ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ဈေးကွက်အလားအလာကိုတိုးချဲ့ရန် အင်ဒိုနီးရှားလုပ်ငန်းများနှင့် ချိတ်ဆက်မှု အားကောင်းရန် ဗီယက်နမ်လုပ်ငန်းများကြိုးပမ်း

       အစားအစာ၊ အဖျော်ယမကာနှင့် မြင့်မားသောအလားအလာရှိသည့် ဟာလာဈေးကွက်တို့ တွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားလုပ်ငန်းများအကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် ရည်ရွယ်၍ စီးပွားရေးချိတ်ဆက်မှုဖိုရမ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် နိုဝင်ဘာလ ၁၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟိုချီမင်းမြို့တော်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး စင်တာ၏ ဒုတိယညွှန်ကြားရေးမှူး Ho Thi Quyen နှင့် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ဗီယက်နမ် ကုန်သွယ်ရေးအတိုင်ပင်ခံပုဂ္ဂိုလ် Pham The Cuong က အင်ဒိုနီးရှား၏ဈေးကွက်အလားအလာ ကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ လူဦးရေးသန်း ၃၀၀ နီးပါးရှိပြီး အများစုက မူစလင်များဖြစ်နေခြင်းနှင့်အတူ အင်ဒိုနီးရှားသည် ဗီယက်နမ်စိုက်ပျိုးရေးထုတ်ကုန်များ၊ ပြုပြင် ထားသည့် အစားအစာများနှင့် ဟာလာအသိအမှတ်ပြုထုတ်ကုန်များအတွက် အာမခံချက်ရှိသည့် ဈေးကွက် တစ်ခုဖြစ်ကြောင်း သိရပါသည်။ တိုက်ရိုက်စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှုများသည် ဗီယက်နမ် လုပ်ငန်းများအား ၎င်းတို့၏တည်ရှိမှုကိုတိုးချဲ့ရန်၊ အမှတ်တံဆိပ်မြှင့်တင်မှုအား ကောင်းရန်နှင့် အင်ဒိုနီးရှားဖြန့်ဖြူးရေးစနစ်များနှင့် ပိုမိုကောင်းမွန်စွာချိတ်ဆက်ရန် ကူညီပေးနိုင် မည်ဟု သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ Damayan Siahaan က အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့သည့် တူညီသောထုတ်ကုန်များနှင့် သဘာဝအရင်းအမြစ်များရှိ ကြသော်လည်း ထိုတူညီမှုများသည် ယှဉ်ပြိုင်မှုထက် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အခြေခံ အုတ်မြစ်ကိုတည်ဆောက်ပေးနိုင်ကြောင်းနှင့် အကယ်၍နှစ်နိုင်ငံ သည် ချိတ်ဆက်မှုများမြှင့်တင်ပြီး တတိယဈေးကွက်များသို့ ပူးတွဲတင်ပို့မှုများပြုလုပ်ပါက လတ်တလောအပြန်အလှန်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံနီးပါးသည် သိသာစွာ မြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ဖိုရမ်အတွင်း နှစ်နိုင်ငံစလုံးမှစီးပွားရေးလုပ်ငန်းများ သည် ထုတ်ကုန်များပြသခြင်းနှင့် ဖြန့်ဖြူးရေး ကွန်ယက်များရှာဖွေခြင်းတို့ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ အသင့်စားဗီယက်နမ်ရိုးရာ ခေါက်ဆွဲ၊ ကော်ဖီ၊ ချောကလက်နှင့်နည်းပညာမြင့် သစ်သီခြောက်များအစရှိသည့် ဗီယက်နမ် ထုတ်ကုန်များကို အင်ဒိုနီးရှားလုပ်ငန်းများက စိတ်ဝင်စားမှု အားကောင်းခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

 

လေဆိပ်များသည် ၁၀ လအတွင်း ခရီးသည် ၅.၆၆ သန်းကျော် ဝင်ရောက်ခဲ့

           ကမ္ဘောဒီးယားနိုင်ငံ၏ လေကြောင်းကဏ္ဍသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ အောက်တိုဘာ လအထိ ကာလအတွင်း စုစုပေါင်းခရီးသည် ၅.၆၆ သန်း ဝင်ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်ထက် ၁၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း (SSCA) ၏ ၁၉-၁၁-၂၀၂၅ ရက်နေ့ကထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရသည်။ လက်ရှိလည်ပတ်နေသော နိုင်ငံတကာလေဆိပ်သုံးခုအနေဖြင့် Techo အပြည်ပြည်ဆိုင်ရာလေဆိပ်၊ Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် Sihanouk အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ဖြစ်ကြပြီး အချက်အလက်များအရ အဆိုပါ လေဆိပ် သုံးခုသည် အဆိုပါကာလအတွင်း လေယာဉ်ခရီးစဉ် ၅၂,၉၅၄ ကြိမ်ကို ဝန်ဆောင်မှုပေးခဲ့ပြီး ယခင်နှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးတက်လာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လေကြောင်းကုန်စည်ပို့ဆောင်မှုပမာဏသည်လည်း သိသိသာသာ မြင့်တက်လာပြီး ၁၄ ရာခိုင်နှုန်း မြင့်တက်လာကာ တန်ချိန် ၇၄,၉၁၂ တန် ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ SSCA ၏ ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha က နိုင်ငံတော်၏ လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ခိုင်မာစွာတိုးချဲ့လာရခြင်းသည် အစိုးရ၏ မဟာဗျူဟာမြောက် မူဝါဒများနှင့် ခေတ်မီအခြေခံအဆောက်အအုံအသစ်များ အပါအဝင် အဓိကအချက်များစွာကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ SSCA သည် လေကြောင်းသယ်ယူပို့ဆောင်ရေး တိုးတက်မှုကို ဆက်လက်မြှင့်တင်နေပြီး စီးပွားရေး၊ ကုန်သွယ်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနေကြောင်း Vutha က ထပ်လောင်းပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား-ဩစတြီးယား ကုန်သွယ်ရေး ဆက်ဆံရေး ပိုမိုခိုင်မာစေရန် ဟွန်ဆန် တောင်းဆို

            ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ Hun Sun က ဩစတြီးယားနိုင်ငံနှင့် နှစ်နိုင်ငံအပြန်အလှန်တိုးတက်မှုရရှိရန်အတွက် ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု တို့တွင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် တောင်းဆိုခဲ့ပြီး ဩစတြီးယား ရင်းနှီးမြှုပ်နှံသူ ကိုယ်စားလှယ်အဖွဲ့သည် အလားအလာရှိသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များကို ရှာဖွေရန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် နိုင်ငံတော်သို့ လာရောက် လည်ပတ်မည်ဟု ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဩစတြီးယားသံအမတ်ကြီး Wehelm Maximilian Donko ကမှတ်ချက်စကားပြောကြားခဲ့သည်။ အထက်လွှတ်တော်ဥက္ကဋ္ဌ၏ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က Hun Sun သည်ကမ္ဘောဒီးယားနိုင်ငံရှိ သံအမတ်ကြီး Donko ၏ သံတမန်ရေးရာ ခရီးစဉ်အတွင်း ကြိုးပမ်းအားထုတ်မှုများကို ကျေးဇူးတင်ကြောင်း နှင့် သံအမတ်ကြီး၏ လုပ်ငန်းများသည် နှစ်နိုင်ငံအကြား နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန် သိသိသာသာ အထောက်အကူပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ သံအမတ်ကြီး Donko သည် ကမ္ဘောဒီးယားနှင့် ဩစတြီးယားအကြား ရေရှည်ဆက်ဆံရေးကို အလေးပေးပြောကြားခဲ့ပြီး နှစ်စဉ်တိုးတက်မှုနှင့် အထပ်မြင့်အဆောက်အအုံများကဲ့သို့သော ခေတ်မီအခြေခံ အဆောက်အအုံများ တိုးတက်လာမှုအပါအဝင်ကမ္ဘောဒီးယား၏ အလျင်အမြန် ဖွံ့ဖြိုးတိုး တက်မှုကိုလည်း ချီးကျူးဂုဏ်ပြုခဲ့သည်။ သံအမတ်ကြီးက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆက်ဆံရေး ဆက်လက်တိုးတက်နေမည်ဟု မျှော်လင့်ကြောင်းဖော်ပြခဲ့ပြီး အထူးသဖြင့် ဩစတြီးယား ရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှာဖွေရန် လာရောက်ကြမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ Hun Sun က အနာဂတ် မိတ်ဖက်ဆက်ဆံရေးအတွက် အခွင့်အရေးများကိုရှာဖွေရန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဖြင့် ပိုမိုကျယ်ပြန့်သော မူဘောင်အတွင်း ပိုမိုခိုင်မာသော နိုင်ငံရေးပူးပေါင်းဆောင်ရွက်မှုကို မြင်တွေ့လိုကြောင်း အလေးပေးပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယား ပို့ကုန်လုပ်ငန်းရှင်များက တောင်ကိုရီးယားသည် ၎င်းတို့၏ ထုတ်ကုန်များအတွက် ဈေးကွက်များ ပိုမိုဖွင့်လှစ်လာမည်ဟု မျှော်လင့်ထား

              ကမ္ဘောဒီးယားနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များက တောင်ကိုရီးယားသမ္မတနိုင်ငံသည် ကမ္ဘောဒီးယားထုတ်ကုန်များအတွက် ဈေးကွက်အခွင့်အလမ်းများ ပိုမိုဖွင့်လှစ်ပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြခဲ့ကြပြီး၊ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမ (၁၀) လအတွင်း အမေရိကန်ဒေါ်လာ ၇၄၇ သန်းခန့် ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှ ၇.၆၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၁၆ ရက်အထိ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော အာဆီယံ-ကိုရီးယားစင်တာမှ စီစဉ်သည့် အာဆီယံကုန်စည်ပြပွဲသို့ တက်ရောက်စဉ် ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် ကုမ္ပဏီဖြစ်သည့် Confirel ၏ ကုန်သွယ်မှုစျေးကွက်ရှာဖွေရေး မန်နေဂျာ Ear Chhayheng က ကုမ္ပဏီသည် ကိုရီးယားဈေးကွက်သို့ ထုတ်ကုန်များ ထပ်မံတင်ပို့ရန် အလားအလာကို လေ့လာနေကြောင်း ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားထုတ်ကုန် ၃၀ ခန့်ကို တောင်ကိုရီးယားသမ္မတနိုင်ငံတွင် ရရှိနိုင်ပြီဖြစ်သော်လည်း မိမိတို့တင်ပို့ရန် မျှော်လင့်ထားသည့် ထုတ်ကုန်များ ပိုမိုရှိနေသေး ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အလားတူပင်၊ ကမ္ဘောဒီးယား ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များအသင်း (CPSF) ၏ ဥက္ကဋ္ဌ Mak Ny ကလည်း တောင်ကိုရီးယားသည် ကမ္ဘောဒီးယား ငရုတ်ကောင်း တင်သွင်းမှုကို တိုးမြှင့်မှုအတွက် အကောင်းမြင်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယား ငရုတ်ကောင်း၏ ၈၀ ရာခိုင်နှုန်းခန့်ကို ဗီယက်နမ်သို့ တင်ပို့နေကြောင်းနှင့် ပြပွဲတွင် ပါဝင်ခြင်းသည် ကိုရီးယားသို့ ဈေးကွက်ဝင်ရောက်မှုကို တိုးချဲ့ရန် ရည်ရွယ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၏ ပထမဆယ်လအတွင်း ကမ္ဘောဒီးယား၏ တောင်ကိုရီးယားသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၆၂.၄၇ သန်းရှိပြီး ကိုရီးယားမှ တင်သွင်းမှုမှာ ၁၂.၂၂ ရာခိုင်နှုန်း မြင့်တက် လာကာ အမေရိကန်ဒေါ်လာ ၄၈၄.၂၂ သန်း ရှိခဲ့သည်။

DOCA(ရန်ကုန်)

 

ကမ္ဘောဒီးယား မှ RCEP သို့ တင်ပို့မှု ဒေါ်လာ ၈ ဘီလီယံကျော်ရှိ

              ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်အဖွဲ့ (RCEP) နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၈,၁၄၆ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်ကာလတူက အမေရိကန်ဒေါ်လာ ၇,၄၀၂ သန်းထက် ၁၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၁၉-၁၁-၂၀၂၅ ရက်နေ့က ထုတ်ပြန် ခဲ့သော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ ထိုကာလအတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်း ပို့ကုန်သည်အမေရိကန်ဒေါ်လာ ၂၅,၉၀၂ သန်း (၃၁.၄၅ ရာခိုင်နှုန်း) ရရှိကြောင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုကာလအတွင်း RCEP နိုင်ငံများမှ အမေရိကန်ဒေါ်လာ ၂၄,၇၈၄ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပြီး ယမန်နှစ်ကာလ တူက အမေရိကန်ဒေါ်လာ ၂၀,၉၁၀ သန်းထက် ၁၈.၅၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ယင်းကိန်းဂဏန်းများကြောင့် နိုင်ငံ၏ စုစုပေါင်း နိုင်ငံတကာကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅၃,၅၈၇ သန်း၏ ၆၁.၄၅ ရာခိုင်နှုန်း ရှိလာခဲ့သည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat ၏အဆိုအရ RCEP ကုန်သွယ်ရေး သဘောတူညီချက်သည် ပို့ကုန်များအတွက် ကြီးမားသောဈေးကွက်များဖြင့် ကမ္ဘောဒီးယားအား အကျိုးပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် အထောက်အကူပြုသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ လက်ရှိတွင် ဝန်ကြီးဌာနသည် ပို့ကုန်များအတွက် ဒေသတွင်းထုတ်ကုန်များသို့ ဈေးကွက်ဝင်ရောက်ခွင့်ကို တိုးချဲ့ရန်အတွက် အဓိကကုန်သွယ်ရေးမိတ်ဖက်များနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘော တူညီချက်များ ပိုမိုဖန်တီးရန် လုပ်ဆောင်နေကြောင်း ထပ်လောင်းပြော ကြားခဲ့သည်။ ပို့ကုန်များကို မြှင့်တင်ရန်အတွက် နှစ်နိုင်ငံ FTA များနှင့် RCEP ကဲ့သို့သော လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များကို အပြည့်အဝအသုံးချရန် ဝန်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကဏ္ဍများကို အားပေးလျက်ရှိကြောင်း Sovicheat ကပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

CAFE 25 သည် စိုက်ပျိုးရေးကဏ္ဍတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဆန်းသစ်တီထွင်မှု များကို တွန်းအားပေးမည်ဖြစ်ကြောင်း Dith Tina ပြောကြား

           ကမ္ဘောဒီးယား စိုက်ပျိုးရေးဖိုရမ်နှင့်ပြပွဲ ၂၀၂၅ (CAFE25) သည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေးနှင့်အစားအစာကဏ္ဍတွင် ကုန်သွယ်မှုကို မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်နှင့် ဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန်အတွက် တက်ကြွစွာ ဆောင်ရွက်မည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (MAFF) ဝန်ကြီး Dith Tina က ပြောကြားခဲ့ သည်။ Diamond Island Convention And Exhibition Center (DICE) တွင် ကျင်းပပြုလုပ်ခဲ့ သော CAFE25 ၏ ပိတ်ပွဲအခမ်းအနားတွင် Dith Tina က CAFE25 သည် စိုက်ပျိုးရေး ထုတ်ကုန်များနှင့် ဆက်စပ်သော စိန်ခေါ်မှုများအတွက် ဖြေရှင်းချက်များကို ရှာဖွေခြင်း၊ အရေအတွက်၊ အရည်အသွေးနှင့် ဈေးနှုန်းအရ ဈေးကွက်များကို အမှန်တကယ် လိုအပ်ချက်များနှင့်ချိတ်ဆက်ပေးခြင်း၊အထူးသဖြင့်ဘဏ်လုပ်ငန်းကဏ္ဍမှ စိုက်ပျိုးရေးနည်းပညာကဏ္ဍများအထိ သက်ဆိုင်ရာအကျိုးတူပါဝင်သူအားလုံးကို အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်နှင့် မျှဝေအကျိုးကျေးဇူးများကို သေချာစေရန် ပါဝင်ဆောင်ရွက် ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ လယ်သမားများ၊ ပြုပြင် ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ရင်းနှီးမြှုပ်နှံသူများအပါအဝင် စိုက်ပျိုးရေးတန်ဖိုး ကွင်းဆက် တစ်လျှောက်ရှိ ပါဝင်သူအားလုံးကို ချိတ်ဆက်ပေးခြင်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စိုက်ပျိုးရေး-အစားအစာကဏ္ဍတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းအသစ်များကို ရယူပေးနိုင်မည်ဖြစ်ကြောင်း Dith Tina က ထပ်လောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

တရုတ်နိုင်ငံတောင်ပိုင်းတွင် ကမ္ဘာ့ပထမဆုံး မိုးပျံကားစက်ရုံ စတင်စမ်းသပ်ထုတ်လုပ်

 

တရုတ်လျှပ်စစ်မော်တော်ယာဥ်ထုတ်လုပ်သူ XPENG ၏ မိတ်ဖက်ဖြစ်သည့် XPENG AEROHT က အနာဂတ်မျိုးဆက်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ စီးပွားဖြစ်လုပ်ကိုင်နိုင်မှုမှတ်တိုင်တစ်ခုအဖြစ် မိုးပျံကား အမြောက်အမြားထုတ်လုပ်ရန်အတွက် ကမ္ဘာ့ပထမဆုံးသောဉာဏ်ရည်တုနည်းပညာစက်ရုံ၌ နိုဝင်ဘာ ၃ ရက်က စမ်းသပ်ထုတ်လုပ်မှု စတင်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ဟွမ်ဖူခရိုင်တွင် တည်ရှိပြီး စတုရန်းမီတာ ၁၂၀,၀၀၀ ကျယ်ဝန်းသည့် အဆိုပါစက်ရုံတွင် ၎င်း၏ ပထမဆုံး ဖြုတ်နိုင်တပ်နိုင်သော လျှပ်စစ်မိုးပျံယာဥ် “Land Aircraft Carrier” ကို ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

စက်ရုံအ‌ဆောက်အအုံကို နှစ်စဉ်ဖြုတ်တပ်နိုင်သောမိုးပျံယာဥ်အစိတ်အပိုင်း ပမာဏ ၁၀,၀၀၀ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းဆွဲပုံစံထုတ်ထားပြီး ကနဦးတွင် အစင်းရေ ၅,၀၀၀ ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါ စက်ရုံသည် ၎င်းအမျိုးအစား စက်ရုံများအနက် ထုတ်လုပ်နိုင်မှုပမာဏအကြီးမားဆုံးဖြစ်ပြီး လုပ်ငန်း အပြည့်အဝလည်ပတ်ချိန်တွင် မိနစ် ၃၀ လျှင် မိုးပျံယာဥ်တစ်စင်း တပ်ဆင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထုတ်ကုန်မိတ်ဆက်မှုပြီးနောက် XPENG AEROHT သည် မိုးပျံကား အစီးရေ ၅,၀၀၀ နီးပါး မှာယူမှု လက်ခံရရှိထားပြီး ၂၀၂၆ ခုနှစ်တွင် အများအပြားထုတ်လုပ်၊ ပို့ဆောင်ရန် စီစဥ်ထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

မိုးပျံကား၌ အဓိကယာဥ် (mothership) အတွက် ရည်ညွှန်းသည့် မြေပြင်သုံး ဘီးခြောက်ဘီးနှင့် ဖြုတ်တပ်နိုင်သော ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် eVTOL လျှပ်စစ်မိုးပျံယာဥ် ဖွဲ့စည်းပါဝင် သည်။

eVTOL မိုးပျံယာဥ်သည် အလိုအလျောက်နှင့် ကိုယ်တိုင်ထိန်းချုပ်မောင်းနှင်နိုင်သည့် ပျံသန်းမှု နည်းလမ်း နှစ်ခုလုံး လုပ်ဆောင်နိုင်ပြီး အလိုအလျောက်နည်းလမ်းတွင် စမတ်လမ်းကြောင်းသတ်မှတ် ရွေးချယ်ခြင်းပါရှိပြီး ပျံတက်မှုနှင့် ဆင်းသက်မှုကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်ကြောင်း သိရ သည်။၅.၅ မီတာခန့်အရှည်ရှိသည့် အဆိုပါ မိုးပျံကားကို အများပြည်သူသုံးလမ်းများတွင် ယာဥ်မောင်း လိုင်စင်ဖြင့် မောင်းနှင်နိုင်သလို ပုံမှန်ကားရပ်နားရာနေရာများ၌လည်း ရပ်နားနိုင်ကြောင်း သိရသည်။ 

Source: ဆင်ဟွာ                                                     

DOCA(ပြည်ထောင်စုနယ်မြေ)

AI နည်းပညာသုံး ဆေးတောင့်က ၈ မိနစ်အတွင်း နာကျင်မှုမရှိဘဲ အစာအိမ်ရောဂါစမ်းသပ်စစ်ဆေးမှုကို လုပ်ဆောင်နိုင်

     တရုတ်နိုင်ငံတွင် အလွန်သေးငယ်သော AI နည်းပညာသုံးဆေးတောင့်လေးတစ်ခုက အစာအိမ်ရောဂါစမ်းသပ်စစ်ဆေးမှုများကို အစားထိုးပြောင်းလဲလုပ်ဆောင်ပေးလျက်ရှိပြီး ယင်းဆေး တောင့်ကို မျိုချကာ ၈ မိနစ် စောင့်ဆိုင်းရုံမျှဖြင့် စစ်ဆေးမှုများလုပ်ဆောင်ပြီးဖြစ်သည်။ ပြွန်မလို၊ မေ့ဆေးမလို၊ မသက်မသာဖြစ်စရာလည်း မလိုအပ်ပေ။ ယခုဆိုလျှင် တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၈၀ အောက်သာ ကျသင့်တော့မည်ဖြစ်ပြီး အဆိုပါစစ်ဆေးမှုကို ပိုမိုအသုံးပြုခွင့်ရရှိနိုင် တော့မည်ဖြစ်ရာ အနာဂတ်တွင် လူနာများစွာအတွက် ပိုမိုအကျိုးပြုနိုင်လိမ့်မည်ဟု မျှော်မှန်းထား ကြောင်း သိရသည်။

Source: ဆင်ဟွာ                                                     

DOCA(ပြည်ထောင်စုနယ်မြေ)

ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း တရုတ်နိုင်ငံက ဂျာမနီနိုင်ငံ၏အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်လာကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး အချက်အလက်များက ဖော်ပြ

 

၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ဂျာမနီနိုင်ငံ၏ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု တန်ဖိုးမှာ ယူရို ၁၈၅.၉ ဘီလီယံ (၁ ယူရိုလျှင် ၁.၁၆ ကန်ဒေါ်လာခန့်) ရှိရာ ယမန်နှစ်ကာလတူထက် ၀.၆ ရာခိုင်နှုန်းတိုးတက်လာပြီး တရုတ်နိုင်ငံသည် ထပ်မံ၍ ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်ဖြစ်လာခဲ့ကြောင်း ဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံး၏ နိုဝင်ဘာ ၁၉ ရက်တွင် ထုတ်ပြန် သော အချက်အလက်များတွင် ဖော်ပြထားသည်။

ယခုနှစ် ပထမသုံးလပတ်ကာလ သုံးခုအတွင်း တရုတ်နိုင်ငံမှ ဂျာမနီသို့ တင်သွင်းမှုတန်ဖိုးမှာ ယူရို ၁၂၄.၅ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၈.၅ ရာခိုင်နှုန်း တိုးလာကြောင်း စာရင်းအင်း များတွင် ပြသထားသည်။ ထုတ်ကုန်အမျိုးအစားများအရ တင်သွင်းမှု တိုးတက်နှုန်းအမြန်ဆုံးတွင် လျှပ်စစ်ပစ္စည်းကိရိယာများ၊ အဝတ်အထည်နှင့် စက်ပစ္စည်းများ ပါဝင်သည်။ ကာလတူအတွင်း ဂျာမနီက တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာ ယူရို ၆၁.၄ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၁၂.၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ပထမသုံးလပတ်ကာလ သုံးခု အတွင်း ဂျာမနီနှင့် အမေရိကန် ကုန်သွယ်မှု တန်ဖိုးမှာ ယူရို ၁၈၄.၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၃.၉ ရာခိုင်နှုန်း ကျဆင်း သွား ကြောင်း၊ ယင်းအနက် ဂျာမနီက အမေရိကန်ထံ တင်ပို့မှုတန်ဖိုးမှာ ယူရို ၁၁၂.၇ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၇.၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ အမေရိကန်မှ တင်သွင်းမှုတန်ဖိုးမှာ ယူရို ၇၁.၉ ဘီလီယံရှိပြီး ယခင်နှစ် ကာလတူထက် ၂.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းလည်း စာရင်းအင်းများတွင် ပြသထားသည်။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားလျော့နည်းခြင်း၊ ကုန်သွယ်ရေးပတ်ဝန်းကျင် ရှုပ်ထွေးခြင်းနှင့် မော်တော်ကားစသည့် အစဉ်အလာ အားသာမှုရှိသော စက်မှုလုပ်ငန်းများ၌ ချိန်ညှိမှုများသည် ဂျာမနီ၏ နိုင်ငံခြားကုန်သွယ်ရေးဖွဲ့စည်းပုံကို ထိခိုက်စေသော အဓိကအကြောင်း ရင်းများဖြစ်ကြောင်းဂျာမန်ဖက်ဒရယ်စာရင်းအင်းရုံးကပြောကြားခဲ့သည်။၂၀၁၆ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ တရုတ်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နေရာကို အဆက်မပြတ် ထိန်းသိမ်းထားခဲ့ကြောင်း အဆိုပါ စာရင်းအင်းရုံး အချက်အလက်များတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ဂျာမနီနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ခဲ့သည်။

Source: ဆင်ဟွာ                                                     

DOCA(ပြည်ထောင်စုနယ်မြေ)

 

တူရကီလေကြောင်းလိုင်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် အစ္စတန်ဘူလ်မှ ဖနွမ်းပင်သို့ တိုက်ရိုက်ပျံသန်းမှု စတင်မည်

           ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းဈေးကွက်၏ အလားအလာကောင်းများကို သိရှိပြီး နောက် တူရကီလေကြောင်းလိုင်းသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်တွင် အစ္စတန်ဘူလ်မှ ဖနွမ်းပင်သို့ တိုက်ရိုက်ပျံသန်းမှုများ စတင်တော့မည်ဖြစ်ကြောင်း (SSCA) ၏ ပြောရေးဆိုခွင့်ရှိသူ Sinn Chanserey Vutha က ပြောကြားခဲ့သည်။ ခေတ်မီ Techo အပြည်ပြည်ဆိုင်ရာလေဆိပ် (KTI) စတင်ဖွင့်လှစ်ပြီးနောက် တူရကီသမ္မတနိုင်ငံ၊ အစ္စတန်ဘူလ်မှ လေယာဉ်ခရီးစဉ်များကို ဆွဲဆောင်ခြင်းသည် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) ၏ အဓိကအောင်မြင်မှုတစ်ခု ဖြစ် ကြောင်း Vutha က ဆက်လက်ပြောကြားခဲ့သည်။ Vutha က တိုက်ရိုက်လမ်းကြောင်းသည် ဥရောပခရီးစဉ်များသို့ အလွယ်တကူ ချိတ်ဆက်ပေးသည့် အဓိကအချက်အချာကျသော အစ္စတန် ဘူလ်မှတစ်ဆင့် ဥရောပသို့ အဆင်ပြေစွာ ဝင်ရောက်နိုင်စေမည်ဟု အတည်ပြုပြောကြားခဲ့သည်။ အစောပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီး Huot Hak က အစ္စတန်ဘူလ်၏ မဟာဗျူဟာကျသော တည်နေရာသည် ဥရောပနှင့် အာရှကို ဆက်သွယ်ပေးသောကြောင့် အရှေ့တောင်အာရှသို့ဦးတည်သော ဥရောပခရီးသွားများအတွက် အဓိက သယ်ယူပို့ဆောင်ရေး နေရာတစ်ခုအဖြစ် ရပ်တည်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါလမ်းကြောင်းအသစ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာလေကြောင်းချိတ်ဆက်မှုများကို တိုးချဲ့ရန်နှင့် ခရီးသွားလုပ်ငန်း ဈေးကွက်များကို ကွဲပြားစေရန် ကမ္ဘောဒီးယား၏ ကြိုးပမ်းမှုများတွင် အဓိကခြေလှမ်းတစ်ခုဖြစ် ကြောင်း (SSCA) မှ ထုတ်ပြန်ထားသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ