ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးကုမ္ပဏီများ၏ ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် ပထမသုံးလပတ်တွင်ကျဆင်း

            တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးကုမ္ပဏီများ၏ ပြည်ပအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုများသည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ကျဆင်းသွားကြောင်း ဘဏ္ဍာ‌ရေး ကြီးကြပ်အဖွဲ့၏ စက်တင်ဘာ လ ၂၃ ရက်နေ့ထုတ်ပြန်သော အချက်အလက်များအရသိရှိရပါသည်။

          ပြည်တွင်း ဘဏ္ဍာရေးကုမ္ပဏီများဖြစ်သည့် ဘဏ်များအာမခံကုမ္ပဏီများနှင့် ပွဲစားလုပ်ငန်း များ အပါအဝင် ပြည်ပ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် မတ်လအကုန်တွင် ဝမ် ၅၅.၅ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၃၉.၈ ဘီလီယံ) သို့ရောက်ရှိခဲ့ရာ ယခင်သုံးလနှင့်နှိုင်းယှဉ်လျှင် ဝမ် ၀.၅ ထရီလီ ယံ (အမေရိကန်‌‌ဒေါ်လာ ၃၅၈.၆ မီလီယံ) လျော့ကျခဲ့ပါသည်။

            စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတွင် အာမခံကုမ္ပဏီများက ၅၄.၆ ရာခိုင်နှုန်းဖြင့် အများဆုံးပိုင်ဆိုင် ခဲ့ပြီး၊ ဘဏ်များက  ၂၁.၉ ရာခိုင်နှုန်း၊ ငွေချေးလုပ်ငန်းများမှ ၁၃.၆ ရာခိုင်နှုန်းရှိကြောင်းသိရပါ သည်။

          ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်သည့် ၆၂.၁ ရာခိုင်နှုန်း ဖြင့် မြောက်အမေရိကတွင် ဖြစ်ပြီး၊ ဥရောပတွင် ၁၈.၅ ရာခိုင်နှုန်း၊ အာရှတွင် ၆.၇ ရာခိုင်နှုန်းရှိခဲ့ပါသည်။ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၆၆.၈ ရာခိုင်နှုန်းသည် ၂၀၃၀ ပြည့်နှစ်တွင် သက်တမ်းစေ့မည်ဖြစ်ပြီး ၁၀.၄ ရာခိုင်နှုန်းသည် ယခု နှစ်တွင် သက်တမ်းစေ့မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA (ရန်ကုန်) 

ဗီယက်နမ်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝသုံးစွဲရန် ရည်ရွယ်ထား

           ဗီယက်နမ်နိုင်ငံ၏ ဝန်ကြီးချုပ် Pham Minh Chinh က ဝန်ကြီးဌာနများ၊ ကဏ္ဍအသီးသီ နှင့် ဒေသဆိုင်ရာများအား ၂၀၂၅ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု၏ ၁၀၀ ရာခိုင်နှုန်းကို ခွဲဝေချထား ပေးရန် ရည်မှန်းချက်ဖြင့် အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ထုတ်ပေးခြင်းကို အားထုတ် ကြိုးပမ်းရန်တိုက် တွန်းခဲ့ကြောင်း ဗီယက်နမ်သတင်း အေဂျင်စီက စက်တင်ဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။

          ဘဏ္ဍာ‌ရေးဝန်ကြီးဌာနက အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ထုတ်ပေးခြင်းသည် ၂၀၂၅ ခုနှစ်ပထမ ၈ လတာကာလအတွင်း သတ်မှတ်ထားသည့် စီမံကိန်း၏ ၄၆.၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလက မှတ်တမ်းတင်ခဲ့သော ၄၀.၄ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

          စီမံကိန်းများ၏ အရည်အသွေးကို အာမခံပြီး ငွေထုတ်‌ပေးမှုကို မြန်ဆန်အောင် ဆောင်ရွက် ရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က အလေးပေးပြောကြားခဲ့ပါသည်။

          ၂၀၂၅ ခုနှစ်အတွက် ပြည်သူ့ရင်းနှီးမြုပ်နှံမှု မတည်ငွေအဖြစ် ဗီယက်နမ် Dong ၈၂၉.၃ ထရီလီ ယံကျော် (အမေရိကန်ဒေါ်လာ ၃၁.၄ ဘီလီယံ) ကို အတည်ပြုခဲ့ကြောင်း အစီအရင်ခံစာ အရသိရပါသည်။

DOCA (ရန်ကုန်) 

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအရေအတွက် ၂၀၂၄ ခုနှစ်တွင်မြင့်တက်

           တောင်ကိုရီးယားနိုင်ငံ၏ စီးပွား‌‌ရေးလုပ်ငန်းအရေအတွက်သည် လျှပ်စစ်ကဏ္ဍ၊ သဘာဝ ဓာတ်ငွေ့ကဏ္ဍနှင့် လက်လီ၊လက်ကားရောင်းဝယ်မှုကဏ္ဍများတိုးချဲ့လာမှုကြောင့် ပြီးခဲ့သည့် နှစ်တွင် မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့ထုတ်ပြန်သော စာရင်းအင်းရုံး၏ အချက် အလက်များအရသိရှိရပါသည်။

    လုပ်ငန်းများ၏ စုစုပေါင်း အရေအတွက်မှာ ၂၀၂၄ ခုနှစ် ကုန်ဆုံးချိန်တွင် ၆၃၅၃၆၇၃ ရှိပြီး တစ်နှစ်တာကာလအတွင်း ၁.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

         ကုန်ထုတ်လုပ်ငန်းနှင့် အိမ်ခြံမြေ လုပ်ငန်းအရေအတွက်သည် ပြီးခဲ့သည့်နှစ်တွင် တစ်လုံးထဲ သော ဂဏန်းဖြင့် ကျဆင်းခဲ့သော်လည်း လျှပ်စစ်နှင့် သဘာဝဓာတ်‌ငွေ့ ကုမ္ပဏီများအတွက် ၃၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ လက်ကားရောင်းချသူများနှင့် လက်လီရောင်းချသူများသည် ၂.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

      လက်လီလက်ကားရောင်းချမှု လုပ်ငန်းများသည် ၁၆၁၂၈၂၅ ခုဖြင့် အများဆုံးဖြစ်ပြီး တည်းခိုခန်းနှင့်  စားသောက်ဆိုင်ကဏ္ဍက ၈၅၈၃၇၃ ခုဖြင့် ဒုတိယ၊ သယ်ယူပို့ဆောင်‌ရေး ကဏ္ဍက ၆၇၃၃၂၄ ခုဖြင့် တတိယနေရာတွင် ရပ်တည်လျှက်ရှိပါသည်။

      နိုင်ငံတွင်းစီးပွားရေးလုပ်ငန်းများတွင် အလုပ်သမားဦးရေသည် ၂၀၂၄ ခုနှစ်ကုန်တွင် ယခင်နှစ် ကထက် ၁.၁ ရာခိုင်နှုန်း တိုးလာကာ ၂၅၇၃၁၁၀၅ ဦးရှိခဲ့သည်။ အလုပ်သမားဦးရေသည် ကုန်ထုတ် လုပ်ငန်းတွင် ၄၁၄၆၁၁၉ ဦး၊ လက်လီလက်ကားရောင်းချမှုလုပ်ငန်းတွင် ၃၅၉၉၆၈၀ ဦးနှင့် ကျန်မာ‌ ရေးနှင့် လူမှုဖူလုံရေးကဏ္ဍတွင် ၂၇၆၄၀၀၀ ဦးတို့ရှိကြောင်းသိရပါသည်။

DOCA (ရန်ကုန်) 

ဗီယက်နမ်သည် အာဆီယံတွင် ကမ္ဘောဒီးယား၏ အကြီးဆုံးကုန်သွယ်ဖက်အဖြစ် ပေါ်ထွက်လာ

           ကမ္ဘောဒီးယားနှင့် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၅ ခုနှစ်၊ ပထမ (၈) လတွင် ကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါးရောက်ရှိခဲ့ပြီး ယမန်နှစ် အလားတူ ကာလထက် ၄.၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။  ယင်းတို့အနက် ဗီယက်နမ်သည် ကမ္ဘောဒီးယား၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း ကမ္ဘောဒီးယားအစိုးရမှ မကြာသေးမီ က ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ ကမ္ဘောဒီးယားသည် ဇန်နဝါရီမှ ဩဂုတ်လအထိ အခြားအာဆီယံနိုင်ငံများသို့ ကုန်ပစ္စည်းများ ဒေါ်လာ ၃.၉၈ ဘီလီယံ တင်ပို့ခဲ့ပြီး ၁၆ ရာခိုင်နှုန်း တိုးလာပြီး စုစုပေါင်း သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၆.၉၈ ဘီလီယံရှိကာ ၁.၁၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။  ကမ္ဘောဒီးယားနိုင်ငံ ဗီယက်နမ်ကုန်သွယ်ရေးရုံး အကြီးအကဲ Do Viet Phuong က နှစ်နိုင်ငံကြား ကုန်သွယ်မှု အလားအလာသည် ကြီးမားလာခဲ့ကြောင်း၊  ဗီယက်နမ်စီးပွားရေး လုပ်ငန်းများ၏ ကြိုးပမ်းအားထုတ်မှုနဲ့အတူ အဆင့်အားလုံး၏ ပံ့ပိုးကူညီမှုနဲ့အတူ ဗီယက်နမ် ကုန်စည်များသည် ကမ္ဘောဒီးယားတွင် ရောက်ရှိနေပြီး မကြာမီကာလအတွင်းမှာ ကန်ဒေါ်လာ ဘီလျံ ၂၀ နီးပါးအထိ ရရှိနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ မျှော်လင့်ထားသည့်အတိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုဆက်ဆံရေးကို ကြီးကြီးမားမား အထောက်အကူဖြစ်စေမယ်လို့ မျှော်လင့် ထားကြောင်း Phuong မှ ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံမှ အာဆီယံသို့ တင်ပို့သည့် အဓိကထုတ်ကုန်များမှာ အထည်အလိပ်၊ ဖိနပ်၊ ခရီးသွားကုန်ပစ္စည်းများ၊ လက်ကိုင်အိတ်များ၊ ဆိုလာပြားများ၊ ကားတာယာများ၊ လျှပ်စစ်နှင့် လယ်ယာထွက်ကုန်များ ပါဝင်သည်။

DOCA (ရန်ကုန်) 

ကမ္ဘောဒီးယားသည် ကုန်သွယ်မှုဆက်ဆံရေးကို ပိုမိုမြှင့်တင်ရန် နှစ်နိုင်ငံကုန်သွယ်ရေး သဘောတူညီချက်ကို ရှာဖွေရန် အိန္ဒိယကို တိုက်တွန်း

            ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) မှ အကြီးတန်းအရာရှိတစ်ဦးက အိန္ဒိယနိုင်ငံအား ကမ္ဘောဒီးယားဈေးကွက်တွင် အလားအလာ ကောင်းများကို စူးစမ်းလေ့လာရန် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက် နှစ်နိုင်ငံဦးစားပေး ကုန်သွယ်မှုသဘောတူညီချက်တစ်ရပ်ကို ရောက်ရှိရန် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခြင်းဖြင့် အိန္ဒိယကို တိုက်တွန်းခဲ့သည်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ရှိ အိန္ဒိယကုန်သည်ကြီးများအသင်းမှ စီစဉ်ကျင်းပသည့် Global Business Summit တွင် ကမ္ဘော့ဒီးယားနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MoC) ၏ ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ၁၉-၉-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း MOC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ MOC ၏ ထုန်ပြန်ချက်အရ အဆိုပါပွဲသည် အရေးကြီးသော အစည်းအဝေးများနှင့် ဆွေးနွေးမှုများ ဆက်တိုက်ပါဝင်ခဲ့သည်။ ၎င်းတို့တွင် ဒေသတွင်းနှင့် အိန္ဒိယဥပဒေများ၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများ၊ ကမ္ဘာလုံးဆိုင်ရာ စျေးကွက်စိန်ခေါ်မှုများ၏ အခြေအနေတွင် ကုန်သွယ်မှု ပံ့ပိုးကူညီမှုနှင့် သီးခြားပူးပေါင်းဆောင်ရွက်မှုမူဘောင်များ လိုအပ်သည့် နယ်စပ် ဖြတ်ကျော် စီးပွားရေးဆိုင်ရာ လိုက်နာမှု၊ စီးပွားရေးတွင် နည်းပညာနှင့် ဉာဏ်ရည်တု (AI)ဆိုင်ရာ အခန်းကဏ္ဍတို့ပါဝင်ပါသည်။ အစည်းအဝေးတွင် ပါ၀င်နေသော စီးပွားရေးကိုယ်စားလှယ်များ အား ၎င်းတို့၏ အလားအလာရှိသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်ရှာဖွေရန် လည်း ခွင့်ပြုပေးခဲ့သည်။

DOCA (ရန်ကုန်) 

ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ဖနွမ်းပင်မြို့၌ စိုက်ပျိုးရေးကုန်စည်ပြပွဲမှတစ်ဆင့် ကုန်သွယ်မှု ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်

                စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးပုစွန်၊ အလှကုန်၊ ဆေးဝါး၊ ဓာတ်ခွဲခန်း၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အစားအသောက် အဖျော်ယမကာနှင့် အိမ်မွေးတိရစ္ဆာန် လုပ်ငန်းဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်မှု ပြပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်၌ စတင်ခဲ့ပြီး နိုင်ငံနှင့် နယ်မြေ ပေါင်း ၂၀၀ ကျော်မှ လုပ်ငန်းပေါင်း ၂၀၀ ကျော် ပါဝင်ခဲ့ကြသည်။ ကမ္ဘောဒီးယားဝန်ကြီးဌာနများ နှင့် ဗီယက်နမ်ကုန်သွယ်ရေးရုံးတို့က ကျောထောက်နောက်ခံပြုထားသည့် သုံးရက်ကြာကျင်းပ သည့် အဆိုပါပွဲသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုမြှင့်တင်ရန်နှင့် နိုင်ငံတကာစီးပွားရေး ချိတ်ဆက်မှုများကို ချဲ့ထွင်ရန် ရည်ရွယ်ထားသည်။ ကုန်စည်ပြပွဲနှင့်အတူ အထူးပြု အလုပ်ရုံ ဆွေးနွေးပွဲများနှင့် စီးပွားရေးနှင့်ကိုက်ညီသော အစည်းအဝေးများကို ဆက်တိုက်ကျင်းပခဲ့ပြီး လုပ်ငန်းရှင်များအတွက် ဆန်းသစ်တီထွင်မှုနှင့် မိတ်ဖက်သစ်များ ထူထောင်နိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိပါသည်။ ကမ္ဘောဒီးယားနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်မှုရုံး တွင် ဗီယက်နမ်-ကမ္ဘောဒီးယား ကုန်သွယ်မှု၊ စိုက်ပျိုးရေးသိပ္ပံ-နည်းပညာနှင့် မွေးမြူရေး လုပ်ငန်းများမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး လယ်ယာနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်နေသည့် နှစ်နိုင်ငံလုံးမှ စီးပွားရေးအသင်းအဖွဲ့များ တက်ရောက် ခဲ့ကြသည်။ ကုန်စည်ပြပွဲတွင် ဗီယက်နမ်ကုမ္ပဏီ ၂၀ နီးပါး တက်ရောက်ကြပြီး ကုန်သွယ်ရေးရုံးမှ ခွဲဝေပြသထားသည့် ကုန်ပစ္စည်းနမူနာ ၁၅ ခုကို ပေးပို့ကာ ကမ္ဘောဒီးယားတွင် ဗီယက်နမ် ကုန်စည်များ ခြေကုပ်ယူလာကာ နှစ်ဘက်ကုန်သွယ်မှုကို ပံ့ပိုးပေးမည်ဟု မျှော်လင့် ကြောင်း ဗီယက်နမ်ကုန်သွယ်မှုရုံး အကြီးအကဲ Do Viet Phuong က ပြောကြားခဲ့သည်။

DOCA (ရန်ကုန်) 

 

ကမ္ဘောဒီးယားသို့ တရုတ်ခရီးသွားဝင်ရောက်မှုသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် ၄၅.၇ ရာခိုင်နှုန်း တိုးလာ

     ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမ (၈) လတွင် တရုတ်ခရီးသွား စုစုပေါင်း ၇၈၄,၉၆၅ ဦးလာရောက်လည်ပတ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၅.၇ ရာခိုင်နှုန်း တိုးလာသည်ဟု ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာမှ အရာရှိတစ်ဦးက ၁၉-၉-၂၀၂၅ ရက်နေ့တွင်  ပြောကြားခဲ့သည်။ ကမ္ဘောဒီးယား ခရီးသွားလာရေး ဝန်ကြီးဌာနမှ နိုင်ငံခြားရေး ၀န်ကြီး Heng Sokchamroeun က ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအတွင်း နိုင်ငံတကာ ခရီးသွား စုစုပေါင်း ၄.၀၅ သန်း ၏ ၁၉.၃ ရာခိုင်နှုန်း သည် တရုတ်နိုင်ငံမှ လာရောက် လည်ပတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ပြီးလျှင် ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံခြားခရီးသွား အများဆုံးလာရောက်လည်ပတ်သည့် တတိယမြောက် အကြီးဆုံး ခရီးသွားရင်းမြစ်ဖြစ်ကြောင်းနှင့် ကမ္ဘောဒီးယား၏ ခရီးသွားကဏ္ဍအနာဂတ်သည် တရုတ် ခရီးသွားများနှင့်ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်မှုနှင့် ခွဲခြား၍မရကြောင်း ထပ်လောင်း ပြောကြားခဲ့သည်။ တရုတ်ခရီးသွားဧည့်သည်များ တိုးပွားလာခြင်းသည် ကမ္ဘောဒီးယား၏ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရုံသာမက အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖန်တီးရန် အရေးကြီးသော အခွင့်အလမ်းတစ်ရပ်ဖြစ်သည် ဟု Heng က ပြောကြားခဲ့သည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားသည် ဇန်နဝါရီလမှ သြဂုတ်လအတွင်း ဒီဇယ်၊ ဓာတ်ဆီနှင့် သဘာဝဓာတ်ငွေ့များ တင်သွင်းမှုအတွက် ဒေါ်လာ ၁.၆၃ ဘီလီယံ သုံးစွဲခဲ့

      ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းတင်သွင်းသည့် ဒီဇယ်လောင်စာ၊ ဓာတ်ဆီနှင့် သယာဝ ဓာတ်ငွေ့ ပမာဏသည် ၂၀၂၅ ခုနှစ်၊ ပထမ (၈) လအတွင်း အမေရိကန်ဒေါ်လာ ၁.၆၃ ဘီလီယံ ရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထား သည်။ သုံစွဲခဲ့သည့်တန်ဖိုးသည် ၂၀၂၄ ခုနှစ် အလားတူကာလ ကန်ဒေါ်လာ ၁.၈၈ ဘီလီယံမှ ၁၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ နိုင်ငံတော်သည် ဒီဇယ်ဆီ တင်သွင်းမှုအတွက် ကန်ဒေါ်လာ ၈၇၇ သန်း သုံးစွဲခဲ့ပြီး ၁၂.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ သည်။  ဓာတ်ဆီအတွက် ကန်ဒေါ်လာ ၅၂၉ သန်း ကျဆင်းခဲ့ပြီး ၁၉ ရာခိုင်နှုန်း၊  သဘာဝဓာတ်ငွေ့အတွက် ဒေါ်လာ ၂၂၅ သန်းနှင့် ၁.၇ ရာခိုင်နှုန်း တိုးလာသည်ဟု အစီရင်ခံစာအရသိရသည်။  သတ္တုတွင်းနှင့် စွမ်းအင်ဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ၀ယ်လိုအားသည် ၂၀၂၀ ခုနှစ်တွင် တန်ချိန် ၂.၈ သန်းမှ ၂၀၃၀ ခုနှစ် တွင် တန်ချိန် ၄.၈ သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။

DOCA (ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသို့ ဇန်နဝါရီမှ သြဂုတ်လအတွင်း အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း တင်ပို့မှု ၁၉ ရာခိုင်နှုန်း မြင့်တက်ခဲ့

      ကမ္ဘောဒီးယားနိုင်ငံသည် အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းများ တင်ပို့သည် ၂၀၂၅ ခုနှစ်၊ ပထမ (၈)လတွင် ကန်ဒေါ်လာ ၁၀.၉၇ ဘီလီယံရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလ ထက် ကန်ဒေါ်လာ ၉.၂၁ ဘီလီယံမှ ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုနှစ် ဇန်နဝါရီမှ သြဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၇.၇၃ ဘီလီယံ တန်ဖိုးရှိ အထည်အလိပ်များ တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၉ ရာခိုင်နှုန်း တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြုစုထားသည့် အစီရင်ခံစာအရသိရသည်။ ထို့အပြင် ဒေါ်လာ ၁.၄ ဘီလီယံတန်ဖိုးရှိ ဖိနပ်များ တင်ပို့ခဲ့ပြီး ၂၈ ရာခိုင်နှုန်း တိုးမြင့်လာကာ ခရီးသွား ကုန်ပစ္စည်းများနှင့် အိတ်များသည် ဒေါ်လာ ၁.၃၉ ဘီလီယံနှင့် ညီမျှသော နိုင်ငံတကာ ဈေးကွက်များသို့တင်ပို့ခဲ့ပြီး ၆ ရာခိုင်နှုန်းနီးပါး ရောင်းချခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထား သည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနက်က အထည်ချုပ်၊ အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်း လုပ်ငန်းအတွက် လစဉ် အနိမ့်ဆုံး လုပ်ခလစာကို လက်ရှိ ၂၀၈ ဒေါ်လာမှ ၂၁၀ ဒေါ်လာသို့ ၂၀၂၆ ခုနှစ်တွင် တိုးမြှင့်မည်ဟု ၁၇-၉-၂၀၂၅ ရက်နေ့တွင် ကြေညာခဲ့သည်။ 

DOCA (ရန်ကုန်)

 

 

ကမ္ဘောဒီးယားနှင့် ပြင်သစ်တို့က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန် ကတိပြုခဲ့

       ကမ္ဘောဒီးယားနှင့် ပြင်သစ်နိုင်ငံတို့သည် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေး၊ စွမ်းအင်၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် အပါအဝင် နယ်ပယ်များစွာတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေးတိုးချဲ့ရန် ကတိကဝတ်ကို အတည်ပြုခဲ့ကြသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Manet နှင့် ပြင်သစ် သံအမတ်ကြီး Olivia Richard တို့ ဖနွမ်းပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော်၌ တွေ့ဆုံစဉ် ကတိပြု ခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ်ပြင်သစ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်များတစ်လျှောက် ဆက်တိုက်တိုးချဲ့လာခဲ့သည့် နီးကပ်သော မိတ်ဖက်ဆက်ဆံရေးကို ကာလကြာရှည်စွာ ခံစား ခဲ့ရကြောင်း သံအမတ်ကြီး Richard က အလေးပေးပြောကြားခဲ့သည်။  ဆက်လက်၍ ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေးနှင့် သာယာဝပြောရေးတို့အတွက် ကမ္ဘောဒီးယားနိုင်ငံရှိ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ရန် အဆင်သင့် ရှိကြောင်း အခိုင်အမာပြောကြားခဲ့သည်။   ဒေသတွင်း ကိစ္စရပ်များတွင် Hun Manet က ကမ္ဘောဒီးယားနှင့် ထိုင်းတို့ကြား အပစ်အခတ်ရပ်စဲရေးကို ထောက်ခံအားပေးမှုအတွက် ပြင်သစ်သမ္မတ Emmanuel Macron အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။  ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ရှိ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ သံအမတ်ကြီးအား ရှင်းလင်းတင်ပြပြီး နှစ်နိုင်ငံသဘောတူညီချက်များ၊ စာချုပ်များနှင့် နိုင်ငံတကာဥပဒေများနှင့်အညီ အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိပြုခဲ့သည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ