ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အီသီယိုပီးယားနိုင်ငံသည် ကော်ဖီတင်ပို့မှုမှ စံချိန်တင်ဒေါ်လာ ၁.၄ဘီလီယံရရှိ

        မကြာသေးမီက အီသီယိုပီးယားဘဏ္ဍာရေးနှစ်တွင် ကော်ဖီတင်ပို့မှုသည် အီသီယိုးပီးယားဒေါ်လာ ၁.၄၃ဘီလီယံဝင်ငွေရရှိခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။

       ဇူလိုင်လ ၇ရက်နေ့ကကုန်ဆုံးသည့် အီသီယိုးပီးယား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကော်ဖီ ၂၉၈၅၀၀တန်တင်ပို့ခဲ့ကြောင်း အီသီယိုပီးယားကော်ဖီနှင့် လက်ဖက်ရည်အာဏာပိုင်အဖွဲ့က (ECTA) က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည်။

          ဇွန်လတွင် ကော်ဖီတန်ချိန် ၄၆၀၀၀တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၂၁၈သန်းရရှိခဲ့ကြောင်း ECTA ကပြောကြားခဲ့သည်။

          အီသီယိုးပီးယားနိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကော်ဖီတန်ချိန် ၂၄၀၀၀၀ခန့်တင်ပို့ခဲ့ပြီး ဝင်ငွေဒေါ်လာ ၁.၃သန်းရရှိခဲ့သည်။

          ECTA ၏ ဒေတာအချက်အလက်များအရ အီသီယိုးပီးယားနိုင်ငံ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် တင်ပို့သည့်ကော်ဖီပမာဏသည် ယခင်ဘဏ္ဍာရေးနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀%ခန့်မြင့်တက်လာကြောင်းသိရသည်။

          အာရေဗျက ကော်ဖီ၏ ပထမအစဟုသတ်မှတ်ခဲ့ထားရသော အီသီယိုးပီးယားနိုင်ငံသည် အာဖရိကရှိ အကြီးဆုံးကုန်စည်ထုတ်လုပ်တင်ပို့ရောင်းချသော နိုင်ငံဖြစ်သည်။ ကော်ဖီထုတ်လုပ်မှုအား နိုင်ငံ၏ စိုက်ပျိုးရေးကိုဦးဆောင်သော စီးပွားရေးကျောရိုးအဖြစ် ရှုမြင်လျက်ရှိကြသည်။

Source : theeastaFrican

DOCA(ရန်ကုန်)

ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုတန်ဖိုး ၃၀%မြင့်တက်

       ဗီယက်နမ်သည် ၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် ကန်ဒေါ်လာ ၆၃၄.၂သန်းတန်ဖိုးရှိသော ငရုတ်ကောင်း ၁၄၂၅၈၆တန်တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် တန်ဖိုး ၃၀.၅%မြင့်တက်လာခဲ့သည်။ ထိုသို့ တန်ဖိုးမြင့်တက်လာသော်လည်း တင်ပို့မှုပမာဏသည် တစ်နှစ်ထက်တစ်နှစ် ၆.၈%ကျဆင်းခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်လုပ်ငန်းရှင်များအသင်း၏ထုတ်ပြန်ချက်မှသိရသည်။

       အမေရိကန်သည် ဗီယက်နမ်ဟင်းခတ်အမွှေးအကြိုင် ၃၇၄၃၅တန်ဖြင့် တင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီး ဈေးကွက်ဝေစု၏ ၂၆.၃%သည် တစ်နှစ်ထက်တစ်နှစ် ၄၄.၆%သို့မြင့်တက်လာခဲ့သည်။ ပို့ကုန်တန်ဖိုးများသည် ဂျာမနီနိုင်ငံဈေးကွက်သို့ ၁၀၆.၇%၊ နယ်သာလန်ဈေးကွက်သို့ ၅၂.၁%၊ အိန္ဒိယဈေးကွက်သို့ ၄၅.၇%နှင့် ယူအေအီးဈေးကွက်သို့ ၁၅.၂% စသည်ဖြင့် အသီးသီးအရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်ခြောက်လအတွင်း ငရုတ်ကောင်းဈေးနှုန်းများ ဆက်တိုက်မြင့်တက်မှုအခြေအနေများကြောင့် ပျမ်းမျှပို့ကုန်ဈေးနှုန်းများသည် ယခင်နှစ်၏ အလားတူကာလထက် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၁၀၀၀မြင့်တက်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။ ငရုတ်ကောင်းအဖြူအနက် ပျမ်းမျှတင်ပို့မှုဈေးနှုန်းမှာ တစ်တန်လျှင် ကန်ဒေါ်လာ၄၃၀၀နှင့် ကန်ဒေါ်လာ၆၀၀၀ကျော်ရှိသည်။ ဘရာဇီး၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံမှ ငရုတ်ကောင်းအများဆုံးတင်သွင်းနေသော နိုင်ငံများဖြစ်သည်။

Source : Vnexpress

DOCA(ရန်ကုန်)

၂၀၂၄ခုနှစ်၏ ပထမနှစ်ဝက်တွင် စံချိန်တင် အထင်ကြီးစရာ စီးပွားရေးကြီးထွားခဲ့သည့် ဗီယက်နမ်

      ယခုနှစ်၏ ပထမနှစ်ဝက်၌ ဗီယက်နမ်၏ စီးပွားရေးသည် ကဏ္ဍများတွင် အားကောင်းစွာကြီးထွားမှုကို ပြသခဲ့ကြောင်းသိရပါသည်။ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု (GDP) သည် ၂၀၂၄ခုနှစ်၊ ဒုတိယ သုံးလပတ်ကာလတွင် ၇%နီးပါးနှင့် ပထမနှစ်ဝက်တွင် ၆.၄%ကျော်တိုးချဲ့နိုင်ခဲ့ပြီး သိသာထင်ရှားစွာကြီးထွားခဲ့ကြောင်းသိရပါသည်။ GDP ကြီးထွားမှုသည် လွန်ခဲ့သည့်နှုန်း ၃.၈%နှင့် အစိုးရ၏ကြီးထွားမှုရည်မှန်းချက်နှုန်း ၅.၅%မှ ၆%ကိုကျော်ဖြတ်နိုင်ခဲ့ကြောင်းသိရပါသည်။ စားသုံးသူဈေးနှုန်းအညွှန်းကိန်းသည် ၄%ကျော်ခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာ ၂.၇%တွင်ရပ်တည်နေကြောင်းသိရပါသည်။ စွမ်းအင်နှင့်အစားအစာဖူလုံမှုမှာ ဆက်လက်တည်ငြိမ်နေကြောင်းသိရပါသည်။ တင်ပို့မှုဆက်လက်မြင့်တက်ရန်ရှိနေသေးပြီး ပြည်ပသို့တင်ပို့မှုမှာ ၁၄%မြင့်တက်ခဲ့ပြီး တင်သွင်းမှုမှာ ၁၇%ကြီးထွားခဲ့ကာ ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၁.၆ဘီလီယံရှိခဲ့ကြောင်းသိရပါသည်။

          ဝန်ဆောင်မှုနှင့် ခရီးသွားကဏ္ဍသည် အားကောင်းစွာပြန်လည်နာလံထူလာသည်ကို မြင်တွေ့ခဲ့ရကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမ ၆လတွင် ပြည်ပခရီးသွား ၈.၈သန်းကျော်ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၅၈%မြင့်တက်ခဲ့ကြောင်းသိရပါသည်။ သို့သော် အတွင်းကျကျသိသူများ၏အဆိုအရ ငွေကြေးဖောင်းပွမှုဖိအားများ၊ နိုင်င့ခြားငွေလဲလှယ်နှုန်းမတည်ငြိမ်ခြင်းနှင့် ကျယ်ပြန့်သော စီးပွားရေးဆိုင်ရာလေ့လာမှုတွင် စိုးရိမ်မှုများရှိနေခြင်း စသည့်စိန်ခေါ်မှုများရှိနေကြောင်းသိရပါသည်။ အခြားအတားအဆီးများမှာ အများပိုင်ရင်းနှီးမြှုပ်နှံမှုတွင် ငွေချေမှုနှေးကွေးခြင်း၊ အိမ်ခြံမြေဈေးကွက်တွင် နှေးကွေးသောငွေပေးချေခြင်း စသည့်ကန့်သတ်ချက်များဖြစ်ကြောင်းသိရပါသည်။

Source : Vietnam Plus

DOCA(ရန်ကုန်)

စီးပွားရေးအရှိန်မြှင့်တင်ရန်နှင့် ဟာလာအစားအစာဈေးကွက်ကိုတိုးချဲ့ရန် ထိုင်းနိုင်ငံဝန်ကြီးချုပ်တိုက်တွန်း

      ၂၀၂၄ခုနှစ်အတွက် ထိုင်းနိုင်ငံအမျိုးသားဟာလာလုပ်ငန်းကော်မတီ(NHIC) ပထမဆုံးအစည်းအဝေးကို ထိုင်းနိုင်ငံစီးပွားရေးအရှိန်မြှင့်တင်ရန်နှင့် ဟာလာအစားအစာထုတ်ကုန်များအတွက် ဈေးကွက်အသစ်များဖွင့်လှစ်ရန် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကနဦးဆွေးနွေးပွဲသည် နယ်စပ်ဒေသတောင်ဘက်ခြမ်းမှ စီရင်စုများပါဝင်သော နိုင်ငံတကာဈေးကွက်များတွင် ဟာလာအစားအစာထုတ်ကုန်များအတွက် ဈေးကွက်တိုးချဲ့ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့သည့် ဝန်ကြီးချုပ် Sretha Thavisin က ထိုင်းနိုင်ငံ၏ အားကောင်းပြီး တည်ငြိမ်သောအစားအစာကဏ္ဍကို အသားပေးပြောကြားခဲ့ပြီး အစည်းအဝေး၏အရေးပါမှုကို ပြောကြားခဲ့ပါသည်။ Serttha က နိုင်ငံတော်၏ တောင့်တင်းသော ထောက်ပံ့မှုကွင်းဆက်၊ သင့်လျော်သောရာသီဥတု၊ အားထားရသောလုပ်သားထုနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

       NHIC ဖွဲ့စည်းမှုသည် ဈေးကွက်အသစ်များတွင် ထိုင်းနိုင်ငံထုတ်ကုန်များတိုးချဲ့ရန် အရေးပါသောခြေလှမ်းတစ်ရပ်အဖြစ် ရှုမြင်ရကြောင်းသိရပါသည်။ အဆိုပါ အစည်းအဝေးသည် ထိုင်းနိုင်ငံစက်မှုဝန်ကြီး Pimpatra Utichaikul က မလေးရှားဝန်ကြီးချုပ် Anwar Ibrahim နှင့် ဘရူနိုင်းနိုင်ငံ၏ ဘုရင်ကဲ့သို့သော အစ္စလာမ်ဘာသာကိုးကွယ်မှုများပြားသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်ဆွေးနွေးမှုအပြီးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

          ဝန်ကြီးချုပ် Srettha သည် သက်ဆိုင်ရာအေဂျင်စီများအား နိုင်ငံတကာတွင် ထိုင်းဟာလာအစားအစာထုတ်ကုန်များကို ဈေးကွက်မြှင့်တင်ရန်နှင့် ထုတ်လုပ်သူများအတွက် ဆန်းသစ်တီထွင်ခြင်းနှင့် နည်းပညာများထောက်ပံ့ရန် တိုက်တွန်းခဲ့သည်။ အဆိုပါဆောင်ရွက်မှုသည် နယ်စပ်ဒေသတောင်ပိုင်းစီရင်စုများကို အလုပ်အကိုင်များဖန်တီးပေးပြီး ဝင်ငွေများမြင့်တက်ကာ လူနေမှုအဆင့်အတန်းတိုးတက်လာစေရန် ရည်ရွယ်ကြောင်းသိရပါသည်။

Source : Vietnam Plus

DOCA(ရန်ကုန်)

ဗီယက်နမ်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များနှင့် ကမ္ဘာလုံးဆိုင်ရာ အစားအစာများထောက်ပံ့မှုကွင်းဆက်တွင် ပိုမိုနက်ရှိုင်းစွာပူးပေါင်းရန်အတွက် မျှော်လင့်ရ

       ဗီယက်နမ်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးတွင် ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းတို့အတွက် အခွင့်အရေးနှင့်အလားအလာများရှိနေပြီး ပြည်တွင်းလုပ်ငန်းများအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ အစားအစာ ထောက်ပံ့မှုကွင်းဆက်တွင် ပိုမိုအရှိန်မြှင့်ပူးပေါင်းရန်လိုအပ်ကြောင်း အတွင်းကျကျသိသူများ၏ ပြောကြားချက်အရသိရပါသည်။ ဗီယက်နမ်နိုင်ငံစက်မှုနှင့်ကုန်သွယ်ရေးဒုတိယဝန်ကြီး Phan Thi Thang က ဗီယက်နမ်နိုင်ငံသည် လွန်ခဲ့သည့်နှစ်က လယ်ယာ-သစ်တော-ရေထုတ်ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၃ဘီလီယံကျော်ရရှိခဲ့ပြီး ဆန်၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီး၊ ကော်ဖီနှင့် သီဟိုဠ်စေ့တို့ကဲ့သို့သော များစွာသော လယ်ယာထွက်ကုန်များမှာ တင်ပို့မှုပမာဏတွင်သာမက တန်ဖိုးတွင်ပါ မြင့်တက်ခဲ့ကြောင်းသိရပါသည်။ သို့သော် Phan က ဗီယက်နမ်ပို့ကုန်များအနက် အကြမ်းထည်ပို့ကုန်များသည် ယှဉ်ပြိုင်နိုင်စွမ်းနည်းကြောင်းထောက်ပြခဲ့ပြီး တင်သွင်းသူများချမှတ်ထားသည့် အရည်အသွေးလိုအပ်ချက်များနှင့်ရင်ဆိုင်ရနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထို့ပြင် အကောက်ခွန်တိုး၍ ပြည်တွင်းလုပ်ငန်းများကို ပြည်ပလုပ်ငန်းများယှဉ်ပြိုင်မှုမှကာကွယ်သည့် ဝါဒမြင့်တက်လာခြင်းနှင့် ဗီယက်နမ်၏ အဓိကတင်ပို့သည့် ဈေးကွက်များတွင် ဖွံ့ဖြိုးတိုးတက်မှုထိန်းထားမှုတို့သည် စီးပွားရေးလုပ်ငန်းများအား လျင်မြန်စွာအသားကျစေရန်နှင့် လေ့လာစေရန် တွန်းအားပေးခဲ့ကြောင်းသိရပါသည်။

    ဗီယက်နမ်နိုင်ငံ အရည်အသွေးပြုပြင်ခြင်းနှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် Le Thanb Hoa က လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် များ(FTAs)တို့သည် အခွန်အားသာချက်များကြောင့် ဗီယက်နမ်လယ်ယာသစ်တောနှင့် ရေထုတ်ကုန်များကို ယှဉ်ပြိုင်နိုင်စွမ်းမြင့်တက်စေခဲ့ကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးသီဟိုဠ်စေ့နှင့် ငရုတ်ကောင်း တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဒုတိယအကြီးဆုံး ကော်ဖီတင်ပို့သူ၊ တတိယအကြီးဆုံး ဆန်တင်ပို့သူဖြစ်ကြောင်းသိရပါသည်။ ဗီယက်နမ်ရေထုတ်ကုန်များသည်လည်း အမေရိကန်၊ ဥရောပသမ္မဂ၊ ဂျပန်နှင့်တောင်ကိုရီးယားတို့ကဲသို့ ဝယ်လိုအားမြင့်သည့်ဈေးကွက်များတွင် ထောက်ပံ့မှုကွင်းဆက်၌ပါဝင်ရန် အရည်အသွေးလိုအပ်ချက်ပြည့်စုံကြောင်းသိရပါသည်။

         ဘယ်လ်ဂျီယံနှင့် ဥရောပသမ္မဂ္ဂအတွက် ဗီယက်နမ်ကုန်သွယ်ရေးအကြံပေးပုဂ္ဂိုလ် Tran Ngoc Quan က အမေရိကန်ဒေါ်လာ ၁၆၀ဘီလီယံကျော်တန်ဖိုးရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၏ ၄ရာခိုင်နှုန်းကိုသာ ဥရောပသမ္မဂ္ဂက တင်သွင်းကြောင်းနှင့် ပြည်တွင်းလုပ်ငန်းများအနေဖြင့် အဆိုပါဒေသများသို့ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်နှင့် အစားအစာများတင်ပို့မှုအရှိန်မြှင့်တင်ရန်အတွက် ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် ထိန်းထားနိုင်သည့် စားသုံးမှုတို့တွင် လိုအပ်ချက်ပိုမိုပြည့်မီစေရန် ဈေးကွက်သတင်းအချက်အလက်များကို အဆင့်မြှင့်တင်ရန်အကြံပြုခဲ့ပါသည်။

         Vinamilk နို့ထွက်လုပ်ငန်း၏ နိုင်ငံတကာစီးပွားရေးဒါရိုက်တာ Vo Trem Hieu က Vinamilk ထုတ်ကုန်များကို ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၆၀ကျော်ကိုတင်ပို့ခဲ့ကြောင်းနှင့် စီးပွားရေးလုပ်ငန်းများအား ၎င်းတို့၏ဈေးကွက်ကိုချဲ့ထွင်ရန် မိတ်ဖက်ကွန်ရက်များထားရှိပြီး စားသုံးမှုအလေ့အထများကိုလေ့လာသင့်ကြောင်း အကြံပြုခဲ့ပါသည်။

Source : Khmertimeskh

DOCA(ရန်ကုန်)

ရုရှားနိုင်ငံသည် ကနေဒါနိုင်ငံကိုကျော်ကာ တရုတ်နိုင်ငံသို့ ပဲစေ့အများဆုံးတင်ပို့သည့် နိုင်ငံဖြစ်လာ

     ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ ပဲစေ့အများဆုံးတင်ပို့သော ထိပ်တန်းနိုင်ငံဖြစ်လာခဲ့ပြီး ရုရှားနိုင်ငံ၏ သါင်းကုန်စုစုပေါင်း၏ ထက်ဝက်နီးပါးသည် ကန်ဒေါ်လာ ၁ ဘီလီယံဈေးကွက်သို့ ဝင်ရောက်ပြီးနောက် နှစ်နှစ်အတွင်း ကနေဒါနိုင်ငံအား ကျော်တက်သွားခဲ့ကြောင်း ရုရှားဆန် တင်ပို့သူများသမ္မဂ္ဂ က အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။ သမ္မဂ္ဂ၏ အချက်အလက်များအရ ရုရှားသည် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ပဲတန်ချိန် ၁.၁၃ သန်း တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၁၉.၁% ရရှိခဲ့သည်။ ကနေဒါနိုင်ငံ၏ ရှယ်ယာများသည် ယခင်နှစ်များက တရုတ် နိုင်ငံသို့ ပဲတင်သွင်းမှု၏ ၉၅%ခန့်ရှိပြီး အသာစီအနေအထားမှ ၄၄.၆%သို့ ကျဆင်းသွားခဲ့သည်။ အထူးသဖြင့် တရုတ်နှင့် အနောက်နိုင်ငံများကြားကုန်သွယ်ရေးတင်းမာမှုများ အရှိန်အဟုန် မြင့်တက်နေသည့်အချိန်တွင် ရုရှားနိုင်ငံသည် လယ်ယာထွက်ကုန်တင်သွင်းမှု ဈေးကွက်ဝေစု မည်မျှလျှင်မြန်စွာ ရရှိနေသည်ကို နောက်ဆုံးပဲတင်သွင်းမှု အချက်အလက်များက ပြသနေ သည်။

     တရုတ်နိုင်ငံသည် အခြားအသီးအနှံပရိုတင်းများကဲ့သို့ အာနိသင်ရှိပြီး လူကြိုက်များလျက် ရှိသော အစားအသောက်ထုတ်ကုန်များတွင် ပါဝင်ပစ္စည်းအဖြစ် အသုံးပြုနေသည့် ပဲပရိုတင်းကို ထုတ်လုပ်ရန် ပဲစေ့များအား ယခုကဲ့သို့ တင်သွင်းအသုံးပြုနေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ ပဲပရိုတင်းအများစုအား ကမ္ဘာတစ်ဝှမ်းရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးဌာနမှ တရုတ်နိုင်ငံသည် အမေရိကန်ဈေးကွက်တွင် ပဲပရိုတင်းများအား ဈေးလျှော့ရောင်းချမှုအတွက် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ဇွန်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံမှ တင်သွင်းသော ပဲပရိုတင်းများအား ၁၂၇% မှ ၆၂၆% အထိ အခွန်ကောက်ခံ မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ရုရှားနိုင်ငံ၏ ပဲပရိုတင်းထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်မှ စတင်၍ တစ်နှစ်ထက်တစ်နှစ်မြင့်တက်လာခဲ့ပြီး စံချိန်တင်ထားသော်လည်း ပဲပရိုတင်းထုတ်လုပ်ရန်အတွက် ကိုယ်ပိုင်စက်ရုံများနည်းပါးလျက်ရှိသည်။ ပဲပရိုတင်းကို အဓိက ထုတ်လုပ်သည့် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ ၎င်းတို့၏ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခွင့်ပေးခဲ့သည်။

     ယူကရိန်းနှင့် ဖြစ်ပွားနေသော ပဋိပက္ခအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်နေရသော ရုရှားနိုင်ငံသည် အာရှ၊ အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင် အမေရိကန်နိုင်ငံများဆီသို့ ၎င်း၏ ကုန်သွယ်မှုကို ကွဲပြားစေရန်နှင့် ကုန်သွယ် စီးဆင်းမှုများ ပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းလျက်ရှိသည်။ ရုရှားနိုင်ငံသည် တရုတ်နိုင်ငံသို့ စပါးတန်ချိန်၂ သန်းကျော်တင်ပို့ခဲ့ပြီး မုယောစပါးတင်ပို့မှုမှာ ၃၇၁၅၀၀ တန်အထိ တိုးတက်လာကြောင်း ရုရှား စိုက်ပျိုးရေးစောင့်ကြည့်ရေးအဖွဲ့၏ အချက်အလက်များအရ သိရသည်။ ထို့အပြင် ရုရှားသည် တရုတ်နိုင်ငံ ဝက်သားတင်သွင်းမှု၏ ၁၀% ဝေစုကိုလည်း အာရုံကျလျက်ရှိကြောင်း ရုရှားနိုင်ငံ၏ ဝက်သားထုတ်လုပ်သူများအမျိုးသားသမ္မဂ္ဂ၏ အဆိုအရ သိရသည်။

DOCA(ရန်ကုန်)

 

 

ရုရှားနိုင်ငံမှ ရေနံများအား လျှော့ဈေးဖြင့် ဝယ်ယူခြင်းဖြင့် အိန္ဒိယမှ သန့်စင်သူများသည် ၁၀ ဘီလီယံအထိ ချွေတာနိုင်ခဲ့ကြ

     ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရရုးနှင့် ယူကရိန်းစစ်ပွဲဖြစ်ပွားသွားပြီးနောက် ရရှားနိုင်ငံမှ ရေနံများအားလျှော့ဈေးဖြင့် ဝယ်ယူခြင်းဖြင့် အိန္ဒိယရေနံသန့်စင်သူများသည် အနည်းဆုံး ဒေါ်လာ ၁၀.၅ ဘီလီယံချွေတာနိုင်မည်ဖြစ်သည်။ အိန္ဒိယ၏ ကုန်သွယ်မှုဒေတာ ခွဲခြမ်းစိတ်ဖြာမှုအပေါ် အခြေခံ၍ The Indian Express ၏ အစီရင်ခံစာအရ အိန္ဒိယမှ သန့်စင်သူများသည် ၂၀၂၂ ဧပြီလမှ ၂၀၂၄ မေလအတွင်း လျှော့ဈေးဖြင့် ရုရှားမှ ရေနံဝယ်ယူရန် ကြိုးပမ်းမှုများအား အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ခဲ့သည်။

     ရုရှားနိုင်ငံ၏ စီးပွားရေးကို ဖိအားပေးရန်နှင့် ယူကရိန်းတွင် ရုရှား၏ ထိုးစစ်ကို တားဆီးရန်အတွက် အနောက်နိုင်ငံများမှ ရုရှားနိုင်ငံအား မော်စကိုမှ ရေနံတင်သွင်းမှုကို ဖြတ်တောက် လိုက်ပြီးချိန်မှစရန် ၎င်းတို့၏ ရေနံစိမ်းများအား လျှော့ဈေးဖြင့် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ပါသည်။

   ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယ၏ ရေနံတင်သွင်းမှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၃၉.၈၆ ဘီလီယံရှိကြောင်း ကိန်းဂဏန်းအချက်အလက်များအရ သိရသည်။ India Express ၏ အစီရင်ခံစာအရ ပြည်တွင်းသန့်စင်သူများသည် ရုရှားရေနံစိမ်း (တစ်စည်လျှင် ပျမ်းမျှဈေးနှုန်း) ကို အခြားပေးသွင်းသူများထံမှ ပေးချေသည့်နှုန်းဖြင့် ဝယ်ယူပါက ၁၄၅.၂၉ ဘီလီယံအထိ ကုန်ကျမည်ဖြစ်သည်။

     ရုရှားထံမှ အိန္ဒိယ၏ ရေနံဝယ်ယူမှုသည် အနောက်နိုင်ငံများ၏ ဝေဖန်မှုကို ခံနေရသည်။ ရုရှား၏ အကြီးမားဆုံးရန်သူဖြစ်သည့် အမေရိကန်သည် ရုရှား၏ ရေနံဈေးနှုန်းကို တစ်စည်လျှင် ဒေါ်လာ ၆၀ ဖြင့် ကန့်သတ်ရန် နိုင်ငံခုနှစ်နိုင်ငံအုပ်စုကို တွန်းအားပေးခဲ့သည်။ ရုရှားထံမှ အိန္ဒိယ၏ ရေနံဝယ်ယူမှု တန်ဖိုးသည် အနောက်နိုင်ငံများမှ ချမှတ်ထားသော ပမာဏထက် ကျော်လွန်နေပြီး ယင်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်သည် အိန္ဒိယအား ရေနံဝယ်ယူမှုကို ဖြတ်တောက်ရန် တောင်းဆိုခဲ့ခြင်းမရှိကြောင်း မကြာသေးမီကမှတ်ချက်ပြန်ခဲ့သည်။

   ဗလာဒီမာပူတင်၏ အမြတ်အစွန်းကို ကန့်သတ်ရင်းဈေးကွက်အတွင်း၌ ရေနံထောက်ပံ့မှု ကို ဆက်လက်ထိန်းသိမ်းထားရန် အရေးကြီးကြောင်း စီးပွားရေးမူဝါဆိုင်ရာ အမေရိကန်ဘဏ္ဍာ ရေးလက်ထောက်အတွင်းဝန် Eric Van Nostrand က ဧပြီလတွင် ပြောကြားခဲ့သည်။

Source : Business-Standerd

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံတွင်း၌ EV ၈၀၀၀၀ ခန့် ရှိလာရန် မျှော်မှန်းထား

     ကမ္ဘောဒီးယားအစိုးရသည် မကြာသေးမီက ကြေညာထားသည့် EV ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒအရ ၂၀၃၀ ခုနှစ်တွင် လမ်းများပေါ်၌ လျှပ်စစ်ကားအစီးရေ ၈၀၀၀၀ ရှိလာရန် ရည်မှန်း ချက်ကို ထုတ်ဖော်ပြသခဲ့သည်။

   ၂၀၂၄-၂၀၃၀ လျှပ်စစ်ယာဉ်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားမူဝါဒအရ ဖွံ့ဖြိုးတိုးတက်သော စက်မှုလုပ်ငန်းများဆီသို့ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ခေတ်ရေစီးကြောင်း နှင့်အညီ ပတ်ဝန်းကျင် စီးပွားရေး၊ စွမ်းအင်လုံခြုံရေးနှင့် နည်းပညာသစ်များလက်လှမ်းမီမှုကို တိုးတက်စေရန် ကူညီပေးမည်ဖြစ်သည်။

   အဆိုပါမူဝါဒသည် ကမ္ဘောဒီးယားနိုင်ငံ၏ EV ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ကားများ အသုံးပြုမှုတွင် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်စေရန် အထောက် အကူဖြစ်စေမည်ဖြစ်သည်။

     လျှပ်စစ်ကားများအသုံးပြုခြင်းသည် ဆီစားသက်သာသော ကားများအသုံးပြုခြင်းထက် ပိုမိုသက်သာပြီး ဓါတ်ဆီအင်ဂျင်များထက် များစွာထိရောက်မှုရှိပြီး စွမ်းအင်ကို ရွေ့လျားမှုအဖြစ်သို့ ပြောင်းလဲပေးသည့်အတွက် စရိတ်စကလည်း များစွာသက်သာမှုရှိကြောင်း သိရသည်။

      စီးပွားရေးအရ ထိုမူဝါဒသည် ကမ္ဘောဒီးယားနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးရန် ကြိုးပမ်းပေးသည်။ EV စက်မှုလုပ်ငန်းသည် လျှင်မြန်စွာ ကြီးထွားလာနေသော ကဏ္ဍတစ်ခုဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံသည် ထိုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် အသင့်ရှိကြောင်းသိရသည်။

      ကမ္ဘာဒီးယားတွင် ၂၀၂၄ ဇွန်လအထိ လျှပ်စစ်ကား ၁၆၁၄ မှတ်ပုံတင်ထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာအရ သိရသည်။ ၎င်းတို့တွင် ကမ္ဘောဒီးယားတွင် လူကြိုက်အများဆုံး EV ကားအမှတ်တံဆိပ်မျာဖြစ်သော BYD ၆၅၈ စီး၊ Toyota ၂၆၁ စီးနှင့် Telsa EV ၁၈၆ စီးပါဝင်သည်။

    ဝန်ကြီးဌာန၏အဆိုအရ စကူတာ ၉၁၄ စီးနှင့် သုံးဘီးလျှပ်စစ်ယာဉ် ၄၄၀ စီးကိုလည်း မှတ်ပုံတင်ထားကြောင်း သိရသည်။ လက်ရှိတွင် EV အားသွင်းစခန်းများကို နိုင်ငံအတွင်းရှိ နေရာ ၁၈ ခုတွင် ထားရှိထားသည်။

Source : Khmertimeskh

DOCA(ရန်ကုန်)

အမေရိကန်သည် တရုတ်နိုင်ငံ၏အခွန်ရှောင်ရှားမှုကိုထိန်းချုပ်ရန် သံမဏိနှင့်အလူမီနီယမ်တင်သွင်းမှုစည်းမျဉ်းများကို တင်းကြပ်ထား

     အမေရိကန်နိုင်ငံသည် တရုတ်ကုန်ပစ္စည်းများကို အခွန်ရှောင်ခြင်းမှတားဆီးရန်အတွက် မက္ကဆီကိုမှတင်သွင်းလာသော သံမဏိနှင့်အလူမီနီယမ်များအား တင်းကြပ်သောစည်းမျဉ်းများကို ဇူလိုင်လ ၁၀ ရက်နေ့က ထုတ်ပြန်ချမှတ်ခဲ့သည်။

     သမ္မတဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏ ရွေးကောက်ပွဲရာသီလှုပ်ရှားမှုသည် ဝါရှင်တန်မှ အခြားသောဈေးကွက်များသို့ ဈေးနှုန်းမမျှတသောကုန်ပစ္စည်းများ လွှမ်းမိုးလာနိုင်သည်ဟု သတိပေးခဲ့ သော တရုတ်နိုင်ငံအတွင်းရှိ ပိုလျှံနေသော စက်မှုလုပ်ငန်းများ၏ စွမ်းဆောင်ရည်ကိုကာကွယ်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

     မက္ကဆီကိုနိုင်ငံမှရောက်ရှိလာသော သံမဏိများသည် မက္ကဆီကိုနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့မှ ကျိုချက်သွန်းလောင်းထားသောသံမဏိများဖြစ်မှသာလျှင် အခွန်ကင်းလွတ်ခွင့် များရရှိနိုင်မည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက ၎င်းတို့အား ၂၅ ရာခိုင်နှုန်းအခွန်ဆောင်စေမည်ဟု အိမ်ဖြူတော်အမျိုးသားစီးပွားရေးအကြံပေး Lael Bramard က သတင်းထောက်များအား ပြောကြားခဲ့သည်။

    သမ္မတဂျိုးဘိုင်ဒင်၏ နောက်ဆုံးကြေညာချက်အရ တရုတ်၊ ဘီလာရုစ်၊ အီရန်နှင့် ရုရှားနိုင်ငံတို့မှ သွန်းလုပ်ထားသော အလူမီနီယမ်များအား မက္ကဆီကိုမှတစ်ဆင့်တင်သွင်းခြင်း အပေါ် ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ၎င်းအတွက် မက္ကဆီကိုနိုင်ငံအနေဖြင့်လည်း တင်သွင်းသောသူများထံမှ ထုတ်ကုန်များ၏ အရင်းအမြစ်များနှင့် ထုတ်လုပ်သောနိုင်ငံ အချက်အလက်များကို တင်ပြရန်လိုအပ်ကြောင်း သိရှိရသည်။

      တရုတ်နိုင်ငံသည် မက္ကဆီကိုမှတစ်ဆင့် အမေရိကန်ဈေးကွက်သို့တင်ပို့ခြင်းဖြင့် တရုတ်သံမဏိနှင့် အလူမီနီယမ်တို့သည် အခွန်များလွတ်ကင်းလျက်ရှိကြောင်း၊ ၎င်းသည် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ပျက်ပြားစေပြီး Pennsylvania နှင့် Ohio တို့ကဲ့သို့သော ပြည်နယ်များရှိ အမေရိကန်အလုပ်သမားများအတွက် ထိခိုက်နစ်နာစေကြောင်း Brainard မှ ပြောကြားခဲ့သည်။

     လက်ရှိ မက္ကဆီကိုနိုင်ငံမှတင်သွင်းသော သံမဏိတန်ချိန် ၃.၈ သန်းမှ ၉၀ ရာခိုင်နှုန်းနီးပါး အား အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ ကျိုချက်သွန်းလောင်းထားခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကျန်ရှိသည်အား တရုတ်နိုင်ငံအပါအဝင် နိုင်ငံအများအပြားမှ ရောက်ရှိလာကြောင်း သိရသော်လည်း တာဝန်ရှိသူများက အသေးစိတ်ပြောကြားခြင်းမရှိပေ။

      ဝါရှင်တန်မှ အမေရိကန်ဈေးကွက်အား တရုတ်လွှမ်းမိုးစေမှာမဟုတ်ကြောင်း၊ ထို့အတွက်လည်း တရုတ်မှတင်ပို့သော EV များ ဆီမီးကွန်ဒက်တာများအား အခွန်တိုးမြှင့်ကောက်ခံ သွားမည်ဖြစ်ကြောင်း ဂျိုးဘိုင်ဒင်မှ ကြေညာခဲ့သည်။

Source: Freemalaysiatoday

DOCA(ရန်ကုန်)

 

ဝယ်လိုအားများမြင့်တက်လာခြင်းကြောင့် အိန္ဒိယမှ ဘာစမာတီဆန်များတင်ပို့မှု တိုးမြင့်လာ

       အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၏ (၂)လအတွင်း ဆော်ဒီအာရေးဗီးယားနှင့်အီရတ်တို့ကဲ့သို့သော အနောက်အာရှမှ ဝယ်လိုအားများ တိုးမြင့်လာခြင်းကြောင့် ၁၃ ရာခိုင်နှုန်းခန့် တင်ပို့မှုများတိုးမြင့်လာခဲ့သည်။

      ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ဆန်တန်ချိန် ၂.၁၈ သိန်းကျော်ဖြင့် ဝယ်လိုအားအများဆုံး နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ဝယ်ယူတင်သွင်းခဲ့သည့် ဆန်တန်ချိန် ၁.၅၄ သိန်းထက် ၄၁ ရာခိုင်နှုန်း တိုးလာခဲ့ခြင်းဖြစ်သည်။ ငွေတန်ဖိုးအရ အိန္ဒိယမှဆော်ဒီအာရေးဗီးယားသို့ တင်ပို့မှုသည် လွန်ခဲ့သည့်နှစ်က တန်ဖိုး‌ဒေါ်လာ ၁၇၇ သန်းသို့ ၁၈ ရာခိုင်နှုန်းတိုးမြင့်လာခဲ့ခြင်း ဖြစ်သည်။

     အလားတူပင် ဒုတိယအများဆုံးဝယ်ယူသော အီရတ်နိုင်ငံသို့ ဘာစမာတီဆန်များတင်ပို့မှုသည် တန်ချိန် ၁.၅၇ သိန်းရှိပြီး ယခင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ငွေတန်ဖိုးအား ဖြင့် လွန်ခဲ့သောနှစ်၏ အလားတူကာလက အီရတ်သို့တင်ပို့ခဲ့သော တန်ဖိုးဒေါ်လာ ၁၃၀.၈၄ သန်းမှ ဒေါ်လာ ၁၆၁.၇၂ သန်းသို့ ၂၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

      အီရန်နိုင်ငံမှာ အိန္ဒိယနိုင်ငံမှ တတိယအများဆုံးဝယ်ယူသောနိုင်ငံဖြစ်သည်။ သို့သော် အီရန်နိုင်ငံသို့တင်ပို့မှုမှာ လွန်ခဲ့သောနှစ်ကတင်ပို့ခဲ့သော ဆန်တန်ချိန် ၁.၅၃ သိန်းမှ ၁.၁၆ သိန်းသို့ ၂၄ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။ တန်ဖိုးအားဖြင့် အီရန်သို့ ဘာစမာတီဆန်တင်ပို့မှုသည် ဒေါ်လာ ၁၅၅ သန်းမှ ဒေါ်လာ ၁၁၅.၅၃ သန်းသို့ ၂၅ ရာခိုင်နှုန်းခန့် လျော့နည်းသွားခဲ့သည်။

    အမေရိကန်နိုင်ငံမှာ စတုတ္ထအများဆုံးဝယ်ယူသောနိုင်ငံဖြစ်ပြီး ဆန်တန်ချိန် ၄၆၅၆၅ တန် တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၃ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တန်ဖိုးအားဖြင့် ဒေါ်လာ ၄၁.၄၇ သန်းမှ ဒေါ်လာ သန်း ၆၀ သို့ ၄၅ ရာခိုင်နှုန်းတိုးလာခဲ့သည်။

     အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ဘာစမာတီဆန် အများဆုံးထုတ်လုပ်တင်ပို့သောနိုင်ငံ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဘာစမာတီဆန်များတင်ပို့မှုသည် တန်ချိန် ၅.၂၄ သန်းအထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ပမာဏအားဖြင့် ၁၅ ရာခိုင်နှုန်းတိုးလာပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၈၃ ဘီလီယံကျော်လွန်ခဲ့သည်။ အနောက်အာရှနိုင်ငံများသည် အိန္ဒိယ၏ ဘာစမာတီ ဆန်ကို အများဆုံးဝယ်ယူသောနိုင်ငံများဖြစ်ပြီး တင်ပို့ရောင်းချမှု၏ သုံးပုံတစ်ပုံခန့်ရှိသည်။

Source: thehinduburinessline

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ