ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အိန္ဒိယနိုင်ငံမှ အမေရိကန်နိုင်ငံသို့ စမတ်ဖုန်းများတင်သွင်းမှုကျဆင်းလာ

     အိန္ဒိယနိုင်ငံ၏ အကြီးဆုံး စမတ်ဖုန်းတင်ပို့သည့် စျေးကွက်ဖြစ်သည့် အမေရိကန်နိုင်ငံသို့ စမတ်ဖုန်းတင်ပို့မှုသည် မေလကတင်ပို့ခဲ့သော အမေရိကန်ဒေါ်လာ ၂.၂၉ ဘီလီယံ မှ သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၉၆၄.၈ သန်းသို့ ၅၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း GTRI ၏ စက်တင်ဘာ လ ၂၂ ရက်နေ့အချက်အလက်များအရသိရသည်။ ထိုသို့ကျဆင်းမှုအကြောင်းအရင်း မှန်ကို အသိသေးသော် လည်း စုံစမ်းစစ်ဆေးရန်ကြိုးပမ်းလျက်ရှိကြောင်း the Global Trade Research Initiative မှ ပြော ကြားခဲ့သည်။ ဇွန်လတွင် စမတ်ဖုန်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိပြီး ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၁.၅၂ ဘီလီယံ ထိရှိကြောင်း သိရသည်။

          ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသည် သွင်းကုန်ဒေါ်လာ ၁၀.၆ ဘီလီယံတန်ဖိုး ရှိသော စမတ်ဖုန်းများ(အိန္ဒိယနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာတင်ပို့မှု၏ ၄၄ ရာခိုင်နှုန်း) ကို အိန္ဒိယနိုင်ငံ မှ တင်သွင်းခဲ့ပြီး အိန္ဒိယ၏ ထိပ်တန်းစမတ်ဖုန်းတင်ပို့သည့်စျေး ကွက်အဖြစ်တည်ရှိပြီး ၎င်း၏နောက်တွင် EU မှ ဒေါ်လာ ၇.၁ ဘီလီယံ တန်ဖိုးရှိ‌‌‌သောစမတ်ဖုန်းများ (အိန္ဒိယနိုင်ငံ တစ်ကမ္ဘာလုံးဆိုင်ရာတင်ပို့မှု၏ ၂၉.၅ ရာခိုင်နှုန်း)ကို တင်သွင်းခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဒုတိယအများ ဆုံး စမတ်ဖုန်းတင်သွင်းသည့် စျေး ကွက်အဖြစ် ရပ်တည်လျှက် ရှိသည်။ စမတ်ဖုန်းများအပြင် အမေရိကန်၏ မြင့်မားသော အကောက်ခွန် များနှင့် ရင်ဆိုင်နေ ရသော ကုန်ပစ္စည်းများသည် လည်း တင်ပို့မှုစံချိန်တင်ကျဆင်းခဲ့ကြောင်း၊ စိုးရိမ်ဖွယ်ရာအချက်မှာ စမတ်ဖုန်းနှင့် ဆေးဝါးကဲ့သို့ သော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ တင်ပို့မှုကျဆင်း လာြခင်းကြောင့်ဖြစ်ကြောင်း၊ ထိုကျဆင်းမှုများက အိန္ဒိယနိုင်ငံ၏ Product Link Incentive (PLI) အောင်မြင်မှုကို လမ်လွဲစေရန်ခြိမ်းခြောက်လျက်ရှိကြောင်း GTRI တည်ထောင်သူ Ajay Srivastava မှ ပြောကြားခဲ့ပါသည်။

Source : economictimes                                                                     

 DOCA(ရန်ကုန်)

 

တရုတ်သံမဏိနှင့် ဆက်စပ်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ကောက်ခံရန် EU မှ စီစဉ်လျက်ရှိ

      ဥရောပကော်မရှင်သည် လာမည့်ရက်သတ္တပတ် အနည်းငယ်အတွင်း တရုတ်သံမဏိနှင့် ဆက်စပ်ပစ္စည်းများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ စည်းကြပ်ရန် စီစဉ်ထားကြောင်း ဂျာမန်စီးပွားရေးနေ့စဉ်ထုတ် Handelsblatt က ဘရပ်ဆဲလ်ရှိ အကြီးတန်းအရာရှိများ၏ ပြောကြားချက်ကိုကိုးကား၍ ဖော်ပြခဲ့သည်။ သက်တမ်းကုန်ဆုံးနေသော သံမဏိကာကွယ်ရေး မူဝါဒ များကို အောင်မြင်စေရန် ကော်မရှင်သည် ရေရှည်ကုန်သွယ်မှုဆိုင်ရာ ကိရိယာအသစ်တစ်ခု ကို အဆို ပြုမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့သည်။ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု စည်းမျဉ်းများအောက် တွင်၊ ဤအစုအဖွဲ့သည် လက်ရှိသံမဏိအကာအကွယ်များကို ၂၀၂၆ နှစ်လယ်ထက် ကျော်လွန်၍ သက်တမ်းတိုးနိုင်ဖွယ်မရှိကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံ၏ သံမဏိတင်ပို့မှုသည် ယခုနှစ် တွင် အမြင့်ဆုံးသို့ ရောက်ရှိရန် မျှော်မှန်းထားပြီး မက်ထရစ်တန်ချိန် ၁၁၅ သန်းမှ သန်း ၁၂၀ သို့ ၉ ရာခိုင်နှုန်းကြား မြင့်တက်လာမည်ဟု လေ့လာသုံးသပ်သူများထံမှ သိရသည်။ ကာလကြာမြင့်စွာ အိမ်ခြံမြေကဏ္ဍကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက် သုံးစွဲမှု ကျဆင်းလာပြီးနောက် စျေးကွက် သစ်များလိုအပ်နေသည့် ကမ္ဘာ့စတီးလ်၏ ထက်ဝက်ကျော်ကို တရုတ်နိုင်ငံမှ ထုတ်လုပ်လျက်ရှိသည်။ တရုတ်သံမဏိကို ၂၀၂၄ ခုနှစ်မှစ၍ အခွန်စည်းကြပ်မှုများနှင့် အခြားကုန်သွယ်မှု အတားအဆီးပေါင်း ၅၄ ခုကို စတင်ခဲ့ပြီးဖြစ်ကြောင်း China Trade Remedies Information အရ လေ့လာဆန်းစစ် သူများက ပို့ကုန်များ ပိုမို ကန့်သတ်ချုပ်ချယ်စေမည်ဟု သုံးသပ်သူများက ပြောကြားခဲ့သည်။ ဥရောပ သံမဏိထုတ်လုပ်သူများသည်လည်း အမေရိကန် အခွန် ၅၀ ရာခိုင်နှုန်းနှင့် ရင်ဆိုင်နေရသည်။ ဥရောပ သမဂ္ဂသည် ဇူလိုင်လနှောင်းပိုင်းတွင် စက်မှုလုပ်ငန်းပြတ်လပ်မှုအန္တရာယ်ကို ပြတ်ပြတ်သားသား သတိပေးခဲ့ပြီးနောက် သံမဏိ၊ အလူမီနီယမ်နှင့် ကြေးနီအပါအဝင် သတ္တုအညစ်အကြေးများ တင်သွင်းမှုနှင့် တင်ပို့မှုများကို စတင်စောင့်ကြည့်ခဲ့သည်။ EU မှ သံမဏိအရည်ကျိုလုပ်သူများသည် ကာဗွန် ထုတ်လွှတ်မှုကို လျှော့ချရန် အဓိကသွင်းအားစု တစ်ခုဖြစ်ပြီး အစုအဖွဲ့၏ အဓိကကျသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် သတ္တုအပိုင်းအစများ ထောက်ပံ့မှုရရှိရန် အချိန်အတန်ကြာ ရုန်းကန်နေရကြောင်း သိရသည်။

 

Source : economictimesss                                                                  

 DOCA(ရန်ကုန်)

အမေရိကန်နိုင်ငံ၏ အ‌ကောက်ခွန်အကျိုးသက်ရောက်မှုကို ရင်ဆိုင်ရန်အတွက် ကုန်သွယ်ရေးသဘောတူညီမှုအသစ် ရှာဖွေနေသည့် ဗီယက်နမ်နိုင်ငံ

      ဗီယက်နမ်နိုင်ငံသည် ၎င်း၏အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်သော အမေရိကန် နိုင်ငံမှ ၎င်း၏ ကုန်ပစ္စည်းများအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုအကျိုးသက်ရောက်မှု လျော့နည်း စေရန်အတွက် ကုန်သွယ်ရေးသဘောတူညီမှုအသစ်များ ရှာဖွေလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးချုပ်က ပြောကြားခဲ့ပါသည်။ အဆိုပါ ကြေညာချက်သည် အမေရိကန်နိုင်ငံ၏ အခွန်တိုးမြှင့်ကောက်ခံခြင်းကြောင့် ဗီယက်နမ်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ တင်ပို့သော ကုန်များ၏ ငါးပုံတစ်ပုံခန့် လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းမှုအပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် ဗီယက်နမ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အခက်ခဲဆုံးအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ဝန်ကြီးချုပ် Pham Minh Chinh က တင်ပို့မှုများကို ယခုနှစ်တွင် ၁၂ ရာခိုင်နှုန်းထက် တိုးတက်အောင် မျှော်မှန်းလျက်ရှိကြောင်း သိရပါသည်။ အစိုးရအဖွဲ့အစည်း၏ အချက်အလက်များအရ ယခုနှစ် စက်တင်ဘာလအထိ ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၁၅.၈ ရာခိုင်နှုန်းအထိ မြင့်တက်လျက်ရှိပြီး အမေရိကန်ဒေါ်လာ ၃၂၅.၃ ဘီလီယံ အထိမြင့်တက်လျက်ရှိကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံ၏ အခွန်အကျိုးသက်ရောက်မှုကို လျော့ချနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အကုန်တွင် Latin America ၏ Mercosur trading bloc နှင့် သဘောတူညီမှုလက်မှတ်ရေးထိုးတော့မည်ဖြစ်ကြောင်း Chinh ကပြောကြားခဲ့ ပါသည်။ ၎င်းက ဗီယက်နမ်နိုင်ငံသည် Trump စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဗီယက်နမ်နိုင်ငံ ကုန်ပစ္စည်းများအပေါ် အခွန် ၂၀ ရာခိုင်နှုန်းတိုးမြှင့်မှု အပြီးတွင် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: The Daily Star                                                              

DOCA (ရန်ကုန်)

ပို့ကုန်ခွန်ဖျက်သိမ်းပြီးနောက် အာဂျင်တီးနားနိုင်ငံမှ ပဲပိစပ်ဆီများ စံချိန်တင် ဝယ်ယူခဲ့သည့် အိန္ဒိယနိုင်ငံ

    အိန္ဒိယနိုင်ငံသည် ပဲပိစပ်နှင့် တစ်ခြားသော  အစားအသောက်ထုတ်ကုန်များ အပေါ် အခွန် ကောက်ခံမှု ဖျက်သိမ်းမှုအပြီး အောက်တိုဘာလ ၂၃ ရက်နေ့ နှင့် ၂၄ ရက်နေ့အတွင်းတွင် အာဂျင်တီးနားနိုင်ငံမှ ပဲပိစပ်ဆီတန်ချိန် ၃၀၀၀၀၀ မက်ထရစ်တန်ချိန်ခန့်ဝယ်ယူခဲ့ကြောင်းနှင့် အဆိုပါ ၂ ရက်အတွင်း ဝယ်ယူမှုသည် အကြီးမားဆုံးဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ဝယ်ယူမှုသည် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ စားအုန်းဆီတင်သွင်းမှုကို လျော့နည်းစေနိုင်ခဲ့ကြောင်း သိရပါသည်။ အဆိုပါ ပဲပိစပ်ဆီများကို အောက်တိုဘာလအတွင်း ကုန်သွယ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု ပုဂ္ဂလိကုန်သွယ်ရေးရုံများတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အချိန်တိုအတွင်း ပမာဏ များပြားစွာဝယ်ယူမှု သည် မကြုံစဖူးဖြစ်ကြောင်းနှင့် ကုန်သွယ်‌ရေးသမားများသည် စားအုန်းဆီများကို လျစ်လျူရှု လျက်ရှိကြောင်း New Deli အခြေစိုက် ကုန်သွယ်ရေးသမားက ပြောကြားခဲ့ပါသည်။ အာဂျင်တီးနားနိုင်ငံ သည် ပဲပိစပ်ဆီကဲ့သို့ အစားသောက်ထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် အခွန်ကောက်ခံမှု ယာယီ ဖျက်သိမ်းလိုက်သည်မှာ အားနည်းနေသော ၎င်း၏ ငွေကြေး ပီဆို အတွက် အမေရိကန်ဒေါ်လာများ ဝင်ရောက်စီးဆင်းရန်ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာ့အကြီးဆုံး ဟင်းသီးဟင်းရွက်ဆီတင်သွင်း သည့် အိန္ဒိယနိုင်ငံသည် တစ်လလျှင် ပုံမှန်အားဖြင့် ပဲပိစပ်ဆီ တန်ချိန် ၃၀၀၀၀၀ တန်အောက် တင်သွင်းလျက်ရှိပြီး ယခုအပတ်အတွင်းဝယ်ယူမှုပမာဏ မြင့်တက်ခြင်းသည် အာဂျင်တီးနားနိုင်ငံ ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ကြောင်း သိရပါသည်။ ပဲပိစပ်ဆီများကို ကုန်ကျစရိတ်နှင့် အာမခံစရိတ်များကြောင့် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၁၀၀ မှ ၁၁၂၀ အတွင်းဝယ်ယူရ ကြောင်း သိရပါသည်။ သြဂုတ်လအထိ အိန္ဒိယနိုင်ငံ၏ ပဲပိစပ်ဆီတင်သွင်းမှုသည် ၂၅.၂၇ ရာခိုင်နှုန်း အထိကျဆင်းလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံသည် စားအုန်းဆီများကို အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိပြီး ပဲပိစပ် ဆီနှင့် နေကြာဆီများကို အာဂျင်တီးနား နိုင်ငံ၊ ဘရာဇီးနိုင်ငံ၊ ရရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိကြောင်း သိရပါ သည်။ သြဂုတ်လတွင် အိန္ဒိယနိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် လစဥ် ၄.၇ ရာခိုင်နှုန်း၊ တန်ချိန် ၁.၆၂ သန်းခန့် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။ စားသုံးရန်သင့်သောဆီများ ဝယ်လိုအားသည် အထူးသဖြင့် စားအုန်းဆီများကို အချိုနှင့် အကြော်စာများ စားသုံးမှုမြင့်မားခြင်း ကြောင့် အိန္ဒိယနိုင်ငံတွင် ပွဲတော်အခါများတွင် မြင့်တက်လျက်ရှိကြောင်း သိရပါသည်။

Source: Economic Times                                                           

DOCA (ရန်ကုန်)

ကုန်သွယ်‌ရေးအခက်အခဲများကြားတွင် ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုများ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ မြင့်တက်လာ

     ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုများသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ အရှိန်အဟုန်ဖြင့် မြင့်တက်လာသော်လည်း ကုန်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ အခက်အခဲများကြောင့် ပို့ကုန်လုပ်ငန်းရှင်များသည် အဆိုပါ တိုးတက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းရန်အတွက် ကွဲပြားခြင်းနှင့် တန်ဖိုးမြှင့်လုပ်ငန်းစဥ်များကို လုပ်ဆောင်ရန် တွန်းအားပေးလျက်ရှိကြောင်း သိရပါသည်။ အကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန်တင်ပို့မှုသည် သြဂုတ်လတွင် ၁.၁၃ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် ၁၃.၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် ကမ္ဘာ့စျေးကွက်ကို လျစ်လျူရှုလျက်ရှိ ကြောင်း သိရပါသည်။ ဇန်နဝါရီလမှ သြဂုတ်လအထိ တင်ပို့မှုများသည် အမေရိကန်ဒေါ်လာ ၇.၃၄ ဘီလီယံ အထိ ၁၆.၇ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း သိရပါသည်။ ထိပ်သီးဝယ်လတ်များတွင် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ပါဝင်ပြီး ငါးတင်ပို့မှုမှ ပထမ ၈ လအတွင်းတွင် အမေရိကန် ဒေါ်လာ ၂၃၄ သန်းအထိ ၃.၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဥရောပသမဂ္ဂနှင့် တောင်ကိုရီးယားနိုင်ငံတို့သည်လည်း ပုံမှန်ဖောက်သည်များဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ် နိုင်ငံ ပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများ အဖွဲ့အစည်း (VASEP) ၏ ဒုတိယအတွင်းရေး မှူး ဆိုသူ က စက်တင်ဘာလတွင် ‌ရေထွက်ကုန်ပစ္စည်းများကို ပိုမိုများပြားစွာတင်ပို့မည် ဖြစ်ကြောင်းနှင့် နိုဝင်ဘာလနောက်ပိုင်းတွင် တင်ပို့မှုကျဆင်းလာနိုင်ကြောင်း သတိပေးခဲ့ပါသည်။ ၎င်းက အကောက်အခွန်အပြောင်းအရွေ့နှင့် စျေးကွက်အတားအဆီးများအပါအဝင် စိန်ခေါ်မှုများ တိုးလာ နေကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။ အမေရိကန်နိုင်ငံမှ တန်ပြန်အခွန် ၂၀ ရာခိုင် နှုန်း တိုးမြင့်ကောက်ခံခြင်းကြောင့် ဗီယက်နမ်နိုင်ငံ၏ ပြိုင်ဘက်များဖြစ်သော ထိုင်းနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့် အီကွေတာနိုင်ငံတို့နှင့် ယှဥ်ပြိုင်ရာတွင် ပြိုင်ဆိုင်မှုများပိုမို ပြင်းထန်လာနိုင် ကြောင်း သိရပါသည်။ ပုဇွန်တင်ပို့မှုကဏ္ဍသည် လာမည့် ၁၉ ကြိမ်မြောက် စီမံခန့်ခွဲမှုသုံးသပ်ရေး (POR19) တွင် အခွန်တိုးမြင့်ခြင်းကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မ‌လေးရှားနိုင်ငံ နှင့် စင်္ကာပူနိုင်ငံများကဲ့သို့ အိမ်နီးချင်းစျေးကွက်များ တွင် သယ်ဆောင်ပို့ခလျော့နည်းမှုကြောင့် ငါးတင်ပို့မှုများမြင့်တက်လျက်ရှိပါသည်။ ယခုအခါတွင် ဗီယက်နမ်နိုင်ငံသည် စားသုံးသူများ၏ ဆာလောင်မှုအဆင်ပြေမှုအတွက် ရေခဲရိုက်ငါးထုတ်ပိုးမှုကို အလျှင်မြန်ဆုံးနဲ့ အမြန်ဆုံးပြုလုပ်လျက်ရှိကြောင်း သိရပါသည်။ ပုဇွန်တင်ပို့မှုသည် တန်ဖိုးမြင့် ဥရောပသမဂ္ဂစျေးကွက်တွင် ကောင်းမွန်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် တင်ပို့မှုတန်ချိန်ပေါင်း ၄၀၀၀၀၀ တန်ခန့် ရောက်နိုင်မည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံအား အကျိုးအမြတ်များပိုမို ရရှိစေနိုင် ကြောင်း သိရပါသည်။ ထုတ်လုပ်မှုကျွမ်းကျင်သူများက ယခုအခါတွင်စျေးနှုန်းထက် အရည်အသွေး ကိုသာ ဦးစားပေးထုတ်လုပ်သင့်ကြောင်းနှင့် သိသာမြင်သာမှုနှင့် ရေရှည်တည်တံ့မှုကိုသာ ဦးစား ပေး လုပ်ဆောင်သင့်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။ တင်ပို့မှုလုပ်ငန်းကြီးထွားမှုများကို ဆက်လက် ထိန်းသိမ်းရန်အတွက် VASEP သည် ရေထွက်ဇုန်ပူးပေါင်းညှိနှိုင်းမှုများ၊ အရည်အသွေး ထိန်းချုပ်မှု တင်းကြပ်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အမေရိကန်အခွန်များနှင့် နည်းပညာဆိုင်ရာအခက်အခဲများကို ချိုးဖောက်မှုများမှ တစ်ဆင့် ဖြေရှင်းချက်များကို ရှာဖွေသွား မည်ဖြစ်ကြောင်း သိရပါသည်။

Source: Vietnam Plus                                                                

DOCA (ရန်ကုန်)

အောက်တိုဘာလ ၁ ရက်နေ့မှ စတင်တင်သွင်းခဲ့သော ဆေးဝါးများအပေါ်တွင် အခွန် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု အမေရိကန်သမ္မတ Donald Trump ပြောကြား

      အမေရိကန်သမ္မတ Donald Trump သည် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အမေရိကန် နိုင်ငံအနေဖြင့် ၎င်းတို့နိုင်ငံတွင် ကုမ္ပဏီမှ စက်ရုံများမတည်ဆောက်ခင်အထိ အမေရိကန်နိုင်ငံသို့ အောက်တိုဘာလ ၁ ရက်နေ့မှ စတင်တင်သွင်းခဲ့သော ဆေးဝါးများအပေါ်တွင် အခွန် ၁၀၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ Trump က အခွန်လွတ် ငြိမ်းခွင့်သည် အမေရိကန်နိုင်ငံတွင် စတင်တည်ဆောက်နေသော ကုမ္ပဏီများအပေါ်တွင် သက်ရောက် မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ကြေညာချက်သည် Trump ၏ အစောပိုင်းကာလ ကုန်တင်ကားများအပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် မီးဖိုချောင်သုံး၊ ရေချိုးခန်းပစ္စည်းများ အပေါ် အခွန် ၅၀ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည့်ဟု ကြေညာမှု အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ် ကြောင်း သိရပါသည်။ Trump က အမေရိကန်နိုင်ငံသို့ တင်သွင်းခဲ့သော ဆေးဝါးများအပေါ် ကနဦးတွင် အခွန် ၁၀၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပြီး ၁ နှစ်အတွင်း ၁၅၀ ရာခိုင်နှုန်း တိုးမြှင့်သွားမည်ဖြစ်ကော နောက်ပိုင်းတွင် ၂၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့ပါသည်။

Source: Nation Thailand                                                            

DOCA (ရန်ကုန်)

ဗီယက်နမ်၏ မော်တော်ကားတင်သွင်းမှု ၈ လအတွင်းတွင် စံချိန်တင်မြင့်တက်

      ဗီယက်နမ်နိုင်ငံ၏ တပ်ဆင်ပြီးသာ မော်တော်ကားများ၏ တင်သွင်းမှု တန်ဖိုးသည် ယခုနှစ် တွင် ပထမ ၈ လ အတွင်း အမေရိကန်ဒေါ်လာ ၃.၀၂ ဘီလီယံဖြင့် စံချိန်တင်မြင့်တက်ခဲ့ကြောင်း နေ့စဉ်ထုတ် Nhan Dan က အကောက်ခွန်ဌာန၏ အချက်အလက်များအရ စက်တင်ဘာလ ၂၆ နေ့က ထုတ်ပြန်ခဲ့ပါသည်။

  အဆိုပါကာလအတွင်း နိုင်ငံအတွင်းတွင် တပ်ဆင်ပြီးသော မော်တော်ကား ၁၃၇၈၂၁ စီး တင်သွင်းခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ ထိုင်ခုံ ၉ ခုံအောက်ပါသော ကားများသည် အများဆုံးဖြင့် ယူနစ်ပေါင်း ၁၀၄၀၀၀ ကျော်ဖြင့် ယခင်နှစ်ကထက် ၁၉.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ခရီးသည်ယာဉ်များ တင်သွင်းမှုသည် ဇန်နဝါရီလမှ သြဂုတ်လအထိ ၉၅.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယူနစ်ပေါင်း ၁၇၇၅၆ စီး အထိ ရောက်ရှိခဲ့ပါသည်။

    သြဂုတ်လတစ်ခုတည်းတွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၃၆၃ သန်း တန်ဖိုးရှိသော တပ်ဆင်ပြီးစီးသော မော်တော်ကား ၁၆၂၇၄ စီးတင်သွင်းခဲ့ပါသည်။ တင်သွင်းမှု အများဆုံးမှာ အင်းဒိုနီးရှား၊ ထိုင်း၊ တရုတ်၊ နိုင်ငံတို့မှ ဖြစ်ကြောင်း ဗီယက်နမ်အကောက်ခွန်ဌာန၏ အဆိုအရ သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

တိုကျို၏ အခြေခံစားသုံးသူဈေးနှုန်းများ စက်တင်ဘာလတွင် ၂.၅ ရာခိုင်နှုန်း မြင့်တက်

     တိုကျို၏ အခြေခံစားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် စက်တင်ဘာလတွင် ယခင်နှစ်ကထက် ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စက်တင်ဘာလ ၂၆ ရက်နေ့ထုတ်ပြန်ပြော အစိုးရ၏ အချက်အလက်များအရ သိရှိရပါသည်။

     အဆိုပါညွှန်းကိန်းသည် ၂၀၂၀ ခုနှစ် အခြေခံ ၁၀၀ နှင့် နှိုင်းယှဉ်လျှင် ၁၁၀.၀ တွင်ရှိပြီး သြဂုတ်လနှင့် တူညီသော တိုးတက်မှုနှုန်းကို ပြသနေကြောင်း အချက်အလက်များအရ သိရှိရပါ သည်။

     စားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့ပြီး ပြုပြင်ထားသောစားသောက်ကုန် များ ၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ယင်းသို့ မြင့်တက်ရခြင်းမှာ ဆန်(၄၆.၈ ရာခိုင်နှုန်း)၊ ချောကလက် (၅၃.၈ ရာခိုင်နှုန်း) နှင့် ကော်ဖီစေ့ (၄၇.၈ ရာခိုင်နှုန်း) တို့ သိသိသာသာ မြင့်တက် ခဲ့ခြင်းကြောင့် ဖြစ်းပါသည်။

     ဈေးနှုန်းမြင့်တက်မှုကို ကာမိစေရန် တိုကျိုမြို့တွင် စက်တင်ဘာလ တစ်ရက်နေ့တ၌ ကလေးထိန်းကျောင်းစရိတ် ကင်းလွတ်ခွင့် အစီအစဉ်ကို တိုးချဲ့ပြီးနောက် မူကြိုကျောင်းစရိတ် ၆၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

    တိုကျိုမြို့၏ စားသုံးသူဈေးနှုန်းညွှန်းကိန်း CPI ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးနှုန်းလမ်းကြောင်းများကိုပြသသော အညွှန်းကိန်းအဖြစ် ရှုမြင်ကြကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                

 DOCA (ရန်ကုန်)

အာဖကန်နစ္စတန်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ၆ လအတွင်း ၃၀ ရာခိုင်နှုန်းတိုးတက်လာ

      အာဖကန်နစ္စတန်နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ၆ လအတွင်း အမေရိကန်‌ ဒေါ်လာ ၆.၇၈၃ ဘီလီယံသို့ ရောက်ရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၃၀ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ဒေသတွင်းမီဒီယာ TOLOnews က စက်တင်ဘာလ ၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

   နိုင်ငံ၏ အဓိက တင်ပို့ကုန်များမှာ စပျစ်ခြောက်၊ သဖန်းသီး၊ ဝါဂွမ်း၊ မက်မွန်သီးခြောက်၊ saffron၊ သစ်အယ်သီး၊ စပျစ်သီး၊ အရက်နှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ကြောင်း စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad က ပြောကြားခဲ့ပါသည်။

     အဆိုပါကုန်ပစ္စည်းများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကာဇက်စတန်၊ တာ့ခ်မင်နစ္စတန်နှင့် အီရတ်နိုင်ငံများသို့ အဓိက တင်ပို့ကြောင်း သိရှိရပါသည်။

      ဤကာလအတွင် ပို့ကုန်စုစုပေါင်း ဒေါ်လာ ၇၄၈ သန်းရှိပြီး ရမန်နှစ်ထက် ၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ဗီယက်နမ်နိုင်ငံ ရေထွက်ကုန်ပစ္စည်းများတင်ပို့မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသို့ ရောက်ရှိရန်ဦးတည်နေ

     အမေရိကန်နိုင်ငံ၏ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံသို့ ရောက်ရှိရန် ရှိနေသော်လည်း အထူးသဖြင့် အမေရိကန်၏ ကုန်သွယ်မှုနှင့် နည်းပညာဆိုင်ရာအတားအဆီးများ မြင့်မာလာခြင်းကြောင့် တင်ပို့သူမျာသည် ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ခြင်းနှင့် တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်းသို့ ဦးတည်ပြောင်းလဲ လျက်ရှိပါသည်။

          အကောက်ခွန်အချက်အလက်များအရ ဗီယက်နမ်၏ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုူသည် သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၁.၁၂ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်ထက် ၁၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကာ ကမ္ဘာဈေးကွက်မတည်ငြိမ်မှုများကို ကျော်လွှားနိုင်ခဲ့ပါသည်။ ဇန်နဝါရီလမှ သြဂုတ် လအထိ တင်ပို့မှုသည် ၁၆.၇ ရာခိုင်နှုန်း တိုးတက်၍ အမေရိကန်ဒေါ်လာ ၇.၃၄ ဘီလိယံသို့ ရောက်ရှိခဲ့သည်။ ပုဇွန်နှင့် ဂဏန်းများ အများအပြားဖမ်းမိခြင်း၊ ငါးမျိုးများပြန် လည်ဝင်ရောက်လာခြင်း၊ ပြည်ကြီးငါး၊ ရေဘဝဲ၊ ခုံး များမှ အမြတ်အစွန်းအများ အပြားရရှိခဲ့ ပါသည်။ တူနာငါးမှာ ထောက်ပံ့ရေး နှင့် ‌ဝယ်လိုအားပြတ်တောက်မှုကြောင့် အမြတ်နည်းခဲ့ ပါသည်။

          ထိပ်တန်းဝယ်ယူသည့် နိုင်ငံများတွင် CPTPP နိုင်ငံများ၊ တရုတ်နှင့် အမေရိကန်တို့ပါဝင်ပြီး ထိုနိုင်ငံများသို့ ၈ လ အတွင်း ဒေါ်လာ၂၃၄ သန်းအထိ ၃.၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ ဥရောပသမဂ္ဂနှင့် ကိုရီးယားနိုင်ငံတို့သည်လည်း ပုံမှန်ဝယ်ယူသူများ ဖြစ်ကြပါသည်။

          အခက်အခဲများကို ကျော်လွှာရန်အတွက် ဗီယက်နမ်နိုင်ငံမှ တင်ပို့သူများသည် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိကတို့ကို တင်ပို့ရန်ပစ်မှတ်ထားလာကျပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိ စေရန် တန်ဖိုးမြှင့်ထုတ်ကုန်များကို နှစ်ဆတိုးထုတ်လုပ်ခဲ့ကြောင်းသိရပါသည်။

          နိုင်ငံအနီးရှိ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား၊ စင်္ကာပူ ကဲ့သို့သော ဈေးကွက်များသည်လည်း သယ်ယူစရိန်လျော့နည်းခြင်း၊ အရသာတူခြင်းတို့ကြောင့် တန်ဖိုးနည်းငါးများကို ဝယ်ယူလျက်ရှိပါ သည်။Eurostat ၏ ခန့်မှန်းချက်အရ ဥရောပသမဂ္ဂ၏ ပုဇွန်တင်သွင်းမှုသည်၂၀၂၅ ခုနှစ်တွင် တန်ချိန် ၄၀၀၀၀၀ တင်သွင်းခဲ့ပြီး နှစ်ပေါင်းများစွာအတွင်း အများဆုံးဖြစ်ကာ ဗီယက်နမ်ကို အမြတ်အစွန်း များစွာ ရရှိစေခဲ့ကြောင်းသိရှိရပါသည်။

Source : Vietnam Plus                                                                      

 DOCA (ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ