ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်တန်ကြေးရှိသော ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေး တင်ပို့ကုန်များ အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းကြပ်မှုမှကင်းလွတ်ခွင့်ရရှိ

                 အမေရိကန်နိုင်ငံသို့တင်ပို့လျက်ရှိသည့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံခန့်တန်ကြေးရှိ သော ဖိလစ်ပိုင်နိုင်ငံမှ စိုက်ပျိုးရေးတင်ပို့ကုန်များသည် အမေရိကန်နိုင်ငံ၏ ၁၉ ရာခိုင်နှုန်းအခွန် ကောက်ခံမှုမှ လွတ်ငြိမ်းခွင့်ရရှိခဲ့ကြောင်းနှင့် ၎င်းလွတ်ငြိမ်းခွင့်သည် ရင်းနှီးမြှုပ်နှံမှုများအတွက် တွန်းအားတစ်ခုဖြစ်ကြောင်းနှင့် တင်ပို့သည့်ကုန်သည်များအတွက် သက်သာရာရစေသည့် ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်း သိရပါသည်။ ၎င်းအကြောင်းအရာသည် အမေရိကန်နိုင်ငံအတွင်း အများအပြားမထုတ်လုပ်နိုင်သည့် ကော်ဖီ၊ ကိုကိုး၊ ငှက်ပျောသီး၊ ခရမ်းချဥ်သီး အစရှိသည့် စိုက်ပျိုးရေးထုတ်ကုန်များပေါ် အမေရိကန်သမ္မတ Donald Trump ၏ အပြန်အလှန်အခွန် စည်းကြပ်ခြင်းအသစ် ကောက်ခံခြင်းအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ အဆိုပါအကောက်ခွန်စည်းကြပ်ခြင်းအသစ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှတင်ပို့သော ကုန်ပစ္စည်းများ ၏ တစ်ဝက်ခန့်အပေါ် အခွန်ကောက်ခံမှုကင်းလွတ်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းပမာဏသည် အမေရိကန်ဒေါ်လာ ၆.၉ ဘီလီယံခန့်တန်ကြေးရှိကြောင်း၊ လျှပ်စစ်ပစ္စည်းများသည်လည်း အခွန် ကင်းလွတ်ခွင့်ရကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသို့ တင်ပို့သော ဖိလစ်ပိုင်နိုင်ငံ၏ တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၁၄.၅ ဘီလီယံခန့်တန်ကြေးရှိကြောင်း သိရပါသည်။ အခွန်ကင်း လွတ်ခွင့်ရခဲ့သော ကုပစ္စည်းများမှာ အုန်းသီး၊ သစ်သီးဖျော်ရည်များ၊ နာနတ်သီးများ၊ အုန်းဆီ၊ ငှက်ပျောသီး၊ တူနာငါးများ၊ ဆန်ဝေဖာထုတ်ကုန်များ၊ မုန့်များနှင့် မာလကာ သီးအခြောက်များ၊ သရက်သီးစသည့်ပစ္စည်းများ ဖြစ်ကြောင်း သိရပါသည်။ အုန်းသီးသည် အမေရိကန်နိုင်ငံသို့ တင်ပို့သည့် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်သီးစိုက်ပျိုးရေးထုတ်ကုန်ဖြစ်ပြီး အမေရိကန်နိုင်ငံမှ အခွန်လွတ်ငြိမ်း ခွင့်ရခဲ့သော ၁ ဘီလီယံခန့်ရှိသော စိုက်ပျိုးရေးထုတ်ကုန် ၆၀ ရာခိုင်နှုန်းခန့်သည် အုန်းသီးတင်ပို့မှုများဖြစ်ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် စိုက်ပျိုးရေးထုတ်ကုန်များအပြင် အထည် အလိပ်၊ ခရီးသွားပစ္စည်းများ၊ ပရိဘောဂနှင့် ရာဘာပစ္စည်းများတွင်လည်း အခွန်ကင်းလွတ်ခွင့်ရရှိ လိုကြောင်း ဖိလစ်ပိုင်နိုင်ငံ အခွန်ညှိနှိုင်းရေး အဖွဲ့က ပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်သီးတင်ပို့သည့် စျေးကွက်ဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် အပြန်အလှန်ကုန်သွယ်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀.၃ ဘီလီယံခန့်ရောက်ရှိခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

ဆန်တန်ချိန် ၆သိန်းခွဲတင်သွင်းတော့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရ

                   ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရသည် အမျိုးသားစားနပ်ရိက္ခာမြှင့်တင်ရန်နှင့် ဆန်နှင့်ဂျုံစျေးနှုန်း မတည်ငြိမ်ခြင်းများကို ထိန်းချုပ်နိုင်ရန်အတွက် အစားအစာစပါးတန်ချိန် ၆ သိန်းခွဲခန့် တင်သွင်း တော့မည် ဖြစ်ကြောင်း သိရပါသည်။ အစားအသောက်ဝန်ကြီးဌာန၏ အဆိုပြုချက်ကို စီးပွာ‌ရေးရာ အကြံပေး ကော်မတီက နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သိရပါသည်။ အစိုးရ အချင်းချင်းစာချုပ်အရ အစားအသောက်ဝန်ကြီးဌာနသည် ဂျုံတန်ချိန် ၃ သိန်းခန့်တင်သွင်း မည်ဖြစ်ကြောင်းနှင့် ဆန်တန်ချိန် ၃ သိန်းခန့်မား အပြည်ပြည်ဆိုင်ရာ တင်ဒါများမှ တစ်ဆင့် တင်သွင်းတော့မည်ဖြစ်ကြောင်း သိရပါသည်။ ဆန်တင်သွင်းမှုများကို အရှိန်မြှင့်တင်ရန်အတွက် ကော်မတီသည် ပြည်သူလူထုလုပ်ဆောင်ချက်စည်းမျဥ်းများကို ဖြေလျော့သွားမည်ဖြစ်ကြောင်း နှင့် ဆန်တင်သွင်းမည့်အချိန်ကာလကိုလည်း ပုံမှန်အားဖြင့် ၄၂ ရက်ကြာမြင့်ရာမှ ၁၅ ရက်အတွင်း တင်သွင်းနိုင်အောင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင်အကြံပေးကော်မတီသည် ဘာစမာတီမဟုတ်သောဆန်တန်ချိန် ၅၀၀၀၀ တန်ခန့်ကို စင်္ကာပူနိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်သော Aditya Birla Global Trading Pte Ltd. မှ တင်သွင်းမည်ဟု အာမခံခဲ့ကြောင်း သိရပါသည်။ အဆို ပါ ကုမ္ပဏီသည် ဆန်တန်ချိန် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၃.၁၉ ခန့်သတ်မှတ်ထား ကြောင်း သိရပါသည်။ ဇူလိုင်လ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် ဆန်တန်ချိန်၂၆.၁၇ သိန်းခန့် တင်သွင်းခဲ့ပြီး တန်ချိန် ၂.၂၂ သိန်းခန့်ကို အစိုးရမှ ဝယ်ယူခဲ့ကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)

                                                                                     

Anthropic တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံတော့မည့် Microsoft နှင့် Nvidia

             Microsoft ကုမ္ပဏီနှင့် Nvidia ကုမ္ပဏီတို့သည် Ai သဘောတူညီမှု နှင့် ကလောက်ဝန်ဆောင်မှုများ ဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံခန့်အား Anthropic တွင် ရင်းနှီးမြှုပ်နှံတော့မည်ဖြစ်ကြောင်း သိရပါသည်။

          အဆိုပါကြေညာချက်သည် လူသားအသိပညာထက်သာလွန်အောင် ပြုလုပ်နိုင်မည့်စနစ်တည်ဆောက်ရန် ကြိုးပမ်းနေသည့် ကုမ္ပဏီများ၏ AI လုပ်ငန်းများ၏ လည်ပတ်မှုကို အထူးအလေးပေးဖော်ပြနေကြောင်း သိရပါသည်။

          ထို့အပြင် အဆိုပါကြေညာချက်သည် ChatGPT ပြုလုပ်သူများအတွက် အခွင့်အလမ်းများ နှင့် ဘဏ္ဍာရေးဆိုင်ရာလွတ်လပ်မှုများပေးစွမ်းနိုင်မည့် Ai စနစ်ပြန်လည်တည်ဆောက်ရန်အတွက် Amazon.com မှ ကလောက်ဝန်ဆောင်မှုများကို အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံဖြင့် ဝယ်ယူရန် OpenAI ၏ ဖော်ပြမှုအပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။ 

DOCA (ရန်ကုန်)

 

 

                                     

မလေးရှားနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှုပိုမိုအားကောင်းလာစေရန်စိတ်ဝင်စားလျက်ရှိနေသည့် Pakistan၊ Uganda နှင့် Bulgaria နိုင်ငံများ

            Pakistan၊ Uganda နှင့် Bulgaria နိုင်ငံတို့သည် ၎င်းတို့အနေဖြင့် မလေးရှားနိုင်ငံနှင့်အတူ သတင်းအချက်လဲလှယ်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်း လာစေရန် ပြုလုပ်လိုကြောင်း ဆက်သွယ်ရေးဝန်ကြီး Datuk Fahmi Fadzil ၏ပြောကြားချက် အရ သိရပါသည်။ ၎င်းက အထက်ပါအကြောင်းအရာသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော ကမ္ဘာ့ဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုညီလာခံ၏ သီးသန့် အစည်းအဝေးတွင် အဆိုပါ နိုင်ငံ ၃ နိုင်ငံမှ ဆက်သွယ်ရေးဝန်ကြီးများ အချင်းချင်း အပြန်အလှန်ဆွေးနွေးမှု ပြုလုပ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရပါသည်။

          Fahmi က Uganda နိုင်ငံ၏ ပြည်ထောင်စုသတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်း ပညာနှင့် အမျိုးသားရေးညွှန်ကြားမှုဝန်ကြီးနှင့်ဆွေးနွေးမှုအပြီးတွင် မလေးရှားနိုင်ငံ အနေ ဖြင့် Uganda နိုင်ငံနှင့် သတင်းအချက်အလက်လဲလှယ်မှုနှင့် ပတ်သက်၍ပူးပေါင်းဆောင်ရွက်မှု လုပ် ဆောင်ရန် ဖြစ်နိုင်ချေရှိကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် Fahmi က Uganda နိုင်ငံ သည် ပြည်သူလူထုအတွက် အင်တာနက်အသုံးပြုရာတွင် ပိုမိုလွယ်ကူစေရန်နှင့် ဒစ်ဂျစ်တယ် အသုံးပြုမှု တက်မြောက်ခြင်းတို့ကို မြှင့်တင်‌ပေးမည့် မ‌လေးရှားနိုင်ငံ၏ ကနဦးခြေလှမ်းများကို သင်ယူ လေ့လာရန်အတွက် စိတ်ဝင်စားများ ပြသလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

          Sahmi က Pakistan နိုင်ငံ သတင်းအချက်အလက်နည်းပညာနှင့် ဆက်သွယ်ရေးဝန်ကြီး Shaza Fatima Khawaja နှင့်ပြုလုပ်ခဲ့သောအစည်းအဝေးတွင် ၎င်းနိုင်ငံသည် မလေးရှားနိုင်ငံ၏ အောင်မြင်မှုများ အထူးသဖြင့် လျှပ်ကူးပစ္စည်းကဏ္ဍနှင့် ကျယ်ပြန့်သောဒစ်ဂျစ်တယ်ဂေဟစနစ် တွင် အောင်မြင်မှုများအပေါ် သင်ယူလေ့လာလိုကြောင်း ဖော်ပြခဲ့ပါသည်။

          Bulgaria နိုင်ငံ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး Dimitar Nedyaltar နှင့် ပြုလုပ် သော အစည်းအဝေးတွင်လည်း Fahmi က အဆိုပါဝန်ကြီးသည် ကဏ္ဍအမျိုးမျိုးတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်စေရန်အတွက် နားလည်မှုစာချွန်လွှာ (MOU) ကို မလေးရှားနိုင်ငံနှင့် ပြုလုပ်လိုကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါအစည်အဝေးများကို မလေးရှားနိုင်ငံ သံအမတ် ကြီး Azerbaijan Ahmad Kamrizamil Mohd Riza၊ ဆက်သွယ်ရေး ဝန်ကြီဌာနမှ အတွင်းရေးမှူး ဆိုသူ Ahmad Norhad Zahari တို့တက်ရောက်ခဲ့ကြောင်း သိရပါ သည်။

DOCA (ရန်ကုန်)

များစွာသောအင်ဒိုနီးရှားဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် သဘောတူညီချက်များလက်မှတ် ‌ရေးထိုးခဲ့သည့် VinFast

             ဗီယက်နမ်လျှပ်စစ်ကားထုတ်လုပ်သူ VinFast သည် အင်ဒိုနီးရှား၏အစိမ်းရောင်ရွေ့လျားမှု အသွင်ကူးပြောင်းမှုမြှင့်တင်ခြင်းတွင် ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန်အတွက် အင်ဒိုနီးရှား ၏ ထိပ်တန်းဘဏ္ဍာရေးအသင်းများနှင့် MoU များလက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထို MoU များသည် အင်ဒိုနီးရှားတွင် ကုမ္ပဏီ၏ဈေးကွက်တိုးချဲ့မှုမဟာဗျူဟာတွင် သိသာထင်ရှား သောမှတ်တိုင်တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ MoU အောက်တွင် VinFast နှင့် ၎င်း၏ဘဏ္ဍာ ရေး မိတ်ဖက်များသည် များစွာသောဧရိယာများတစ်လျောက် ဗျူဟာမြောက်ပူးပေါင်း ဆောင် ရွက်မှုများ မြှင့်တင်သွားမည်ဟု သိရပါသည်။ ကနဦးအနေဖြင့် ၎င်းတို့သည် ဆက်သွယ်ရေးနှင့် ဈေးကွက် ရှာဖွေရေးတို့တွင် အနီးကပ်အတူတကွလုပ်ဆောင်သွားမည်ဟု သိရပါသည်။ ထိုအချက် သည် ငွေပေးချေမှုနှင့် လုပ်ငန်းစဉ်များခွင့်ပြုမှုလွယ်ကူမြန်ဆန်စေရန်နှင့် ပိုမိုချောမွေ့ထိရောက် သော အတွေ့အကြုံကို ဝယ်ယူသူများ ရရှိစေရန်ကူညီပေးနိုင်မည်ဟု သိရပါသည်။ ပူးပေါင်း ဆောင်ရွက်မှု၏ အခြားအဓိကထားသည့်အချက်မှာ ကားဝယ်ယူသူများအတွက် ဘဏ္ဍာရေး အတားအဆီးများကို ဖယ်ရှားပြီး လျှပ်စစ်မော်တော်ကားပိုင်ဆိုင်မှုမှာ အင်ဒိုနီးရှားစားသုံးသူများ အတွက် ပိုမိုလွယ်ကူ စေရန်ဖြစ်ကြောင်း သိရပါသည်။ မိတ်ဖက်ဘဏ္ဍာရေး ကုမ္ပဏီများသည် လည်း ယှဉ်ပြိုင်နိုင်စွမ်းရှိ သောအတိုးနှုန်းများဖြင့် ငွေချေးပရိုဂရမ်များဖန်တီးရန်နှင့် လက်ငင်းငွေ ချေသူများအတွက် ဈေးနှုန်းလျှော့ချရန် ကတိကဝတ်ပြုထားကြောင်း သိရပါသည်။ ထိုဆောင်ရွက် မှုများသည် လာမည့်ကာလအတွင်း VinFast ၏ရောင်းချမှုကြီးထွားနှုန်းကို ပံ့ပိုးပေးနိုင်ရန် မျှော် မှန်းရကြောင်း သိရပါသည်။ အင်ဒိုနီးရှားဈေးကွက်သို့စတင်ဝင်ရောက်ချိန်မှစ၍ VinFast သည် နိုင်ငံ၏ EV ကဏ္ဍ တွင် ဦးဆောင်သူအဖြစ်ရပ်တည်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ကြီးထွားလာသော ဈေးကွက်ဝယ်လိုအားကိုဖြည့်စည်းရန်နှင့် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းအား ကောင်းရန်အတွက် အင်ဒိုနီးရှားရှိ ၎င်းတို့၏ Subang စက်ရုံတွင် လည်ပတ်မှုများစတင်ရန် ပြင်ဆင်နေကြောင်း သိရပါ သည်။ တစ်ချိန်တည်းမှာပင် VinFast သည် ၎င်းတို့၏အရောင်း ကိုယ်စားလှယ်များ၊ ဝန်ဆောင်မှု စင်တာများနှင့် ဘဏ္ဍာရေးမိတ်ဖက်များကွန်ယက်ကို ဆက်လက် တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရပါသည်။     

  DOCA (ရန်ကုန်)

 

 

အမေရိကန်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်သွင်းရန် ဗီယက်နမ်စီစဉ်

              ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien သည် ဗီယက်နမ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုများအဆင့်မြှင့်တင်ရန်နှင့် အမေရိကန်စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များတင်သွင်းမှုတိုးချဲ့ရန်အတွက် နီဘရာစကာပြည်နယ်ကိုယ်စားပြု ရီဘတ်ဘလီကန် ပါတီဝင် အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် Adrian Smith နှင့် နိုဝင်ဘာလ ၁၃ ရက်နေ့က ဝါရှင်တန်ဒီစီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါသည်။ အစည်းအဝေးတွင် နီဘရာစကာ ပြည်နယ်ပါဝင်သော ဗီယက်နမ်-အမေရိကန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအလားအလာနှင့် လတ်တလောလုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါသည်။ Dien က ယခုနှစ် အစမှစ၍ ဗီယက်နမ်နှင့် အမေရိကန်အပြန်အလှန်အကောက်ခွန်ညှိနှိုင်းဆွေးနွေးခဲ့ချိန်မှစ၍ ဗီယက်နမ်သည် အမေရိကန်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်သွင်းရန် ကတိကဝတ်ပြုခဲ့ ကြောင်း၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ဘိုင်အိုဒီဇယ်ထုတ်လုပ်ခြင်းတွင်အသုံးပြုမည့် အီသနောထုတ်လုပ်ခြင်းတွင်အသုံးပြုရန်အတွက် အမေရိကန်ထံမှ အရည်အသွေးမြင့်ပြောင်းကို တင်သွင်းရန် စိတ်ဝင်စားနေကြောင်း ပြောကြားခဲ့ပါသည်။ နီဘရာစကာပြည်နယ်မှ အမဲသား သည်လည်း ဗီယက်နမ်စားသုံးသူများကြား နာမည်ကျော်ကြားကြောင်း သိရပါသည်။ ဝန်ကြီးကဗီယက်နမ်နှင့် အမေရိကန်တို့သည် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုယန္တယားများတည်ထောင်ပြီး ထိုမှတစ်ဆင့် အပြန်အလှန်စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်နွယ်မှုပိုမိုနက်ရှိုင်းရန် ကူညီပေးနိုင် မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်အစမှစ၍ ဗီယက်နမ်၏ အမေရိကန်ထံမှ တင်သွင်းမှုမှာ သိသာစွာမြင့်တက်ခဲ့ပြီး ချည်မျှင်ဝယ်ယူမှုမှာ ၁၂၆ ရာခိုင်နှုန်း၊ ပင်လယ်စာမှာ ၈ ရာခိုင်နှုန်း၊ ပြောင်းနှင့် ပဲပိစပ်များဝယ်ယူမှုမှာ ၃၅ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း သိရပါ သည်။ ထို့ပြင်ဗီယက်နမ်သည် များစွာသောလေယာဉ်များဝယ်ယူမည့်စာချုပ်များကို အမေရိကန် လေယာဉ်ထုတ်လုပ်သူများနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါသည်။ Smith က Dien ၏ လည်ပတ်မှုကို ကြိုဆိုခဲ့ပြီး လတ်တလောအပေါင်းလက္ခဏာဆောင်သည့်ဖွံ့ဖြိုးတိုးတက်မှုများ သည် အပြန်အလှန်ကုန်သွယ်‌ရေးပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန် သင့်လျော်ကောင်းမွန် သောအခြေအနေကိုဖန်တီးပေးကြောင်းနှင့် နှစ်ဖက်စလုံးသည် အပြန်အလှန်ကုန်သွယ်ရေးညှိနှိုင်း ဆွေးနွေးမှုများမကြာခင်ပြီးမြောက်ရန် မျှော်လင့်ကြောင်းနှင့် ထိုသဘောတူညီချက်သည် အပြန် အလှန်ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် အဓိပ္ပါယ်ရှိသော အကျိုးအမြတ် များကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

Da Nang တွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေခဲ့သည့် နိုင်ငံခြားလုပ်ငန်းများ

            Royal Schiphol Group ၏ နိုင်ငံတကာစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ တာဝန်ရှိသူ များနှင့် နယ်သာလန်နိုင်ငံမှ NACO International Aviation Consultancy မှ စီမံကိန်းမန်နေဂျာ များသည် ဗီယက်နမ်နိုင်ငံရှိ Chu Lai Open စီးပွားရေးဇုန်နှင့် Chu Lai လေဆိပ်တို့တွင် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများကိုရှာဖွေရန် နိုဝင်ဘာလ ၁၄ ရက်နေ့က Da Nang မြို့တော်သို့ အလုပ် သဘောခရီးလာရောက်ခဲ့ကြောင်း သိရပါသည်။ မြူနီစပယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ Tran Nam Hung က ဇုန်သည် Da Nang မြို့‌တော်တောင်ဘက်တွင် စီးပွားရေးဧရိယာအင်ဂျင်တစ်ခု ဖြစ်ပြီး စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ခေတ်မီမြို့ပြစနစ်နှင့် ခရီးသွားကဏ္ဍတို့ ဆီသို့ ဦးတည်နေကြောင်း ပြောကြားခဲ့ပါသည်။ တာဝန်ရှိသူ၏အဆိုအရ ဇုန်တွင် မြို့ပြသစ်၊ စက်မှု ဧရိယာများ၊ လေဆိပ်မြို့‌တော်၊ ကမ်းရိုးတန်းမြို့ပြဇုန်များနှင့် ဂေဟခရီးသွားဖွံ့ဖြိုး တိုးတက်ရေးတို့ ပါဝင်ရန် စီစဉ်ထားကြောင်း သိရပါသည်။ ဧရိယာရှိ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ သည်  ကောင်းမွန်စွာချိတ်ဆက်ထားပြီး ဖွံ့ဖြိုးတိုးတက်မှုလိုအပ်ချက်များ ပြည့်မီကြောင်း သိရပါ သည်။ ၎င်းတွင် တောင်ပိုင်း-မြောက်ပိုင်းရထားလမ်း၊ Da Nang-Quang Ngai အဝေးပြေးလမ်းမ၊ နိုင်ငံ‌တော်အဝေးပြေးလမ်း 1A ၊ ကမ်းရိုးတန်းလမ်းမနှင့် လက်ရှိ ဆောက်လုပ်နေသည့်  မြောက်ပိုင်း- တောင်ပိုင်းအမြန်ရထားလမ်းတို့ပါဝင်ကြောင်း သိရပါသည်။ Hung က စီးပွားရေးဇုန်များ၊ အကောက်ခွန်မဲ့ဧရိယာများ၊ အများပြည်သူဝန်ဆောင်မှုစင်တာများ၊ စီးပွားရေးဝန်ဆောင်မှု အချက် အခြာများ၊ စက်မှုဥယာဉ်များ၊ သိုလှောင်ရုံများ၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးတို့အတွက် အသေးစိတ်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။ Chu Lai လေဆိပ်တိုးချဲ့ မှုနှင့် အဆင့်မြှင့်တင်မှုနှင့်ပတ်သတ်၍ Hung က ၂၀၂၅ ခုနှစ်မျှော်မှန်းချက်နှင့်အတူ ၂၀၂၁-၂၀၃၀ အတွက် နိုင်ငံတော်လေဆိပ်စနစ် အထူးအစီအစဉ် အောက်တွင် Chu Lai လေဆိပ်ကို International Civil Aviation Organization ၏ 4F စံနှုန်းနှင့် ကိုက်ညီရန် စီမံထားကြောင်း ပြောကြားခဲ့ပါသည်။ အစီအစဉ်တွင် လေကြောင်းထောက်ပံ့ ပို့ဆောင်ရေးအချက်အချာ၊ လေယာဉ် မောင်းလေ့ကျင့်ရေးစင်တာနှင့် လေယာဉ်ပြုပြင်ထိန်းသိမ်း ရေးအဆောက်အအုံတို့ တည်ထောင်ရန် ပါဝင်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

 ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ကြိုးပမ်းမည့် ဗီယက်နမ်နှင့် လာအို

           ဗီယက်နမ်နိုင်ငံဆိုင်ရာလာအိုသံရုံးနှင့် Viet-Lao AZ JSC တို့သည် အပြန်အလှန်ကုန်သွယ် ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန်အတွက် ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကို ရှာဖွေရန်ရည်ရွယ်၍ ၂၀၂၅ ခုနှစ် လာအို-ဗီယက်နမ် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ကွန်းဖရန့်ကို နိုဝင်ဘာလ ၁၄ ရက်နေ့က ပူးတွဲကြီးမှူးကျင်းပခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံဆိုင်ရာ လာအိုသံအမတ် Khamphao Ernthavanh က ဗီယက်နမ်-လာအိုကုန်သွယ်ရေး ဆက်ဆံမှုသည် ဆယ်စုနှစ်ခြောက်ခုကျော်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံသည် လာအိုပြည်နယ် ၁၀ ခုနှင့် ဗီယက်နမ်ဒေသ ၉ ခုတစ်လျောက်တွင် ၂၃၃၇ ကီလိုမီတာရှည်လျား သော နယ်စပ်ဆက်စပ်မှုရှိပြီး အရှေ့-အနောက်စီးပွားရေးစင်္ကြန်နှင့်အတူ ဗျူဟာမြောက်တန်ဖိုးနှင့် သိသာထင်ရှား‌သောဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။ အပြန် အလှန်ကုန်သွယ်ရေး အထူးသဖြင့်နယ်စပ်ကုန်သွယ်ရေးမှာ အပေါင်းလက္ခဏာဆောင်သည့်ရလဒ် ရှိနေသော်လည်း သံအမတ်က တည်ငြိမ်ပြီး စဉ်ဆက်မပြတ်နယ်စပ် ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက် ရေးနှင့် တစ်ဖက်၏အားသာချက်ကို တစ်ဖက်ကရယူခြင်းတို့တွင် စိန်ခေါ်မှုများ ဆက်လက်တည်ရှိ နေကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ သံအမတ်က ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည် ဆင်းရဲ နွမ်းပါးမှုလျှော့ချခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်တင်ခြင်းနှင့် နယ်စပ်ဒေသခံများ ၏ လူမှုဘဝတိုးတက်စေရေးတို့တွင် တိုက်ရိုက်ကူညီပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကွန်းဖရန့်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအပေါ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ကျွမ်းကျင်သူများက လာအိုအား ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ဒေသဆိုင်ရာကုန်တွင်း ချိတ်ဆက်ရာအချက်အခြာအဖြစ်အသွင်ကူးပြောင်းရည်ရွယ်၍ မူဝါဒအသစ်များနှင့် မက်လုံးများကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင် အပြန်အလှန် ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ ၂.၃၆ ဘီလီယံရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလ နှင့်နှိုင်းယှဉ်ပါက ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ဆယ်စုနှစ်အတွင်း အမြင့်ဆုံး အဆင့်ဖြစ်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံခြားကုန်သွယ်ရေး အေဂျင်စီ ညွှန်ကြားရေးမှူး Nguyen Anh Son က နှစ်ဖက်အစိုးရသည် ၂၀၂၄ ခုနှစ် ဗီယက်နမ်-လာအိုကုန်သွယ်ရေးသဘောတူညီချက်နှင့် ဗီယက်နမ်-လာအိုနယ်စပ် ကုန်သွယ်ရေးသဘောတူညီချက်တို့ပါဝင်သည့် အရေးပါသောပူးပေါင်းဆောင်ရွက်မှုစီမံချက်များ ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုကွန်းဖရန့်တွင် Viet-Lao AZ JSC (ဗီယက်နမ်) နှင့် Hung-Aloun Logistic (လာအို) တို့သည် ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးတို့တွင် ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရန်အတွက် MoU ရေးထိုးခဲ့ကြောင်း သိရပါသည်။ ထိုသဘောတူညီချက်သည် နယ်စပ်ဖြတ်ကျော်ထောက်ပံ့မှုကွင်းဆက် ပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြားဘက်ပေါင်း စုံပူးပေါင်းဆောင်ရွက်ရေးတို့တွင် စာမျက်နှာသစ် တစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

ဥရောပသမဂ္ဂသို့ စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်တင်ပို့မှုမြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့သည့်ဗီယက်နမ်

            နိုဝင်ဘာလ ၁၃ ရက်နေ့ကကျင်းပခဲ့သည့်အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်သူများသည် ဥရောပသမဂ္ဂသို့တင်ပို့သည့်အခါ ပမာဏများပြားစွာတင်ပို့ခြင်းမှ  တန်ဖိုးမြှင့်ထုတ်ကုန်များတင်ပို့ မှုကို အသွင်ကူးပြောင်းရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ ထိုဆွေးနွေးပွဲအခမ်းအနား ကို နိုင်ငံခြားရေးရာဝန်ကြီးဌာနကကြီးမှူးကျင်းပခဲ့ပြီး တက်ရောက်သူဦးရေ ၂၀၀ ကျော်ရှိခဲ့ ကြောင်း သိရပါသည်။ ဒုတိယနိုင်ငံခြားရေးရာဝန်ကြီး Le Thi Thu Hang က ဥရောပသမဂ္ဂနှင့် အားကောင်း သောသံတမန်ရေး၊ နိုင်ငံရေးချိတ်ဆက်မှုနှင့် ဥရောပသမဂ္ဂ-ဗီယက်နမ်လွတ်လပ် သောကုန်သွယ် ရေးသဘောတူညီချက်တို့သည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးယှဉ်ပြိုင်မှု ပြင်းထန်နေချိန်အကြား တွင် ဗီယက်နမ်အား ဥရောပသမဂ္ဂဈေးကွက်သို့ဝင်ရောက်ရန်အတွက် အရေးပါသောခြေလှမ်းများ ကိုပံ့ပိုးပေးကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်သည် ကော်ဖီ၊ သီဟိုဠ်စေ့များ၊ ငရုတ်ကောင်း၊ ဆန်၊ ငါးထုတ်ကုန်များနှင့် သစ်သီးများတင်ပို့သည့် ထိပ်တန်းနိုင်ငံ များထဲမှ တစ်ခုဖြစ်သော်လည်း စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန်များအတွက် ကမ္ဘာ့ တတိယအကြီးမားဆုံးဈေးကွက် ဖြစ်သည့် ဥရောပသမဂ္ဂဈေးကွက်တွင် ဈေးကွက်ဝေစုမှာ ၃ ရာခိုင်နှုန်းပတ်လည်သာရှိကြောင်း သိရပါသည်။ Hang က ဥရောပသမဂ္ဂသည် အစိမ်းရောင် စံနှုန်းများ၊ သဘာဝပတ်ဝန်းကျင် ကာကွယ်မှုနှင့် တရားမဝင်၊ အစီရင်မခံ၊ စည်းမျဉ်းနှင့် မညီ သည့်ငါးဖမ်းခြင်းတို့အပေါ်စည်းမျဉ်းများ တင်းကျပ်လာမှုကြောင့် ဆွေးနွေးပွဲတက်ရောက်သူများ အား ဥရောပသမဂ္ဂသို့တင်ပို့မှုမြင့်တက်ရန် အတွက် အားကောင်းသောစံမံချက်များကို ဆွေးနွေး ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းအာဏာပိုင် အသင်းများမှတာဝန်ရှိသူများ ကလည်း ဥရောပသမဂ္ဂ၏တင်းကျပ်သော စံနှုန်းများနှင့်ကိုက်ညီမှု၊ နိုင်ငံတော်အမှတ်တံဆိပ် မြှင့်တင်မှုနှင့် ဥရောပစားသုံးသူများ၏ဦးစားပေး မှုနှင့်ကိုက်ညီသည့် စိမ်းလန်းပြီးသန့်စင်သော ထုတ်ကုန်များထုတ်လုပ်မှုတို့၏ အရေးပါမှုကို အသား ပေးပြောကြားခဲ့ကြောင်း သိရပါသည်။ ၎င်းတို့က ဥရောပသမဂ္ဂဈေးကွက်သည် သိသာထင်ရှား သောအလားအလာကို ပိုင်ဆိုင်ထား သော်လည်း များစွာသောဗီယက်နမ်လုပ်ငန်းများသည် ၎င်းတို့၏ နည်းစနစ်နှင့် စဉ်ဆက်မပြတ်လို အပ်ချက်များနှင့် ကိုက်ညီနိုင်စွမ်းကင်းမဲ့နေကြောင်း မှတ်ချက် ပြုခဲ့ကြောင်း သိရပါသည်။ Hang က နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဥရောပသမဂ္ဂဈေးကွက်သို့ ပိုမို ဝင်ရောက်နိုင်ရန်အတွက်ဒေသခံများ၊အသင်းများနှင့်စီးပွားရေးလုပ်ငန်းများကို ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ပြီး အတားအဆီးများဖယ်ရှားပြီး အခွင့်အလမ်းများတိုးမြှင့်ရရှိရန်အတွက် သက်ဆိုင်ရာ ဥရောပသမဂ္ဂအာဏာပိုင် များနှင့် ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု ပြောကြားခဲ့ပါသည်။ ထို့ပြင် Hnag က ဗီယက်နမ်၏ နိုင်ငံခြားစီးပွားရေးတာဝန်ရှိသူများကို စီးပွားရေးလုပ်ငန်းများအား ဥရောပသမဂ္ဂ စည်းမျဉ်းများ နှင့်ဈေးကွက်ဝယ်လိုအားကို အချိန်မီသတင်းအချက်အလက်ပေးခြင်း၊ ထုတ်ကုန်အရောင်းမြှင့်တင် ခြင်းများပြုလုပ်ခြင်းနှင့် နိုင်ငံရပ်ခြားရှိ ဗီယက်နမ်၏ကွန်ယက်များနှင့် ဖြန့်ဖြူးရေးလမ်းကြောင်း များကို ခြေကုပ်ယူဆောင်ရွက်ခြင်းတို့ဖြင့် ပံ့ပိုးပေးရန်တောင်းဆိုခဲ့ ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင် ဗီယက်နမ်-အယ်ဂျီးရီးယားကုန်သွယ်မှု ၂၀၀ ရာခိုင်နှုန်းမြင့်တက်

             အယ်ဂျီးရီးယားသည် မြောက်အာဖရိကတွင် ဗီယက်နမ်၏အရေးပါသောမိတ်ဖက်ဖြစ်လာခဲ့ ပြီး ၂၀၂၅ ခုနှစ်၏ ပထမ ၁၀ လတွင်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးဖြင့် ၂၀၀ ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားနိုင်ငံရှိ ဗီယက်နမ် ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Hoang Duc Nhuan ၏အဆိုအရ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် ၁၉၉၄ ခုနှစ်တွင်အသစ်ပြင်ဆင်ခဲ့သည့် အပြန်အလှန် ကုန်သွယ်‌ရေး သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ချိန်မှစ၍ သိသာထင်ရှားစွာမြင့်တက်ခဲ့ ကြောင်းပြောကြားခဲ့ ပါသည်။ ၂၀၀၁ ခုနှစ်မှစ၍ အပြန်အလှန်ကုန်သွယ်ရေးမှာ ပုဂ္ဂလိကလုပ်ငန်း များပါဝင်မှုမြင့်တက် လာခြင်းနှင့်အတူ သိသာစွာကြီးထွားလာခဲ့ကြောင်း သိရပါသည်။ အယ်ဂျီးရီး ယားသို့ ဗီယက်နမ်၏ အဓိကပို့ကုန်များတွင် ကော်ဖီ၊ သီဟိုဠ်စေ့များ၊ ငရုတ်ကောင်း၊ ပင်လယ်စာ၊ ဓာတုပစ္စည်းများ၊ ဖိနပ်၊ အဝတ်အထည်နှင့် စတီးလ်တို့ပါဝင်ပြီး အယ်ဂျီးရီးယားထံမှ ပြန်လည် တင်သွင်းသည့်ကုန်ပစ္စည်း များမှာ ကွန်ပြူတာများ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ Carob အမှုန့်၊ ကြက်ခြေထောက်နှင့် တိရိစ္ဆာန်အစာတို့ဖြစ်ကြောင်း သိရပါသည်။ အယ်ဂျီးရီးယားသည် သံလွင်ဆီနှင့် စွံပလွန်သီး တင်သွင်းမည့် ဗီယက်နမ်မိတ်ဖက်များရှာဖွေနေကြောင်း သိရပါသည်။ ကုန်သွယ်ရေးအပြင် အပြန် အလှန်ပူးပေါင်းဆောင်ရွက်မှုများမှာ ရေနံနှင့် ဂတ်စ်ရှာဖွေထုတ်လုပ် ခြင်းအထိတိုးချဲ့ခဲ့ကြောင်း သိရပါသည်။ ပထမဆုံးစတင်ထုတ်ယူရရှိသည့် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ နှစ်ကုန်ထိ ရေနံစည် ၅၇ သန်း နီးပါးအထိ ထုတ်လုပ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။ အယ်ဂျီးရီး ယားအစိုးရသည်လည်း ဗီယက်နမ်လုပ်ငန်းများအား စိုက်ပျိုးမွေးမြူရေး၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်ပြုပြင်ထုတ်လုပ်ခြင်း၊ အဝတ်အထည်၊ ခရီးသွားကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး၊ သတ္ထုတူးဖော်ခြင်း၊ ဆေးဝါးများနှင့် ဆောက်လုပ်ရေးတို့တွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လျက်ရှိ ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် အယ်ဂျီးရီးယားသည် အမေရိကန်ဒေါ်လာ ၄၉.၃၅ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၆.၀၅ ဘီလီယံတန်ဖိုးတင်သွင်းခဲ့ကာ ကုန်သွယ် ရေးပိုငွေ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံရရှိခဲ့ ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ