ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် EV အားသွင်းစခန်းပေါင်း ၆၃၀၀၀ တည်ဆောက်နိုင်ရန် ရည်ရွယ်လျှက်ရှိ

          အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံအတွင်း၌ EV အားသွင်းစခန်းပေါင်း ၆၃၀၀၀ တည်ဆောက်သွားရန်စီစဥ်ထားပြီး ထိုနှစ်တွင် EV ကားအစီးရေ ၉၄၃၀၀၀ အထိတိုးလာစေရန် ရည်ရွယ်ထားကြောင်း စွမ်းအင်နှင့် သတ္တုရင်းမြစ်ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

          နိုင်ငံပိုင်စွမ်းအင်ကုမ္ပဏီ PT PLN ၏အချက်အလက်များအရ အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိ တွင် နိုင်ငံအတွင်း၌ အားသွင်းစခန်းပေါင်း ၃၂၃၃ ခုရှိသည်။ အားသွင်းစခန်းများကို တိုးချဲ့ခြင်းသည် တင်သွင်းလာသော လောင်စာဆီအပေါ်မှီခိုအားထားမှုကို လျှော့ချရန်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အဖြစ်အသွင်ကူးပြောင်းမှုကို အရှိန်မြှင့်တင်ရန်ရည်ရွယ်ခြင်းဖြစ် ကြောင်း လျှပ်စစ်ဝန်ကြီး ဌာန၏ညွှန်ကြားရေးမှူးချုပ် Jisman Hutajulu က ပြောကြားခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ၏ လောင်စာဆီသုံးစွဲမှုသည် လက်ရှိတွင်တစ်နေ့လျှင် ပျမ်းမျှစည်ပေါင်း ၁.၄ သန်းရှိပြီးပြည်တွင်း ထုတ်လုပ်မှုသည် စည်ပေါင်း ၆၀၀၀၀၀ ခန့်သာရှိသည်။ EV အားသွင်း စခန်းများထပ်တိုးလာခြင်းသည် နိုင်ငံအတွက်တစ်နေ့လျှင် စည်ပေါင်း ၆၆၀၀၀ အထိသက်သာ စေရန်မျှော်လင့်ထားသည်။

          EV များနှင့် အားသွင်းအခြေခံ အဆောက်အအုံများကို တိုးမြင့်အသုံးပြုခြင်းသည် စီးပွားရေး အကျိုးအမြတ်များပေးသည့်အပြင် နှစ်စဉ်ဥCO2 ဓာတ်ငွေ့ထုတ်လွှတ်မှုကို တန်ချိန်တစ်သန်းအထိ လျှော့ချနိုင်မည်ဟု ခန့်မှန်းထားကြောင်း Jisman  ကပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

ဘီလာရုစ်နိုင်ငံ၏ GDP သည် ၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် ၃.၇ ရာခိုင်နှုန်းတက်လာခဲ့

          ဘီလာရုစ်နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန်သည် ၂၀၂၅ ဇန်နဝါရီလတွင် ရူဘယ် ၂၀.၅ ဘီလီယံ(အမေရိကန်‌ဒေါ်လာ ၆.၂၅ ဘီလီယံ) သို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၇ ရာခိုင်နှုန်းတိုးလာကြောင်းနိုင်ငံ၏ အမျိုးသားစာရင်းအင်းကော်မတီက ဖေဖော်ဝါရီ ၁၈ ရက်နေ့က ပြောကြားခဲ့သည်။

          ထို့အပြင် GDP deflation အညွှန်းကိန်းသည် ယမန်နှစ်အလားတူကာလနှင့် နှိုင်းယှဥ်ပါက ဇန်နဝါရီလတွင် ၁၀၈.၁ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ကြောင်း ကော်မတီ၏ အဆိုအရသိရသည်။

          ၂၀၂၄ ခုနှစ်တွင် ဘီလာရုစ်၏ စီးပွားရေးသည် ၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အစိုးရခန့်မှန်း ထားသည်ထက် ၀.၂ ရာခိုင်နှုန်းပိုမိုတိုးတက်ခဲ့ကြောင်းသိရသည်။

DOCA(ရန်ကုန်)

ပြင်သစ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ဇန်နဝါရီတွင် ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ပြင်သစ်နိုင်ငံ၏ စားသုံးသူစျေးနှုန်းညွှန်းကိန်း (CPI) သည် ဇန်နဝါရီလတွင် တစ်နှစ်ထက် တစ်နှစ် ၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ပြင်သစ်အမျိုးသား စာရင်းအင်းနှင့်စီးပွားရေး လေ့လာ ရေးသိပ္ပံ (INSEE) က ဖေဖော်ဝါရီလ ၁၈ ရက်နေ့ တွင်ထုတ်ပြန်ကြေညာခဲ့သည်။

ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းသည် ဝန်ဆောင်မှုနှင့် စွမ်းအင်ဆိုင်ရာ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ထုတ်လုပ်မှုကုန်ပစ္စည်းဈေးနှုန်းများပြန်လည်ကောင်းမွန်လာခြင်း တို့ကြောင့် ဖြစ်သည်ဟု INSEE က ၎င်း၏ နောက်ဆုံး အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင်၊ ထုတ်လုပ်မှုတန်ဖိုးများသည် ယခင်လတွင် ၀.၄ ရာခိုင်နှုန်း ကျဆင်းပြီး နောက် ၀.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင်ထုတ်ပြန်ခဲ့သည့် စီးပွားရေးခန့်မှန်းချက်တစ်ခုတွင် ပြင်သစ်ဗဟိုဘဏ်မှ Banque de France က နိုင်ငံ၏ငွေကြေး ဖောင်းပွမှုသည် ၂၀၂၅ ခုနှစ်တွင် နှစ်စဉ်ပျမ်းမျှ ၁.၆ ရာခိုင်နှုန်းသို့ ထပ်မံကျဆင်း သွားလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။

DOCA(ရန်ကုန်)

 

ဇမ်ဘီယာသည် ကျောက်မျက်ရတနာများအပေါ် တင်ပို့ခွန်ကို ဆိုင်းငံ့ထား

ဇမ်ဘီယာအစိုးရသည် ကျောက်မျက်ရတနာများနှင့် မြတို့ကို ပြန်လည်စတင်ရောင်းချ ခြင်း နှင့်ပတ်သက်၍ စျေးကွက်ကစားသမားများ မကျေမနပ်ဖြစ်ပြီးနောက် တင်ပို့ခွန်ကို ဆိုင်းငံ့လိုက် ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့က ကြေညာခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီး Felix Nkulukusa က ပြည်တွင်းထုတ်လုပ်သူများကို ကမ္ဘာ့ဈေးကွက်တွင် လေလံပွဲများနှင့် ရောင်းချမှု များအတွင်း ပိုမိုထိရောက်စွာ ယှဉ်ပြိုင်နိုင်စေရန် ၁၅ ရာခိုင်နှုန်း အခွန်ဆိုင်းငံ့ခြင်း ဥပဒေဆိုင်ရာ စာရွက်စာတမ်း တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့သည်။ "အထက်ပါအတိုင်းအတာအရ ဇမ်ဘီယာအဖိုးတန်ကျောက်များနှင့် သတ္တုများကို ယခုအခါ ကမ္ဘာ့ဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတကာဝယ်လက်များထံမှ စိတ်ဝင်စားမှုပိုမိုရရှိ လာကာ အရောင်းပမာဏ ပိုမိုမြင့်မား လာကာ ကဏ္ဍတွင် စီးပွားရေးလုပ်ဆောင်မှုများ တိုးပွား လာစေမည်" ဟု ၎င်းက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုင်းတာမှုသည် အဖိုးတန်ကျောက်မျက်ရတနာများနှင့် သတ္တုတူးဖော် ရေးတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိလာစေရန်၊ အလုံးစုံ ဓာတ်သတ္တုထုတ်လုပ်မှုကို မြှင့်တင်ရန်နှင့် အမျိုးမျိုးကွဲပြားသော ပို့ကုန်များမှတစ်ဆင့် နိုင်ငံ၏ နိုင်ငံခြားငွေကို တိုးမြင့်လာစေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ မျှော်မှန်းထားသော အကျိုးကျေးဇူးများကို သေချာစေရန် အစိုးရက တိုင်းတာမှု၏ အကျိုးသက်ရောက်မှုကို တင်းကြပ်စွာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

 

တူရကီနိုင်ငံ၏ မော်တော်ယာဥ်လုပ်ငန်းများသည် ၂၀၂၅ ခုနှစ်ဇန်နဝါရီလတွင် ထုတ်လုပ်မှုနှင့် ရောင်းအား ကျဆင်းလာခဲ့

တူရကီနိုင်ငံ၏မော်တော်ယာဥ်လုပ်ငန်းသည် ယမန်နှစ်အလားတူလနှင့် နှိုင်းယှဉ်ပါက ဇန်နဝါရီတွင် ထုတ်လုပ်မှုနှင့်စျေးကွက်စွမ်းဆောင်ရည် ကျဆင်းသွားကြောင်း မော်တော်ကား လုပ်ငန်းအဖွဲ့ (OSD) က ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ OSD ၏ လစဉ် အစီရင်ခံစာအရ ဇန်နဝါရီလတွင် စုစုပေါင်းထုတ်လုပ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၁၀၅,၃၉၇ ယူနစ်အထိကျဆင်းခဲ့သည်။ ခရီးသည်တင်ကားထုတ်လုပ်မှုမှာ ၁ ရာခိုင်နှုန်း အနည်းငယ် တိုးလာပြီး အစီးရေ ၆၇၇၉၅ စီးအထိ တိုးလာသော်လည်း အပေါ့စား လုပ်ငန်းသုံးကားများ ထုတ်လုပ်မှုမှာ ၃ ရာခိုင်နှုန်း ကျဆင်းသွားကာ အကြီးစားလုပ်ငန်းသုံး မော်တော်ယာဉ်ထုတ်လုပ်မှု သိသိသာသာ ၅၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ စုစုပေါင်းရောင်းအား ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၇၀၄၁၂ ယူနစ်အထိ စျေးကွက်ကျဆင်းခဲ့သည်။ ခရီးသည်တင်ကား ဈေးနှုန်းမှာ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး နှိုင်းယှဉ်ကြည့်ပါက လုပ်ငန်းသုံးယာဉ်ဈေးကွက် သည် ၂၂ ရာခိုင်နှုန်းကျဆင်းသွားကာ အကြီးစားလုပ်ငန်းသုံးယာဉ်များ ရောင်းအား ၃၈ ရာခိုင်နှုန်းနှင့် အပေါ့စားယာဉ်ရောင်းချမှု ၁၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ ပြည်တွင်းတွင် ကျဆင်းနေသော် လည်း စုစုပေါင်း မော်တော်ယာဥ် တင်ပို့မှုမှာ နှစ်စဉ်အစီးရေ ၄ ရာခိုင်နှုန်း တိုးလာသည်။ Forbes Türkiye တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆောင်းပါးအရ တူရကီမော်တော်ယာဥ်လုပ်ငန်းသည် ဥရောပဈေးကွက်တွင် ထုတ်လုပ်မှုစွမ်းရည်ကျဆင်းမှု ကြောင့် ၂၀၂၅ ခုနှစ်တွင် သိသာထင်ရှား သောအန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သောကြေငြာ ချက်တစ်ခုတွင် OSD ဥက္ကဌ Cengiz Eroldu သည် ကျုံ့နေသောဥရောပစျေးကွက်မှ ပိုလျှံသော ကားများကို တူရကီသို့ပြန်ညွှန်းနိုင်ပြီး ၂၀၂၅ ခုနှစ်တွင် ပြည်တွင်းစျေးကွက်နှင့်ထုတ်လုပ်မှုကို အပျက်သဘောဆောင်သော အကျိုး သက်ရောက်မှုရှိနိုင်သည်ဟု သတိပေးခဲ့သည်။ ၂၀၂၄ ခုနှစ် တွင် တူရကီမော်တော်ယာဉ် လုပ်ငန်းသည် ထုတ်လုပ်မှုတွင် သိသိသာသာကျဆင်းမှုကို ကြုံတွေ့ခဲ့ရပြီး စုစုပေါင်းထုတ်လုပ်မှု သည် အစီးရေ ၁.၄၁ သန်းအထိ ခုနစ်ရာခိုင်နှုန်းကျဆင်း သွားခဲ့သည်။ သို့သော်လည်း ပို့ကုန်စွမ်းဆောင်ရည် အားကောင်းနေဆဲဖြစ်ပြီး ကဏ္ဍသည်ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇.၂ ဘီလီယံ ရရှိကာ ယခင်နှစ်ထက် ၆ ရာခိုင်နှုန်း တိုးလာသည်ဟု OSD မှ သိရသည်။

DOCA(ရန်ကုန်)

ကုန်သွယ်ရေးနှင့်စီးပွားရေး ဆက်လက်ကြီးထွားရန် အင်ဒိုနီးရှား အကောင်းမြင်သုံးသပ်

          အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေးဝန်ကြီး Budi Santoso ကအစိုးရသည် နိုင်ငံ၏ကုန်သွယ် ရေးနှင့် စီးပွားရေး ဆက်လက်ကြီးထွားမည်ဟု အကောင်းမြင်လျှက်ရှိပြီး နိုင်ငံသည် ၅၆ လ ဆက်တိုက် ကုန်သွယ်ရေးပိုငွေရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ သည် ပိုမိုရှုပ်ထွေးကွဲပြားလာသော်လည်း အင်ဒိုနီးရှား၏ကုန်သွယ်ရေးမျှချေသည် ၂၀၂၀ ခုနှစ် မေလမှစ၍ လစဉ်ကုန်သွယ်ရေးပိုငွေရရှိခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားနိုင်ငံအလုပ်ရှင် အသင်းက ဂျကာတာမြို့တွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကကျင်းပခဲ့သည့်  CEO တွေ့ဆုံပွဲတွင် ဝန်ကြီးသည် စီးပွားရေးလုပ်ငန်းရှင်များအား ၎င်းတို့ဝန်ကြီးဌာန၏ပရိုဂရမ်များကို ပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ပရိုဂရမ်များတွင် ပြည်တွင်းဈေးကွက်အာမခံချက်ရှိစေရေး၊ ပို့ကုန်တိုးချဲ့ခြင်းနှင့် MSME လုပ်ငန်းများအသားပေးပို့ကုန် မြှင့်တင်ခြင်းတို့ပါဝင်ကြောင်း သိရ ပါသည်။ ဝန်ကြီးက ပြည်တွင်းဈေးကွက်အာမခံချက်ရှိရေးပရိုဂရမ်အောက်တွင်  ၎င်း၏ဝန်ကြီး ဌာနသည် ပြည်တွင်းဈေးကွက်ကိုကာကွယ်ရန် ပို့ကုန်-သွင်းကုန်မူဝါဒများကို ဖော်ထုတ်ရန် တွန်းအားပေးဆောင်ရွက်နေကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည် ပြည်ပရင်းနှီးမြှုပ်နှံသူများ ကိုဆွဲဆောင်မည့် ပြည်တွင်းစီးပွားရေးဝန်းကျင်ဖန်တီးရန်၊ ပြည်တွင်းထုတ်ကုန်များ၏ ယှဉ်ပြိုင် နိုင်စွမ်းမြှင့်တင်ရေးကူညီပေးရန်နှင့် ပြည်တွင်းလုပ်ငန်းများကို ကာကွယ်ရန်မူဝါဒများကို ရှာဖွေ သွားမည်ဟု သိရပါသည်။ ပို့ကုန်ဈေးကွက်တိုးချဲ့မှုနှင့်ပတ်သတ်၍ ဝန်ကြီးက မူဝါဒများ၏ ဦးတည်ချက်သည် ကုန်သွယ်‌ရေးသဘောတူညီချက်ဆွေးနွေးမှုများပြီးမြောက်မှုအရ ကုန်သွယ်ရေး အတားအဆီးများဖြေလျှော့ရန်နှင့်  ဈေးကွက်လမ်းကြောင်းဖွင့်လှစ်နိုင်ရန် ဖြစ်ကြောင်း သိရ ပါသည်။ လက်ရှိအချိန်ထိ အင်ဒိုနီးရှားသည် ကုန်သွယ်ရေးသဘောတူညီချက် ၁၉ ခုအကောင် အထည်ဖော်လျှက်ရှိပြီး ၁၀ ခုမှာလက်မှတ်ရေးထိုးပြီးဖြစ်ကာ ၁၆ ခုမှာညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်တွင်ရှိကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် MSME အသားပေးပို့ကုန်မြှင့်တင် နိုင်ရေးအတွက် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ထုတ်ကုန်ဖွံ့ဖြိုး တိုးတက်ရန်နှင့် ပို့ကုန်များမြှင့်တင်ရန် များစွာသောကနဦးဆောင်ရွက်မှုများကို လုပ်ဆောင် လျှက်ရှိကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

အစိမ်းရောင်စွမ်းအင်နှင့် သတ္တုတူးဖော်ခြင်းတို့တွင် ဗီယက်နမ်နှင့်ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန်ကနေဒါကြိုးပမ်း

          ကနေဒါ၏ Saskatchewan ပြည်နယ်သည် ကုန်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ပြည့်ဖြိုးမြဲ စွမ်းအင်၊ သတ္တုတူးဖော်ခြင်းနှင့် လုပ်သားထုလေ့ကျင့်ခြင်း တို့တွင် ဗီယက်နမ်နှင့် ပူးပေါင်း ဆောင်ရွက်မှုနက်ရှိုင်းရန် ကြိုးပမ်းလျှက်ရှိကြောင်းသိရပါသည်။ ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဒုတိယဝန်ကြီးဖြစ်သူ Nguyen Hoang Long နှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟနွိုင်းတွင်ကျင်းပပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် Saskatchewan ပြည်နယ်၏ ကုန်သွယ်ရေး နှင့်ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဖြစ်သူ Warren Kaeding ကဗီယက်နမ်၏ စီးပွားရေး လုပ်ငန်းစဉ်များကိုချီးမွမ်းခဲ့ပြီး ပြည်နယ်နှင့်ဗီယက်နမ်ကြား အပြန်အလှန် အကျိုးအမြတ်ရရှိခဲ့မှုများကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။ အစဉ်အလာ ကဏ္ဍများကိုကျော်လွန်၍ Saskatchewan ပြည်နယ်သည် ပြည့်ဖြိုးမြဲစွမ်းအင်၊ သတ္တုတူးဖော်ခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းတို့တွင် ဗီယက်နမ်နှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ဆန္ဒရှိနေကြောင်း သိရပါသည်။ Long က နှစ်နိုင်ငံ၏ တံခါးဖွင့်ထားသောစီးပွားရေးမူဝါဒများ၊ အင်ဒို-ပစိဖိတ်မဟာ ဗျူဟာအောက်ရှိ ကနေဒါ၏ ဈေးကွက်ကွဲပြားရန်ကြိုးပမ်းမှု၊ နှစ်နိုင်ငံကြားစီးပွားရေးဆက်နွယ်မှု တို့အပေါ် ၎င်း၏အမြင်ကို ဖော်ပြခဲ့ပါသည်။ နှစ်ဖက်စလုံးသည် ပူးပေါင်းဆောင်ရွက်မှုစာရွက် စာတမ်းလက်မှတ် ရေးထိုးရန် ဆွေးနွေးခဲ့ကြပြီး အသေးစိတ်အချက်အလက်များလုပ်ဆောင်ရန်  လုပ်ထုံးလုပ်နည်း ဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းရန်သဘောတူညီခဲ့ကြောင်း သိရပါသည်။ ယခုဆွေးနွေး မှုသည် အစိုးရအဆင့်နှင့်ပြည်နယ်အဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေး ပူးပေါင်း ဆောင်ရွက်ရန်ရည်ရွည်ပြီး ၂၀၂၄ ခုနှစ် မတ်လက ဟနွိုင်းမြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် ဗီယက်နမ်-ကနေဒါပူးတွဲစီးပွားရေးကော်မတီ ဒုတိယအပိုင်းဆွေးနွေးမှုမှတစ်ဆင့် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ Saskatchewan ပြည်နယ်သည် ကနေဒါနိုင်ငံ၏ တတိယ အကြီးမားဆုံးပြည်နယ်ဖြစ်ပြီး ပဥ္စမမြောက်စီးပွားရေးအကြီးမားဆုံးပြည်နယ်ဖြစ်ကြောင်း သိရ ပါသည်။ ပြည်နယ်သည် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္တုလုပ်ငန်းများနှင့်ပတ်သတ်၍ လူသိများကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ယခုနှစ်တွင် ဗီယက်နမ်၏ အဓိကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတင်ပို့မှုကြီးထွားမှု ဆက်လက်ထိန်းသိမ်းနိုင်ရန် မျှော်လင့်ရ

          ၂၀၂၄ ခုနှစ်တွင် တင်ပို့မှုအထင်ကြီးဖွယ်ကြီးထွားမှုရရှိပြီးနောက် ၂၀၂၅ ခုနှစ်တွင်လည်း ဗီယက်နမ်၏ အဓိကစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့မှုကြီးထွားမှု ဆက်လက်ထိန်းသိမ်း နိုင်ရန် မျှော်လင့်ရကြောင်း သိရပါသည်။ ယခုနှစ်တွင် ဗီယက်နမ်၏ စိုက်ပျိုးမွေးမြူရေး-သစ်တော-ရေထွက်ကုန် တင်ပို့မှုမှာ ဆက်လက်ကြီးထွားပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄-၆၅ ဘီလီယံ ရရှိရန် ခန့်မှန်းရကြောင်း သိရပါသည်။ ထိုရည်ရွယ်ချက်သည် လွန်ခဲ့သည့်နှစ်က ရရှိခဲ့သည့် ဝင်ငွေ အမေရိကန်ဒေါ်လ ၆၂.၄ ဘီလီယံ ထက်မြင့်မားသည့်အတွက် ဆက်လက်တိုးချဲ့ ရန်အတွက် ကဏ္ဍ၏အလားအလာကို ပြသနေကြောင်း သိရပါသည်။ လတ်တလောတွင် ဆန်၊ ကော်ဖီနှင့် ပင်လယ်စာအစရှိသည့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တင်ပို့မှုမှာ အဓိကကမ္ဘာ့ ဈေးကွက်များတွင် တည်ငြိမ်မှုရှိနေကြောင်း သိရပါသည်။ ယခုနှစ်တွင် ဆန်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ ၆-၆.၅ ဘီလီယံ ရရှိရန်မျှော်လင့်ရပြီး အရည်အသွေးမြင့်သော ဆန်အမျိုးအစားများကို အဓိကတင်ပို့နိုင်ရန်ရည်ရွယ်ထားကြောင်း သိရပါသည်။ ဒူးရင်း၊ ငှက်ပျောသီးနှင့် နဂါးမောက်သီးတို့ပါဝင်သည့် သစ်သီးနှင့်ဟင်းသီး ဟင်းရွက်ကဏ္ဍ တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ၈.၅-၉ ဘီလီယံ ရရှိရန် ခန့်မှန်း ထားကြောင်း သိရပါသည်။ ပုဇွန်၊ Pangasius ငါး နှင့် တန်ဖိုးမြင့်ပြုပြင် ထုတ်လုပ်ထားသည့် ပင်လယ်စာတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀.၅-၁၁ ဘီလီယံ ရရှိရန်ခန့်မှန်းထားကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ နှင့် အမေရိကန်ကဲ့သို့သော အဓိကဈေးကွက်များတွင် ဝယ်လိုအားစဉ်ဆက်မပြတ် ကြီးထွားလာမှု ကြောင့် ပြုပြင်ထုတ်လုပ်ထားသည့် သစ်တင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်ဒေါ်လာ၁၇-၁၈ ဘီလီယံ ရရှိရန် မျှော်မှန်းရကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံပင်လယ်စာတင်ပို့သူများနှင့် ထုတ်လုပ်သူများအသင်း၏ ဒုတိယအထွေထွေအတွင်းရေးမှူးဖြစ်သူ Nguyen Hoai Nam ၏ အဆိုအရ ရေထွက်ကုန်ကဏ္ဍသည် ၂၀၂၅ တွင် ဆက်လက်ကြီးထွားရန်မျှော်လင့်ရပြီး ၂၀၂၂ ခုနှစ်ကရရှိခဲ့သည့် တင်ပို့မှုစံချိန် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ ရရှိရန် အလားအလာရှိကြောင်း သိရပါသည်။ လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်များ၊ ထုတ်ကုန်အရည်အသွေး မြှင့်တင်မှုနှင့် အဆင့်မြင့်ပြုပြင်ထုတ်လုပ်သည့် နည်းပညာများ ကျင့်သုံးမှုတို့သည် ယခုနှစ်တွင် ဗီယက်နမ်၏စိုက်ပျိုးမွေးမြူရေးကဏ္ဍ တင်ပို့မှုဆက်လက် ကြီးထွားစေမည့် အကြောင်းအရာများဖြစ်ကြောင်းသိရပါသည်။ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်‌‌‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးဖြစ်သူ Phung Duc Tien က စိုက်ပျိုးမွေးမြူရေးကဏ္ဍပြန်လည်ဖွဲ့စည်းမှု၊ ထုတ်လုပ်မှုတိုးမြှင့်မှု နှင့် ထိုထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်များသို့ရောင်းချနိုင်မှု၏ အရေးပါမှု ကိုအသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ ဝန်ကြီးဌာနသည်လည်း ထုတ်လုပ်မှုနှင့် စီးပွားရေးမော်ဒယ်များ ဆန်းသစ်တီထွင်မှု ဖွံ့ဖြိုးတိုးတက်ရန်၊ ထုတ်လုပ်သူများကြားပူးပေါင်း‌ ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ကမ္ဘာ့စားသုံးမှု ကွင်းဆက်နှင့်ထုတ်လုပ်မှုချိတ်ဆက်ရန် အဓိကအာရုံ စိုက်ထားကြောင်း သိရပါသည်။ ထို့ပြင် သုတေသန၊ နည်းပညာကူးပြောင်းမှုနှင့် အဆင်မြင့်သိပ္ပံ နည်းကျဆောင်ရွက်မှုအပေါ် အသားပေးရန်လိုအပ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်သည် စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်‌ ရေထွက်ကုန်တင်ပို့မှုမှတစ်ဆင့် စံချိန်တင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၂.၄ ဘီလီယံ ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၉ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကာ အဓိကပို့ကုန်အမျိုးအစား ၇ ခုသည် ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် အသီးသီး ရရှိခဲ့ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)

ဖိလစ်ပိုင်နိုင်ငံ၏ငွေလွှဲမှုသည် ၂၀၂၄ ခုနှစ်တွင်စံချိန်တင်မြင့်တက်ခဲ့

          ဖိလစ်ပိုင်ဗဟိုဘဏ်သည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံရပ်ခြားမှဖိလစ်ပိုင်နိုင်ငံသားများ၏ ကိုယ်ရေး ကိုယ်တာ ငွေလွှဲမှုများသည် အမေရိကန်ဒေါ်လာ ၃၈.၈၄ ဘီလီယံအထိ စံချိန်တင်မြင့်တက်ခဲ့ပြီး နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၈.၄ ရာခိုင်နှုန်းကို ကိုယ်စားပြုပြီး ၂၀၂၃ ခုနှစ်ကထက် ၃ ရာခိုင်နှုန်းတိုးလာကြောင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့ကပြောကြားခဲ့သည်။

          နိုင်ငံရပ်ခြားမှ ဖိလစ်ပိုင်သားများ၏ ကိုယ်ရေးကိုယ်တာ ငွေလွှဲမှုသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တွင် မှတ်တမ်းတင်ထားသည့် ၃.၆၂ ဘီလီယံဒေါ်လာထက် ၃ ရာခိုင်နှုန်းပိုများကြောင်း Bangko Sentral ng Philipinas (BSP) မှပြောကြားခဲ့သည်။

          အမေရိကန်၊ ဆော်ဒီအာရေဗီးယား၊ စင်္ကာပူနှင့် အာရပ်စော်ဘွားများပြည်ထောင်စု တို့မှ ငွေသားလွှဲပြောင်းမှုတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင်ငွေလွှဲမှုများတိုးလာစေရန် အဓိက ပံ့ပိုးပေး ခဲ့သည်ဟု BSP မှပြောကြားခဲ့သည်။

DOCA(ရန်ကုန်)

Microsoft သည် ပိုလန်တွင် အမေရိကန်‌ဒေါ်လာသန်း ၇၀၀ အပိုဆောင်းရင်းနှီးမြုပ်နှံမည်

          ပိုလန်ဝန်ကြီး Donald Tusk နှင့် Microsoft ၏ ဒုတိယ ဥက္ကဌ Brand Smith တို့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ဆုံမှုအပြီး Microsoft မှ ပိုလန်နိုင်ငံတွင် ၂.၈ ဘီလီယံ Polish Zolty (အမေရိကန်‌ဒေါ်လာ သန်း၇၀၀) အားနောက်ထပ်ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတည်ပြုခဲ့ကြောင်း သိရ သည်။ Mozovia တွင် Microsoft ဘက်မှအတည်ပြုခဲ့ကြောင်းသိရသည်။ Mozovia တွင် Microsoft ဘက်မှ အတည်ပြုလိုက်သောရင်းနှီးမြုပ်နှံမှုသည် ၂၀၂၃ ခုနှစ်တွင် ကုန်ဆုံးခဲ့သော ပထမအဆင့်၏ အဆက်ဖြစ်ကြောင်း Tusk က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပြီး ရင်းနှီးမြုပ်နှံမှုသည်နို င်ငံ၏အနာဂတ်လုံခြုံရေး၊ လူငယ်များ၊ စွန့်ဦးတီထွင်သူများနှင့် သိပ္ပံပညာရှင်များကို မြှင့်တင်ပေးရန်  ရည်ရွယ်ထားခြင်းဖြစ်သည်။ Smith ၏ အဆိုအရ စုစုပေါင်းဒေါ်လာသန်း ၇၀၀ ရှိသောရင်းနှီးမြုပ်နှံမှု ခြေလှမ်းအသစ်ကို ယခုမှစတင်ပြီး ၂၀၂၆ ခုနှစ်နွေရာသီအထိအကောင်အထည်ဖော်မည်ဖြစ်သည်။ Microsoft သည်ပိုလန်တွင် Cloud ဒေသတစ်ခုတည်ထောင်ရန် ၂၀၂၀ တွင် ဒေါ်လာ ၁ ဘီလီယံ ရင်းနှီးမြုပ်နှံထားကြောင်း ၎င်းသည် ၂၀၂၃ ခုနှစ်တွင်ပြီးစီးခဲ့ကြောင်းအသစ်ကြေညာထားသော ရင်းနှီး မြှုပ်နှံမှုများသည် ပိုလန်နှင့်ဥရောပ၏ ပိုမိုကျယ်ပြန့်သောဒေသတွင် ကွန်ပျူတာစွမ်းအင်မြှင့်တင်ရန် ရည်ရွယ်သည့် ဒုတိယခြေလှမ်းဖြစ်ကြောင်း Smith ၏အဆိုအရသိရသည်။ ပိုလန်တွင် Microsoft Cloud ဝန်ဆောင်မှုများနှင့် ကွန်ပျူတာစွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုများအား ပိုလန်လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူး‌ပေါင်း၍ ဆိုက်ဘာလုံခြုံရေးကြိုးပမ်းမှုများအတွက်အဓိက အသုံးပြုမည်ဖြစ် ကြောင်းသိရသည်။

DOCA(ရန်ကုန်)

 

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ