ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ နှစ်ကုန်တွင် အစားအစာတင်သွင်းရန်မလိုအပ်‌တော့ကြောင်း အင်ဒိုနီးရှားသမ္မတ အာမခံ

          အင်ဒိုနီးရှားသမ္မတ Prabowo Subianto က အစားအစာဖူလုံရေးတွန်းအားပေး ဆောင်ရွက်မှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ၎င်း၏အစိုးရသည် ၂၀၂၅ ခုနှစ်ကုန်တွင် ဆန်၊ ပြောင်း နှင့် ဆားတို့ကို တင်သွင်းရန်မလိုအပ်တော့ဟု အာမခံကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ပြောကြားခဲ့ပါသည်။ သမ္မတက အထက်လွှတ်တော်သို့ သတ်မှတ်ပေးထားသည့် အင်ဒိုနီးရှား၏ ကိုယ်တိုင်အစားအစာဖူလုံရေးသည် လေးနှစ်အတွင်းဖြစ်ကြောင်း သိရပါသည်။ သို့သော် ထိုရည်မှန်းချက်ကို ၂၀၂၅ ခုနှစ်ကုန်တွင်ပြည့်မြောက်နိုင်သည့်အတွက် ရည်မှန်းချက်ထက် သုံးနှစ် မြန်ဆန်စွာြပည့်မီခဲ့ကြောင်း သိရပါသည်။ ထိုအောင်မြင်မှုသည် အင်ဒိုနီးရှားပြည်သူများ အစား အစာတင်သွင်းရန်မလိုအပ်ပဲ ဖူလုံစေရေးအတွက် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနှင့် ဗျူဟာ မြောက်မူဝါဒများ၏ရလဒ်ဖြစ်ကြောင်း သမ္မတကပြောကြားခဲ့ပါသည်။ Prabowo သည် နည်းပညာထိုးဖောက်မှုများ၊ လူသားအရင်းအမြစ်များတွင်ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုမြှင့်တင် ရေးစီမံချက်များ၏ အရေးပါမှုကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ အစားအစာနှင့် စွမ်းအင်ဖူလုံရေးသည် ဦးစားပေးကိစ္စရပ်တစ်ခုသာမက အလုပ်အကိုင်များဖန်တီးပေးခြင်း၊ ပြည်ပ ငွေစုဆောင်းခြင်းနှင့် အနာဂတ်တွင် နိုင်ငံတော်က ပြည်ပအမီအခိုကင်းလွတ်စေရေးတို့အတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံ ညှိနှိုင်းဆွေးနွေးရေးဝန်ကြီးဖြစ်သူ Zulkifli Hasan က အင်ဒိုနီးရှား၏အစားအစာကုန်ပစ္စည်းများတင်သွင်းမှုရပ်တန့်ခြင်းသည် ပြည်တွင်းကုန်အစားအစာကုန်လက်ကျန်များနှင့် ဈေးနှုန်းများကိုသက်ရောက်မှုမရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Hasan က လတ်တလောတွင် အစားအစာကုန်ပစ္စည်းအများစုအတွက် ကုန်လက်ကျန်များနှင့် လုပ်ငန်းစဉ်များမှာ တည်ငြိမ်ပြီး စိတ်ချရကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်ပိုင်ထောက်ပံ့ ပို့ဆောင်ရေးကုမ္ပဏီ Bulog ၏ သိုလှောင်ရုံများတွင်ရှိသော အစိုးရ အရန်ဆန်များမှာ လတ်တလောတွင် တန်ချိန် ၂ သန်းခန့်ရှိကြောင်း သိရပါသည်။ အသားစား ကြက်များ၊ ကြက်ဥများ နှင့် ငရုတ်သီးအနီများမှာလည်း ဖူလုံလျှက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ယူကေစွမ်းအင်လုပ်ငန်းက Habour Energy ၏ ဗီယက်နမ်လုပ်ငန်းရှယ်ယာများအား ဝယ်ယူ

          ဗြိတိန်စွမ်းအင်ကုမ္ပဏီဖြစ်သည့် EnQuest သည် နိုင်ငံတကာသို့တိုးချဲ့ရန် ၎င်းတို့၏ မဟာဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်ရှိ Habour Energy ၏ လုပ်ငန်းရှယ်ယာများအား ဝယ်ယူခဲ့ကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့ကကြေညာခဲ့ပါသည်။ အရောင်းအဝယ်စာချုပ်သည် အမေရိကန်ဒေါ်လာ ၈၄ သန်း တန်ကြေးရှိပြီး ထိုဝယ်ယူမှုသည် EnQuest အတွက် မလေးရှားရှိတည်ရှိပြီးဈေးကွက်အပြင် ၎င်းတို့၏ အရှေ့တောင်အာရှဈေးကွက်ကို ထပ်မံတိုးချဲ့ ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ ထိုသဘောတူညီချက်တွင် ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်ရှိ Chim Sao နှင့် Dua ရေနံသိုက်များမှ ရှယ်ယာ ၅၃.၁၂၅ ရာခိုင်နှုန်း ပါဝင်ပြီး ယခုနှစ်၏ ဒုတိယ ၃ လပတ်ကာလတွင် အရောင်းအဝယ်အပြီးသတ်နိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ယူကေ တွင် ရုံးချုပ်တည်ရှိသည့် EnQuest သည် စွမ်းအင်အသွင်ကူးပြောင်းမှုကနဦးစတင်မှုကို အဓိကထားပြီး စွမ်းအင်ဖူလုံရေးနှင့် ကာဘွန်ထုတ်လွှင့်မှုလျှော့ချခြင်းတို့ကို အသားပေး ဆောင်ရွက်သွားမည်ဟု သိရပါသည်။ ၂၀၂၅ ခုနှစ်တွင် ထိုရေနံသိုက်များမှ ထုတ်လုပ်နိုင်မှုကို တစ်နေ့လျှင်ပျမ်းမျှ စည် ၅၃၀၀ ခန့်မှန်းထားကြောင်း သိရပါသည်။ EnQuest ၏ အလုပ်အမှု ဆောင်အဖွဲ့ခေါင်းဆောင်ဖြစ်သူ Amjad Bseisu က ဗီယက်နမ်သို့ EnQuest ၏ဝင်ရောက်မှုသည် အရှေ့တောင်အာရှတွင်  ၎င်းတို့၏လုပ်ငန်းစဉ်များနှင့် အခွင့်အလမ်းပမာဏကို သိသာစွာ မြှင့်တင်ရန်ဖြစ်ကြောင်းနှင့် ဒေသသည် ကုမ္ပဏီ၏ကြီးထွားမှုနှင့် ကွဲပြားမှုမဟာဗျူဟာအတွက် အဓိကနေရာတွင်ရှိနေကြောင်း ပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

စင်ကာပူ၏ပင်လယ်စာဈေးကွက်တွင် ထိပ်ဆုံး ငါးနေရာ၌ရပ်တည်ခဲ့သည့် ဗီယက်နမ်

          ဈေးကွက်တွင်ယှဉ်ပြိုင်မှုများပြင်းထန်သော်လည်း ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် စင်ကာပူသို့ စတုတ္ထအကြီးဆုံးပင်လယ်စာတင်ပို့သူအဖြစ် ဂျပန်ကိုကျော်ဖြတ်ကာရပ်တည်နိုင်ခဲ့ ကြောင်း သိရပါသည်။၂၀၂၄ ခုနှစ်တွင် စင်ကာပူသည် စင်ကာပူဒေါ်လာ ၁.၁၇ ဘီလီယံ တန်ဖိုးရှိ သော ပင်လယ်စာများကို နိုင်ငံနှင့်ဒေသပေါင်း ၁၀၀ နီးပါးမှ တင်သွင်းခဲ့ကြောင်း သိရပါသည်။ စင်ကာပူဈေးကွက်ကိုလွှမ်းမိုးထားသည့် အဓိကပင်လယ်စာထုတ်ကုန်များတွင် စုစုပေါင်းစားသုံးမှု ၏ ၂၃.၇၄ ရာခိုင်နှုန်းရှိသော ပုဇွန်နှင့်ဂဏန်း၊ ၁၈.၈၄ ရာခိုင်နှုန်းရှိသော အေးခဲငါး၊ ၁၈.၀၈ ရာခိုင် နှုန်းရှိသော လတ်ဆတ်သောငါး၊ ၁၆.၉၄ ရာခိုင်နှုန်းရှိသော ငါးအသားပြားများ နှင့် ၁၁.၂၉ ရာခိုင်နှုန်းရှိသော ကမာတို့ပါဝင်ကြောင်း သိရပါသည်။ အခြားအမျိုးအစားများဖြစ်သည့် လတ် ဆတ်သောငါး၊ ပြုပြင်ထားသောငါးနှင့် ရေထုတ်ကုန်တို့မှာ ဈေးကွက်ဝေစု၏ ၃.၃၆ ရာခိုင်နှုန်း၊ ၅.၀၄ ရာခိုင်နှုန်းနှင့် ၂.၇၁ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ စင်ကာပူသို့ ထိပ်တန်းပင်လယ်စာ တင်ပို့သူ ၁၅ နိုင်ငံတွင် မလေးရှားကဈေးကွက်ဝေစု၏ ၁၂.၉၈ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်နေပြီး ၎င်းတို့၏နောက်တွင် အင်ဒိုနီးရှား(၁၁.၀၅ ရာခိုင်နှုန်း)၊ နော်ဝေ(၁၀.၁၆ ရာခိုင်နှုန်း) တရုတ်(၉.၉၈ ရာခိုင်နှုန်း)နှင့် ဗီယက်နမ်(၉.၆၈ ရာခိုင်နှုန်း) တို့ ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင်ဗီယက်နမ်၏ စင်ကာပူသို့ ပင်လယ်စာတင်ပို့မှုတန်ဖိုးမှာ စင်ကာပူ ဒေါ်လာ ၁၁၃.၃၇ သန်း နီးပါးဖြင့် ၂၀၂၃ ခုနှစ်ကထက် ၄.၉၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရ ပါသည်။ ခရု၊ကမာတင်ပို့မှုမှာ ၁၁၇.၉၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း လတ်ဆတ်သောငါး၊ အေးခဲငါးနှင့် ရေထွက်ကုန်တင်ပို့မှုမှာ ၄၈.၅၉ ရာခိုင်နှုန်း၊ ၃၀.၁ ရာခိုင်နှုန်းနှင့် ၃၁.၈၂ ရာခိုင်နှုန်း အသီးသီး စံချိန်တင်ကျဆင်းခဲ့ကြောင်း သိရပါသည်။ စင်ကာပူရှိ ဗီယက်နမ်၏ ကုန်သွယ်ရေး အတိုင်ပင်ခံပုဂ္ဂိုလ် Cao Xuan Thang က ဈေးကွက်အတွင်း ဗီယက်နမ်၏ အရေးပါသောအခန်း ကဏ္ဍကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ သို့သော် ၎င်းတို့၏ဈေးကွက်ဝေစုနှင့် တင်ပို့မှုတန်ဖိုး တည်ငြိမ်စွာမြင့်တက်ရန်အတွက် ဗီယက်နမ်သည် ထုတ်ကုန်အရည်အသွေး ဆက်လက်မြှင့်တင်ရန်၊ ထောက်ပံ့ပို့ဆောင်ရေးအားသာချက်ကိုအသုံးချနိုင်ရန်နှင့် ကုန်ကျစရိတ် များ လျှော့ချရန်လိုအပ်ကြောင်း Thang ကပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)

ကုန်သွယ်ရေးစုံစမ်းစစ်‌ဆေးမှုများကြားတွင် တရုတ်နိုင်ငံ၏ ဒီဇင်ဘာ ကနေဒါကနိုလာတင်သွင်းမှု ကျဆင်းခဲ့

          ၂၀၂၄ ဇွန်လမှစတင်ကာ ကနေဒါနိုင်ငံမှ ကနိုလာများတင်သွင်းမှုသည် ဘေဂျင်းမှမြှုပ်နှံမှု တိုက်ဖျက်ရေးစစ်ဆေးမှုအား စတင်ခဲ့ပြီးနောက် ဒီဇင်ဘာလတွင်ကျဆင်းသွားခဲ့ကြောင်း တရုတ်အ ကောက်ခွန်‌ဒေတာ၏ ဇန်နဝါရီ ၂၀ ရက်နေ့ကဖော်ပြချက်အရသိရသည်။ Ottwa သည် တရုတ်လုပ် လျှပ်စစ်ကားများအပေါ်တစ်နှစ်ကြာစုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စက်တင်ဘာလတွင် ဘေဂျင်းမှစတင် ခဲ့ပြီး ကနေဒါမှ တင်သွင်းသူများကို လက်တုံ့ပြန်သည့် မြှုပ်နှံမှုတိုက်ဖျက်ရေးအခွန်အခများပြန်လည် ရရှိမည်ကို စိုးရိမ်လျှက်ရှိသည်။ကနေဒါမှ ဒီဇင်ဘာလတင်ပို့မှုမှာ ယခင်နှစ်အလားတူကာလကထက် ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၅၈၈၁၈၁ မတ်ထရစ်တန်အထိရှိခဲ့သည်။ ယင်းသည်ခုနှစ်လအတွင်း တစ်နှစ်ထက်တစ်နှစ် ပထမဦးဆုံးကျဆင်းမှုဖြစ်ပြီး သြဂုတ်လနောက်ပိုင်းအနိမ့်ဆုံးတင်ပို့မှုပမာဏ လည်းဖြစ်သည်။ ကနေဒါနိုင်ငံ၏ ကနိုလာတင်ပို့မှု၏ ထက်ဝက်ကျော်ခန့်သည် ကမ္ဘာ့အကြီးဆုံးဆီ ထွက်ကုန်တင်သွင်းသူဖြစ်သည့် တရုတ်နိုင်ငံသို့ ရောက်ရှိသွားခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ စုစုပေါင်းကနိုလာ တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်၏ တန်ချိန် ၅.၄၉ သန်းနှင့်နှိုင်းယှဥ်ပါက ၂၀၂၄ ခုနှစ် တွင် ၆.၃၉ သန်းသို့ မြင့်တက်လာခဲ့သည်ဟု အကောက်ခွန်အချက်အလက်များအရသိရသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် ရာဘာအ‌စေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆၆၆ သန်း ကျော်ရရှိခဲ့

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်သဘာဝရာဘာ အစေးတင်ပို့မှုမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၆၆၆.၂ သန်းရရှိခဲ့ပြီး ယခင်နှစ်က ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၄၉၂ သန်းထက် ၃၅.၄ ရာခိုင်နှုန်းတိုးလာကြောင်း ကမ္ဘောဒီးယားရာဘာညွှန်ကြားရေးမှူးဦးစီးဌာနက ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်ချက်အရသိရသည်။ ရာဘာစေးတစ်တန်သည် ပျမ်းမျှအားဖြင့် ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၉၇၁ ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၆၃၄ ဒေါ်လာခန့်ပိုများကြောင်းရာဘာညွှန်ကြား ရေးမှူးဦးစီးဌာန ယာယီညွှန်ကြားရေးမှူးချုပ် Khun Kakada ကအစီအရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယား နိုင်ငံသည် မလေးရှား၊ ဗီယက်နမ်၊ စင်္ကာပူနှင့် တရုတ်နိုင်ငံသို့ကုန်ပစ္စည်းများကို အဓိကတင်ပို့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် စုစုပေါင်းဧရိယာ ၄၂၅၄၄၃ ဟတ်တာတွင်ရာဘာပင် များကို စိုက်ပျိုးထားပြီး ၎င်းမှ ၃၃၀၂၅၉ ဟတ်တာ သို့မဟုတ် ၇၇.၆ ရာခိုင်နှုန်းသည် အစေးချရန် အတွက်လုံလောက်သော အရွယ်ရှိပြီဖြစ်ကြောင်း အစီအရင်ခံစာကဆိုသည်။

DOCA(ရန်ကုန်)

ပါကစ္စတန်နိုင်ငံ၏ ဘိလပ်မြေတင်ပို့မှုသည် ၂၀၂၅ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တွင် ၂၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့

          ပါကစ္စတန်နိုင်ငံ၏ ဘိလပ်မြေတင်ပို့မှုသည် ၂၀၂၄ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်နှင့်နှိုင်းယှဥ် ပါက ၂၀၂၅ ဘဏ္ဍာရေးနှစ်ပထမနှစ်ဝက်(ဇူလိုင်၂၀၂၄-ဇွန်၂၀၂၅) တွင် ၂၃.၂၁ ရာခိုင်နှုန်းတိုးတက်ခဲ့ ကြောင်းပါကစ္စတန်နိုင်ငံစာရင်းအင်းဗျူရို (PBS) ၏ ဇန်နဝါရီ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရသိရ သည်။

          ထိုကာလအတွင်း ပါကစ္စတန်နိုင်ငံ၏ ဘိလပ်မြေတင်ပို့မှုတန်ဖိုးမှာ အမေရိကန်‌ဒေါ်လာ ၁၆၇.၄၇၂ သန်းရှိပြီး ပမာဏအားဖြင့် ၃၃.၈၂ ရာခိုင်နှုန်းတိုးတက်ခဲ့ကာ ၄၆၉၁၃၇၆ တန်ရှိခဲ့သည်။

          နှစ်စဥ်အခြေခံအားဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဘိလပ်မြေတင်ပို့မှုသည် ၄၅.၄၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ဒေါ်လာ ၃၁.၈၉၈ သန်းရှိကြောင်း PBS ၏ပြောကြားချက်အရ သိရသည်။

DOCA(ရန်ကုန်)

၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံပဲတင်ပို့မှုမှာ တန်ချိန် ၁.၅ သန်း ကျော်ရှိခဲ့

          မြန်မာနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအတွင်းပဲမျိုးစုံတန်ချိန် ၁.၅ သန်း ကျော် တင်ပို့ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ Global News Light Of Myanmar မှဇန်နဝါရီ ၂၂ ရက်နေ့ က ဖော်ပြချက်အရသိရသည်။

          တင်ပို့မှုတွက် ကုလားပဲနက်တန်ချိန် ၇၀၀၀၀၀၊ ပဲစဥ်းငုံတန်ချိန် ၂၀၀၀၀၀ နှင့်ကုလားပဲစိမ်း တန်ချိန် ၄၀၀၀၀၀ ရှိကြောင်းမြန်မာနိုင်ငံပဲမျိုးစုံ၊ ပဲ၊ ပြောင်းနှင့် နှမ်းစေ့ကုန်သည်များအသင်း၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ဖော်ပြချက်အရသိရသည်။

          မြန်မာနိုင်ငံသည် ပြည်ပစျေးကွက်သို့ ကုလားပဲနက်၊ကုလားပဲစိမ်းနှင့် ပဲစဥ်းငုံတို့ကိုအဓိက တင်ပို့လျှက်ရှိကြောင်းသိရသည်။

          ၎င်းတို့အနက် ကုလားပဲနက်နှင့် ပဲစဥ်းငုံတို့ကို အိန္ဒိယသို့ အဓိကတင်ပို့နေပြီး ကုလားပဲစိမ်းကို တရုတ်နှင့် ဥ‌ရောပသို့တင်ပို့လျှက်ရှိကြောင်းသိရသည်။

DOCA(ရန်ကုန်)

 

တရုတ်နိုင်ငံ၏ ကားထုတ်လုပ်သူ BYD သည် ပရီမီယံအမှတ်တံဆိပ် DENZA ကို အင်ဒိုနီးရှားတွင် မိတ်ဆက်

တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်သူ BYD သည် အင်ဒိုနီးရှားနိုင်ငံ၏ အဆင့်မြင့် မော်တော်ကားစျေးကွက်တွင် ၎င်း၏ တည်ရှိမှုကို ချဲ့ထွင်ရန်အတွက် ၎င်း၏ ပရီမီယံအမှတ်တံဆိပ် DENZA ကို ဇန်နဝါရီလ ၁ ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ “ဒီနှစ်မှာ BYD ဟာ အင်ဒိုနီးရှားနိုင်ငံကို မော်ဒယ်အသစ်တွေ ထပ်ပြီး ယူဆောင်လာမှာပါ” ဟု BYD အာရှ-ပစိဖိတ် မော်တော်ယာဥ်အရောင်း ဌာနခွဲ၏ အထွေထွေမန်နေဂျာ Liu Xueliang က ဂျကာတာတွင် မိတ်ဆက်ပွဲအတွင်း ပြောကြားခဲ့ သည်။ သူ့အဆိုအရ DENZA သည် BYD ၏ ရာနှုန်းပြည့်ပိုင်ဆိုင်သည့်အမှတ်တံဆိပ်တစ်ခုဖြစ်ကြောင်း သိရသည်။ အမှတ်တံဆိပ်၏ ပထမဆုံးအဆင့်မြင့် MPV မော်ဒယ်အနေဖြင့် DENZA D9 သည် ၂၀၂၂ ခုနှစ် မေလတွင် ထွက်ရှိပြီးကတည်းက အစီးရေ ၃၀၀၀၀၀ ကျော် ရောင်းချနိုင်ခဲ့သည်။ BYD ၏ ပြည်တွင်းလုပ်ငန်းခွဲဖြစ်သည့် PT BYD Motor Indonesia ၏ဥက္ကဌ Eagle Zhao က ယမန်နှစ်တွင် မော်တော်ယာဥ်စျေးကွက်တစ်ခုလုံး နှေးကွေးသွားသော်လည်း အင်ဒိုနီးရှား၏လျှပ်စစ်ကား (EV) စျေးကွက်မှာ သိသိသာသာကြီးထွားလာကြောင်း မှတ်ချက်ပြုခဲ့သည်။ တရုတ်နိုင်ငံ၏ EV စက်မှု လုပ်ငန်းတွင် ရှေ့ဆောင်တစ်ဦးအနေဖြင့် BYD သည် ယမန်နှစ်တွင် အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်း စုစုပေါင်း EV အစီးရေ ၁၅၀၀၀ ရောင်းချနိုင် ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

အစ္စရေးနိုင်ငံ၏ ၂၀၂၄ ခုနှစ် စိန်ကုန်သွယ်မှုမှာ သိသိသာသာ ကျဆင်းခဲ့

အစ္စရေးနိုင်ငံ၏ စိန်ကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ်တွင် သိသိသာသာ ကျဆင်းခဲ့ကြောင်း နိုင်ငံ၏ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဇန်နဝါရီ ၂၂ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။ အစ္စရေး၏ စိန်ရိုင်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ်လာ ၆၃၄.၉ သန်းရှိပြီး ယခင်နှစ်ကထက် ၂၄.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိန်‌ချောတင်ပို့မှုမှာ ၃၅.၇ ရာခိုင်နှုန်းမှ ၁.၈၇ ဘီလီယံဒေါ်လာသို့ ကျဆင်းသွားခဲ့သည်။ အစ္စရေး၏ စိန်ရိုင်းတင်သွင်းမှုသည် တစ်နှစ်ထက် တစ်နှစ် ၁၃.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး စိန်‌ချောတင်သွင်းမှု ၃၂.၉ ရာခိုင်နှုန်းမှ ၁.၅၅ ဘီလီယံဒေါ်လာ သို့ ကျဆင်းသွားခဲ့သည်။ ၂၀၂၄ ခုနှစ်သည် အစ္စရေးစိန်လုပ်ငန်းအတွက် အထူးခက်ခဲသောနှစ်ဖြစ် ကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကျဆင်းသွားခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားများ သိသိသာသာ ကျဆင်းသွားကာ စိန်ဝယ်လိုအားကို လျော့ကျ စေခဲ့ကြောင်း ၀န်ကြီးဋ္ဌာနက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် ဝန်ကြီးဌာနက အားနည်းသောကမ္ဘာ့ဈေး ကွက်နှင့် ဓာတုအစားထိုး ၀ယ်လိုအား ကြီးထွားလာမှု အထူးသဖြင့် ဓာတ်ခွဲခန်းမှ ပြုပြင်ထားသော စိန်များသည် စိန်ဈေးကွက် ကျဆင်းမှုကို များစွာသက်ရောက်မှု ဖြစ်စေကြောင်း ဝန်ကြီးဌာနက ထောက်ပြခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းများသည် ၂၀၂၄ ခုနှစ်တွင် အခွန် ဝင်ငွေအမြတ်များတိုးတက်ခဲ့

          ကမ္ဘောဒီးယားနိုင်ငံပိုင် ဆိပ်ကမ်းနှစ်ခုဖြစ်သည့် Sihanoukville Autonomous Port (PAS) နှင့် Phnom Penh Autonomous Port (PPAP) တို့သည် ၂၀၂၄ ခုနှစ်တွင် ဝင်ငွေ သိသိသာသာ တိုးတက်လာခဲ့ကြောင်း ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၏ နှစ်ပတ်လည် အစီရင်ခံစာအရသိရသည်။ နိုင်ငံတော်တွင် အကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Sihanoukville Autonomous Port (PAS) သည် ၂၀၂၄ ခုနှစ်က စုစုပေါင်းကွန်တိန်နာတန်ချိန် ၉.၆၀ သန်းရရှိခဲ့ပြီး တန်ချိန် ၇.၈၉ သန်းရှိခဲ့သည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁.၆၇ ရာခိုင်နှုန်း တိုးတက်လာကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ Sihanoukville Autonomous Port (PAS) သည် ၂၀၂၃ ခုနှစ်တွင် အမြတ်ဝင်ငွေ ကန်ဒေါ်လာ ၈၈.၉၄ သန်းမှ ၂၀၂၄ ခုနှစ်တွင် ကန်ဒေါ်လာ ၁၁၀.၃၈ သန်းအထိရရှိခဲ့ပြီး ၂၄.၁၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ နိုင်ငံတော်၏ ဒုတိယအကြီးဆုံးဆိပ်ကမ်းဖြစ်သည့် Phnom Penh Autonomous Port (PPAP) သည် စုစုပေါင်းကွန်တိန်နာတန်ချိန် ၄.၅၁ သန်းရရှိခဲ့ပြီး ဝင်ငွေကန်ဒေါ်လာ ၄၃ သန်းရရှိခဲ့သည်။ ပြည်သူ့လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ Phan Rim က ဆိပ်ကမ်း၏ဝင်ငွေနှင့် ကွန်တိန်နာဝင်ရောက်မှုသည် သိသိသာသာမြင့်တက်လာခြင်းသည် နိုင်ငံတော်၏ စီးပွားရေးကောင်းမွန်သော စွမ်းဆောင်ရည်ကြောင့်ဖြစ်ကြောင်းနှင့် ပို့ကုန်သွင်းကုန် သယ်ယူပို့ဆောင်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း ပြောကြားခဲ့သည်။ ကွန်တိန်နာဖြတ်သန်းမှုနှင့် ဆိပ်ကမ်းများ၏ဝင်ငွေခွန်တိုးတက်မှုသည် သွင်းကုန်နှင့် ပို့ကုန်များ၏ သယ်ယူပို့ဆောင်ရေးစီဆင်းမှုကို ထပ်ဟပ်စေကြောင်း၊ စီးပွားရေးတိုးလာကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေသည်ဟု Phan Rim က ထပ်မံပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ