက်ဆိုင်သူများအကြား ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လွယ်ကူ ချော မွေ့ စေခြင်းဖြင့် အာဆီယံတစ်ဝှမ်း ပိုမိုရေရှည်တည်တံ့ပြီး အားလုံးပါဝင်နိုင်သော စားသုံးသူ အခင်းအကျင်းဆီသို့ ဦးတည် ရည်ရွယ်ပါသည်။

Source -        အာဆီယံဒေသတွင်း စားသုံးသူကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု

  • ACCPA ( Protectingand promotion Consumers in ASEAN)

DOCA(ရန်ကုန်)

 

EU သည် စင်္ကာပူနှင့် ဒစ်ဂျစ်တယ် ကုန်သွယ်မှုသဘောတူညီချက်အား လက်မှတ်ရေးထိုး

     EU သည် ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် အွန်လိုင်းကုန်သွယ်မှုကို တိုးမြှင့်ရန် SMEs များကို ဒစ်ဂျစ်တယ်အသွင်ပြောင်းရန်နှင့် ဒေတာစီးဆင်းမှုကို လွယ်ကူချောမွေ့စေရန် ရေးဆွဲထားသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုသဘောတူညီချက်အသစ်အတွက် စင်္ကာပူနှင့်စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။

   ကုန်သွယ်ရေးကော်မရှင်နာ Valdis Dombroskis နှင့် စင်္ကာပူကုန်သွယ်ရေးဝန်ကြီး Grace Fa တို့ ဆွေးနွေးမှုများအပြီးတွင် ၂၀၁၉ ခုနှစ်တွင် စတင်အသက်ဝင်မည် EU Singapore Free Trade Agreement  အား ဖြည့်စွက်ပြောကြားခဲ့သည်။

     Brusiels နှင့် စင်္ကာပူနိုင်ငံတို့ကြား စေ့စပ်ညှိနှိုင်းမှုငါးကြိမ်အပြီးတွင် နှစ်ဖက်စလုံးသည် ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် အမျိုးမျိုးသော အစီအမံများကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြသည်။ သဘောတူညီချက်သည် SMEs များအတွက် စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန်၊ E-payment နှင့် အီလက်ထရွန်နစ်စာချုပ်များအတွက် အပြန်အလှန် လုပ်ဆောင်နိုင်သော ဒစ်ဂျစ်တယ် ကုန်သွယ်‌မှုစနစ်များ လုပ်ဆောင်ရန်နှင့် ဒေတာစီးဆင်းမှုဆိုင်ရာစည်းမျဉ်းများ ချမှတ်ရန် ရည်ရွယ်သည်။

     ကိုယ်ရေးကိုယ်တာဒေတာ ကာကွယ်ရေးနှင့် ဒေတာသတ်မှတ်ခြင်းဆိုင်ရာလိုအပ်ချက် များကို တားမြစ်ခြင်းအတွက် မြင့်မားသောစံနှုန်းများ သတ်မှတ်ခြင်းဖြင့် နယ်စပ်ဖြတ်ကျော် ဒီဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာလွှဲပြောင်းမှုများတွင် စင်္ကာပူနိုင်ငံသားများနှင့် စီးပွားရေးလုပ်ငန်းများထံသို့ တိကျသေချာစွာဖြင့် ရှင်းရှင်းလင်းလင်းပေးနိုင်လိမ့်မည်ဟု စင်္ကာပူကုန်သွယ်ရေးဝန်ကြီး Grace fu က သတင်းစာရင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

     ကုန်သဘောတူညီချက်သည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးတင်းမာမှုများကြားအရှေ့နှင့် အရှေ့တောင်အာရှဒေသ၌ မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ရန်အတွက် EU မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

      ဒီဂျစ်တယ်တိုးတက်ပြီး စိတ်တူကိုယ်တူ ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများအဖြင့် EU နှင့် Singapore တို့သည် ဒေသများကြားတွင် အဆင့်အတန်းမြင့်သော ဒစ်ဂျစ်တယ်ကုန်သွယ်မှု စည်းမျဉ်းများ သတ်မှတ်ခြင်းနှင့် ကမ္ဘာ့ဒီဂျစ်တယ်စံနှုန်းများ၏ ရည်မှန်းချက်ကို မြှင့်တင်ရာတွင် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နိုင်သည်ဟု စေ့စပ်ညှိနှိုင်းပွဲတွင် ပါဝင်သော ပူးတွဲကြေညာချက် တွင် ဖော်ပြထားသည်။

    EU သည် စင်္ကာပူနိုင်ငံ၏ ဒစ်ဂျစ်တယ်ကုန်သွယ်မှုတွင် ဒုတိယအကြီးဆုံး မိတ်ဖက်ဖြစ်ကြောင်း Grand Fu မှ မီးမောင်းထိုးပြသထားသည်ဖြစ်ရာ စင်္ကာပူနိုင်ငံအတွက်လည်း အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်သည်။

     ၂၀၂၂ ခုနှစ်တွင် EU နှင့်စင်္ကာပူအကြား ဝန်ဆောင်မှုများကုန်သွယ်မှု စုစုပေါင်း၏ ထက်ဝက်ကျော်(၅၅%)ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပေးပို့ခဲ့ပြီး ပမာဏအားဖြင့် ယူရို ၄၃ ဘီလီယံ ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။

    ကောင်စီတွင် EU စုစုပေါင်းလူဦးရေ၏ ၆၅% နှင့် ဥရောပပါလီမန်မဲခွဲဆုံးဖြတ်ရန် အရည်အချင်းပြည့်မီသော အများစုစနစ်ဖြင့် စင်္ကာပူအပါအဝင် အခြားအဖွဲ့ဝင်နိုင်ငံများထံမှ အတည်ပြုချက်ရရှိပြီးသည်နှင့် အဆိုပါသဘောတူညီချက်အား အဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံမှ အတည်ပြုရန် ကျန်ရှိနေသေးကြောင်း သိရသည်။

   EU သည် တောင်ကိုရီးယားနှင့် ဒစ်ဂျစ်တယ်ကုန်သွယ်မှုဆိုင်ရာအလားတူ သဘောတူညီချက်တစ်ရပ်ကို လက်ရှိတွင် ညှိနှိုင်းနေဆဲ ဖြစ်သည်။ ထို့အပြင်ယခုလ အစောပိုင်းတွင် ဂျပန်နိုင်ငံနှင့် ဒေတာစီးဆင်းမှုဆိုင်ရာသဘောတူညီချက်တစ်ရပ် အသက်ဝင်ခဲ့သည်။

Source : Euronews

DOCA(ရန်ကုန်)

 

BYD သည် ကမ္ဘောဒီးယားတွင် EV စက်ရုံတည်ဆောက်မည်

    BYD Asia-Pacific Auto Sales Division ၌ ကမ္ဘောဒီးယားသည် တစ်နှစ်လျှင် ကားအစီးရေ ၂၀၀၀၀ဖြင့် အများဆုံးထုတ်လုပ်နိုင်သော လျှပ်စစ်ကားတပ်ဆင်ရေးစက်ရုံကို တည်ဆောက်ရန်စီစဉ်နေပြီး ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်များသို့ တင်ပို့နိုင်ရန်စီစဉ်နေကြောင်း  Mr.Hun Manet က လူမှုကွန်ရက်စာမျက်နှာ၌ တနင်္လာနေ့တွင် ရေးသားဖော်ပြခဲ့သည်။

        BYD Asia-Pacific Auto Sales Division ကို ၁၉၉၅ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ Shenzhen တွင် ရုံးစိုက်ခဲ့ကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။ ၂၀၂၂ခုနှစ်တွင် BYD သည် ကားအစီး‌ရေ ၃သန်းထုတ်လုပ်ခဲ့ပြီး နိုင်ငံပေါင်း ၇၀တွင်လည်း စက်ရုံအခွဲများဖွင့်လှစ်ထားသည်။ အာရှတွင် BYD သည် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့တွင် ကားထုတ်လုပ်ရေးနှင့် တပ်ဆင်ရေးစက်ရုံများဖွင့်လှစ်ထားသည်။

         လျှပ်စစ်ကားတပ်ဆင်ရေးစက်ရုံတည်ဆောက်မည့်အစီအစဉ်ကို ဝန်ကြီးချုပ် Hun Manet နှင့် BYD Asia-Pacific Auto Sales Division ၏ အထွေထွေမန်နေဂျာ Liu Xueliang တို့ ဇူလိုင်လ ၁၅ရက်နေ့တွင် ငြိမ်းချမ်းရေးနန်းတော်၌တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။

        ယင်းနေ့၌ ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(CDC)၏ ဒုတိယသမ္မတနှင့် ဒုတိယဝန်ကြီးချုပ် Sun Chanthol သည် CDC ၌ Liu ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ နိုင်ငံတော်၏အလားအလာ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုမ္ပဏီ၏ တောင်းဆိုထားသည့်လုပ်ငန်းများအားလုံး အဆင်ပြေချောမွေ့စေရန်နှင့် အများသူငှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစဉ်များ ပိုမိုဖြစ်ထွန်းလာစေရန်အတွက် အတည်ပြုခဲ့သည်။

       ကမ္ဘောဒီးယားပြည်တွင်း၌ ကားများတပ်ဆင်ခြင်းကြောင့် ဈေးသက်သာပြီး လျှပ်စစ်ကားများမှ နိုင်ငံ့အခွန်များရရှိလာမည်ဖြစ်ရာ ကမ္ဘောဒီးယားနိုင်ငံအတွက် များစွာအကျိုးရှိလာမည်ဖြစ်သည်။ 

Source: oilprice

DOCA(ရန်ကုန်)

ရုရှားနိုင်ငံမှ တရုတ်နှင့်အိန္ဒိယသို့ ရေနံစိမ်းတင်ပို့မှု ၁၇ရာခိုင်နှုန်းခန့်ဖြတ်တောက်

      ရုရှား၏ (၄)ပတ်ကြာ ပင်လယ်ရေကြောင်းဆီတင်ပို့မှုသည် ဇူလုင်လ ၁၄ရက်နေ့အထိ တစ်ရက်လျှင် စည်ပေါင်း ၃.၁၁သန်းသို့ ပျမ်းမျှကျဆင်းသွားပြီး ဧပြီလတွင် မကြာသေးမီက စည်ပေါင်း ၆၀၀၀၀၀နီးပါး အမြင့်ဆုံး သို့မဟုတ် ၁၇ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။ နိုင်ငံတွင်း ရေနံစိမ်းတင်ပို့မှုသည် ဇန်နဝါရီလနောက်ပိုင်း၌ အနိမ့်ဆုံးသို့ကျဆင်းသွားခဲ့ပြီး ပြည်တွင်းသန့်စင်မှုနှုန်းမှာ (၆)လအတွင်း ပြန်လည်ကောင်းမွန်လာသော်လည်း အနည်းဆုံး ဩဂုတ်လကုန်အထိ ယင်းပုံစံအတိုင်း ဆက်လက်ရှိနေမည်ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယတို့သည် ရုရှားပင်လယ်တွင်း ကုန်စိမ်းရောင်းချမှု၏ ၈၀ရာခိုင်နှုန်းကျော်ကိုဝယ်ယူနေသောကြောင့် ပို့ကုန်ဖြတ်တောက်မှုကို အပြင်းအထန်ခံစားရဖွယ်ရှိသည်။ သို့သော်လည်း ‌ဈေးကွက်မှ ထုတ်ယူလိုက်သောစည်များသည် ၎င်းတို့စုစု‌ပေါင်းဝယ်ယူမှု၏ အနည်းငယ်မျှကိုသာကိုယ်စားပြုပြီး တရုတ်နှင့်အိန္ဒိယမှ ဝယ်ယူသူများသည် ၎င်းတို့ကို အခြား‌ဈေးကွက်များမှ ရေနံစိမ်းဖြင့် အလွယ်တကူအစားထိုးနိုင်သောကြောင့်ဖြစ်သည်။

       Rystad Energy မှ ရုရှား၏ပင်လယ်ရေကြောင်း ရေနံစိမ်းတင်ပို့ရောင်းဝယ်မှုသည် ဇူလိုင်လနှင့် ဩဂုတ်လတွင် တစ်ရက်လျှင် စည်ပေါင်း ၂.၇သန်းဆက်လက်တည်ရှိနေမည်ဟု ခန့်မှန်းထားသော်လည်း ရုရှားသန့်စင်စက်ရုံများသည် ၎င်းတို့၏ရိုးရာဆောင်းဦးရာသီ ပြုပြင်ထိန်းသိမ်းမှုစတင်မည့် စက်တင်ဘာလတွင် တစ်ရက်လျှင် စည်ပေါင်း ၂.၉သန်းသို့ ပြန်လည်ရောက်ရှိမည်ဟုခန့်မှန်းထားကြသည်။ ၎င်းသည် ဧပြီလနှင့်မေလတွင် မှတ်တမ်းတင်ထားသော တစ်ရက်လျှင် စည်ပေါင်း ၃.၆သန်းမှ ၃.၇ခန့်တင်ပို့နိုင်မှုထက် သိသိသာသာကျဆင်းသွားခြင်းဖြစ်ပြီး ယူကရိန်း၏ ‌‌‌မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများကလည်း ရုရှားပြည်တွင်းရေနံသန့်စင်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။

      ရုရှား၏ ပင်လယ်တွင်းရေနံစိမ်းထောက်ပံ့မှုသည် တစ်နှစ်လျှင် စည်ပေါင်း ၃သန်းနီးပါးရှိလာမည်ဟု ထောက်လှမ်းရေးကုမ္ပဏီ Kpler မှ အကြမ်းဖျင်းလေ့လာသုံးသပ်သူ Viktar Katona က Bloomberg သတင်းဌာနသို့ပြောကြားခဲ့သည်။ ထိုအတောအတွင်း ယူကရိန်းသည် ရုရှားပိုင်ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီး Lukoil မှ စလိုဗားကီးယားနှင့် ဟန်ဂေရီသို့ ရေနံထောက်ပံ့မှုကိုဖြတ်တောက်ခဲ့သည်။ Lukoil သည် ဆိုဗီယက်တို့တည်ဆောက်ထားသော Druzhba ပိုက်လိုင်းမှတစ်ဆင့် ဥရောပသို့ ရုရှားရေနံများကိုထောက်ပံ့နေပြီး နောက်ဆုံးလုပ်ဆောင်နေသော ရုရှားရေနံထောက်ပံ့ရေးလမ်းကြောင်းအဖြစ်တည်ရှိနေခဲ့သည်။ သို့သော်လည်း ဥရောပနိုင်ငံများသည် အခြားသောရုရှားကုမ္ပဏီများထံမှ ရေနံကိုလက်ခံရရှိနေကြဆဲဖြစ်သည်။

Source: oilprice

DOCA(ရန်ကုန်)

အိန္ဒိယမှ မော်တော်ကားတင်ပို့မှုသည် ဇွန်လ သုံးလပတ်တွင် ၁၅.၅ရာခိုင်နှုန်းတိုးလာသည်ဟု Siam data မှ ဖော်ပြ

       အိန္ဒိယမှမော်တော်ကားတင်ပို့မှုသည် ဇွန်လ သုံးလပတ်တွင် တစ်နှစ်ထက်တစ်နှစ် ၁၅.၅ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း Siam ၏ တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။

        ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်တွင် ကားအစီးရေ ၁၀၃၂၄၄၉စီးတင်ပို့ခဲ့ပြီး လက်ရှိဘဏ္ဍာရေးနှစ် အလားတူကာလတွင် ကားအစီးရေ ၁၁၉၂၅၇၇စီးတိုးမြှင့်တင်ပို့နိုင်ခဲ့သည်။

       ခရီးသည်တင်ယာဉ်တင်ပို့မှုသည် ပထမသုံးလပတ်တွင် ၁၈၀၄၈၃စီးရှိပြီး ယမန်နှစ် အလားတူကာလတွင် အစီးရေ ၁၅၂၁၅၆စီးထက် ၁၉ရာခိုင်နှုန်းခုန်တက်သွားခဲ့သည်။ ၎င်းတွင် Maruti Suzuki India သည် ပြန်လည်သုံးသပ်ဆဲကာလ၌ အစီးရေ ၆၉၉၆၂ စီးတင်ပို့မှုဖြင့် ဦးဆောင်နေလျက်ရှိသည်။

        Hyundai Motor India သည် ဧပြီလမှဇွန်လအထိ အစီးရေ ၄၂၆၀၀တင်ပို့ခဲ့သည်။ ယမန်နှစ် အလားတူကာလတွင် အစီးရေ ၃၅၁၀၀တင်ပို့နိုင်ခဲ့သည်။ လုပ်ငန်းသုံးယာဉ်များ တင်ပို့ရောင်းချမှုသည် ယခုနှစ်၏ ပထမသုံးလပတ်တွင် အစီးရေ ၁၄၂၆၅စီးမှ ၁၅၇၄၁စီးသို့ တစ်နှစ်ထက်တစ်နှစ် ၈ရာခိုင်နှုန်းခန့်တိုးမြှင့်တင်ပို့နိုင်ခဲ့သည်။

         နှစ်ဘီးသွားယာဉ်များမှာ ပထမသုံးလပတ်တွင် အစီးရေ ၉၂၃၁၄၈တင်ပို့ခဲ့ပြီး လွန်ခဲ့သည့်နှစ်တွင်တင်ပို့ခဲ့သော ၇၉၁၃၁၆စီးနှင့်နှိုင်းယှဉ်ပါက ၁၇ရာခိုင်နှုန်းတိုးလာခဲ့သည်။ သုံးဘီးသွား ယာဉ်များတင်ပို့မှုမှာ ယခုနှစ် ဧပြီလမှဇွန်လအထိ အစီးရေ ၇၁၂၈၁စီးအထိ တစ်နှစ်ထက်တစ်နှစ် ၃ရာခိုင်နှုန်းလျော့နည်းသွားကြောင်းတွေ့ရှိရပြီး ယမန်နှစ် ဧပြီလမှဇွန်လအတွင်း အစီးရေ ၇၃၃၆၀စီးတင်ပို့နိုင်ခဲ့သည်။

Source: business standard

DOCA(ရန်ကုန်)

ဗီယက်နမ်လုပ်ငန်းများ (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ နိုင်ငံတကာကုန်စည်ပြပွဲသို့ တက်ရောက်

      ဗီယက်နမ်လုပ်ငန်း ၈၀ကျော်သည် (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ နိုင်ငံတကာကုန်စည်ပြပွဲနှင့် (၂၈)ကြိမ်မြောက် ကူမင်းပို့ကုန်သွင်းကုန်ပြပွဲကို တက်ရောက်ခဲ့ကြောင်းသိရပါ သည်။ ဇူလိုင်လ ၂၃ရက်နေ့မှ ၂၈ရက်နေ့အထိ ကျင်းပမည့်ပွဲတော်တွင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၈၂နိုင်ငံမှ လုပ်ငန်းပေါင်း ၂၀၀၀ခန့်ပါဝင်ပြသခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်လုပ်ငန်း များသည် နိုင်ငံ၏အဓိကထုတ်ကုန်များဖြစ်သည့် ပင်လယ်စာ၊ ကော်ဖီ၊ သီဟိုဠ်စေ့၊ ခြေအိတ်၊ သစ်ထုတ်ကုန်များနှင့် လက်မှုပစ္စည်းများပြသခဲ့ကြောင်းသိရပါသည်။ ပြပွဲတွင် ဗိသုကာပညာသိပ္ပံနှင့် နည်းပညာ၊ ကုန်ထုတ်လုပ်မှု၊ ရိုးရာဓလေ့၊ အားကစားနှင့် ခရီးသွားကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကော်ဖီလုပ်ငန်း၊ ခေတ်မီစိုက်ပျိုးမွေးမြူရေး၊ အစားအသောက်နှင့် ဘဝနေထိုင်မှုပုံစံတို့ပါဝင်သည့် ခင်းကျင်းပြသမည့် ဧရိယာ ၁၅ခုပါဝင်ကြောင်းသိရပါသည်။ ယခုနှစ်တွင် ကော်ဖီပြခန်းသည် ပထမဆုံးအနေဖြင့်ပါဝင်ခဲ့ပြီး လုပ်ငန်းပေါင်း ၁၆၀ကျော်ပါဝင်ပြသခဲ့ကြောင်းသိရပါသည်။ ယခင်ကျင်းပခဲ့သည့် (၇)ကြိမ်တွင် ပြပွဲသည် ပြည်ပစီးပွားရေးလုပ်ငန်း ၁၀၀၀၀ကျော်ကိုစွဲဆောင်နိုင်ခဲ့ပြီး လာရောက်လည်ပတ်သူ ၄သန်းကျော်ရှိခဲ့ကာ အောင်မြင်သည့် ပြည်ပ အရောင်းအဝယ်ပြုလုပ်မှုမှ အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံကျော်ရှိခဲ့ကြောင်းသိရပါသည်။ ၎င်းပြပွဲသည် ကုန်သွယ်မှုပူး‌ပေါင်းရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးနှင့် ရိုးရာယဉ်ကျေးမှုဖလှယ်ရေးတို့တွင် ပူးပေါင်းဖလှယ်စေသည့် ပြပွဲကြီးတစ်ခုဖြစ်ပြီး တရုတ်နှင့်တောင်အာရှနိုင်ငံများအကြားတွင် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရာ၌ အရေးပါသည့်နေရာ၌ ဆက်လက်တည်ရှိနေကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

ဩစတြေးလျနိုင်ငံရှိ Costco စတိုးဆိုင်များတွင် ဗီယက်နမ်လိုင်ချီးသီး‌ ရောင်းအားကောင်းနေ

      ဗီယက်နမ်နိုင်ငံ၏ အဓိကတင်ပို့သည့်သစ်သီးများအနက် တစ်ခုဖြစ်သည့် လိုင်ချီးသည် အနောက်ဩစတြေးလျနှင့် တောင်ဩစတြေးလျရှိ Costco စတိုးဆိုင်များတွင် ရောင်းအားကောင်း လျက်ရှိကြောင်း ဩစတြေးလျရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရသိရပါသည်။ လိုင်ချီးကို ဗီယက်နမ်ကုန်သွယ်ရေးရုံးနှင့် ဩစတြေးလျရှိ အဓိက Super Market များနှင့် အစားအသောက်ပြုပြင်သည့်ကုမ္ပဏီများသို့ ဟင်းသီးဟင်းရွက်နှင့်သစ်သီးများ တိုက်ရိုက်ထောက်ပံ့ပေးသည့် 4 waysfresh  ကုမ္ပဏီတို့က ဇူလိုင်လ ၂၀ရက်နေ့၌ Costco စတိုးဆိုင်များတွင် ဩစတြေးလျစားသုံးသူများကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ လိုင်ချီးကို Adelaide မြို့တော်ရှိ  Costco စတိုးဆိုင်များတွင် လက်ကားရောင်းချသည့်ဈေးမှာ တစ်ကီလိုလျှင် ၁၈.၉၉ဩစတြေးလျဒေါ်လာဖြစ်ပြီး Sydney နှင့် Melbourne ရှိ အီလက်ထရောနစ်ပလက်ဖောင်းများတွင်ရောင်းချသည့် လက်လီဈေးနှုန်းမှာ တစ်ကီလိုလျှင် ၃၅ဩစတြေးလျဒေါ်လာဖြစ်ကြောင်းသိရပါသည်။ ယခုသည် ဗီယက်နမ်လိုင်ချီးကို ဩစတြေးလျရှိ Costco စတိုးဆိုင်များတွင် စားသုံးသူများကို ပထမဆုံးအကြိမ်အဖြစ် ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ဩစတြေးလျရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အကြီးအကဲဖြစ်သူ Nguyen Phu Hoa ၏အဆိုအရ ဗီယက်နမ်လိုင်ချီးသည် ယခုနှစ်တွင် Sydney နှင့် Melbourne ကဲ့သို့သော ဩစတြေးလျ၏ အဓိကမြို့ကြီးများတွင် ရောင်းအားကောင်းခဲ့ကြောင်းသိရှိရပါသည်။ ယခုနှစ်၏ ပထမ(၆)လကာလတွင် ဗီယက်နမ်မှ ဩစတြေးလျသို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့်သစ်သီးများတင်ပို့မှုမှာ ၃၃.၃ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၄ခုနှစ်တွင် ဗီယက်နမ်နိုင်ငံဆန်တင်ပို့မှုမှတစ်ဆင့် စံချိန်တင် အမေရိကန်ဒေါ်လာ ၅ဘီလီယံရရှိနိုင်

     ဗီယက်နမ်နိုင်ငံသည် ယခုတင်ပို့မှုနှုန်းထားကို ဆက်လက်ထိန်းထားနိုင်ပါက ယခုနှစ်တွင် ဆန်တင်ပို့မှုမှတစ်ဆင့် စံချိန်တင် အမေရိကန်ဒေါ်လာ ၅ဘီလီယံထိရရှိနိုင်ကြောင်း ဗီယက်နမ် နိုင်ငံမှ ဆန်တင်ပို့သည့် GLE ကုမ္ပဏီ၏ CEO ဖြစ်သူ Vu Tuan Anh ၏ အဆိုအရသိရပါသည်။ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ တရုတ်နှင့်အာဖရိက အစရှိသည့် အဓိကဆန်တင်သွင်းသူများ၏ ဝယ်လိုအားကြောင့် ဗီယက်နမ်ဆန်တင်ပို့မှုအတွက် ကြီးမားသည့်အခန်းကဏ္ဍရှိနေသေးကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန (MARD)၏အဆိုအရ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၄ခုနှစ်၏ ပထမ(၅)လတွင် ဆန်တန်ချိန် ၂.၂သန်းတင်သွင်းခဲ့ပြီး ထပ်ဆောင်းတန်ချိန် ၂.၁သန်းကို ဇွန်လမှ ဒီဇင်ဘာလအတွင်း တင်သွင်းရန် စီစဉ်နေကြောင်းသိရပါသည်။ Anh က အင်ဒိုနီးရှားနိုင်ငံသည် အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် သီးနှံအထွက်နှုန်းကျဆင်းခဲ့ပါက ၂၀၂၅ခုနှစ်တွင် ဆန်တန်ချိန် ၄.၃သန်းတင်သွင်းနိုင် သောကြောင့် ဗီယက်နမ်ဆန်တင်ပို့သူများအတွက် အခွင့်အလမ်းရရှိနိုင်ကြောင်းပြောကြားခဲ့ပါ သည်။ ထို့ပြင် ယခုနှစ်၏ ပထမ(၆)လတွင် ဗီယက်နမ်ထံမှ ဆန်တန်ချိန် ၁.၇သန်းကျော်တင်သွင်း ထားသည့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရန် အခွင့်အလမ်းကောင်းများရှိနေသေးပြီး ယခုနှစ်၏ လက်ကျန်လများတွင် ဖိလစ်ပိုင်၏ဝယ်လိုအား ဆက်လက်တည်ငြိမ်နေမည်ဟုခန့်မှန်းရကြောင်း Anh က ပြောကြားခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံ၊ အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ယခုနှစ်စမှ ဇူလိုင်လအထိ ဗီယက်နမ်သည် ဆန်တန်ချိန် ၄.၈သန်းတင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၃.၁ဘီလီယံနီးပါးရရှိခဲ့ကြောင်းသိရပါသည်။ ဆန်တင်ပို့သည့် ပျမ်းမျှဈေးနှုန်းမှာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၁၂ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တစ်တန်ကို ၆၁၂.၃အမေရိကန်ဒေါ်လာရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ၊ စားသောက်ကုန်အသင်းဥက္ကဋ္ဌ Nguyen Ngoc Nam က ဗီယက်နမ်ဆန်အဓိကတင်သွင်းသည့် တရုတ်၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားကဲ့သို့သော ဈေးကွက်များနှင့်အတူ ကမ္ဘာပေါ်တွင် ဆန်ဝယ်လိုအားမြင့်တက်နေကြောင်းပြောကြားခဲ့ပါသည်။ အသင်းအနေဖြင့်လည်း အာဖရိကနှင့်အရှေ့အလယ်ပိုင်းကဲ့သို့သော ဈေးကွက်အသစ်များသို့ ဗီယက်နမ်ဆန်ကို တက်ကြွစွာမိတ်ဆက်လျက်ရှိကြောင်းသိရပါသည်။ MARD ကလည်း ၂၀၂၄ခုနှစ်တွင် ဗီယက်နမ်၏ အခွံမချွတ်ရသေးသည့်ဆန်ထွက်ရှိမှုသည် တန်ချိန် ၄၃သန်းကျော်ရောက်ရှိနိုင်ပြီး ပြည်တွင်းစားသုံးမှုဖူလုံကာ ပြည်ပသို့တင်ပို့မှုအတွက် လုံလောက်ကြောင်းပြောကြားခဲ့ပါသည်။

Source: Vietnam Plus

DOCA(ရန်ကုန်)

တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့မှုတွင် အတွင်းကျကျသိသူများက အကောင်းမြင်လျက်ရှိ

    ကမ္ဘာ့အကြီးဆုံးဒူးရင်းသီးစားသုံးသော တရုတ်နိုင်ငံသည် စိုက်ပျိုးမှုတိုးချဲ့လျက်ရှိနေသော်လည်း အတွင်းကျကျသိသူများက တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် တောက်ပသည့် မျှော်လင့်ချက်ရှိနေသေးကြောင်း ယုံကြည်နေကြသည်ဟုသိရပါသည်။ တရုတ်နိုင်ငံသည် တစ်နှစ်လျှင် ဒူးရင်းသီးတန်ချိန် ၁.၄သန်းကျော်တင်သွင်းလျက်ရှိပါသည်။ ဗီယက်နမ်တောင်ပိုင်းဒေသရှိ ဗီယက်နမ်ဥယျာဉ်စိုက်ပျိုးရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက တရုတ်နိုင်ငံတွင် ဒူးရင်းသီးစိုက်ပျိုးသည့်ဧရိယာနှင့် ထုတ်လုပ်နိုင်စွမ်းမြင့်တက်လာသော်လည်း ဗီယက်နမ်အပါအဝင် အခြားနိုင်ငံများ၏တင်ပို့မှုများကို များများပြားပြားသက်ရောက်မှုဖြစ်စေသည့်အထိ လုံလောက်စွာကြီးထွားလာမှုမရှိကြောင်းပြောကြားခဲ့ပါသည်။ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့ထံမှ စုစုပေါင်းတင်ပို့မှုပင်လျှင် တရုတ်နိုင်ငံ၏ နှစ်စဉ်လိုအပ်ချက်ဖြစ်သည့်တန်ချိန် ၁.၅သန်းပြည့်မီရန် လုံလောက်မှုမရှိကြောင်းသိရပါသည်။ ဗီယက်နမ်သစ်သီးနှင့် ဟင်းသီးဟင်းရွက်အသင်း(VINAFRUIT)က ဗီယက်နမ်သည် ဒူးရင်းသီးကို တစ်နှစ်ပတ်လုံး ရိတ်သိမ်းနိုင်ခြင်းသည် တိုင်းပြည်၏စီးပွားရေးအတွက် ယှဉ်ပြိုင်နိုင်စွမ်းအကဲသာမှုဖြစ်စေကြောင်းပြောကြားခဲ့ပါသည်။ အရှေ့တောင်စီရင်စုများပြီးနောက် ဗဟိုကုန်မြင့်ဒေသများသည် ဩဂုတ်လတွင် အဓိကကောက်ရိတ်သိမ်းရာသီဝင်ရောက်လာမည်ဟုသိရပါသည်။ ကုန်သည်များသည် ဒူးရင်းသီးများကိုတင်ပို့ရန်အတွက် စုပြုံဝယ်ယူလာကြသောကြောင့် ယခုနှစ်တွင် ဒူးရင်းသီးဈေးနှုန်းများ (၂)ဆမှ(၃)ဆအထိမြင့်တက်လာနိုင်ကြောင်း VINAFRUIT က ခန့်မှန်းထားပါသည်။ VINAFRUIT ၏ အထွေထွေအတွင်းရေးမှူး Dang Phuc Nguyen က သင့်လျော်သည့်ပထဝီဝင်နေရာရရှိမှုသည် ဗီယက်နမ်နိုင်ငံကို တစ်နှစ်ပတ်လုံး ဒူးရင်းသီးရိတ်သိမ်းနိုင်စွမ်းရှိစေကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံ၏ ပြည်တွင်းစိုက်ပျိုးမှုတိုးတက်လာခြင်းသည် စိတ်ပူစရာအခြေအနေဖြစ်စေကြောင်းနှင့် ကမ္ဘာ့ထိပ်ဆုံးဒူးရင်းသီးထုတ်လုပ်သည့် ထိုင်းနိုင်ငံသည်လည်း တရုတ်ဈေးကွက်တွင် ဗီယက်နမ်မှယှဉ်ပြိုင်မှုဖိအားကိုခံစားနေရသောကြောင့် ဈေးကွက်သစ်များရှာဖွေလျက်ရှိကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် VINAFRUIT သည် တရုတ်နိုင်ငံသို့ အေးခဲထား‌သောဒူးရင်းသီးများကို တရားဝင်တင်ပို့ရန် ညှိနှိုင်းချက်သည် အဆင့်တိုးမြှင့်သွားပြီဖြစ်ပြီး မကြာမီ ကြေညာမည်ဟုပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် နှစ်စဉ်အေးခဲထားသောဒူးရင်းသီးကို အမေရိကန်ဒေါ်လာ(၁)ဘီလီယံခန့်တင်သွင်းလျက်ရှိပါသည်။ အကယ်၍ ဗီယက်နမ်သည် တရုတ်နိုင်ငံသို့ အေးခဲဒူးရင်းသီးများကို ရားဝင်လမ်းကြောင်းမှတင်ပို့ခွင့်ရပြီး ဈေးကွက်ဝေစု၏ ၃၀ရာခိုင်နှုန်းခန့်ရရှိပါက အမေရိကန်ဒေါ်လာ (၃၀၀-၅၀၀) ဘီလီယံခန့်ဝင်ငွေရရှိမည်ဟုသိရပါသည်။ ယခုကဲ့သို့ ဒူးရင်းစိုက်ပျိုးမှုမြင့်တက်လာခြင်းသည် ကော်ဖီနှင့်ငရုတ်ကောင်းစေ့ကဲ့သို့သော အခြားစိုက်ပျိုးရေးထွက်ကုန်များဈေးနှုန်းမြင့်တက်မှုကို ဦးတည်စေခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံစိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကောက်ပဲသီးနှံထုတ်လုပ်မှုဦးစီးဌာနက လတ်တလောတွင် ဒူးရင်းသီးမှ အကျိုးအမြတ်ရရှိမှုသည် သီးနှံအားလုံးအကြားတွင် အမြင့်ဆုံးဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ထို့ကြောင့် လယ်သမားများ ဒူးရင်းသီးပြောင်းလဲစိုက်ပျိုးပါက ကော်ဖီနှင့်ငရုတ်ကောင်းစေ့အထွက်နှုန်းလျော့ကျမည်ဖြစ်သောကြောင့် ဈေးနှုန်းများမြင့်တက်လာမည်ဖြစ်ပြီး ကော်ဖီနှင့်ငရုတ်ကောင်းစေ့စိုက်ပျိုးရေးသမားများကို အကျိုးရှိစေကြောင်းသိရှိသည်။ 

Source: Vietnam Plus

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ