ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

မြင့်မားသည့်ခရီးသွားရာသီတွင် ဘတ် ၅၅၀ ဘီလီယံဝင်ငွေရရှိရန် ဖူးခတ်ရည်မှန်း

            ဖူးခတ်သည် လာမည့်မြင့်မားသည့်ခရီးသွားရာသီတွင် ခရီးသွားကဏ္ဍမှဝင်ငွေ ဘတ် ၅၅၀ ဘီလီယံရရှိရန် ရည်မှန်းထားကြောင်း သိရပါသည်။ ဖူးခတ်ခရီးသွားအသင်းဥက္ကဌ Thanet Tantipiriyakiy က ယခုအချိန်အထိခရီးသွားလုပ်ငန်းအနေအထားသည် ကောင်းမွန်နေကြောင်း နှင့် တရုတ်ပါဝင်သောတိုက်ရိုက်နိုင်ငံတကာလေကြောင်းလိုင်းများမြင့်တက်လာမှုက နှစ်ကုန်ပိုင်း အတွက် အ‌ပေါင်းလက္ခဏာဆောင်ကြောင်း ပြောကြားခဲ့ပါသည်။ အသင်းအဖွဲ့ဝင်များက နိုဝင်ဘာ လနှင့် ဇန်နဝါရီလအတွက် ကြိုတင်မှာယူမှုများမှာ မြင့်တက်နေပြီး ကျွန်းတစ်လျှောက်ဟိုတယ် နေရာအသုံးပြုမှုနှုန်းများမှာ မနှစ်ကကဲ့သို့အချိုးအစားဖြစ်သည့် ပျမ်းမျှ ၉၀ ရာခိုင်နှုန်းခန့်ရှိရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ Mr Thanet ကယခုနှစ်၏ ပထမ ၇ လတာကာလတွင် စွမ်းဆောင်ရည်သည် ကိုဗစ် ၁၉ ကပ်ရောဂါကာလမတိုင်မီအခြေအနေသို့ ချည်းကပ်နေကြောင်း နှင့် ပုဂ္ဂလိကကဏ္ဍနှင့် ထိုင်းနိုင်ငံခရီးသွားအာဏာပိုင်အဖွဲ့သည် အစိုးရအား ခရီးသည်အရေ အတွက်အပေါ်မဟုတ်ပဲ အရည်အသွေးမြင့်သောခရီးသွားများကို ဆွဲဆောင်ရာတွင် အဓိကထား ရန် တိုက်တွန်းခဲ့ကြောင်းနှင့် ယခုနှစ်အတွက် ခရီးသွားကဏ္ဍမှ ဝင်ငွေရရှိမှုသည် ဘတ်ငွေ ၅၅၀ ဘီလီယံဖြင့် ၂၀၂၄ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းမြင့်တက်ရန် ခန့်မှန်းရကြောင်း ပြောကြားခဲ့ ပါသည်။ ဖူးခတ်၏အခြေခံအဆောက်အအုံအကန့်အသတ်ရှိခြင်းကြောင့် ခရီးသွားအရေအတွက် မှာ ၂၀၁၉ အဆင့်ကို ကျော်လွန်နိုင်မည်မဟုတ်ကြောင်း သိရပါသည်။ Mr Thanet က လူအုပ်ထူ ထပ်ပါကလည်း ကျွန်း၏ ကျန်းမာရေးနှင့် ကောင်းမွန်သောခရီးစဉ်အဖြစ်‌ကျော်ကြားမှု ကိုထိခိုက် စေနိုင်ပြီး ဒေသခံများကိုလည်းသက်ရောက်စေနိုင်ကြောင်း၊ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားလေ့ရှိ သည့် Thepkrasattri လမ်းမကြီးအပေါ် ယာဉ်ထိမ်းရဲထားရှိရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါ သည်။ စီမံချက်များတွင် ဂငယ်ကွေ့များနှင့် လမ်းဆုံများကို ပိတ်ထားရန်ပါဝင်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

                                                                                      

၂၀၂၅ ခုနှစ်တွင် ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံရရှိရန် ဗီယက်နမ်အုန်းသီး လုပ်ငန်းရည်မှန်း

    ၂၀၂၅ ခုနှစ်တွင် ဗီယက်နမ်၏အုန်သီးတင်ပို့မှုမှာ ဝင်ငွေအမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံ ရရှိရန်ခန့်မှန်းရပြီး ကမ္ဘာ့ထိပ်တန်းအုန်းသီးတင်ပို့သူ ၅ နိုင်ငံတွင် ရပ်တည်နိုင်ကြောင်း သိရပါသည်။ ရှေ့ဆက်၍လည်းကျယ်ပြန့်သည့်ဈေးကွက်အလားအလာနှင့်အတူ အုန်းသီးလုပ်ငန်း သည် စဉ်ဆက်မပြတ် တန်ဖိုးကွင်းဆက်များတည်ထောင်ခြင်း၊ ထုတ်လုပ်မှုခေတ်မီခြင်းနှင့် ကုန်ကြမ်း ပစ္စည်းဧရိယာများစံနှုန်းမြှင့်တင်ခြင်းတို့အပေါ် အဓိကထားမည်ဖြစ်ကြောင်း သိရပါ သည်။ ဗီယက်နမ်အုန်းသီးလုပ်ငန်းအသင်း၏ အထွေထွေအတွင်းရေးမှူး Cao Ba Dang Khoa ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ပထမနှစ်ဝက်တွင် ကဏ္ဍ၏ အဓိကထုတ်ကုန်အုပ်စု ၄ ခုတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၅၂၀ ကျော်ရရှိခဲ့ပြီး ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့်နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုအဓိကထုတ်ကုန်အုပ်စုများတွင် လတ်ဆတ်သော အုန်းသီးများ၊ အေးခဲထားသောအုန်းနို့၊ အုန်းဆီစိမ်း၊ အစားအစာ၊ လက်မှုပစ္စည်းနှင့် အုန်းသီးမှ ထုတ်လုပ်သည့်အလှကုန်များပါဝင်ကြောင်း သိရပါသည်။ တင်ပို့မှုများသည် ဒုတိယနှစ်ဝက်တွင် အားအကောင်းဆုံးဖြစ်တတ်သောကြောင့် ထိုစွမ်းဆောင်ရည်သည် ဆက်လက်အပေါင်းလက္ခဏာ ဆောင်နိုင်ကြောင်း သိရပါသည်။ ဈေးကွက်၏အလားအလာကို အပြည့်အဝရယူရန် ဗီယက်နမ် အုန်းသီးလုပ်ငန်းနယ်ပယ်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန်၊ ဂေဟစနစ်နှင့်သင့်လျှော်သော စိုက်ပျိုးမှုပုံစံ၊ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် ကာဗွန်ထုတ်လွှင့်မှုလျှော့ချရန် လိုအပ်ကြောင်း သိရပါသည်။ Khoa က အရေးပေါ်လိုအပ်ချက်သည် အပင်အတွက် အဆိပ်အတောက်ဖြစ်စေသည့် ဓာတုပစ္စည်းများကို တားမြစ်ခြင်းပါဝင်သည့် အားကောင်းသောဥပဒေမူဘောင်တည်ထောင်ရန် ဖြစ်ကြောင်း အသားပေးပြောကြားခဲ့ပါသည်။ စီးပွားရေးဘက်တွင် ပွင့်လင်းမြင်သာမှုနှင့် အစား အစာလုံခြုံစိတ်ချရမှုကို အရှိန်မြှင့်တင်ရန် ထုတ်လုပ်မှုစီမံခန့်ခွဲခြင်းတွင် AI နည်းပညာအသုံးပြု ခြင်းနှင့် စက်နှင့်အလိုအလျှောက်ပြုပြင်ထုတ်လုပ်ခြင်းတို့ လိုအပ်ကြောင်း သိရပါသည်။ အဓိက အချက်အနေဖြင့် ထုတ်လုပ်မှုပွင့်လင်းမြင်သာခြင်းနှင့် အုန်းပင်စိုက်ပျိုးသည့်ဒေသများတွင် ဒစ်ဂျစ် တယ်မြေပုံများဖန်တီးခြင်းတို့ လိုအပ်ကြောင်း Khoa က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

    DOCA (ရန်ကုန်)

                                                         

ကြီးမားသည့်ပင်လယ်တံတိုင်းစီမံကိန်းသည် အင်ဒိုနီးရှား၏စီးပွားရေးကို ကာကွယ်နိုင်ကြောင်း ဝန်ကြီးပြောကြား

    ကြီးမားသည့်ပင်လယ်တံတိုင်းစီမံကိန်းသည် ဂျာဗားကျွန်းမြောက်ဘက်ကမ်းရိုးတန်း‌‌‌ဒေသ ကို ရေလွှမ်းမိုးခြင်းမှနှင့် ကမ်းရိုးတန်းတိုက်စားခြင်းမှကာကွယ်နိုင်ရုံသာမက အင်ဒိုနီးရှား၏အဓိက စီးပွားရေးဇုန်များအတွက် လုံခြုံမှုပေးနိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။ နိုင်ငံ‌တော်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းဝန်ကြီးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအေဂျင်စီ၏ အကြီးအကဲ Rachmat Pambudy အင်ဒိုနီးရှား၏ စုစုပေါင်း GDP ၅၆ ရာခိုင်နှုန်းသည် ဂျာဗား ကျွန်းနှင့် ၇၀ ရာခိုင်နှုန်းသည် ၎င်း၏မြောက်ဘက်ကမ်းရိုးတန်းဒေသတစ်လျှောက်တည်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဝန်ကြီးက GDP ၏ ၂၆ ရာခိုင်နှုန်းသည် ဂျကာတာမြို့တော်နယ်နိမိတ်နှင့် ၎င်း၏ပတ်လည်တွင်တည်ရှိပြီး ၁၈ ရာခိုင်နှုန်းသည် ဂျကာတာတွင်တည်ရှိကြောင်း နှင့် ဂျကာတာ မြောက်ဘက်ကမ်းရိုးတန်းဒေသ၏ အခြေခံအဆောက်အအုံကာကွယ်ခြင်းသည် အင်ဒိုနီးရှား၏ စီးပွားရေးကျောရိုးကိုကာကွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အင်ဒိုနီးရှားစာရင်းအင်းရုံး ၏ အဆိုအရ ၂၀၂၅ ခုနှစ်၏ ဒုတိယ ၃ လပတ်ကာလတွင် နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၃၆၂ ဘီလီယံထိရောက်ရှိခဲ့ကြောင်း သိရပါသည်။ Rachmat က ကြီးမားသောပင်လယ်တံတိုင်း စီမံကိန်းသည် အနာဂတ်ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် မြို့ပြကမ်းရိုးတန်းဧရိယာ များအတွက် စီမံချက်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသည်ကျွန်းပေါင်း ၁၇၀၀၀ ကျော်နှင့် ကျယ်ပြော သည့်ကမ်းရိုးတန်းများကြောင့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများကို သီးသန့်သက်သက် ချမှတ်ဖန်တီး ရန်လိုအပ်ကြောင်းနှင့် ကျွန်းများကိုခွဲခြားချိတ်ဆက်ပေးသည့် ပင်လယ်များကြောင့် ၎င်းတို့သည် မြို့ပြသစ်များတည်ထောင်ရန်နှင့် အုပ်စုဖွဲ့ဖွံ့ဖြိုးမှုမော်ဒယ်များဖန်တီးရမည်ဖြစ်ကြောင်းနှင့် ၂၀၄၅ ဆီသို့ နိုင်ငံတော်မြို့ပြမူဝါဒမဟာဗျူဟာသည်  စဉ်ဆက်မပြတ်မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားမော်ဒယ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Rachmat က သက်ဆိုင်သူအားလုံးအား ၂၀၄၅ နိုင်ငံတော်မြို့ပြမူဝါဒအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။

  DOCA (ရန်ကုန်)

                                                                            

၂၀၂၅ ခုနှစ်ကုန်တွင် အလုပ်အကိုင် ၃ သန်းဖန်တီးပေးနိုင်မည့် အင်ဒိုနီးရှား၏ ဦးစားပေးပရိုဂရမ် ၅ ခု

        အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က အစိုးရ ၏ ဦးစားပေးပရိုဂရမ် ၅ ခုသည် နိုင်ငံတစ်ဝှမ်းအလုပ်အကိုင် ၃ သန်းကျော်ဖန်တီးနိုင်ရန် မျှော်မှန်း ရကြောင်း ပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ် ၅ ခုသည် ကျေးရွာသမဝါယမအသင်းများ၊ ငါးဖမ်း ကျေးရွာများ၊ ငါးကန်များပြန်လည်အသက်ဝင်ရေး၊ အသေးစားစိုက်ပျိုးရေးနှင့်ငါးဖမ်းရေယာဉ်များ ခေတ်မီရေးတို့ဖြစ်ကြောင်း သိရပါသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် Hartarto က ထိုပရိုဂရမ်များကို သမ္မတ Prabowo Subianto နှင့် ကန့်သတ်အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း‌‌ပြောကြားခဲ့ပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် ကျေးရွာသမဝါယမအသင်းများ ပရိုဂရမ်တစ်ခုတည်းတွင် အလုပ်အကိုင် ၆၈၁၀၀၀ နှင့် ၁ သန်းကြားနှင့် ငါးဖမ်းကျေးရွာ ၁၀၀၀ တည်ထောင်ခြင်းက အလုပ်အကိုင် ၉၀၀၀ ပတ်လည်ဖန်တီးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ရေရှည်တွင် အလုပ်အကိုင် ၂၀၀၀၀၀ ဖန်တီးပေးနိုင်သည့် ငါးဖမ်းကျေးရွာ ၄၀၀၀ ရှိလာမည်ဟု သိရပါသည်။ ဂျာဗားကျွန်း မြောက်ဘက် ကမ်းရိုးတန်းတွင် ငါးမွေးမြူရေးကန်များပြန်လည်အသက်ဝင်စေရန် ဆောင်ရွက်ခြင်း က အလုပ် အကိုင် ၁၆၈၀၀၀ နှင့် ငါးဖမ်းရေယာဉ်ခေတ်မီစေရေး ပရိုဂရမ်က အလုပ်အကိုင် ၂၀၀၀၀၀ ဖန်တီး နိုင်ရန်မျှော်မှန်းရကြောင်း သိရပါသည်။ ခေတ်မီစေရေးပရိုဂရမ်တွင် တန် ၃၀ တင်ဆောင်နိုင်သော ရေယာဉ် အစီး ၁၀၀၀၊ တန် ၁၅၀ တင်ဆောင်နိုင်သောရေယာဉ် အစီး ၂၀၀၊ တန် ၂၀၀ တင်ဆောင် နိုင်သောရေယာဉ် အစီး ၂၀၀၊ တန် ၃၀၀ တင်ဆောင်နိုင်သောရေယာဉ် အစီး ၁၇၀၊ တန် ၆၀၀ တင်ဆောင်နိုင်သောရေယာဉ် အစီး ၁၀ နှင့် တန် ၂၀၀၀ တင်ဆောင်နိုင် သော ရေယာဉ် ၂ စီးတို့ ပါဝင်ကြောင်း သိရပါသည်။ Hartarto က အစိုးရသည် အသေးစား စိုက်ပျိုးမြေ ၈၇၀၀၀၀ ဟတ်တာကို သကြား၊ ကိုကိုး၊ အုန်းသီး၊ ကော်ဖီ၊ သီဟိုဠ်စေ့နှင့် ကွမ်းသီး အစရှိသည့် အဓိကကုန် ပစ္စည်းများပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ပြီး ထိုပရိုဂရမ်သည် အလုပ်အကိုင် ၁.၆ သန်း ကျော် ဖန်တီးနိုင်ရန်မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

                                                                  

Red and White ငါးဖမ်းကျေးရွာတည်ထောင်မှုပထမအဆင့်ကို အင်ဒိုနီးရှားအစိုးရစတင်

          အင်ဒိုနီးရှားနိုင်ငံရေကြောင်းရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီးဌာနသည် Red and White ငါးဖမ်းကျေးရွာတည်ထောင်မှုပရိုဂရမ် (KNMP) ပထမအဆင့်အတွက် တည်နေရာ ၆၅ ခုကို တရားဝင်စတင်ခဲ့ကြောင်း သိရပါသည်။ စက်တင်ဘာလ ၁၅ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် KNMP တည်ထောင်ရေးအသင်း၏ အကြီးအကဲဖြစ်သူ Trian Yunanda က ထိုတည်နေရာများသည် ဝန်ကြီးဌာနဆိုင်ရာအမိန့်ဒီကရီနံပါတ် ၅၅/၂၀၂၅ အောက်တွင် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ စုစုပေါင်းဘက်ဂျက် အမေရိကန်ဒေါ်လာ ၈၁.၆ သန်းနီးပါးရှိသည့် ထိုကျေးရွာများတည်ထောင်မှုကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြီးမြောက်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ်ကုန်တွင် နိုင်ငံတော်ရည်မှန်းချက် KNMP ၁၀၀ ပြည့်မီရန်အတွက် ဝန်ကြီးဌာနသည် ကျေးရွာ ၃၅ ခုထပ်မံတည်ထောင်ရန် ထပ်တိုးဘက်ဂျက်ကို ဘဏ္ဍာရေးဝန်ကြီးဌာနအား အဆိုပြုတောင်းခံနေကြောင်း သိရပါသည်။ Yunanda က ၎င်းတို့သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်နိုင်ရန်မျှော်မှန်းရသည့် ဒုတိယအဆင့်အတွက်ဘက်ဂျက်အဆိုပြုချက်ကို အပြီးသတ်နေပြီဖြစ်ကြောင်း သိရပါသည်။ ပထမအဆင့်တည်နေရာ ၆၅ ခုမှာ Aceh ၊ Banten ၊ Bengkulu ၊ Yogyakarta ၊ Gorontalo ၊ West Java Central Java ၊ East Java ၊ West Kalimantan ၊ Riau Islands ၊ Lampung ၊ Maluku ၊ West Nusa Tenggara ၊ West Sulawesi ၊ Southwest Papau နှင့် South Papau တို့ပါဝင်သည့် ပြည်နယ် ၁၇ ခုတွင်တည်ရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ငါးဖမ်းသမားများအားကာကွယ်ရေးနှင့် တန်ဖိုးမြှင့်တင်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူး Mahrus က KNMP ပရိုဂရမ်သည်အိမ်ရာတည်ထောင်ရေးကိုကျော်လွန်သောရည်ရွယ်ချက်များရှိကြောင်း ပြောကြားခဲ့ပါသည်။ ထိုပရိုဂရမ်သည် ၂၀၂၇ ခုနှစ်တွင်အအေးခန်းဝန်ဆောင်မှုများ၊ ရေခဲစက်ရုံ များ၊ အလုပ်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာများနှင့် လောင်စာဆီဆိုင်များပါဝင်သည့် ငါးဖမ်းကျေးရွာ ၁၁၀၀ ထိရောက်ရှိရန် ရည်ရွယ်ကြောင်း သိရပါသည်။ ကျေးရွာတစ်ခုခြင်းစီသည် ငါးဖမ်းသမားများနှင့် ထုတ်လုပ်သူများပါဝင်သည့် အလုပ်အကိုင် ၇၀ အထက်ဖန်တီးပေးနိုင်ရန် ခန့်မှန်းရကြောင်း သိရပါသည်။ Mahrus က ၎င်းတို့သည် KNMP တည်နေရာများတွင် ထုတ်လုပ် မှုမြှင့်တင်ရန် ငါးဖမ်းယာဉ်များထောက်ပံ့ပေးသွားမည်ဟု မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

 DOCA (ရန်ကုန်)

မူဝါဒသစ်များနှင့်အတူ စီးပွားရေးကြီးထွားမှု ၅.၂ ရာခိုင်နှုန်းရရှိရန် ဝန်ကြီးမျှော်မှန်း

             အင်ဒိုနီးရှားနိုင်ငံစီးပွားရေးရာညှိနှိုင်းဆွေးနွေးရေးဝန်ကြီး Airlangga Hartarto က စီးပွားရေးမူဝါဒအသစ်များမှတစ်ဆင့် အင်ဒိုနီးရှား၏ စီးပွားရေးကြီးထွားမှုသည် ၂၀၂၅ ခုနှစ်တွင် ၅.၂ ရာခိုင်နှုန်းရောက်ရှိရန် မျှော်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားရေးမူဝါဒအသစ်များကို ၈+၄+၅ ဟုအမည်ပေးထားပြီး ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးပရိုဂရမ် ၈ ခု၊ ၂၀၂၆ ခုနှစ်အတွက် ၄ ခုနှစ် အလုပ်အကိုင်ဖန်တီးမှုကနဦးဆောင်ရွက်ချက် ၅ ခုတို့ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက ထိုအကောင်းမြင်သုံးသပ်ချက်သည် အစိုးရက မူဝါဒသစ်များမှတစ်ဆင့် ၎င်းတို့၏သုံးစွဲမှုကိုအရှိန် မြှင့်တင်ရန်နှင့် ပြည်သူလူထု၏ဝယ်ယူနိုင်စွမ်းကို တိုးမြှင့်ရန် အားထုတ်မှုအပေါ် အခြေခံကြောင်း နှင့် အလယ်အလတ်တန်းလွှာလူတန်းစားကိုလည်း အစိုးရ၏ VAT မှတစ်ဆင့် ပိုမိုပြောင်းလွယ် ပြင်လွယ်ဖြစ်ရန် ဖန်တီးပေးမည်ဟု သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa ကလည်း ၎င်းသည် အစိုးရ၏စီးပွားရေးမူဝါဒသစ် ၈+၄+၅ ကို မိတ်ဆက်ပေးခဲ့ကြောင်း ပြောကြား ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွက် အစီအစဉ် ၈ ခုတွင် တက္ကသိုလ်ဘွဲ့ရကျောင်းသားများအတွက် အလုပ်သင်အလုပ်အကိုင်ချိတ်ဆက်ရေးအစီအစဉ်၊ ခရီးသွားလုပ်ငန်းကဏ္ဍကျောင်းသားများ အတွက် အခွန်အကျသက်သာခွင့်နှင့် အောက်တိုဘာလမှ နိုဝင်ဘာလအထိ မိသားစုတစ်စုလျှင် ဆန် ၁၀ ကီလိုဂရမ်ဖြန့်ဝေမှုတို့ပါဝင်ကြောင်း သိရပါသည်။ ထို့ပြင် ယာဥ်မောင်းများနှင့် ပို့ဆောင် ရေးဝန်ထမ်းများအတွက် လုပ်ငန်းဆောင်ရွက်စဉ်ဖြစ်ပေါ်သော မတော်တဆမှုနှင့် သေဆုံးမှု အာမခံကြေးများကို ၅၀ ရာခိုင်နှုန်းလျှော့ဈေးဖြင့်ပေးသွင်းနိုင်ရေး၊ BPJS Ketenagakejaan လူမှု ဖူလုံရေးပရိုဂရမ်အောက်မှ အိမ်ရာအထောက်အပံ့အစီအစဉ်များနှင့် အလုပ်အကိုင်ဖန်တီးမှုအခြေ ပြုလုပ်ငန်းများအတွက် လစာအထောက်အပံ့ပေးခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ ပရိုဂရမ် တွင် စည်းမျဉ်းသတ်မှတ်ချက်များလျှော့ချ၍ မြန်ဆန်စွာပြုပြင်ပြောင်းလဲခြင်းအစီအစဉ်၊ အိမ်ရာ အရည်အသွေးတိုးတက်ရေးအစီအစဉ်နှင့် အချိန်ပိုင်းဝန်ထမ်းများအတွက် ဈေးကွက်နှင့် စီးပွားရေး ပလက်ဖောင်းများဖန်တီးပေးခြင်းတို့ပါဝင်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် အလုပ် အကိုင် ၃ သန်းကျော် ဖန်တီးပေးမည့် အစီအစဉ်တွင် Red and White ကျေးရွာသမဝါယမအသင်း များ၊ အသေးစားစိုက်ပျိုးရေးလုပ်ငန်းများ၊ Red and White ငါးဖမ်းကျေးရွာများ၊ ဂျာဗားကျွန်း‌ မြောက်ဘက်ကမ်းရိုးတန်းများတွင် ငါးမွေးမြူရေးကန်များ ပြန်လည်အသက်သွင်းခြင်းနှင့် ငါးဖမ်း ယာဉ်များခေတ်မီအောင်ဆောင်ရွက်ခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားသည် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ ၂၀၂၅ တွင် ပါဝင်မည်

          အမြဲတမ်းဒုဝန်ကြီးချုပ် Vongsey Vissoth သည် ကမ္ဘောဒီးယားနိုင်ငံ၏ အလားအလာ ရှိသော ထုတ်ကုန်များကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၂ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ ၁၅-၉-၂၀၂၅ ရက်နေ့က ကိုယ်စားလှယ်အဖွဲ့ အားဦးဆောင်၍ ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့် စျေးကွက်ရှာဖွေရန်နှင့် ကမ္ဘောဒီးယား နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်အတွက် ပုဂ္ဂလိကကဏ္ဍ၏ နိုင်ငံတကာကွန်ရက်ကို အားကောင်းစေရန် ရည်ရွယ်ချက်ဖြင့် ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည်။ ကုန်စည်ပြပွဲကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ “အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှု၊ ဆန်းသစ် တီထွင်မှုဖြင့် အနာဂတ်ကိုဦးဆောင်ရန် အခွင့်အလမ်းသစ်များနှင့်အတူ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနယ်မြေ (CAFTA) Version 3.0” ဖြင့် ကျင်းပသွားမည်ဖြစ်သည်။ တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် ကမ္ဘောဒီးယား၏ ပူးပေါင်းပါဝင်မှုသည် ကမ္ဘောဒီးယား နိုင်ငံ၏ အလားအလာရှိသော ထုတ်ကုန်များကို မြှင့်တင်ရန်၊ ပို့ကုန်စျေးကွက်ချဲ့ထွင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ၏ နိုင်ငံတကာကွန်ရက်များ အားကောင်းစေရန် ရည်ရွယ်ထားသည်။  စီးပွားရေး ဖိုရမ်များနှင့် ဆွေးနွေးမှုများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ အထူးသဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ ခရီးသွားများကို ဆွဲဆောင်ရန်နှင့် ယဉ်ကျေးမှုနှင့် အမွေအနှစ်များကို မြှင့်တင်ရန် ရည်ရွယ်ထား ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

DOCA (ရန်ကုန်)

RCEP သို့ ကမ္ဘောဒီးယား၏ ပို့ကုန်များသည် ဇန်နဝါရီမှ သြဂုတ်လအတွင်း ဒေါ်လာ ၆.၆ ဘီလီယံကျော်ရှိ

       ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) နိုင်ငံများသို့ ကုန်စည် ကန်ဒေါ်လာ ၆,၆၂၈ သန်းဖိုး တင်ပို့ခဲ့ပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ သန်း ၆,၀၅၀ ထက် ၁၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန(MoC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ RCEP နိုင်ငံများသို့ ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်သည် စုစုပေါင်း ပို့ကုန်၏ ၃၁.၈ ရာခိုင်နှုန်းဖြစ်ပြီး ယင်းကာလအတွင်း ကုန်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၂၀,၈၃၀ ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ကမ္ဘောဒီးယားနိုင်ငံသို့ RCEP နိုင်ငံများမှ ဒေါ်လာ ၁၉,၇၂၈ သန်း တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်သွင်းခဲ့ပြီး ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၁၆,၈၆၉ သန်းမှ ၁၆.၉၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများအရ ကမ္ဘောဒီးယားနိုင်ငံသည် အခြားသော RCEP နိုင်ငံများနှင့် ကုန်သွယ်မှုသည် ကန်ဒေါ်လာ ၂၆,၃၇၅ သန်းအထိ ရှိလာကာ တစ်နှစ်ထက်တစ်နှစ် ၁၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က နိုင်ငံ၏ ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် RCEP သဘောတူညီချက်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ချီးကျူးခဲ့သည်။ ကမ္ဘောဒီးယား၏ အဓိကပို့ကုန်များမှာ အထည်ချုပ်လုပ်ငန်း၊ စက်ယန္တရားများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်ထုတ်ကုန်များ၊ သားရေပစ္စည်းများ၊ စပါး၊ ပရိဘောဂ၊ ရော်ဘာ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၊ ပုလဲများ၊ အရုပ်များနှင့် အထည်အလိပ်များဖြစ်သည်။ ကမ္ဘောဒီးယား၏ အဓိကသွင်းကုန်များမှာ အထည်ချုပ်လုပ်ငန်းအတွက် ကုန်ကြမ်း၊ ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ လူသုံးကုန်များနှင့် အစားအသောက်နှင့် အဖျော်ယမကာများ ပါဝင်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့သည် နယ်စပ်ကုန်သွယ်ရေး ချိတ်ဆက်မှု အားကောင်းလာရေး တွေ့ဆုံဆွေးနွေး 

    ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရေးနှင့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများ ချိတ်ဆက်မှုဆိုင်ရာ အဓိကဆွေးနွေးပွဲသို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေးဝန်ကြီး Tith Rithipol သည် ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ပြီး တက်ရောက်ခဲ့သည်။ အဆိုပါပွဲကို ဗီယက်နမ်နိုင်ငံ၊ Tay Ninh ပြည်နယ် Tan An မြို့တွင် ကျင်းပခဲ့ပြီး ဗီယက်နမ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Phan Thi Thang က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သည်။  တွေ့ဆုံစဉ်နှစ်နိုင်ငံစလုံးမှ အကြီးတန်းအရာရှိ များနှင့်ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တစ်လျှောက်တွင် ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် သွင်းကုန်-ပို့ကုန်လုပ်ငန်းများတွင် ပါဝင်ပတ်သက်သည့် လုပ်ငန်းရှင် များ စီးပွားရေးကိုယ်စားလှယ်များကိုနယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်မှုများ၏ တိုးတက်မှုအကဲဖြတ်ရန်နှင့် ပိုမိုနက်ရှိုင်းပြီး ရေရှည်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ရည်မှန်းချက်များကို ကမ္ဘောဒီးယား-ဗီယက်နမ် နယ်စပ်ဒေသတလျှောက် ပါဝင်ဆွေးနွေးခဲ့ကြ သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ အဆိုပါ စည်းဝေးပွဲသည် နှစ်နိုင်ငံ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ထောက်ပံ့ပို့ဆောင်ရေး အခြေခံ အဆောက်အအုံ မြှင့်တင်ရေးနှင့် နယ်စပ်တစ်လျှောက် ရေရှည်တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်အတွက် ပုဂ္ဂလိကကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများ ချဲ့ထွင်ရေး အတွက် နှစ်နိုင်ငံတူညီသော ကတိကဝတ်များပြုခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

DOCA (ရန်ကုန်)

 

ဂျပန်နိုင်ငံစက်ရုံများနှင့်အတူ ပီဆို ၅၁ ဘီလီယံခန့် တန်ကြေးရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်တော့မည့် ဖိလစ်ပိုင်နိုင်ငံ

       ဖိလစ်ပိုင်နိုင်ငံသည် ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီး ၃ ခုနှင့်အတူ ပီဆို ၅၁ ဘီလီယံခန့် တန်ကြေး ရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဟု အတည်ပြုလိုက်ပြီဖြစ်ကြောင်း ဖလစ်ပိုင်နိုင်ငံ ကုန်သွယ်ရေးနှင့်စက်မှုလက်မှုဌာန (DTI) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရပါ သည်။ ကုန်သွယ်ရေးအတွင်းရေးမှူးဆိုသူ Cristina Roque က အဆိုပါရင်းနှီးမြှုပ်နှံမှုများကို ဖိလစ်ပိုင် နိုင်ငံ ကိုယ်စားပြုအဖွဲ့နှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီ အလုပ်အမှုဆောင်များ၏ တွေ့ဆုံပွဲ အတွင်းတွင် အဆုံးသတ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ Koshidaka Holdings Co. Ltd. ကုမ္ပဏီက နောင်လာမည့် ဆယ်စုနှစ်အတွင်းတွင် အဝတ်အထည်ဆိုင် ၃၀၀ ဆိုင်ဖွင့်လှစ်ရန် အတွက် ပီဆို ၃၄ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် ကတိပြုခဲ့ကြောင်း သိရပါသည်။ Koshidaka ၏ ရင်းနှီးမြှုပ်နှံမှုမှ တစ်ဆင့် အလုပ်အကိုင်ပေါင်း ၁၅၀၀ ခန့် ခန့်ထားနိုင်မည်ဖြစ်ပြီး ဆောက်လုပ် ရေးနှင့် ပစ္စည်းပို့ ဆောင်မှုများမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်ရန် ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရပါသည်။ Marubeni Corp သည် အိမ်ခြံမြေနှင့်ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းများအတွက် ပီဆို ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်းနှင့် Sojitz Corp သည် AI၊ လျှပ်ကူးပစ္စည်း ဒီဇိုင်း၊ ဆော့ဝဲလ်နှင့် ကျန်းမားရေးစောင့်ရှောက် လုပ်ငန်းများအတွက် ပီဆို ၂ ဘီလီယံမှ ၃ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။ Roque က DTI သည် အရည်အသွေးပြည့်ဝသော အလုပ်အကိုင်များ၊ ပစ္စည်းပို့ဆောင်ရေးသန်မာစေရေးနှင့် နိုင်ငံ၏စီးပွားရေးပိုမိုကျယ်ပြန့်လာစေရန်အတွက် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ သေချာစွာပြုလုပ်ရန်အတွက် စီးပွားရေးအသင်းအဖွဲ့များနှင့်အတူ အလုပ်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ