ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ဒုတိယသုံးလပတ်တွင် ၅ ရာခိုင်နှုန်းတိုးတက်

       ကင်ညာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် ဒုတိယ သုံးလပတ်တွင် ၅.၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလက ၄.၆ ရာခိုင်းနှုန်းမှ တိုးတက်လာကြောင်း ကင်ညာ အမျိုးသားစာရင်းအင်းဌာန (KNBS) က စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

          ထိုသို့ တိုးတက်မှုသည် သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေး၊ လျှပ်စစ်နှင့် ရေ‌ပေးဝေ ရေး၊ ဘဏ္ဍာရေးနှင့် အာမခံလုပ်ငန်းများ၏ စွမ်းဆောင်ရည်မြင့်တက်မှုကြောင့် ဖြစ်ကြောင်း KNBS ကပြောကြားခဲ့ပါသည်။

          သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ရေးကဏ္ဍသည် ယခင်နှစ်က ၃.၄ ရာခိုင်နှုန်းနှင့်နှိုင်းယှဉ် ပါက ၅.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ မီးရထားပြေးဆွဲမှုနှင့် ဆိပ်ကမ်း ကုန်စည်စီးဆင်းမှု တိုးတက်လာမှုတို့က အထောက်အပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ လျှပ်စစ်နှင့် ရေပေးဝေမှုသည် ၁.၂ ရာခိုင်နှုန်းမှ ၅.၇ ရာခိုင်နှုန်သို့ တိုးတက်ခဲ့ပါသည်။ ဘဏ္ဍာရေး နှင့် အာမခံလုပ်ငန်းများသည် ၉.၆ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ်မှတ်တမ်း တင်ခဲ့ သည့် ၈.၀ ရာခိုင်နှုန်းထက် တိုးတက်မှု နှေးကွေးသွားခဲ့သည်။

          ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် ယခုသုံးလပတ်တွင် ၁.၀ ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး ယခင်နှစ် ၃.၂ ရာခိုင်နှုန်းထက် ကျဆင်းခဲ့သည်။၄င်းကျဆင်းမှုသည် အစားအစာ၊ အဖျော်ယမကာ နှင့် အထည်အလိပ်ထုတ်လုပ်မှု ကျဆင်းခြင်းတို့ကြောင့်ဖြစ်ကြောင်း KNBS က ထုတ်ပြန်ထားပါ သည်။

          သုံးလပတ်အတွင်း ပျှမ်းမျှငွေကြေးဖောင်းပွမှု လျော့ကျခဲ့ကြောင်း၊ အဓိကအားဖြင့် စားသောက်ကုန်နှင့် အဖျော်ရည်ဈေးနှုန်းများ လျော့ကျခဲ့ခြင်းကြောင့် စီးပွားရေးတိုးတက်မှု အတွက် အထောက်အကူပြုခဲ့ကြောင်း KNBS က ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                 

DOCA (ရန်ကုန်)

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ထုတ်လုပ်မှု ကျဆင်းလာခြင်းကြောင့် သြဂုတ်လတွင် အားနည်းလာခဲ့

     ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကုန်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ အပေါ် မှီခိုနေရသော စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများအားနည်းလာခြင်းကြောင့် သြဂုတ်လ တွင် ကျဆင်းလာခဲ့ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

          ထိုင်းဘဏ်၏ ပြောကြားချက်အရ ထုတ်လုပ်မှုလုပ်ငန်း ကျဆင်းနေပြီး မော်တော်ကား၊ အစား အသောက်နှင့် အဖျော်ယမကာ လုပ်ငန်းများတွင် ဝယ်လိုအားကျဆင်းခြင်း၊ ကုန်စည် လက်ကျန်များ မြင့်တက်လာခြင်း၊ စက်ရုံများပြင်ဆင်ခြင်းနှင့် နေရာရွေ့ပြောင်းခြင်း တို့အတွက် စက်ရုံများ ယာယီ ပိတ်ထားကြောင်း သိရှိရပါသည်။

          ပုဂ္ဂလိကစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများသည် တည်ငြိမ်နေသော်လည်း  အီလက်ထရွန်နစ်ပစ္စည်းများထုတ်လုပ်မှုသည် ယခင်လများတွင်အားကောင်းခဲ့ပြီးနောက် ကျဆင်း သွားကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

          ပြည်တွင်း၊ ပြည်ပ ခရီးသွားများထံမှ ဝင်ငွေပိုမိုရရှိခဲ့ခြင်းကြောင့် ခရီးသွားလုပ်ငန်း တိုးတက် လာခဲ့ပါသည်။ ထိုင်းနိုင်ငံသည် ပို့ကုန်များ နှေးကွေးသွားမည်ဖြစ်ပြီး အမေရိကန်၏ အကောက် ခွန်များကြောင့်  စက်မှုလုပ်ငန်းများအပေါ် ဖိအားများ တိုးလာစေမည်ဖြစ်ကြောင်း Chayawadee က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

Source : Xinhua                                                                                

 DOCA (ရန်ကုန်)

          

                            

ဩဂုတ်လတွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံရရှိခဲ့သည့် အင်ဒိုနီးရှား

        Bank Indonesia (BI) က ဩဂုတ်လတွင် နိုင်ငံ၏ ကုန်သွယ်ရေးပိုငွေရရှိမှုကြီးထွားလာ ခြင်းသည် အင်ဒိုနီးရှား၏စီးပွားရေးကြံကြံခံနိုင်မှုဆက်လက်အားကောင်းစေမည့် အပေါင်းလက္ခ ဏာဆောင်သော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Statistics Indonesia (BPS) က ထုတ်ပြန်သည့်အချက်အလက်အရ ဩဂုတ်လတွင် နိုင်ငံသည် စံချိန်တင်ကုန်သွယ်‌ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၅.၄၉ ဘီလီယံ ရရှိခဲ့ကြောင်း သိရပါသည်။ BI ၏ ဆက်သွယ်ရေးဌာန ၏ အမှုဆောင်ဒါရိုက်တာ Ramdan Denny Prakoso ကရှေ့ဆက်၍လည်း BI သည် ကြံကြံခံနိုင် စွမ်း မြှင့်တင်ရန်နှင့် နိုင်ငံတော်စဉ်ဆက်မပြတ်စီးပွားရေးကြီးထွားမှုကိုပံ့ပိုးပေးနိုင်ရန်အတွက် အစိုးရနှင့် အခြားအာဏာပိုင်များနှင့်အတူ မူဝါဒပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ပါသည်။ BPS ကကုန်သွယ်ရေးပိုငွေ ရရှိမှု မြင့်တက်လာခြင်းသည် ရေနံနှင့် ဂတ်စ်မဟုတ်သည့်ကဏ္ဍကြီးထွားလာမှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဩဂုတ်လတွင်ရေနံနှင့် ဂတ်စ်မဟုတ်သည့်ကဏ္ဍသည် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၇.၁၅ ဘီလီယံရရှိခဲ့ပြီး ထိုလတွင် ရေနံနှင့်ဂတ်စ်မဟုတ်သည့် ကဏ္ဍတင်ပို့မှု မှာ အမေရိကန်ဒေါ်လာ ၂၃.၈၉ ဘီလီယံထိရောက်ရှိခဲ့ကြောင်း သိရပါသည်။ ရေနံနှင့်ဂတ်စ် မဟုတ်သည့်ကဏ္ဍတင်ပို့မှု အားကောင်းခြင်းမှာ တိရိစ္ဆာန်နှင့် ဟင်းသီးဟင်းရွက်အဆီများနှင့် ဆီများ၊ မော်တော်ကားနှင့် မော်တော်ကားအစိတ်အပိုင်းများကဲ့သို့သော ကုန်ထုတ်ပစ္စည်းများ တင်ပို့မှုအားကောင်းခြင်းကြောင့်ဖြစ်ကြောင်း သိရပါသည်။ တရုတ်၊ အမေရိကန်နှင့် အိန္ဒိယတို့ သည် အင်ဒိုနီးရှား၏ ရေနံနှင့်ဂတ်စ် မဟုတ်သည့်ထုတ်ကုန်များတင်ပို့မှုတွင် ထိပ်ဆုံးကဦးဆောင် နေကြောင်း သိရပါသည်။ တစ်ချိန် တည်းမှာပင် ရေနံနှင့်ဂတ်စ်တင်သွင်းမှုမှာ တင်ပို့မှုထက် သိသာစွာမြင့်တက်ခဲ့သောကြောင့် ကုန်သွယ်ရေးလိုငွေပြမှုသည် အမေရိကန်ဒေါ်လာ ၁.၆၆ ဘီလီယံ ထိရောက်ရှိခဲ့ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

                                                                                                မြသူ

                                               

ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် CEPA သည် အင်ဒိုနီးရှား၏ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးကို အားကောင်းစေကြောင်း ဝန်ကြီးပြောကြား

     အင်ဒိုနီးရှားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Budi Santoso က ကနေဒါ၊ ဥရောပသမဂ္ဂတို့နှင့် လက်မှတ်ရေးထိုးခဲ့သည့် ဘက်ပေါင်းစုံစီးပွားရေးမိတ်ဖက်သဘောတူညီချက် (CEPA) သည် ကမ္ဘာ လုံးဆိုင်ရာဈေးကွက်တွင် အင်ဒိုနီးရှား၏ကုန်သွယ်ရေးတည်ရှိမှုကို အားကောင်းစေရန် အားထုတ် မှု၏ အစဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ IEU-CEPA (အင်ဒိုနီးရှား-ဥရောပသမဂ္ဂ) ပြီးမြောက်မှု နှင့် ICA-CEPA (အင်ဒိုနီးရှား-ကနေဒါ) လက်မှတ်ရေးထိုးခြင်းသည် လတ်တလောပထဝီနိုင်ငံရေး နှင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးဝန်းကျင် တင်းမာမှုများကြားတွင် နိုင်ငံ၏ကုန်သွယ်ရေးတည်ရှိ မှုကို အားကောင်းစေနိုင်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့ ကကျင်းပခဲ့သည့် ICA-CEPA နှင့် IEU-CEPA မဟာဗျူဟာဖိုရမ်တွင် ပြောကြားခဲ့ပါသည်။၂၀၂၄ ခုနှစ်တွင် အင်ဒိုနီးရှား၏ ကနေဒါသို့ တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံတန်ဖိုးရှိပြီး ဥရောပသမဂ္ဂသို့တင်ပို့မှုမှာ အမေရိကန် ဒေါ်လာ ၃၀ ဘီလီယံရှိကြောင်း သိရပါသည်။ ထိုစီးပွားရေးသဘောတူညီချက်များသည် ကနေဒါ နှင့် ဥရောပသမဂ္ဂသို့ အင်ဒိုနီးရှား၏ တင်ပို့မှု မြင့်တက်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ ဝန်ကြီး က ICA-CEPA သည် မြောက်အမေရိက ဒေသသို့ အင်ဒိုနီးရှား၏ဈေးကွက်ဝင်ရောက်မှုကို တံခါး ဖွင့်လှစ်ပေးနိုင်မည်ဟု အကောင်းမြင် သုံးသပ်လျှက်ရှိကြောင်း သိရပါသည်။ ICA-CEPA ကို ကနေဒါ နိုင်ငံတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အလားအလာ ရှိသော အင်ဒိုနီးရှား ပို့ကုန်များတွင် အဝတ်အထည်များ၊ ဖိနပ်၊ ပရိဘောဂ၊ ပြုပြင်ထားသောအစားအစာများ၊ အီလတ်ထရောနစ်ပစ္စည်းများ၊ မော်တော်ကားဆိုင်ရာအီလတ်ထရောနစ်ပစ္စည်းများနှင့် ငှက်သိုက် တို့ဖြစ်ကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် IEU-CEPA ကို ဘာလီတွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး သဘောတူညီချက်သည် ကုန်စည် နှင့် ဝန်ဆောင်မှုများကုန်သွယ်ရေးနှင့် အင်ဒိုနီးရှားနှင့် ဥရောပသမဂ္ဂကြား ရင်းနှီးမြှုပ်နှံမှုတို့ အပေါ်လွှမ်းခြုံထားကြောင်း သိရပါသည်။ Santoso က ၎င်း၏အဖွဲ့သည် သဘောတူညီချက် အကောင်အထည်ပေါ်ပေါက်ပြီးနောက် လာမည့် ၅ နှစ်အတွင်း ဥရောပသမဂ္ဂသို့ အင်ဒိုနီးရှား၏ တင်ပို့မှု ၂.၅ ရာခိုင်နှုန်းမြင့်တက်ရန် ရည်မှန်းထားကြောင်း သိရပါသည်။ ထိုပို့ကုန်များတွင် စားအုန်းဆီ၊ ကော်ဖီ၊ အဝတ်အထည်၊ ငါးလုပ်ငန်း၊ အီလတ်ထရောနစ်ပစ္စည်းများ၊ ဖိနပ်၊ သစ်တော ထုတ်ကုန်များနှင့် ပရိဘောဂတို့ပါဝင်ကြောင်း သိရပါသည်။

Antara News                                                                             

DOCA (ရန်ကုန်)

Can Tho တွင် သစ်သီးဖျော်ရည်နှင့် ဇီဝလောင်စာစက်ရုံများတည်ထောင်ရန် ကိုရီးယာကုမ္ပဏီများ မျက်စိကျနေ

     ကိုရီးယားနိုင်ငံမှအဓိကလုပ်ငန်း ၂ ခုဖြစ်သည့် Lotte Chilsung Beverage နှင့် SEP Cooperative တို့သည် ဗီယက်နမ်နိုင်ငံ Can Tho မြို့တော်တွင် အကြီးစားစီမံကိန်း ၂ ခုအတွက် ဆန်းစစ်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း သိရပါသည်။ ၎င်းတို့တွင် သစ်သီးဖျော်ရည် ပြုပြင် ထုတ်လုပ်သည့်စက်ရုံနှင့် ကောက်ရိုးနှင့် အခြားစွန့်ပစ်စိုက်ပျိုးရေးထုတ်ကုန်များ အသုံးပြု ၍ ဇီဝ လောင်စာထုတ်လုပ်သည့်စက်ရုံ ပါဝင်ကြောင်း စက်တင်ဘာလ ၃၀ ရက်နေ့က ကျင်းပ သည့် ကိုရီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့နှင့် Can Tho စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာန အကြား အလုပ်သဘော အစည်းအဝေးအရ သိရပါသည်။ Lotte Chilsung Beverage သည် Vietnam-Asia Net Zero Alliance (VANZA) နှင့် မိတ်ဖက်ဖွဲ့၍ တည်ထောင်ရန်စီစဉ်နေသည့် သစ်သီးဖျော်ရည် စက်ရုံကို ကိုရီးယား၊ ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ဂျပန်အစရှိသည့် ဈေးကွက်များကို တင်ပို့ရန် ရည်ရွယ်ထားကြောင်း သိရပါသည်။ တစ်ရက်လျှင် လီတာ ၃၀၀၀၀၀ မှ ၅၀၀၀၀၀ ကြား ထုတ်လုပ် နိုင်စွမ်းရှိသည့် စက်ရုံသည် သစ်တော်သီး၊ သရက်သီး၊ သမင်မျက်လုံးသီး၊ ကျွဲကောသီး၊ ငှက်ပျော သီးနှင့် နဂါးမောက်သီးတို့ပါဝင်သည့် သစ်သီးနေ့စဉ် တန်ချိန် ၆၀၀ မှ ၁၂၀၀ ကြား လိုအပ်မည်ဟု သိရပါသည်။ စီမံကိန်းသည် ဟတ်တာ ၅၀ မှ ၇၀ ကြားလိုအပ်ပြီး ပထမ အဆင့်ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၂၀ မှ ၁၈၀ ကြားနှင့် အပြည့်အဝပြီးမြောက်ရန်အတွက် အမေရိကန်ဒေါ်လာသန်း ၁၅၀ မှ ၂၂၀ ကြားလိုအပ်မည်ဖြစ်ကြောင်း သိရပါသည်။ ထိုစက်ရုံသည် တိုက်ရိုက်အလုပ်အကိုင် ၉၀၀ နှင့် သွယ်ဝိုက်အလုပ်အကိုင် ၂၅၀၀ ဖန်တီးပေးနိုင်မည်ဟု သိရပါ သည်။ SEP Cooperative သည် ကောက်ရိုးနှင့် အခြားစိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများကို အသုံးပြု ကာ ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရပါသည်။ Can Tho စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Le Thanh Thanh က အဆိုပြုချက်များကို ကြိုဆိုခဲ့ပြီး ဆန်စိုက်ခင်း ၅၁၀၀၀၀ ဟတ်တာနှင့် တစ်ဟတ်တာလျှင် ကောက်ရိုး ၂ တန်ထွက်ရှိမှု နှင့်အတူ ပေါများသော ကုန်ကြမ်းများကို ပံ့ပိုးပေးနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ကိုရီးယား ကုမ္ပဏီများသည် နောက် ဆုံးဆုံးဖြတ်ချက်များမချမှတ်မီ အောက်တိုဘာလတွင် ဆန်းစစ်မှုများ ပြုလုပ်မည်ဟု သိရပါသည်။ Can Tho အာဏာပိုင်များသည်လည်း မြို့တော်၏စီးပွားရေးအရှိန် မြှင့်တင်ရန်ရည်ရွယ်၍ သင့်လျော်သောအခြေအနေများနှင့် အကောင်အထည်ဖော်မှုအရှိန်မြှင့်တင် ရန်အတွက် ဥပဒေ မူဘောင်များပံ့ပိုးသွားမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း သိရပါသည်။

Vietnam Plus                                                                            

DOCA (ရန်ကုန်)

Hai Phong မြို့တော်ရှိ အဓိကစီမံကိန်း ၂ ခု၏ ပဏ္ဍပ်ချပွဲအခမ်းအနားကို တက်ရောက်ခဲ့သည့် ဝန်ကြီးချုပ်

    ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ် Pham Minh သည် မြောက်ပိုင်းဆိပ်ကမ်းမြို့တော် Hai Phong မြို့တော်ရှိ Tan Trao စက်မှုဥယာဉ် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း( ပထမ အဆင့်) နှင့် Hai Phong LNG စွမ်းအင်သုံးစက်ရုံတို့၏ ပဏ္ဍပ်ချပွဲအခမ်းအနားကို စက်တင်ဘာလ ၂၆ ရက်နေ့ကတက်ရောက်ခဲ့ကြောင်း သိရပါသည်။ Minh က စီမံကိန်းများသည် ဗီယက်နမ်၏ စီးပွားရေးပြန်လည်ဖွဲ့စည်းရန် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် လျှင်မြန်ပြီး စဉ်ဆက် မပြတ်တိုးတက်မှုမော်ဒယ်ကို ပြန်လည်စတင်မှုနှင့် ချိန်ညှိလျှက်ပေါ်ထွက် လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Tan Trao စက်မှုဥယာဉ်သည် နည်းပညာမြင့် စီမံကိန်း များကို ဆွဲဆောင်နိုင် စွမ်းရှိမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နည်းပညာလွှဲပြောင်းမှု၊ လုပ်သားထု လေ့ကျင့်မှုနှင့် စီမံခန့်ခွဲမှုအလေ့အထများဝေမျှရန် လိုအပ်ကြောင်းသိရပါသည်။ ဝန်ကြီးချုပ်က ဝန်ကြီးများနှင့် အေဂျင်စီများအား Hai Phong နှင့် ရင်းနှီးမြှုပ်နှံသူများအား ပံ့ပိုးရန်အတွက် ဥပဒေလုပ်ငန်းစဉ်များ လျှင်မြန်စွာဆောင်ရွက်ရန် တောင်းဆိုခဲ့ပြီး မြို့တော်သည် လည်းစီမံကိန်းများ အချိန်မီပြီးမြောက် ရန်အတွက် လိုအပ်သောအခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်ရန်နှင့် အုပ်ချုပ်မှုလုပ်ငန်းစဉ်များ လျှင်မြန်စွာဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ Vinhomes Hai Phong Industrial Zone Investment JSC က တည်ထောင်မည့် Tan Trao စက်မှုဥယာဉ်သည် ပထမ အဆင့်တွင် ၂၂၇ ဟတ်တာအကျယ်အဝန်းရှိပြီး ရင်းနှီးမြှုပ် နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၅၃.၈ သန်းရှိ ကြောင်း သိရပါသည်။ ပြီးမြောက်ပါက လျှပ်စစ်နှင့် အီလတ်ထရောနစ်ကုန်ထုတ်လုပ်မှု၊ တယ်လီကွန်များ၊ ဆေးဝါးများ၊ သန့်စင်ပြီးပြည့်ဖြိုးမြဲ စွမ်းအင်တို့ပါဝင်သည့် အဆင့်မြင့်စက်မှု လုပ်ငန်းများကို ဆွဲဆောင်နိုင်ကြောင်း သိရပါသည်။ Vingroup JSC နှင့် VinEnergo Energy JSC တို့ပူးတွဲတည်ထောင်မည့် Hai Phong LNG စွမ်းအင်သုံးစက်ရုံသည် Tan Trao စက်မှုဥယာဉ်တွင် တည်ရှိပြီး ၁၀၀ ဟတ်တာအကျယ်အဝန်း ရှိကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၆.၇၄ ဘီလီယံတန်ဖိုးရှိကြောင်း သိရပါသည်။ ပထမအဆင့်တွင် ၁၆၀၀ မက်ဂါဝပ်နှင့် ဒုတိယအဆင့်တွင် ၃၂၀၀ မက်ဂါဝပ်ပါဝင်ပြီး စုစုပေါင်း ၄၈၀၀ မက်ဂါဝပ်စွမ်းအင်ထုတ်လုပ်နိုင် သည့်ထို စက်ရုံသည် ၂၀၃၀ ခုနှစ်နောက်ပိုင်း တွင် စတင်လည်ပတ်မည်ဖြစ်ကြောင်း သိရပါသည်။

Vietnam Plus                                                                             

DOCA (ရန်ကုန်)

အိန္ဒိယနိုင်ငံသို့ နေကြာဆီတင်ပို့မှုမြင့်တင်သွားမည့်ရုရှားနိုင်ငံ

    ကမ္ဘာ့ထိပ်တန်းနေကြာဆီထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်သော ရုရှားနိုင်ငံသည် အိန္ဒိယသို့ ၎င်း၏ နေကြာဆီတင်ပို့မှုကိုတိုးမြှင့်ရန် ရည်ရွယ်လျက်ရှိကြောင်း ရုရှားနိုင်ငံ ပိုင် စိုက်ပျိုးရေးပို့ကုန် အေဂျင်စီမှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ စွမ်းအင်များကို အဓိက ဝယ်ယူသူဖြစ်ပြီး ဝယ်ယူမှုများကို ထိန်းချုပ်ရန် အိန္ဒိယနိုင်ငံအပေါ် အမေရိကန်၏ဖိအားပေးမှု များရှိနေသည့်အကြားမှ နှစ်နိုင်ငံသည် နီးကပ်သောဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားလျက်ရှိသည်။ အမေရိကန် သည် အိန္ဒိယနိုင်ငံမှ ကုန်ပစ္စည်းများအပေါ် အခွန် ၅၀ ရာခိုင် နှုန်း စည်းကြပ်ထားသောကြောင့် အိန္ဒိယနိုင်ငံမှ အခြားကုန်သွယ်ဖက်နိုင်ငံများအား ရှာဖွေဆောင်ရွက် နေခြင်းဖြစ်သည်။ ရုရှားနိုင်ငံသည် ၂၀၂၅/၂၆ ရာသီတွင် နေကြာဆီ မတ်ထရစ်တန် ၅ သန်းစံချိန်တင် တင်ပို့ရန် စီစဉ်ထားကြောင်း IKAR ၏အတိုင်အပင်ခံအကြီးအကဲ Dmitry Rylko ၏ အဆိုအရ သိရ သည်။ အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ နေကြာဆီအများဆုံးဝယ်ယူနေသော နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံ နေကြာဆီတင်ပို့မှု စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည်။ ရုရှားနိုင်ငံမှ လယ်သမားအများ အပြားသည် နိုင်ငံ၏ အကြီးဆုံးစိုက်ပျိုးရေး ပို့ကုန်ဖြစ်သော စပါးအား အမြတ်အစွန်းနည်းသည်ဟု ရှုမြင်လာကြ ကာ နေကြာစိုက်ပျိုးခင်းများ ပြောင်းလဲစိုက်ပျိုးလာကြသောကြောင့် ယခုနှစ်တွင် နေကြာသီနှံများ စံချိန်တင် ရိတ်သိမ်းနိုင်ရန်လည်း စီစဉ်ထားလျှက်ရှိကြောင်းသိရသည်။ အိန္ဒိယ နိုင်ငံသည် အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ ပဲပုပ်ဆီနှင့် နေကြာ ဆီတို့ကို တင်သွင်းလျှက်ရှိသည်။ ပဲပိစပ်နှင့် ပန်းနှမ်းဆီ အပါအဝင် ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁၀.၅ သန်းကျော်အထိ ၇.၅ ရာခိုင်နှုန်း တိုးလာမည်ဟု ရုရှားနိုင်ငံ၏ Oil and fats Union အကြီးအကဲ Mikhail Matsev မှ ပြောကြားခဲ့ပြီး ဟင်းသီးဟင်းရွက် ဆီတင်ပို့မှုလည်း စံချိန်တင်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Source : Xinhua                                                                                

  DOCA(ရန်ကုန်)

ဩဂုတ်လတွင် ဂျပန်နိုင်ငံ၏ စတိုးဆိုင်များ ရောင်းအား မြင့်တက်လာ

    ဂျပန်နိုင်ငံရှိ နိုင်ငံတစ်ဝန်းရှိ စတိုးဆိုင်များ၏ ရောင်းအားသည် သြဂုတ်လတွင် တစ်နှစ်ထက် တစ်နှစ် ၂.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ခုနစ်လအတွင်း ပထမဆုံးတိုးလာကြောင်း Japan Department Stores Association မှ စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖော်ပြထားသည်။

    စတိုးဆိုင်များတွင် စုစုပေါင်းရောင်းချမှုပမာဏသည် ယမန်လက ယန်း ၄၁၃.၉ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂.၇၈ ဘီလီယံခန့်) ရှိကြောင်း အချက်အလက်များအရ သိရသည်။ သို့သော် လည်း အခွန်ကင်းလွတ်ရောင်းချမှုမှာ ဆက်လက်ကျဆင်းခဲ့ပြီး ခြောက်လဆက်တိုက် ဆုံးရှုံးမှုအတွက် ယန်း ၄၄.၁ ဘီလီယံအထိ ၄.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

     အကောက်ခွန်မဲ့ ဈေးဝယ်သူအရေအတွက်သည် သြဂုတ်လအတွက် စံချိန်တင် ၄၉၄၀၀၀ သို့ ၈.၉ ရာခိုင်နှုန်း တက်လာခဲ့ပြီး ဖောက်သည်တစ်ဦးလျှင် ပျမ်းမျှအသုံးစရိတ်သည် ၁၂.၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

    နွေရာသီအ၀တ်အထည်၊ အထွေထွေ ကုန်ပစ္စည်းများနှင့် အားလပ်ရက်ရာသီ အတွင်း လက်ဆောင်ဝယ်လိုအားကြောင့် ပြည်တွင်းရောင်းအား ၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ တိုကျို၏ ရပ်ကွက် ၂၃ ခုနှင့် အခြားမြို့ကြီးများတွင် ရောင်းအား ၂.၉ ရာခိုင်နှုန်း တိုးလာပြီး ဒေသတွင်း ရောင်းအား ၁.၄ ရာခိုင်နှုန်း တိုးလာကာ ၁၁ လအတွင်း ပထမဆုံး တိုးလာခြင်းဖြစ်သည်။ 

Source : Xinhua                                                                                 

 DOCA(ရန်ကုန်)

အောက်တိုဘာ ၁ ရက်နေ့မှစ၍ စည်းကြပ်ခွန်များ ဆက်တိုက် စည်းကြပ်သွားမည့် အမေရိကန် သမ္မတဒေါ်နယ်ထရန့်

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများအပေါ် ချမှတ်ထား သော အပြန်အလှန်အကောက်ခွန်များထက် အောက်တိုဘာ ၁ ရက်မှ စတင်ကာ သီးခြား ကုန်ပစ္စည်းများ ပေါ်တွင် အခွန်များကောက်ခံသွားမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့ တွင် ကြေညာခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ကုမ္ပဏီတစ်ခုမှ ၎င်းတို့၏ ဆေးဝါးထုတ်လုပ်ရေး စက်ရုံကို အမေရိကတွင် မတည်ဆောက်ပါက ကုန်အမှတ် တံဆိပ် သို့မဟုတ် မူပိုင်ခွင့်ရရှိထားသည့် မည်သည့်ဆေးဝါးထုတ်ကုန်ကိုမဆို ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံသွားမည်" ဟု Trump က စက်တင်ဘာလ ၂၅ ရက်နေ့တွင် လူမှု မီဒီယာ၌ ရေးသားခဲ့သည်။ ထိုနေ့တွင်ပင် သီးခြားပို့စ်တစ်ခု တွင် Trump မှ ၎င်းတို့သည် မီးဖို ချောင်သုံး ဗီရိုများ၊ ရေချိုးခန်းသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်း များအားလုံးကို ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍ ၅၀ ရာခိုင်နှုန်း အခွန်စည်းကြပ် သွားမည်ဖြစ်ပြီး ကူရှင် ပရိဘောဂအပေါ် အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ရသည့် အကြောင်းရင်းမှာ ထုတ်ကုန်များအား ပြင်ပနိုင်ငံများက အမေရိကန်ပြည် ထောင်စုထဲကို များပြားစွာ ဝင်ရောက်နေခြင်းကြောင့်ဖြစ်ကြောင်း Trump က ရေးသားခဲ့သည်။ ၎င်း သည်တရား မကျသော အလေ့အကျင့် တစ်ခုဖြစ်သော်လည်း အမျိုးသားလုံခြုံရေးနှင့် အခြားအကြောင်းများ ကြောင့် ၎င်းတို့၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို ကာကွယ်ရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ အစောပိုင်းတွင်၊ Trump အစိုးရက သံမဏိနှင့် အလူမီနီယံ၊ ကြေးနီနှင့် မော်တော်ကားများ အပေါ် အခွန်စည်းကြပ်မှုများ ချမှတ်သောအခါ အမေရိကန် ကားထုတ်လုပ်သူများသည် US-Mexico-Canada Agreement (USMCA) အရ လိုက်လျောညီထွေမှုမှ အကျိုးအမြတ်ရရှိရန် မက္ကဆီကိုမှ အစိတ်အပိုင်းများကို ပိုမိုရှာဖွေရန် စဉ်းစားနေသည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။ အလုပ်သမားစာရင်းအင်းဗျူရို၏စာရင်းအင်းများအရ ၂၀၂၅ ခုနှစ်သြဂုတ်လတွင် အမေရိကန် စျေးကွက်ရှိအခွန်စည်းကြပ်မှုများကြောင့်ပရိဘောဂများသည် ၂၀၂၄ ခုနှစ်သြဂုတ်လထက် ၄.၇ ရာခိုင်နှုန်းပိုမိုကုန်ကျခဲ့သည်။ ဧည့်ခန်းနှင့်ထမင်းစားခန်း ပရိဘောဂများ၏စျေးနှုန်းသည် လွန်ခဲ့သော ၁၂ လအတွင်း ၉.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ ဆေးဝါးများအတွက် အမေရိကန်ပြည်ထောင်စုသည် ၁၈ လအတွင်း အခွန် ၁၅၀ ရာခိုင်နှုန်းနှင့် နောက်ဆုံးတွင် ၂၅၀ ရာခိုင်နှုန်းအထိ တင်သွင်းခြင်းမပြုမီ အကောက်ခွန်အနည်းငယ်ဖြင့် စတင်မည်ဖြစ်ကြောင်း ဩဂုတ်လတွင် Trump က ပြောကြားခဲ့သည်။

     အမေရိကန် ဆေးဝါးထုတ်လုပ်သူများသည် Trump ၏အကောက်ခွန်ခြိမ်းခြောက်မှုကို အလေး အနက်ထား လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် လာမည့်နှစ်များအတွင်း အမေရိကန်၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို တည်ဆောက်ရန် သို့မဟုတ် တိုးချဲ့ရန် အစီအစဉ်များကို ထုတ်ဖော်ပြသထားသည်။ အောက်တိုဘာလတွင် အခြားနိုင်ငံများအပေါ် ၎င်း၏ စည်းကြပ်ခွန် ကောက်ခံမှုကို မျှတစေရန် Trump အစိုးရအဖွဲ့သည် အရေးပေါ်အာဏာများကို အသုံးပြုနိုင်မည် လားဟု တရားရုံးချုပ်က သုံးသပ်မည်ဖြစ်သည်။

 

Source : Xinhua                                                                                 

 DOCA(ရန်ကုန်)

ဗီယက်နမ်၏ မော်တော်ကားတင်သွင်းမှုသည် ၈ လအတွင်း စံချိန်တင် မြင့်တက်ခဲ့

     ဗီယက်နမ်နိုင်ငံမှ တင်သွင်းသည့် အလုံးစုံ တပ်ဆင်ထားသော မော်တော်ကားများ၏ တန်ဖိုး သည် ယခုနှစ် ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၃.၀၂ ဘီလီယံ စံချိန်တင် အမြင့် ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်၏ အချက်အလက်ကို ကိုးကား၍ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြည်တွင်းထုတ် နေ့စဉ်သတင်းစာ Nhan Dan က ဖော်ပြခဲ့ သည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံသည် အလုံးစုံတပ်ဆင်ထားသော မော်တော်ကား ၁၃၇၈၂၁ စီး တင်သွင်းခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။ ထိုင်ခုံ ကိုးခုံအောက်နည်းသော ကားများသည် အစီး ရေ ၁၀၄,၀၀၀ ကျော်ဖြင့် ရှယ်ယာအများဆုံးအဖြစ် ဆက်လက်ရပ်တည် နေပြီး တစ်နှစ်ထက် တစ်နှစ် ၁၉.၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။

    ဇန်နဝါရီလမှ သြဂုတ်လအထိ ခရီးသည်တင်ယာဉ်များ တင်သွင်းမှု ၉၅.၈ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး ၁၇၇၅၆ စီးရှိခဲ့သည်။ ဩဂုတ်လတစ်လတည်းတွင် ဗီယက်နမ်သည် ဒေါ်လာ ၃၆၃ သန်းတန်ဖိုးရှိ အလုံးစုံတပ်ဆင်ထားသော မော်တော်ကား ၁၆၂၇၄ စီး တင်သွင်းခဲ့သည်။ ဗီယက်နမ်အကောက်ခွန် ဌာန၏ အဆိုအရ တင်သွင်းမှုအများစုမှာ အင်ဒိုနီးရှား၊ ထိုင်းနှင့် တရုတ် နိုင်ငံတို့မှ ဖြစ်ကြောင်း သိရ သည်။ 

 

Source : Xinhua                                                                                 

 DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ