ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာသတင်းများ

ကိုရီးယားသမ္မတနိုင်ငံသတင်း

ပို့ကုန်တိုးမြှင့်တင်ပို့နိုင်မှုနှင့် စားသုံးသူသုံးစွဲမှု မြင့်တက်လာခြင်းတို့ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ပုံမှန်တိုးတက်မှုလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာသည့်သတင်း

၁။      ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကောက်ခွန် ဝန်ဆောင်မှုဌာန (The Korea Customs Service)တို့မှ မေလဆန်းတွင် ထုတ်ပြန်ခဲ့သော ကုန်သွယ်မှုစာရင်းအရ  ၂၀၂၁ ခုနှစ်၊ မေလတွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၅၀.၇) ဘီလီယံ တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် ကာလတူထက် (၄၅.၆%) တိုးတက်ခဲ့သည့်အတွက် (၇)လ ဆက်တိုက်မြောက် ပို့ကုန်ဆက်လက်တိုးတက်ဆဲဖြစ်သဖြင့် ဒေါ်လာ(၅၀)ဘီလီယံ အထက် ဆက်တိုက်တင်ပို့နိုင်ခဲ့သည့် တတိယမြောက်လလည်းဖြစ်သကဲ့သို့ ပို့ကုန်(၄၀%)ကျော် တိုးတက်ခဲ့သည့် ဒုတိယမြောက်လလည်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်‌၊ မေလအတွင်း၌ အဓိကအားဖြင့်  Semiconductor များ၊ မော်တော်ယာဉ်နှင့် ရေနံဓါတုထွက်ကုန်ပစ္စည်းများ တိုးတက်တင်ပို့နိုင်ခဲ့ပြီး လက်လီရောင်းချမှုအနေဖြင့် ၂၀၂၁ ခုနှစ်၊ မတ်လနှင့် ဧပြီလများတွင် (၂.၃%) ဆက်တိုက် မြင့်တက်ခဲ့ကြောင်း၊ လက်ရှိတိုးတက်လာမှုအခြေအနေအရ  ၂၀၂၁ ခုနှစ်၏ စီးပွားရေးတိုးတက်မှုနှုန်းကို (၄%)ထိ တိုးမြှင့်လျာထားလိုက်ကြောင်း တောင်ကိုရီးယားဗဟိုဘဏ်က ၂၀၂၁ ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း၊ နိုင်ငံ၏ပို့ကုန် (၂၀%)ကို နေရာယူထားသည့် Semiconductor သည် ၂၀၂၁ ခုနှစ်၊ မေလအတွင်း ယခင်နှစ် ကာလတူထက် (၂၄.၅%) တိုးတက်တင်ပို့နိုင်ခဲ့သဖြင့် (၁၁)လမြောက် ဆက်တိုက် တိုးတက်ဆဲဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ မော်တော်ယာဉ်နှင့်ရေနံဓါတုထွက်ကုန် တင်ပို့နိုင်မှု အနေဖြင့်(၉၃.၇%)နှင့် (၉၄.၉%)အသီးသီးတင်ပို့ခဲ့ကြောင်း၊ ပို့ကုန်တိုးတက်မှုသည် အများအားဖြင့်  ပို့ကုန်ဈေးနှုန်း တိုးတက်မှုကြောင့်ဖြစ်ရာ ယခုတိုးတက်မှုသည် ပို့ကုန်ဈေးနှုန်းနှင့်ပမာဏနှစ်ခုစလုံး တိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးပြန်လည်ထူထောင်ရေးတွင် ပုဂ္ဂလိကသုံးစွဲနိုင်မှုမှာ အဓိကကျသည်နှင့်အညီ Covid-19 ကာကွယ်ဆေးထိုးမှုများအရှိန်မြှင့်လာပြီး နောက် စားသုံးသူများ၏ သဘောထားလည်း ပြောင်းလဲ၍ ဈေးကွက်ဝယ်လိုအား ဉီးမော့လာလျက်ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက သုံးသပ်ကြကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဆိုးလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း

ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု မြင့်တက်လာ

၂။       ထိုင်းနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ၂၀၂၀ ခုနှစ်တွင် (၁.၇%) ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ် ပထမ(၄)လအတွင်း (၂၆.၇%) အထိမြင့်တက်ခဲ့ရာ အစိုးရအနေဖြင့် ယခုနှစ်အတွက်ကုန်သွယ်မှုသည် (၃-၆%) တိုးတက်လိမ့်မည်ဟု ယုံကြည်မှုများ တိုးတက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ယခုနှစ် ဇန်နဝါရီလ မှ ဧပြီလ အထိ တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုအပါအဝင်  နယ်စပ်ကုန်သွယ်မှုပမာဏမှာ ဘတ်ငွေ(၅၂၆)ဘီလီယံ အထိရှိခဲ့ရာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုသည် ဘတ်ငွေ(၂၉၅) ဘီလီယံ ပါဝင်၍ ၎င်းမှာ နှစ်အလိုက်တွင်(၁၇%)ကျော် တိုးတက်ခဲ့ခြင်းဖြစ်ပြီး တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုမှာ ဘတ်ငွေ(၂၃၁)ဘီလီယံဖြစ်၍ ၎င်းမှာ (၄၁.၉%) တိုးတက်ခဲ့ခြင်းဖြစ်ပြီး တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုတွင် တစ်နိုင်ငံထက်ပိုသော နိုင်ငံများ ပါဝင်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွင် မလေးရှားနိုင်ငံမှာ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုပမာဏမှာ စုစုပေါင်း ဘတ်ငွေ (၁၀၇)ဘီလီယံရှိခဲ့ရာ ၎င်းမှာ(၅၂.၉%)မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းနောက်တွင် ကုန်သွယ်မှုပမာဏအနေဖြင့် လာအိုနိုင်ငံနှင့် ဘတ်ငွေ(၇၁.၂)ဘီလီယံ၊ မြန်မာနိုင်ငံနှင့် ဘတ်ငွေ(၆၁.၂) ဘီလီယံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဘတ်ငွေ(၅၆.၉)ဘီလီယံရှိကြောင်း၊ အဓိကတင်ပို့သော ပို့ကုန်ပစ္စည်းများတွင် မလေးရှားနိုင်ငံသို့ ရာဘာ၊ ကွန်ပျူတာနှင့် အစိတ်အပိုင်းများ၊ မော်တော်ကားနှင့်အစိတ်အပိုင်းများ၊ လာအိုနိုင်ငံသို့ ပြင်ဆင်ထားခြင်းမရှိသော ရွှေ၊ ဒီဇယ်၊ မြန်မာနိုင်ငံသို့ အရက်မဟုတ်သော အချိုရည်များ၊ ဒီဇယ်များ၊ ဟင်းခတ်အမွှေးအကြိုင်များနှင့် ဆေးဖက်ဝင်အပင်များ၊ ကမ္ဘောဒီးယားနိုင်ငံသို့ အရက်မဟုတ်သော အချိုရည်များ၊ ခရီးသည်တင်ကားများ၊ မော်တော်ဆိုင်ကယ်များနှင့် အစိတ်အပိုင်းများဖြစ်ကြောင်း၊ တစ်ဆင့်ဖြတ်သန်းကုန်သွယ်မှုမှာ ဈေးကွက်အားလုံးတို့အတွက်တိုးတက်ခဲ့ရာ တရုတ်ပြည်တောင်ပိုင်းနှင့် ဘတ်ငွေ(၁၀၂)ဘီလီယံ၊ စင်ကာပူနှင့် (၃၆.၂)ဘီလီယံ၊ ဗီယက်နမ်နိုင်ငံနှင့် ဘတ်ငွေ(၂၂.၄)ဘီလီယံ၊ အခြားနိုင်ငံများနှင့် (၇၀)ဘီလီယံတိုးတက်ခဲ့ကြောင်း၊ အဓိကတင်ပို့သော ကုန်ပစ္စည်းများမှာ တရုတ်ပြည်တောင်ပိုင်းသို့ သစ်သီးဝလံများ၊ ရာဘာနှင့်ကွန်ပျူတာများ၊ စင်ကာပူနိုင်ငံသို့  ကွန်ပျူတာများ၊ Electronic Circuit များနှင့် Circuit Breaker များ၊ ဗီယက်နမ်နိုင်ငံသို့ Semiconductor များ၊ Transistor များ၊ ဒိုင်အုတ်များ၊ အရက်မဟုတ်သော အချိုရည်များနှင့် အလှကုန်ပစ္စည်းများဖြစ်ကြောင်း၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု တိုးတက်လာရခြင်းမှာ ပို့ကုန်အတားအဆီးများအား ဖယ်ရှားခြင်းနှင့် နယ်စပ်စစ်ဆေး‌ရေးဂိတ်များအား ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အများပြည်သူများနှင့် ပုဂ္ဂလိကများပါဝင်သော ကုန်သွယ်ရေးဆိုင်ရာပူးတွဲ အကြံပေးကော်မတီမှတဆင့် ဝန်ကြီးဌာနများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ကဏ္ဍများနှင့် နီးကပ်စွာ ပူး‌ပေါင်းဆောင်ရွက်မှုကြောင့်ဖြစ်ပြီး တရုတ်၊ ဗီယက်နမ်စသည့် အဓိကကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်းတွင်းပိုင်း သယ်ယူပို့ဆောင်ရေးပြဿနာများကိုလည်း ဖြေရှင်းနိုင်ခဲ့ကြောင်း၊ နယ်စပ်စစ်ဆေးရေးဂိတ် (၉၇)ခု အနက်(၅၁)ခုကို Covid-19 ကြောင့်ပိတ်ထားခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက နယ်စပ်စစ်ဆေးရေးဂိတ်များပိုမိုဖွင့်လှစ်သွားရန်ကတိပြုခဲ့ကြောင်းသိရှိရပါသည်။   

(ရင်းမြစ်- ဘန်ကောက်မြို့စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံတွင် စားသုံးဆီများ တရားမဝင်တင်သွင်းမှုကြောင့်် ပြည်တွင်းလုပ်ငန်းအား ထိခိုက်စေကြောင်း အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်းက ပြောကြား

၃။      အိန္ဒိယနိုင်ငံ၌ ဈေးနှုန်းများမြင့်တက်မှုနှင့်အတူ စားသုံးဆီများမှာ ပြည်တွင်းဈေးကွက်သို့ တရားမဝင်ဝင်ရောက်လျှက်ရှိရာ ပြည်တွင်းကုန်ထုတ်လုပ်သူများနှင့် တောင်သူလယ်သမားများအပေါ် ထိခိုက်စေသဖြင့် အရေးယူဆောင်ရွက်မှုပြုရန် အိန္ဒိယ ဆီစက်လုပ်ငန်းရှင်များအသင်းက တောင်းဆိုစာ ရေးသားပေးပို့ရာတွင်  အကောက်ခွန်နှုန်းထား သုညရာခိုင်နှုန်းအထိ သက်သာခွင့်ရရှိမှုကို အခွင့်ကောင်းယူ၍  အခြားပင်ရင်းနိုင်ငံများမှ ထုတ်လုပ်သော စားအုန်းဆီနှင့်ပဲပုတ်ဆီများမှာ ပြည်တွင်းဈေးကွက်သို့ အိမ်နီးချင်း နီပေါနိုင်ငံမှတစ်ဆင့် ဝင်ရောက်လျှက်ရှိရာ နီပေါနိုင်ငံ၌ ပဲပုတ်စိုက်ပျိုးထုတ်လုပ်ခြင်းမရှိသကဲ့သို့ ပဲပုတ်ဆီကို အဓိကအားဖြင့် တောင်အမေရိကဒေသမှ ရယူတင်သွင်းလျှက်ရှိပြီး ပြင်ပမှ တင်သွင်းသည့် ပဲပုတ်စေ့များအား စားသုံးဆီ ထုတ်လုပ်နိုင်စွမ်းမှာလည်း အနည်းငယ်မျှသာရှိကြောင်း၊ ထိုကဲ့သို့ပင် စားအုန်းဆီကိုလည်း နီပေါနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိပဲ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ  တင်သွင်းခြင်းဖြစ်ပြီး ပင်ရင်းနိုင်ငံစည်းမျဉ်း (ROO)ကို မထီမဲ့မြင်ပြုလျှက် အခွန်သက်သာမှုရရှိရန်အလို့ငှာ နီပေါနိုင်ငံ (သို့) ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုဖြတ်သန်း၍ ကုန်တင်သွင်းမှုလမ်းကြောင်း ဖြစ်ပေါ်လျှက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနသည် ROO အလွဲသုံးစားမှုကို စစ်ဆေးရမည့်အစား တင်းကျပ်သည့် လုပ်ထုံးလုပ် နည်းများကိုသာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ရာ အိန္ဒိယနိုင်ငံအတွင်း  ROO စည်းမျဉ်းအား အလွဲသုံးစားပြုလျှက် အကောက်ခွန်ကင်းလွတ်စွာဖြင့် ပဲပုတ်ဆီများတင်သွင်းမှု ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ထိုကဲ့သို့ စားသုံးဆီများပြည်တွင်းဈေးကွက်သို့ ဝင်ရောက်မှုမှာ ကနဉီးအစပိုင်းတွင် သတိပေးသည့်အဆင့်မျှသာရှိသော်လည်း ယခုအခါ အိန္ဒိယနိုင်ငံအရှေ့ပိုင်းနှင့်  မြောက်ပိုင်း ဒေသများရှိ ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သောလုပ်ငန်းများ၏ရပ်တည်ရှင်သန်မှုကို ခြိမ်းခြောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အစိုးရ၏အခွန်ဘဏ္ဍာရရှိမှုကိုလည်း ဆုံးရှုံးမှုများဖြစ်ပေါ်စေကြောင်း၊ ထို့အပြင် စားသုံးဆီများအပေါ် မြင့်မားသည့် အကောက်ခွန်နှုန်းထားများသတ်မှတ်ထားသည့် ရည်ရွယ်ချက်ကို ပျက်သုဉ်းစေသကဲ့သို့ ပြည်တွင်းဈေးကွက်ကိုလည်း ပျက်ဆီးစေလျှက်ရှိကြောင်းသိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ်အခွန်လျှော့ချမှုက အိန္ဒိယကုန်သည်များကို တွန်းအားဖြစ်စေလျှက်ရှိ

၄။      ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများအား မကြာသေးမီက လျှော့ချပေးခဲ့ရာ အိန္ဒိယနိုင်ငံရှိဆန်တင်ပို့သည့်လုပ်ငန်းများအနေဖြင့်ရှေ့လာမည့်လမှစတင်၍  ဖိလစ်ပိုင်နိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန်များကို ပိုမိုတိုးမြှင့်တင်ပို့ရန် ပြင်ဆင်လျှက်ရှိကြောင်း၊ ကမ္ဘာပေါ်၌ ဆန်တင်သွင်းမှု ဒုတိယအများဆုံးဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံးပမာဏ သတ်မှတ်ချက် (Minimum Access Volume)အတွင်း ဆန် တင်သွင်းမှုအတွက်  သွင်းကုန်ခွန် ၄၀% နှင့်  ၎င်းပမာဏ ပြင်ပ၌ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၅၀% ကောက်ခံရန် သတ်မှတ်ထားရှိခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံ သမ္မတသည် ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် အကောက်ခွန်နှုန်းထား ပြင်ဆင်သည့်အမိန့် EO 135 ကို (၁၅.၅.၂၀၂၁)ရက်နေ့တွင် လက်မှတ်ရေးထိုးလျှက် ဆန်တင်သွင်းမှုအပေါ် သွင်းကုန်ခွန်အား ၃၅% သို့ လျှော့ချခဲ့ပြီး (၁)နှစ်ကာလအထိခွင့်ပြုပေးခဲ့ကြောင်း ဖိလစ်ပိုင်သတင်းဖော်ပြချက်အရ သိရှိရကြောင်း၊ အိန္ဒိယကုန်သည်များသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန် တင်ပို့ရာတွင် မူလက သွင်းကုန်အခွန် ၅၀% ပေး ဆောင်ရမည့်အခြေအနေမှယခု၁၅%လျော့နည်းသက်သာသည့်အခွင့်အလမ်းကိုရရှိလာခြင်းဖြစ်ကြောင်း၊ အိန္ဒိယ ဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူက ယခုအခါအိန္ဒိယနိုင်ငံသည် အခြားသော အာဆီယံနိုင်ငံများနှင့် တန်းတူညီမျှသည့် အကောက်ခွန်နှုန်းထားဖြင့် တင်ပို့နိုင်သည့်အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ရာ အိန္ဒိယကုမ္ပဏီများသည် ဇွန်လကုန်ပိုင်းမှ စတင်၍ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး စိတ်အားထက်သန်လျှက်ရှိသော်လည်း ကုန်သေတ္တာများရလွယ်မှုမှာ အဓိကအခက်အခဲအဖြစ် ကြုံတွေ့ နေရကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ဆန်တင်သွင်းမှုမှာ တန်ချိန်(၂.၅)သန်းခန့်ရှိပြီး ၎င်းအနက် တန်ချိန် (၂)သန်းခန့်မှာ အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အရည်အသွေးမြင့်မားသည့် ရနံ့မွှေးကြိုင်သောကောက်ညှင်းအနွယ်ဝင် ဆန်များကို အဓိက ရယူ တင်သွင်းလျှက်ရှိကြောင်း အိန္ဒိယ Economic Times  သတင်းဌာနက ဖော်ပြထားကြောင်း၊ အိန္ဒိယ လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့(APEDA)၏ စာရင်းများအရ အိန္ဒိယနိုင်ငံသည် ၂၀၂၀-၂၀၂၁ ခုနှစ်၌  ပြည်ပသို့ ဆန်တန်ချိန် (၁၇.၇)သန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် တင်ပို့မှု တန်ချိန် (၉.၅) သန်း ထက် နှစ်ဆမျှ တိုးတက်လာခဲ့ကြောင်း၊အဆိုပါပမာဏအနက် ဘာစမာတီဆန်တင်ပို့မှုမှာ တန်ချိန်(၄.၄၅) သန်းဖြင့် တိုးတက်မှု(၄%)ခန့်ရရှိခဲ့ပြီး ဘာစမာတီမဟုတ်သော ဆန်များအား ယခင်နှစ်ထက် (၁၆၀%) တိုးမြင့်လျှက် တန်ချိန်(၁၃.၀၉)သန်းအထိ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ တန်ဖိုးအားဖြင့် ဘာစမာတီမဟုတ် သောဆန်၌ဒေါ်လာ(၄.၈)ဘီလီယံတင်ပို့ခြင်းဖြစ်ပြီး ဘာစမာတီဆန်တွင်ဒေါ်လာ ၄ ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်- နယူးဒေလီမြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ထိုင်းနိုင်ငံသတင်း

လက်မှုပညာပစ္စည်း တင်ပို့မှုအနေဖြင့် ပြန်လည်နလန်ထူလာရန်အသင့်ဖြစ်နေသည့်သတင်း

၅။      ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူလာမှု၊ ပိတ်ဆို့တားဆီးမှုများ လျှော့ချလာခြင်းနှင့် Covid-19 ကာကွယ်ဆေးများ ကျယ်ပြန့်စွာဖြန့်ဖြူးမှုတို့ကြောင့် ထိုင်းနိုင်ငံ၏လက်မှုပညာပို့ကုန်များအား ပြည်ပ ပို့ကုန်အလားအလာအနေဖြင့် ယခုနှစ်တွင် ပြန်လည်ကောင်းမွန်လာနိုင်သည်ဟုမျှော်လင့်ကြောင်း၊ ထိုင်း နိုင်ငံ၏ Supports Arts and Crafts International Centre ၏ အမှုဆောင်အရာရှိက ကမ္ဘာ့စားသုံးသူ များအနေဖြင့် ပိုမို၍ ယုံကြည်မှုရှိလာကြောင်းနှင့် ၎င်းတို့၏သုံးစွဲမှုတို့မှာလည်း တိုးတက်လာခဲ့ပြီး   လူ အများအနေဖြင့်  အိမ်မှနေ၍ အလုပ်လုပ်လာကြခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ် သည့် eco friendly products ထုတ်ကုန်များဖြစ်ကြောင်း၊ ထိုင်းလက်မှုပညာပစ္စည်းများ ပြည်ပတင်ပို့မှု အနေဖြင့်  ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလများတွင်(၁၂%)နှင့် (၂၀%)တို့ဖြင့် အသီးသီးကျဆင်းခဲ့ပြီး မတ်လတွင်(၁၂.၁%)တိုးတက်ခဲ့ရာ ဘတ်ငွေ(၂၂.၁)ဘီလီယံရရှိခဲ့ကြောင်း၊ ပိတ်ဆို့တားဆီးမှုအစီအမံ များလျှော့ချခဲ့ခြင်းနှင့် စီးပွားရေးဆိုင်ရာလှုပ်ရှားမှုများပြုလုပ်ခဲ့ပြီး နောက်ကုန်သွယ်ဖက်နိုင်ငံများ၏ဝယ်လိုအားများ တက်လာခဲ့ခြင်းက မတ်လတွင် ပြည်ပပို့ကုန်တိုးတက်စေရန် အထောက်အကူဖြစ်ခဲ့ကြောင်း၊ အများဆုံးတင်ပို့ခဲ့သည့် ထုတ်ကုန်များတွင် ရွှေ၊ ငွေတို့ဖြင့် ပြုလုပ်ထားသော လက်မှုပညာ ထုတ်ကုန်များ ဖြစ်ပြီး ဒုတိယအများဆုံးတင်ပို့မှု၌ လက်မှုပညာပစ္စည်းများဖြစ်ရာ တန်ဖိုးအားဖြင့် (၆.၂၆)ဘီလီယံ နှင့် တတိယအများဆုံးတင်ပို့မှု၌ကြွေထည်ပစ္စည်းများဖြစ်ပြီး တန်ဖိုးအားဖြင့်(၅၂၄)သန်းရရှိခဲ့ကြောင်း၊အကြီး မားဆုံးပို့ကုန်ဈေးကွက်မှာ အမေရိကန်နိုင်ငံဖြစ်ပြီး ပို့ကုန်တန်ဖိုးအနေဖြင့် ဘတ်ငွေ(၆.၉၃)ဘီလီယံ၊ ဂျပန်နိုင်ငံသို့ (၁.၆၇)ဘီလီယံ၊ဂျာမနီနိုင်ငံသို့ (၁.၆၇)ဘီလီယံ၊ဟောင်ကောင်နိုင်ငံသို့(၁.၂၂)ဘီလီယံနှင့် ဗြိတိန်နိုင်ငံသို့(၉၆၈)သန်းတို့ဖြင့် အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း၊ ပို့ကုန်တင်ပို့မှု တိုးတက်မှုအမြင့်မားဆုံး ဈေးကွက်များတွင် အီတလီ၊ ဗီယက်နမ်၊ ဩစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်တို့ဖြစ်သော်လည်း ပထမ (၃)လ ပတ်တွင် စုစု‌ပေါင်းလက်မှုပညာပစ္စည်းတင်ပို့မှု(၈%)ကျဆင်းခဲ့သကဲ့သို့ ၂၀၂၀ ခုနှစ်၌ လက်မှုပညာပို့ကုန် တင်ပို့မှု (၂၄%)ကျဆင်းသွားပြီး  အဓိကတင်ပို့သည့်ဈေးကွက်နိုင်ငံများမှာ အမေရိကန်၊ ဂျာမနီ၊ ဂျပန်၊ ဟောင်ကောင်၊ တရုတ်၊ ဩစတြေးလျ၊ ဗြိတိန်၊ စင်ကာပူ၊ အိန္ဒိယနှင့် အီတလီနိုင်ငံတို့ဖြစ်ကြောင်း၊ အမှုဆောင်အရာရှိက ထိုင်းလက်မှုပညာထုတ်ကုန်များအနေဖြင့် ကမ္ဘာလုံးဆိုင်ရာခေတ်ရေစီးကြောင်းနှင့်အညီ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များအပေါ်တွင်လည်း အာရုံစိုက်သင့်ကြောင်း၊ စားသုံးသူများ အနေ ဖြင့် သမိုင်းနှင့်ရှေးဟောင်းလက်မှုပညာပစ္စည်းများအပေါ် စိတ်ဝင်စားကြပြီး ဇာတ်ကြောင်းများပြောခြင်းက အဆိုပါထုတ်ကုန်များအတွက် ပိုမို၍ တန်ဖိုးတက်စေသည်ဟုပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အမေရိကန်နိုင်ငံနှင့် တောင်အာဖရိကနိုင်ငံများ၏ ကုန်သွယ်ရေးနှင့်စီးပွားရေးသတင်းများ

တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက်  ပြောင်းဆံတင်သွင်းမှုအား နောင်လာမည့်ရာသီတွင် သုံးပုံတစ်ပုံကျော် ပိုမိုတင်ပို့ပေးနိုင်ရန် ပေကျင်းမြို့မှ အမေရိကန်နိုင်ငံအားကမ်းလှမ်းသည့်သတင်း

၁။      တရုတ်နိုင်ငံသည် ပြောင်းလိုအပ်ချက်များဖြည့်ဆီးနိုင်ရန်နှင့် ကမ္ဘာ့အများဆုံးပြောင်းဆံ တင်ပို့ ရောင်းချသည့်အမေရိကန်နိုင်ငံမှ ဝယ်ယူမှုအား အရှိန်မြှင့်တင်နိုင်ရန် နောင်လာမည့်ရာသီတွင် ပြောင်း တင်ပို့မှု သုံးပုံတစ်ပုံကျော် တင်ပို့ပေးနိုင်ရန်ကမ်းလှမ်းခဲ့မှုကို ၂၀.၆.၂၀၂၁ နေ့ထုတ် South China Morning Post သတင်းစာ၌ ရေးသားဖော်ပြထားပြီး တရုတ်နိုင်ငံသည် ယခုလအထိ ၂၀၂၁-၂၀၂၂ ခုနှစ် ပြောင်းရာသီအတွက် ပြောင်းတန်ချိန်(၉.၅)မီလီယံ မက်ထရစ်တန် ဝယ်ယူခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ၊ စက်တင်ဘာလ မှစ၍  ကမ္ဘာတစ်ဝှမ်းမှ ပြောင်းတန်ချိန် (၂၆) မီလီယံတန် တင်သွင်းနိုင်ရန်  တရုတ်နိုင်ငံ အေဂျင်စီမှ မျှော်မှန်းထားကြောင်း၊ တရုတ်နိုင်ငံသည် ပြောင်းဆံဝယ်လိုအားမြင့်မားသည့် အဓိကရင်းမြစ် ဖြစ်ပြီး ပြောင်းဈေးနှုန်းမြင့်မားရန် တွန်းအားပေးလျှက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံ၌ ပူပြင်းခြောက်သွေ့ပြီး  သီးနှံထွက်ရှိမှုအခက်အခဲဖြစ်မှုကြောင့် တရုတ်နိုင်ငံသည် အမေရိကန်နိုင်ငံမှ  ပြောင်းဆံဝယ်ယူ ရခြင်းဖြစ်ကြောင်း၊ ချီကာဂိုဈေးကွက်၌ တရုတ်နိုင်ငံက ပြောင်းဝယ်ယူမှု မြင့်တက်လာသကဲ့သို့ ဂျုံနှင့်ပဲပုတ် ဝယ်ယူမှုမှာလည်း မြင့်တက်လာခဲ့ကြောင်း၊ ဈေးနှုန်းကျဆင်းမှုကြောင့် ဝယ်ယူသူများပိုမိုဝယ်ယူနိုင်ပြီး ၎င်း တို့၏ လိုအပ်ချက်ကို ပြည့်မီနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ပြောင်းဆံဈေးနှုန်း Flat Price ရရှိသောကြောင့်သာ နောင်လာမည့် ဆောင်းရာသီအတွက်လည်း ဝယ်ယူရန်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရှိရပါသည်။
ဟနွိုင်းနှင့်ကုန်သွယ်မှု ပိုမိုတိုးချဲ့ရန် တရုတ်သမ္မတမှ ပြောကြားခဲ့သည့်သတင်း

၂။       တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရပ်ဝန်း နှင့် ပိုးလမ်းမစီမံကိန်းအရ အဆင့်မြင့် အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေး ပိုမို ပူးပေါင်းဆောင်ရွက်ရန်ဗီယက်နမ်နိုင်ငံသမ္မတနှင့်တယ်လီဖုန်းခေါ်ဆိုဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည်  နည်းဗျူဟာကျစွာဖြင့်ရေရှည်အတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကို ပူးပေါင်းဆန့်ကျင်တိုက်ဖျက်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးကို အတူတကွပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် Quad-an Indo Pacific ၏ အစည်းအဝေးသို့ တက် ရောက်ရန် ဗီယက်နမ်နိုင်ငံအား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ပေကျင်းမှ ဗီယက်နမ်နိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ကောင်းမွန်ရန် ပိုမိုလိုလားခြင်းဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဟောင်ကောင်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

အမေရိကန်နိုင်ငံသတင်း

အမေရိကန်နိုင်ငံ၏ အားလပ်ရက်ရုံးပိတ်ချိန်တွင် ချီကာဂိုစတော့ဈေးကွက် ပိတ်ထားခဲ့သဖြင့် ဘရာဇီးလ် ဈေးကွက်တွင် ပဲပုတ်စေ့များ အရောင်းအဝယ်အေးလျက်ရှိသည့်သတင်း

၃။      အမေရိကန်နိုင်ငံ၏အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့မှာ မေလ ၃၁ ရက်နေ့ဖြစ်သဖြင့် ချီကာဂို စတော့ဈေးကွက် ပိတ်ထားခဲ့ပြီး အရောင်းအဝယ်များ ရပ်နားထားခဲ့ခြင်းကြောင့် ဘရာဇီးလ်နိုင်ငံ သီးနှံ ဈေးကွက်တွင်လည်း ပဲပုတ်စေ့များ အရောင်းအဝယ်အေးခဲ့ကာ ဈေးနှုန်းကျဆင်းမှုများ ရှိခဲ့ကြောင်း၊ Passo Fundo(RS) ဈေးကွက်တွင်  ပဲပုတ်စေ့ ၆၀ ကီလိုတစ်အိတ်လျှင် ဘရာဇီးလ် ဟဲရာ(၁၇၀.၅၀)မှ (၁၆၈)သို့လည်းကောင်း၊ Missions Region ဈေးကွက်တွင်  ဟဲရာ (၁၆၉.၅၀)မှ (၁၆၇)သို့လည်းကောင်း၊ Rio Grande  ဈေးကွက်တွင် (၁၇၂.၅၀)မှ (၁၇၁.၅၀)သို့လည်းကောင်း ဈေးနှုန်းများ အသီးသီးကျဆင်းခဲ့ ကြောင်း၊ Parana ပြည်နယ် Cascavel ဈေးကွက်တွင်  ပဲပုတ်စေ့ (၁)အိတ်လျှင် ဘရာဇီးလ်ဟဲရာ (၁၆၉) ဖြင့် ဈေးငြိမ်နေခဲ့ပြီး Paranagua(PR)ဈေးကွက်တွင်  ပဲပုတ်စေ့ (၁)အိတ်လျှင် ဟဲရာ (၁၇၃)မှ (၁၇၂)သို့ ဈေးနှုန်းကျဆင်း၍ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း၊ Rondonopolis(MT) ဈေးကွက်တွင် ဟဲရာ (၁၆၅.၅၀)ဖြင့်လည်းကောင်း၊ Dourados(MS)ဈေးကွက်တွင် ဟဲရာ(၁၆၁)ဖြင့် လည်းကောင်း၊ Rio Verde (GO)ဈေးကွက်တွင် ဟဲရာ(၁၆၅)ဖြင့်လည်းကောင်း ဈေးနှုန်းများတည်ငြိမ်စွာဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း၊၂၀၂၁ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့၌ ချီကာဂိုစတော့ဈေးကွက် ပြန်လည်ဖွင့်လှစ်ချိန်၌ အမေရိကန် နိုင်ငံ သီးနှံစိုက်ပျိုးချိန်တွင်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်သတင်းများကြောင့် ဈေးကွက်အပေါ် ရိုက်ခတ်မှုများဖြစ်ပေါ်ခဲ့သကဲ့သို့ အမေရိကန်စိုက်ပျိုးရေးဌာန ပို့ကုန်စစ်ဆေးရေးနှင့် သီးနှံဖွံ့ဖြိုးတိုးတက် ရေး အပတ်စဉ်အစီရင်ခံစာ သတင်းထုတ်ပြန်ချက်ကလည်း စတော့ဈေးကွက်အပေါ် များစွာအကျိုးသက် ရောက်မှုရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံအပါအဝင် လက်တင်အမေရိကနိုင်ငံများ၏ သီးနှံဈေးကွက်သည် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်နှင့် ချိတ်ဆက်နေပြီး စတော့ဈေးကွက်၏ ပေါက်ဈေးများ အပေါ်မူတည်၍ အချိန်နှင့်အမျှ ဈေးနှုန်းများပြောင်းလဲလျှက်ရှိကြောင်း၊ ဘရာဇီးလ်နိုင်ငံ၏ အဓိကသီးနှံ များဖြစ်သည့် ပဲပုတ်စေ့၊ကော်ဖီစေ့နှင့် ကြံ(သကြား)တို့ကို နိုင်ငံတကာသို့တင်ပို့ရန်အတွက် ချီကာဂို စတော့ဈေးကွက်တွင် ရောင်းဝယ်မှုများ အဓိကပြုလုပ်လျှက်ရှိကြောင်း၊ဘရာဇီးလ်နိုင်ငံမှ ထွက်ရှိသည့်  အမဲသားနှင့် သီးနှံများ၏ ပြည်တွင်းနှင့်နိုင်ငံတကာဈေးနှုန်းများဖြစ်ပေါ်မှုသည် အာဂျင်တီးနားအပါအဝင် လက်တင်အမေရိကနိုင်ငံများ၊ အမေရိကန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနှင့် အခြားဈေးကွက်ဝင်နိုင်ငံများ၏ သီးနှံစိုက်ပျိုးရိတ်သိမ်းချိန်များ၌ ဖြစ်ပေါ်သည့် ရာသီဥတုအခြေအနေနှင့် စိုက်ပျိုးထုတ်လုပ်မှုတို့ အပေါ် ၌  များစွာမူတည်လျှက်ရှိကြောင်းသိရှိရပါသည်။

(ရင်းမြစ်-Brasilla စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံသတင်း

တောင်အာဖရိကနိုင်ငံ၏ စက်မှုလုပ်ငန်းများဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်နိုင်စေရန်အတွက်  ကုန်သွယ်မှုမူဝါဒထုတ်ပြန်ခဲ့သည့်သတင်း

၄။      ကိုဗစ်ရောဂါဖြစ်ပွားမှုမှ ပြန်လည်နိုးထပြီး ထုတ်လုပ်မှုပို့ကုန်များမြှင့်တင်ရန်၊ စက်မှုဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရန်၊ ပြည်တွင်းထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းတိုးတက်ရန် ရည်ရွယ်ချက်ဖြင့်  ကုန်သွယ်မှုမူဝါဒကို တောင်အာဖရိကနိုင်ငံ၊ ကုန်သွယ်မှု၊ စက်မှုနှင့်ယှဉ်ပြိုင်မှုဝန်ကြီးက ကြေငြာခဲ့ကြောင်း၊ အဆိုပါ မူဝါဒမှာ အလုပ်သမား၊ အမျိုးသမီးများနှင့် လူမှုပတ်ဝန်းကျင် အဖွဲ့အစည်းများအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည့် စက်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရန် ကတိကဝတ်ပြုခြင်းဖြစ်ကြောင်း၊ တောင်အာဖရိကနိုင်ငံ၏ ကုန်သွယ်မှုသည် အာဖရိကတိုက်တစ်ခုလုံးသို့ ပူးပေါင်းပါဝင်နိုင်ရန်၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံပေါင်းစုံကုန်သွယ်မှုစနစ်သို့ ဉီးဆောင်သွားနိုင်ရန်လည်းဖြစ်ပြီး အဓိကအားဖြင့် ကဏ္ဍပေါင်းစုံ ပါဝင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေရန်ဖြစ်ကြောင်း၊ ကုန်သွယ်မှုမူဝါဒသည်  တောင်အာဖရိကနိုင်ငံ၏ စက်မှုစီးပွားရေးကို တိုးချဲ့နိုင်ရန်နှင့် အလုပ်အကိုင်သစ်များဖန်တီးပေးနိုင်သည့် အခြေအနေရှိရန် လိုအပ်ကြောင်း၊ ပို့ကုန်တင်ပို့နိုင်မှုသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေကြောင်း၊ ဝင်ငွေကောင်းမွန်သည့် အလုပ်အကိုင်ဖန်တီးပေးနိုင်ပြီး အမျိုးသမီးများနှင့် လူငယ်များပါဝင်သည့် ကဏ္ဍပေါင်းစုံ စီးပွားရေးတိုးတက်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ ကုန်သွယ်မှုမူဝါဒအသစ်မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ပြီး ပြည်တွင်းထုတ်လုပ်မှု စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် အဓိကရည်ရွယ်သကဲ့သို့ အာဖရိကတိုက် ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုတွင် တိုးတက်စွာပါဝင်နိုင်စေရန်လည်းဖြစ်ကြောင်း၊ အာဖရိကတိုက်ဆိုင်ရာ လွတ်လပ်သော ကုန်သွယ်မှုဒေသ အကောင်အထည်ဖော်မှုအခန်းကဏ္ဍကို ကဏ္ဍအလိုက် အထူးစီမံချက်များနှင့် ခရိုင်အဆင့် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများတွင်လည်း ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်လျှက်ရှိကြောင်း၊ တရုတ်နိုင်ငံသို့ သတ္ထုထွက်ကုန်များ အဓိက တင်ပို့နေမှုအပြင် တန်ဖိုးမြှင့်စိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတင်ပို့နိုင်ရန် သဘောတူညီမှုများ ပြင်ဆင်ဆောင်ရွက်လျှက်ရှိကြောင်း၊ အမေရိကန်နိုင်ငံသို့ တန်ဖိုးမြှင့်ထွက်ကုန်များတင်ပို့မှု ကျဆင်းနေမှုများကိုလည်း ကြိုးစားပြင်ဆင်သွားပြီး အနာဂတ်ကာလတွင် နိုင်ငံပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းအခြေခံ ကုန်သွယ်မှုစနစ်ကို အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံ၏ စပျစ်သီးနှံ ကောင်းမွန်နေသည့် အခြေအနေသည် အပြည်ပြည်ဆိုင်ရာ ဝိုင် ဈေးကွက်သို့ ပိုမိုမြှင့်တင်နိုင်ရန်မျှော်မှန်းနိုင်သည့်သတင်း

၅။      တောင်အာဖရိကနိုင်ငံ ဝိုင်လုပ်ငန်းအတွက် ယခုနှစ် ဝိုင် ထုတ်လုပ်မည့် စပျစ်သီးနှံထွက်ရှိနိုင်မှု အခြေအနေ ကောင်းမွန်နေသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဝိုင်ဈေးကွက်သို့ ပိုမို တိုးမြှင့်နိုင်မည့် အခြေ အနေရှိကြောင်း နိုင်ငံ၏ဝိုင်အသင်းကခန့်မှန်းထားကြောင်း၊ အသင်း၏ အမှုဆောင်အရာရှိချုပ်က ပြီးခဲ့ သောနှစ်များအတွင်း  ဝိုင် အရည်အသွေး ကောင်းမွန်ရေးကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ကြောင်း၊ ဝိုင် တင်ပို့မှုပမာဏနှင့် တန်ဖိုးသည်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်စာရင်းများကို နှိုင်းယှဉ်ကြည့်လျှင် နှစ်စဉ်တိုးတက်လာသည်ကိုတွေ့ရှိနိုင်ကြောင်း၊ တောင်အာဖရိကနိုင်ငံ ဝိုင်လုပ်ငန်းသတင်းနှင့်စနစ်များ အဖွဲ့၏ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်တွင်  ဝိုင် ထုတ်လုပ်သည့် စပျစ်သီးနှံ(၁၄၆၁၅၉၉)တန် ထွက်ရှိနိုင် ကြောင်း၊ ထိုသို့ထွက်ရှိမှုနှုန်းသည် ပြီးခဲ့သော ရိတ်သိမ်းရာသီ ထွက်ရှိမှုထက်(၈.၉%) တိုးမြင့်ထွက်ရှိ နိုင်မည်ဖြစ်ကြောင်း၊၂၀၂၁ ခုနှစ် တောင်အာဖရိကနိုင်ငံ ဝိုင် ရိတ်သိမ်းမှုအစီရင်ခံစာအရ ကမ္ဘာတစ်ဝှမ်း တွင်ရှိသော ဝိုင်ချစ်သူများသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း ဝိုင်ထုတ်လုပ်သည့် စပျစ်သီးရာသီမှ ထွက်ရှိမည့် ကောင်းမွန်သည့်ဝိုင်များကို နှစ်ခြိုက်စွာ သောက်သုံးရန်မျှော်လင့်နေကြောင်း၊ စပျစ်သီး ရိတ်သိမ်းသည့် ရာသီတစ်လျှောက် ရာသီဥတုကောင်းမွန်မှုသည်လည်း စပျစ်သီးများ၏အရောင်နှင့်အရသာကို ပိုမိုဖွံ့ဖြိုး စေပြီး ရင့်မှည့်မှုကို ကြာရှည်စေခဲ့ကြောင်း၊ ပုံမှန်မဟုတ်သော ရာသီဥတုအေးမြမှုကြောင့်  ရိတ်သိမ်းမှုကို (၂)ပတ်နောက်ကျ၍ရိတ်သိမ်းခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် ဝိုင် စပျစ်ရိတ်သိမ်းမှုမှ အချိုရည်၊ သီးရည်အနှစ်၊ ဘရန်ဒီအတွက်ဝိုင်အရည်နှင့် ဝိုင်အတွက်ပေါင်းခံရည်များကို စပျစ်သီးတစ်တန်လျှင်ပျမ်းမျှ(၇၇၈) လီတာ နှုန်းဖြင့် လီတာသန်းပေါင်း(၁၁၃၆.၄)သန်းထုတ်လုပ်နိုင်ရန်မျှော်မှန်းထားကြောင်း၊ တောင်အာဖရိကနိုင်ငံ သည်  ယခင်နှစ် ဖေဖော်ဝါရီလမှစတင်၍  ယမကာရောင်းချမှုအား တားမြစ်ခဲ့မှုကြောင့်  ပြည်တွင်း ဝိုင် ရောင်းချရမှုပမာဏသည် ၂၀% သို့ ကျဆင်းခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံသည် ကမ္ဘာပေါ်တွင် (၉) နိုင်ငံမြောက် ဝိုင် အများဆုံးထုတ်လုပ်သောနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိပြီး ကမ္ဘာ့ဝိုင်ဈေးကွက်၏ (၄%) ကို ရယူထားသောနိုင်ငံဖြစ်ကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံသတင်း

ဘာရိန်းနိုင်ငံသို့ အိန္ဒိယသရက်သီးများတင်ပို့မှု စတင်ခြင်း

၆။      အိန္ဒိယနိုင်ငံအစိုးရသည် သစ်သီးဝလံကဏ္ဍမှ ပို့ကုန်များတိုးတက်ရေးကို တွန်းအားပေး ဆောင် ရွက်လျက်ရှိရာ နိုင်ငံအရှေ့ပိုင်းဒေသများ၌စိုက်ပျိုးထွက်ရှိသော သရက်သီးအမျိုးအစား ၁၆ ခုကို ဘာရိန်း နိုင်ငံသို့ တင်ပို့မှုစတင်နိုင်ခဲ့ကြောင်း    လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (APEDA)  သတင်းထုတ်ပြန်ချက်အရသိရှိရပြီး အာဏာပိုင်အဖွဲ့က ၎င်းတို့အနေဖြင့် အိန္ဒိယနိုင်ငံအတွင်း သမား ရိုးကျမဟုတ်သောဒေသများနှင့် ပြည်နယ်များမှထွက်ရှိသော သရက်သီးများအား ပြည်ပတင်ပို့မှု မြှင့်တင်ရန်အတွက် အင်တာနက်ကွန်ယက်မှ ရောင်းသူနှင့်ဝယ်သူ တွေ့ဆုံပွဲများနှင့် သစ်သီးဝလံပြပွဲများ အပါအဝင် အစီအမံများကို အစပြုဆောင်ရွက်ခဲ့ကြောင်း၊ မကြာသေးမီက ဂျာမဏီနိုင်ငံ ဘာလင်မြို့၌ သရက်သီးပွဲတော်ကို ကျင်းပခဲ့ကြောင်း၊ အလားတူ ကိုရီးယားနိုင်ငံရှိ အိန္ဒိယကုန်သည် လုပ်ငန်းရှင်များ အသင်း (ICCK)၊ အိန္ဒိယသံရုံးတို့နှင့်ပူးပေါင်း၍ သရက်သီးပို့ကုန်မြှင့်တင်ရေးဆိုင်ရာ ရောင်းသူ/ဝယ်သူ ချိတ်ဆက်တွေ့ဆုံပွဲ (Virtual Buyer Seller Meet) ကိုလည်း ကျင်းပနိုင်ခဲ့ကြောင်း၊ မေလဆန်းပိုင်း၌ အိန္ဒိယ တောင်သူလယ်သမား သမဝါယမလီမိတက် တစ်ခုဖြစ်သော  IFFCO Kisan SEZ  သည် အန္တရာ ပရာ‌ဒေ့ရှ်ပြည်နယ်မှ ထွက်ရှိသော ပထဝီဒေသဆိုင်ရာအညွှန်း (GI) အသိအမှတ်ပြု လက်မှတ်ရ Banganapalli အမျိုးအစား အပါအဝင် သရက်သီး ၂.၅ တန်ကို တောင်ကိုရီးယားသို့ တင်ပို့နိုင်ခဲ့ကြောင်း၊ ၎င်းသည် ယခုနှစ် သီးနှံရာသီအတွင်း သရက်သီး ၆၆ တန်ကို တင်ပို့ရန် တောင်ကိုရီးယားနိုင်ငံရှိ Meejaim လုပ်ငန်းစုနှင့် စာချုပ်ချုပ်ဆိုထားကြောင်း၊ ယခု အနောက်ဘင်ဂယ်ပြည်နယ်မှထွက်ရှိသည့် GI အသိအမှတ်ပြုလက်မှတ်ရ Khirsapati နှင့် Lakshmanbhog နှင့် ဘီဟာပြည်နယ်မှ စိုက်ပျိုးထုတ်လုပ် သော GI လက်မှတ်ရ Zardalu တို့အပါအဝင် သရက်သီး ၁၆ မျိုးကို ကောလ်ကတ္တားမြို့အခြေစိုက် DM Enterprises မှ ဘာရိန်းနိုင်ငံရှိ Al Jazeera Group ထံသို့ စတင်တိုးချဲ့ တင်ပို့နိုင်ခြင်းဖြစ်ကြောင်း ၊ အိန္ဒိယနိုင်ငံ ပြည်နယ်အများအပြားတွင် သရက်သီးစိုက်ပျိုးထွက်ရှိပြီး ဥတာပရာ‌ဒေ့ရှ်၊ ဘီဟာ၊ အန္တရာ ပရာဒေ့ရှ်၊ တဲလန်ဂါနာနှင့် ကာနာတကာ ပြည်နယ်များသည် အဓိကထုတ်လုပ်တင်ပို့သည့် ဒေသများ ဖြစ် ကြောင်း၊ အိန္ဒိယနိုင်ငံ၌ သရက်သီးထုတ်ကုန်များအား APEDA ၌ မှတ်ပုံတင်ထားသည့် ထုပ်ပိုးပြုပြင်ရေး အလုပ်ရုံများ၌ သန့်စင်ပြုပြင်ပြီးမှ လတ်ဆတ်သရက်သီး၊ သရက်သီးဖျော်ရည်နှင့် သရက်သီးအခြောက် ဟူ၍ ပုံစံ ၃မျိုးဖြင့် ပြည်ပသို့တင်ပို့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား နှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသည် အိန္ဒိယ၏ သရက်သီး အဓိကတင်ပို့သော ဈေးကွက်များ ဖြစ် ကြောင်း သိရှိရသည်။

(ရင်းမြစ်-နယူးဒေလီမြို့၊စီးပွားရေးသံမှူးပေးပို့လာသည့်သတင်း)

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယု့မြို့ ဇွန်လဒုတိယအပတ် ကုန်သွယ်မှု

     ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့မှ တစ်ဆင့် တရုတ်နယ်စပ်မိုင်းလားသို့ ဇွန်လဒုတိယအပတ်တွင် ရှမ်းကမ္ဘာသစ်ကုမ္ပဏီမှ တစ်သျှူးငှက်ပျော (၆)တန်ကို မြန်မာငွေကျပ်သန်း ပေါင်း (၂.၈၀၈)ဖြင့်လည်းကောင်း၊ ရွှေနမ့်ပန်ကုမ္ပဏီမှ  ဝဉခြောက် ၃၂တန်ကို မြန်ငွေကျပ်သန်းပေါင်း (၇၇.၃၂၀) ဖြင့်လည်းကောင်း၊ ယူနစ်ကုမ္ပဏီမှ ရော်ဘာ ၄၀ တန်ကို မြန်မာငွေကျပ်သန်းပေါင်း (၁၅၈.၅၆)ဖြင့် စုစုပေါင်း တစ်ပတ်အတွင်း ပို့ကုန်တင်ပို့မှုပမာဏမှာ မြန်မာငွေကျပ်သန်းပေါင်း (၂၃၈.၆၈၈)နှင့် သွင်းကုန်မရှိပါကြောင်းသိရှိရပါသည်။

        ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ဇွန်လပထမအပတ်နှင့် နှိုင်းယှဉ်ပါက တစ်သျှူးငှက်ပျောတင်ပို့မှုမှာ (၁၂)တန်လျော့ကျခဲ့ပြီး ရော်ဘာ (၄၀)တန်နှင့် ဝဉခြောက် (၃၂)တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း နယ်စပ်စခန်းများမှ သတင်းရရှိပါသည်။

ရှမ်းပြည်နယ်(DOCA)

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တစ်ပတ်အတွင်း ကုန်သွယ်ရေးနှင့် နယ်စပ်သတင်းအခြေအနေ

            ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ၄.၆.၂၀၂၁ ရက်နေ့မှ ၁၀.၆.၂၀၂၁ရက်နေ့အထိ ကုန်သွယ်ရေးနှင့်နယ်စပ်သတင်းအနေဖြင့် တာချီလိတ်နယ်စပ်ဒေသမှ အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပုလင်းခွံ၊ ဗူးခွံ၊ စက္ကူဖြတ်စက်တို့ဖြစ်ပြီး သွင်းကုန်အနေဖြင့် ဘိလပ်မြေ၊ PVC Pipe၊ မော်တော်ဆိုင်ကယ်နှင့် အိမ်ဆောက်ပစ္စည်းများ အများဆုံး တင်သွင်းခဲ့ကြောင်း၊ ကုန်သွယ်မှုပမာဏအနေဖြင့် (၃.၂၄၃)ဒေါ်လာသန်း ရှိခဲ့ကြောင်း သိရှိရပါသည်။

            မိုင်းယောင်း-မိုင်းယု ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ကုန်အနေဖြင့် ငှက်ပျော၊ ရော်ဘာ၊ ဝဥခြောက်တို့ ဖြစ်ပြီး သွင်းကုန်မရှိပါကြောင်း မိုင်းယုနယ်စပ်သတင်းများအရ သိရှိရပါသည်။ ကျိုင်းတုံ-မိုင်းလား နယ်စပ်မှ ယခုတစ်ပတ်အတွင်း အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ရော်ဘာ၊ ငါးရှဉ့်(အရှင်)၊ နှမ်းနက်တို့ဖြစ်ပြီး သွင်းကုန်အနေဖြင့် ဓါတ်မြေဩဇာ၊ ပိုက်၊ နေကြာစေ့နှင့် လူသုံးကုန်ပစ္စည်းများ ဖြစ်ကြောင်းနှင့် ကုန်သွယ်မှုပမာဏမှာ (၀.၁၇၇)ဒေါ်လာသန်း‌ရှိကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်သတင်းများအရ သိရှိရပါသည်။

ရှမ်းပြည်နယ်(DOCA)

ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်ဒေသ၏ ဇွန်လပထမအပတ် ကုန်သွယ်မှုအခြေအနေ

        ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်း-မိုင်းလားနယ်စပ်ဒေသများ၏ ဇွန်လ ပထမအပတ်တွင် ဂဏန်း၊ ကွမ်းသီးနှင့် ငါးရှည့် တို့အား တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်များမှာ နေကြာစေ့၊ မြေဩဇာနှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် တိုးလာတယ်လို့ သိရပါတယ်။ တာချီလိတ်မြို့ မယ်ယန်း ကုန်သွယ်ရေးစခန်းမှ ယခုတစ်ပတ်အတွင်း အများဆုံးတင်ပို့သော ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ရာဘာတို့ ဖြစ်ပြီး သွင်းကုန်များမှာ ဘိလပ်မြေ၊ ဆပ်ပြာမှုန့်၊ သံချောင်း၊ MSc Channel၊ ကြွေပြား၊ နေကြာစေ့၊ PVC PIPE၊ CORRUGATED SHEETတို့ဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ ယခင်တစ်ပတ်ထက် လျော့လာတယ်လို့ သိရပါတယ်။ မိုင်းယောင်း-မိုင်းယုကုန်သွယ်ရေးလမ်းကြောင်းမှ ယခုတစ်ပတ်အတွင်း အဓိကပို့သော ပို့ကုန်မှာ သွင်းကုန်မရှိဘဲ အဓိကတင်ပို့သော ကုန်များမှာ ငှက်ပျော၊ ရာဘာ၊ ဝဥခြောက်နှင့် ချင်း(ဂျင်း) တို့ဖြစ်ကြောင်းသိရှိရပါတယ်။

ရှမ်းပြည်နယ်(DOCA)

ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာသတင်းများ

တရုတ်နိုင်ငံသတင်း

လတ်ဆတ်သောသစ်သီးဝလံများတင်သွင်းရန် တရုတ်-ဗီယက်နမ်နယ်စပ်တွင် ကုန်သွယ်ရေးစခန်း ဖွင့်လှစ် သည့်သတင်း

            တရုတ်နိုင်ငံအနေဖြင့် ပြည်ပမှ လတ်ဆတ်သောသစ်သီးဝလံများတင်သွင်းမှုကို  ကိုင်တွယ်ရန် တရုတ်နိုင်ငံ တောင်ပိုင်း ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ တရုတ်-ဗီယက်နမ်နယ်စပ်ရှိ တုန်ရှင်း(Dongxing) ကုန်သွယ်ရေးစခန်းအား အတည်ပြုချက်ထုတ်ပြန်ပေးလိုက်ပြီဖြစ်ကြောင်း၊ တင်သွင်းခွင့်ပြုချက်ရရှိပြီး နောက် ၂၀၂၁ ခုနှစ်၊ မေလ (၁၅)ရက်နေ့တွင် ၎င်းစခန်းက ပထမဉီးဆုံး သစ်သီးဝလံအသုတ်အဖြစ် တန်ချိန်(၂၇၅)တန် အလေးချိန် ရှိသော နဂါးမောက်သီး၊ ပိန္နဲသီးနှင့် ထိုင်းဒူးရင်းသီးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်(၁၃)စီးအား အကောက်ခွန်ရှင်းလင်းမှု ပြုလုပ်ပေးခဲ့ကြောင်း၊ နန်နင်းမြို့ရှိ ထိုင်းနိုင်ငံကောင်စစ်ဝန်ချုပ် က တုန်ရှင်း စခန်းမှတဆင့် သစ်သီးဝလံကုန်သွယ်မှုမှာ တရုတ်နိုင်ငံနှင့် ထိုင်း နှစ်နိုင်ငံလုံး၏ လယ်ယာစိုက်ပျိုးရေး၊ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများအတွက် အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်ကာ တရုတ် စားသုံးသူများအား ပိုမိုလတ်ဆတ်သည့် ထိုင်းနိုင်ငံမှ သစ်သီးဝလံများကို မြည်းစမ်းကြည့်နိုင်ခွင့်ရလာသည်ဟု မှတ်ချက်ပြုပြောကြားထားကြောင်း၊ ယခုအခါ တုန်ရှင်းအကောက်ခွန်မှတဆင့် ဗီယက်နမ်နိုင်ငံမှ မင်းဂွတ်သီးနှင့် နဂါးမောက်သီးများအပါအဝင် သစ်သီး(၉)မျိုး၊ ထိုင်းနိုင်ငံမှ ဒူးရင်းသီးနှင့် နှင်းသီးများ အပါအဝင် သစ်သီး (၂၂)မျိုးအား တင်သွင်းနိုင်ပြီဖြစ်ကြောင်း၊ တုန်ရှင်းကူးသန်းရောင်းဝယ်ရေးနှင့်ဆိပ်ကမ်း စီမံခန့်ခွဲရေး ဗြူရိုမှ ညွှန်ကြားရေးမှူးတစ်ဉီးက တုန်ရှင်းစခန်းတွင် ယခင်ကပမာဏနည်းပါးသည့် နယ်စပ် ကုန်သွယ်ရေးကိုသာ ဆောင်ရွက်ခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ သစ်သီး(၉)မျိုးကိုသာ တင်သွင်းရန်ခွင့်ပြုခဲ့ရာ ယခု အခါတင်သွင်းခွင့်ပြုသည့် သစ်သီးဝလံအမျိုးအစားများအား ပိုမိုခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ဆက်စပ်နေသည့် ကုန်စည်သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံ၊ ဘဏ္ဍာရေးနှင့် အခြားဝိုင်းဝန်း ပံ့ပိုးပေးသည့် ဝန်ဆောင်မှုကဏ္ဍများတွင် အခွင့်အလမ်းသစ်များ ပိုမိုရရှိလာတော့မည် ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနိုင်ငံမှ သရက်သီးများ ကွမ်ရှီးသို့ ပထမဆုံးအကြိမ်သင်္ဘောဖြင့် တိုက်ရိုက် ရောက်ရှိ သည့် သတင်း

          ကမ္ဘောဒီးယားနိုင်ငံမှတင်ပို့လာသည့် လတ်ဆတ်သရက်သီးပထမအသုတ်သည် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ချင်းကျိုးဆိပ်ကမ်းသို့ မေလ(၂၁)ရက်နေ့တွင် ဆိုက် ရောက်လာခဲ့ရာ ၎င်းသရက်သီးပထမအသုတ်အား ကုန်သေတ္တာ(၆)လုံးဖြင့် တင်ဆောင်လာခြင်း ဖြစ်ကာ ပေကျင်း၊ ဟာနန်၊ လျိုနင်း၊ ကျဲ့ကျန်း၊ ရှန်တုန်းနှင့်အခြားဒေသများ၏ ဈေးကွက်များသို့ ပို့ဆောင်ရောင်းချသွားမည် ဖြစ်ကြောင်း၊ ထိုသို့ပို့ဆောင်မှုမှာ နှစ်နိုင်ငံအကြား လယ်ယာစိုက်ပျိုးရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းကို ထင်ဟပ်ပြသနေကြောင်း၊ သရက်သီးမှာ ငှက်ပျောသီးပြီးနောက် ကမ္ဘောဒီးယားနိုင်ငံမှ တရုတ်နိုင်ငံသို့ တိုက်ရိုက်တင်ပို့ခွင့်ရရှိသည့် ဒုတိယ မြောက်သစ်သီးဝလံဖြစ်ကြောင်း၊ ချင်းကျိုးဆိပ်ကမ်းသည် အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအသစ်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက် အဓိက နေရာတစ်ခုဖြစ်ကြောင်း၊ မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံသို့ လယ် ယာစိုက်ပျိုးရေးဆိုင်ရာ ကုန်ပစ္စည်းတင်ပို့မှုအား လွယ်ကူချောမွေ့စေရန် ထိုင်း၊ ဗီယက်နမ်နှင့်အခြားအရှေ့တောင်အာရှနိုင်ငံ တို့နှင့်ချိတ်ဆက်ပေးထားသည့် သစ်သီးဝလံသင်္ဘောတင်ဆောင်မှုအမြန်လိုင်းအချို့အား ဖွင့်လှစ်ပေးခဲ့ကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံသို့ အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းလာမည့် သစ်သီးဝလံများအတွက်သာမက တရုတ်နိုင်ငံကိုဖြတ်သန်း၍ ဥရောပတိုက်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဈေးကွက်များသို့ ပို့ဆောင်မည့်သစ်သီးဝလံများအတွက်ပါ လွယ်ကူအဆင်ပြေသည့် အကောက်ခွန် ကြေညာသည့်နေရာအဖြစ် ချင်းကျိုးဆိပ်ကမ်း၌ အလားတူအထူးလိုင်းများကို ပိုမိုဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်း သိရှိရပါသည်။

(နန်နင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)      

စားသုံးသူများ ဈေးဆိုင်များသို့ သွားရောက်လိုခြင်းမရှိသည့်သတင်း

          ဟောင်ကောင်ဒေသ၏ ၂၀၂၁ ခုနှစ် စီးပွားရေးအခြေအနေမှာ မသေချာမှုများ ရှိနေသောကြောင့် စားသုံးသူအများစုသည် ၎င်းတို့၏သုံးစွဲမှုများကို ထိန်းသိမ်းသုံးစွဲပြီး ငွေကြေးများ စုဆောင်းနိုင်ရန်အတွက် ဒေသတွင်း၌ Covid-19 ကမ္ဘာ့ကပ်ရောဂါကူးစက်မှု လျော့နည်းကျဆင်းလာပြီဖြစ်သော်လည်း  ဈေးဝယ်သွားရောက်လိုခြင်းကြောင့် စစ်တမ်းကောက်ယူခဲ့မှုအရသိရှိရသည်ကို  South China Morning Post သတင်းစာ၌ ဖော်ပြထားကြောင်း၊ စစ်တမ်းကောက်ယူခဲ့မှုအရ စားသုံးသူ (၇၀%) မှာ ကမ္ဘာ့ကပ်ရောဂါ Covid-19 အလွန်တွင် သုံးစွဲမှုများကို လက်တွေ့ဆန်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဟု လေ့လာသိရှိရကြောင်း၊ ပြည်ပသွားလာမှုနှင့် နေအိမ်များ၌ နေထိုင်ရန် ကန့်သတ်မှုများကြောင့် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ (၁၂၀၀၀)ဝင်ငွေရှိသည့် အသက်(၂၁)မှ(၆၀)နှစ်အတွင်းရှိသည့် လူဉီးရေ(၁၂၀၀)ကျော်အား စစ်တမ်းကောက်ယူခဲ့ရာ၌ ဟောင်ကောင်ဒေသတွင် နေထိုင်သူထက်ဝက်၏ အသုံးစရိတ်မှာ(၁၃%) လျော့ကျသွားကြောင်း၊ ၂၀၂၀ ပြည့်နှစ်က ဆုံးရှုံးခဲ့သည့် စီးပွားရေးအခွင့်အလမ်းများကို အမီလိုက်နိုင်ရန်အတွက် ငွေကြေးသုံးစွဲမှု (Revenge Spending) အရ စားသုံးသူများအနေဖြင့် ပုံမှန်ထက် ငွေကြေး ပိုမိုသုံးစွဲလာကာ စီးပွားရေးပြန်လည်မြင့်တက်ရန် လက်လီရောင်းချသူများနှင့် စားသောက်ဆိုင်ပိုင်ရှင်များမှ မျှော်လင့်လျှက်ရှိကြောင်း၊ စားသုံးသူ(၂၂%)မှာ ကမ္ဘာ့ကပ်ရောဂါ Covid-19 အလွန်တွင် မလိုအပ်သော ပစ္စည်းများ ဝယ်ယူသုံးစွဲမှုများကိုလျှော့ချလျှက်ရှိပြီး ၎င်းတို့၏သုံးစွဲမှုများကို ထိန်းချုပ်မည် ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ် ရောဂါ Covid-19 ကြောင့် အများပြည်သူသုံးစွဲမှုစနစ် အပေါ်  အဓိက သက်ရောက်လျှက်ရှိကြောင်းသိရှိရပါသည်။

(ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဂျပန်နိုင်ငံသတင်း

ဂျပန်နိုင်ငံ၌ စက်ဘီးအသုံးပြုသွားလာမှုကို အားပေးမည့်သတင်း

          ဂျပန်နိုင်ငံ  Ministry of Land, Infrastructure, Transport and Tourism (MLIT)က ပြည်သူများ စက်ဘီးအသုံးပြု၍ အလုပ်သွားလာရာတွင် အဆင်ပြေစေမည့်နည်းလမ်းများ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ အကောင်အထည်ဖော်ရာတွင် စက်ဘီးရပ်နားမည့်နေရာများ တည်ဆောက်ထားသည့်ကုမ္ပဏီများကို ငွေကြေးပံ့ပိုးပေးမည့် အစီအစဉ်လည်းပါဝင်ကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ်အထိ  အကျုံးဝင်သည့် စက်ဘီးအသုံးပြုသွားလာမှုများကို လှုံ့ဆော်အားပေးသော စီမံကိန်းမူကြမ်းကို MLIT ကရေးဆွဲခဲ့ကြောင်း၊ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေး၊ ပြည်တွင်း ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးလာမှုမှတဆင့် ဒေသန္တရစီးပွားရေးပြန်လည်ရှင်သန်လာစေရန်နှင့် ပြည်သူများ၏ ကျန်းမာရေး ပိုမိုကောင်းမွန်လာစေရန် စသည်တို့ကိုရည်မှန်း၍  အဆိုပါစီမံကိန်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စီမံကိန်းမူကြမ်းအရ ၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၅.၂% ရှိခဲ့သည့် စက်ဘီး အသုံးပြုသွားလာမှုနှုန်းကို ၂၀၂၅ ဘဏ္ဍာနှစ် အရောက်တွင် ၁၈.၂% အထိ မြှင့်တင်သွားရန် MLIT က ရည်မှန်းထားကြောင်း၊ စက်ဘီးရပ်နားရာ နေရာများ တည်ဆောက်ထားသည့်ကုမ္ပဏီများကို ငွေကြေး ပံ့ပိုးနိုင်ရန် ဘတ်ဂျတ်ခွဲဝေမှုနှင့် အခွန်ကောက်ခံမှု များကို စနစ်တကျ ဆုံးဖြတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါ၏ သက်ရောက်မှုကြောင့် ကျဆင်းနေသည့်  ဒေသန္တရ စီးပွားရေးကို ပြန်လည်နလန်ထူလာစေရန် ဂျပန်နိုင်ငံ တစ်ဝှမ်းလုံးတွင် စက်ဘီးစီးနင်းသွားလာ နိုင်မည့်လမ်းကြောင်းတစ်ခုကို သတ်မှတ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ စက်ဘီးစီး ခရီးသွားလုပ်ငန်းကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစီမံကိန်း ကို ၂၀၂၁ ခုနှစ်၊ မေလ နှောင်းပိုင်းခန့်တွင် အပြီးသတ်ရေးဆွဲဆောင်ရွက်သွားရန် MLIT က ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

စွန့်ပစ်ပလတ်စတစ်အမှိုက်များ လျှော့ချနိုင်ရန်အတွက် အသုံးပြုပြီးသည့် ဗူးခွံများကို ပြန်လည် အသုံးပြုရန် ဂျပန်ကုမ္ပဏီအချို့ စီစဉ်နေသည့်သတင်း

          ဂျပန်ကုမ္ပဏီ(၆)ခုသည် စွန့်ပစ်ပလတ်စတစ်အမှိုက်များ လျှော့ချရန် ကြိုးပမ်းချက်၏ အစိတ် အပိုင်းတစ်ခုအနေဖြင့် ဗူးခွံ၊ပုလင်းခွံများကို စုဆောင်းပြီး ပြန်လည်အသုံးပြုသည့် စီးပွားရေးလုပ်ငန်း တစ်ခုကို စတင်ဆောင်ရွက်နေကြောင်း၊ မုန့်နှင့် စားသောက်ကုန်များထုတ်လုပ်သည့် Lotte ကုမ္ပဏီနှင့် Procter & Gamble Japan အပါအဝင် ကုမ္ပဏီ(၆)ခုသည်  အမေရိကန်နိုင်ငံမှ စွန့်ဉီးတီထွင် ကုမ္ပဏီ တစ်ခုဖြစ်သည့် Loop ၏တီထွင်ထားသည့် နည်းလမ်းအတိုင်း အသုံးပြု ဆောင်ရွက်မည်ဖြစ်ကြောင်း၊ သံမဏိ၊ဖန် စသည့်ပစ္စည်းများနှင့်ပြုလုပ်ထားသည့် တာရှည်ခံသည့် ဗူးခွံ၊ပုလင်းခွံများကို စတိုးဆိုင်များ၏ သတ်မှတ်ထားသည့်ပုံးများမှ စုဆောင်းရယူကာ ပြန်လည် သန့်စင်မည့် ကုမ္ပဏီထံသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ကုန်ပစ္စည်းထုတ်လုပ်သူများက အဆိုပါ  ဗူးခွံနှင့် ပုလင်းခွံများကို  ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊  ဈေးဝယ်သူများက ပစ္စည်းဝယ်ယူသည့် အချိန်တွင်  အဆိုပါ ဗူးနှင့်ပုလင်းများအပေါ် စပေါ်ငွေ ပေးဆောင်ရမည် ဖြစ်ကြောင်း၊အဆိုပါ နည်းစနစ်ကို မြို့တော်တိုကျိုနှင့်အနီးတဝိုက်ရှိ Kanagawa  နှင့်  Chiva ဒေသတစ်ဝိုက်ရှိ  Aeon ဈေးဝယ်စင်တာ (၁၉)ခုတွင် မေလ တတိယပတ်မှစတင်ကာ ကျင့်သုံး ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ ပြန်လည်အသုံးပြုခြင်းအတွက် စီမံဆောင်ရွက်မှုများသည် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာပြဿနာများ ကိုဖြေရှင်းရန်အတွက် အရေးပါသဖြင့် စွန့်ပစ်ပလတ်စတစ်အမှိုက်များ လျှော့ချ ရေးကြိုးပမ်းမှုများ  တွင် ပါဝင်ဆောင်ရွက်လိုသည့်ကုမ္ပဏီများပိုမိုများပြားလာနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

(တိုကျိုမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘရာဇီးလ်နိုင်ငံ၏ပြည်တွင်းပြောင်းဈေးနှုန်းများ ကျဆင်းနေသည့်သတင်း

          ချီကာဂိုစတော့ဈေးကွက်တွင် ပြောင်းဈေးနှုန်းများ သိသိသာသာကျဆင်းမှု၏ အကျိုးဆက် အဖြစ် ဘရာဇီးလ်နိုင်ငံ စတော့ဈေးကွက်တွင်လည်း ပြောင်းဈေးနှုန်းများ ကျဆင်းလျှက်ရှိကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးနှင့် အကြံပေးကုမ္ပဏီ Safras & Mercado ၏ သတင်းများတွင် ဖော်ပြထားပြီး ကုမ္ပဏီ၏ လေ့လာတွေ့ရှိချက်အရ ပြောင်း ၁ အိတ်တန်ဖိုးသည် Cascavel(PR)ဈေးကွက်တွင် ဘရာဇီးလ် ဟဲရာ ၁၀၄ မှ ၁၀၃ သို့လည်းကောင်း၊ Campinas (SP)ဈေးကွက်တွင် ဟဲရာ ၁၀၉ မှ ၁၀၄.၉ သို့ လည်းကောင်း အသီးသီးကျဆင်းခဲ့ကြောင်း၊ မေလ ပထမ ၂ ပတ်အတွင်း ပြောင်းတန်ချိန်စုစုပေါင်း (၁၁၈.၆)တန် အားတင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၉၀.၅%လျော့နည်းတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

ပဲပုတ်စေ့ဈေးနှုန်းများ အကျဘက်သို့ ဉီးတည်နေသည့်သတင်း

          ဘရာဇီးလ်သီးနှံဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများသည် လတ်တလောတွင် တည်ငြိမ်နေသော်လည်း အကျဘက်သို့ဉီးတည်နေကြောင်း၊ ဒေါ်လာဈေးကွက်တည်ငြိမ်နေသဖြင့် အမေရိကန်နိုင်ငံရှိ ချီကာဂိုစတော့ဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်းများ တည်ငြိမ်မှုရှိနေသော်လည်း အရောင်းအဝယ် အေးလျှက်ရှိကြောင်း၊ ပဲပုတ်စေ့(၁)အိတ်ဈေးနှုန်းသည်  In Passo Fundo(RS) ဈေးကွက်တွင် ဘရာဇီးလ် ဟဲရာ ၁၇၅ မှ ၁၇၄ သို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့သော်လည်း Paranagua(PR) ဈေးကွက်တွင် ဟဲရာ ၁၇၅ ဈေးနှုန်းဖြင့် တည်ငြိမ်နေကြောင်း သိရှိရပါသည်။

(Brasilla စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံသတင်း

ဩစတြေးလျပို့ကုန်လုပ်ငန်းရှင်များကိုထောက်ပံ့မည့်ရန်ပုံငွေတိုးမြှင့်သည့်သတင်း

          ဩစတြေးလျအစိုးရသည် နိုင်ငံရှိစီးပွားရေးလုပ်ငန်းများ နိုင်ငံတကာတွင် တိုးတက်ကြီးထွားလာနိုင်ရေးအတွက် အေဒေါ်လာ ၆၅.၅ သန်းကို ထပ်မံထောက်ပံ့လိုက်ကြောင်း၊ ပို့ကုန်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့အစီအစဉ် (Export Market Development Grants  Program- EMDG) အတွက် ဘတ်ဂျတ်ခွဲဝေပေးထားပြီးဖြစ်ရာ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ရောင်းဝယ်ဖောက်ကားမှုကုန်ကျစရိတ်စုစုပေါင်း၏ ၅၀% အထိ ထောက်ပံ့ငွေ လက်ခံရရှိမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကိုဗစ်ကူးစက်ရောဂါနှင့်အတူ ဖြစ်ပေါ်လာသည့် စီးပွားရေးကျဆင်းမှုမှ ပြန်လည်ထူထောင်နိုင်ရန်အပြင် ဩစတြေးလျစီးပွားရေးလုပ်ငန်းများ နိုင်ငံတကာတွင် အောင်မြင်စွာ ထိုးဖောက်နိုင်ရေး၊ နိုင်ငံအတွင်း အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ရေးနှင့် စီးပွားရေးလုပ်ငန်းသစ်များ ပေါ်ထွန်းလာနိုင်ရေးတို့အတွက် ယင်းကဲ့သို့အထောက်အပံ့ များဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ အစီအစဉ်အရ ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်တင်ပို့သူများအား ပထမအကြိမ်ပေးချေမှုအနေဖြင့် အေဒေါ်လာ(၁)သိန်းအထိ မြှင့်တင်ထားရာ နှစ်ပေါင်း(၂၀)အတွင်း အမြင့်ဆုံး ပထမအကြိမ် ပေးချေမှုဖြစ်ပြီး လွန်ခဲ့သည့်(၅)နှစ်အတွင်း အေဒေါ်လာ(၄)သောင်းမှာ အမြင့်ဆုံးပေးချေမှုဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ခုနှစ်အတွင်း အစိုးရသည်အေဒေါ်လာ (၁၉၂)သန်းကို ဩစတြေးလျစီးပွားရေးလုပ်ငန်းပေါင်း(၄၀၀၀)ကျော်၏ ပို့ကုန်လုပ်ငန်းများအတွက် EMDG  အစီအစဉ်မှတစ်ဆင့် ထောက်ပံ့ကူညီခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါစီးပွားရေးလုပ်ငန်းများတွင် လူဉီးရေ (၇၀၀၀၀) ကျော်ကဝင်ရောက်လုပ်ကိုင်လျှက်ရှိပြီး လုပ်ငန်းများမှပို့ကုန်ဝင်ငွေ အေဒေါ်လာ(၄.၃) ဘီလီယံ ခန့်ရရှိကြောင်းသိရှိရပါသည်။

(ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဘယ်လ်ဂျီယံနိုင်ငံသတင်း

ဘယ်လ်ဂျီယံနိုင်ငံအစိုးရက စီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူပြုအစီအမံများကို စက်တင်ဘာလအထိ ထပ်မံတိုးမြှင့်ခဲ့သည့်သတင်း

          Covid-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများနှင့် ကုမ္ပဏီများအတွက် အထောက်အကူပြုအစီအမံများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်ထိ ထပ်မံတိုးမြှင့်ရန်  ဘယ်လ်ဂျီယံနိုင်ငံ အစိုးရက ဆုံးဖြတ်ခဲ့ကြောင်း၊ ထိုသို့တိုးမြှင့်ရာ၌ ယာယီအလုပ်လက်မဲ့ အစီအစဉ် (Temporary Unemployment) ဆိုင်ရာစည်းမျဉ်းများကို ပို၍ဖြေလျှော့ပေးခြင်းလည်း ပါဝင်ကြောင်း ဝင်ငွေအားဖြင့်အနည်းဆုံး (၄၀%)ကျဆင်းမှုရှိခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ သည် အစိုးရထံမှ အထောက်အပံ့ အစီအစဉ်များကို တောင်းခံနိုင်ပြီး အဆိုပါထောက်ပံ့မှု အစီအမံများကို ဇွန်လကုန်ထိသာပေးအပ်သွားမည်ဟု အစိုးရကကြေငြာပြီးနောက် ယခုအခါ စက်တင်ဘာလကုန်ထိ တိုးမြှင့်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အစိုးရ၏ ထောက်ပံ့မှု အစီအမံများသည် ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ထိရှလွယ်စီးပွားရေးလုပ်ငန်း ကဏ္ဍများ၊ အလုပ်သမားများအတွက် စက်တင်ဘာလကုန်အထိသာ ခုသာခံသာရှိနိုင်စေရန် ရည်ရွယ်ကြောင်း၊ အစိုးရ၏ Covid-19 ကပ်ရောဂါ ထိန်းချုပ်မှုကန့်သတ်ချက်များဖြေလျှော့ပေးမည့် Summer Plan အရ စက်တင်ဘာလတွင် နောက်ဆုံးအဆင့်အဖြစ် ကန့်သတ်ချက်များကို အများဆုံး ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

အာရေဗီကာကော်ဖီသီးများ စတင်းဆွတ်ခူးနေသော်လည်း ကော်ဖီဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လျှက်ရှိသည့်သတင်း

          လတ်တလောရက်များတွင် ဘရာဇီးလ်နိုင်ငံရှိ ကော်ဖီစိုက်ခင်းများမှကော်ဖီသီးများ စတင် ဆွတ်ခူး လျှက်ရှိပြီး ဆွတ်ခူးရရှိသည့်ကော်ဖီသီးထွက်ရှိမှုအခြေအနေအရ လာမည့်ရက်သတ္တပတ် များတွင် ဈေးကွက်အတွင်းသို့ ပိုမိုဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ကော်ဖီသီး လှိုင်လှိုင်ဝင်ရောက် မည့်အချိန်မှာ ဇွန်လလယ်မှ ဇူလိုင်လဆန်းပိုင်းကြားကာလဖြစ်ကြောင်း ပညာရှင်များက ထုတ်ပြန် သည့် အချက်အလက်များ တွင် ဖော်ပြထားကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် ကော်ဖီသီးရိတ်သိမ်း ချိန်ဖြစ်သော်လည်း ဈေးကွက်တွင်  ကော်ဖီစေ့ဈေးနှုန်းများ မြင့်တက်နေသဖြင့် နောက်ရာသီတွင် ထွက်ရှိမည့် ကော်ဖီစေ့အတွက် ကြိုပွိုင့်ဝယ်ယူသူများအပေါ် ဖိအားသက်ရောက်မှုများ ဖြစ်ပေါ်လျှက် ရှိကြောင်း၊ မေလဆန်းမှစတင်၍ ဈေးကွက်တွင် အာရေဗီကာကော်ဖီစေ့ဈေးနှုန်းများမြင့်တက်ခဲ့ရာ ယခုရက်ပိုင်းတွင် ဈေးနှုန်းမြင့်တက်မှု ပိုမိုသိသာလာခဲ့ကြောင်း၊ မေလ၂၅ရက်(အင်္ဂါနေ့)ကော်ဖီ ဈေးကွက်တွင် အာရေဗီကာကော်ဖီစေ့နံပါတ်(၆)တစ်အိတ် ဈေးနှုန်းသည် ဘရာဇီးလ်ဟဲရာ (၈၂၅.၁၁)ဖြင့် ဈေးပိတ်ခဲ့ပြီး ဧပြီလ(၃၀)ရက်နေ့ပေါက်ဈေးနှင့် နှိုင်းယှဉ်ပါက (၅.၄%) ပိုမိုမြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့ကော်ဖီဈေးကွက်တွင် ဈေးနှုန်းများမြင့်တက်လျှက်ရှိသဖြင့် ဘရာဇီးလ်ကော်ဖီစေ့များအား နယူးယောက်စတော့ဈေးကွက်တွင်တင်၍  ရောင်းဝယ်မှုများ အဓိက လုပ်ဆောင်နေကြောင်းသိရှိရပါသည်။

(ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံသတင်း

စားသုံးဆီများ တရားမဝင်တင်သွင်းမှုက ပြည်တွင်းလုပ်ငန်းအား ထိခိုက်စေကြောင်း အိန္ဒိယ ဆီစက်လုပ်ငန်း အသင်းက ပြောကြားခြင်း

          အိန္ဒိယနိုင်ငံ၌ ဈေးနှုန်းများမြင့်တက်မှုနှင့်အတူ စားသုံးဆီများမှာ ပြည်တွင်းဈေးကွက်သို့ တရားမဝင် ဝင်ရောက်လျက်ရှိရာ ပြည်တွင်းကုန်ထုတ်လုပ်သူများနှင့် တောင်သူလယ်သမားများ အပေါ် ထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မှုပြုရန် အိန္ဒိယဆီစက်လုပ်ငန်းရှင်များအသင်း (SEA) က တောင်းဆိုလိုက်ပါသည်။           အဆိုပါအသင်းက အိန္ဒိယ ဗဟိုအစိုးရထံသို့ စာရေးသားပေးပို့ရာတွင် အကောက်ခွန်နှုန်းထား သုညရာခိုင်နှုန်းအထိ သက်သာခွင့်ရရှိမှုကို အခွင့်ကောင်းယူ၍ အခြားပင်ရင်းနိုင်ငံများမှ ထုတ်လုပ်သော စားအုန်းဆီနှင့် ပဲပုတ်ဆီများမှာ ပြည်တွင်းဈေးကွက်သို့ အိမ်နီးချင်း နီပေါနိုင်ငံမှ တစ်ဆင့် ဝင်ရောက်လျက်ရှိကြောင်း၊ နီပေါနိုင်ငံ၌ ပဲပုတ်စိုက်ပျိုး ထုတ်လုပ်ခြင်းမရှိသကဲ့သို့ ပဲပုတ်ဆီကို အဓိကအားဖြင့် တောင်အမေရိကဒေသမှ ရယူတင်သွင်းလျက်ရှိကြောင်း၊ ပြင်ပမှတင်သွင်းသည့် ပဲပုတ်စေ့များအား စားသုံးဆီ ထုတ်လုပ်နိုင်စွမ်းမှာလည်း အနည်းမျှသာရှိကြောင်း၊ အလားတူ စားအုန်းဆီကိုလည်း နီပေါနိုင်ငံ၌ စိုက်ပျိုးထုတ်လုပ်ခြင်းမရှိပဲ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ထံမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း (ROO) ကို မထီမဲ့မြင်ပြုလျက် အခွန်သက်သာမှု ရရှိရန်အလို့ငှာ နီပေါနိုင်ငံ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖြတ်သန်း၍ ကုန်တင်သွင်းမှုလမ်းကြောင်းဖြစ်ပေါ်လျက်ရှိကြောင်း၊ အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနသည် ROO အလွဲသုံးမှုကို စစ်ဆေးရမည့်အစား တင်းကျပ်သည့် လုပ်ထုံးလုပ်နည်းများကိုသာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လတွင် အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံအတွင်း ROO စည်းမျဉ်းအား အလွဲသုံးစားပြုလျက်  အကောက်ခွန်ကင်းလွတ်စွာဖြင့် ပဲပုတ်ဆီများ တင်သွင်းမှု ရှိနေဆဲဖြစ်ကြောင်း၊ ထိုသို့ စားသုံးဆီများ ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်မှုမှာ ကနဦးအစပိုင်းတွင် သတိပေးသည့်အဆင့်မျှသာရှိသော်လည်း ယခုအခါ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများရှိ ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်သော လုပ်ငန်းများ၏ ရပ်တည်ရှင်သန်မှုကို ခြိမ်းခြောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အစိုးရ၏ အခွန်ဘဏ္ဍာရရှိမှုကိုလည်း ဆုံးရှံးမှုများဖြစ်ပေါ်စေကြောင်း၊ ထို့အပြင် စားသုံးဆီများအပေါ် မြင့်မားသည့် အကောက်ခွန်နှုန်းထားများ သတ်မှတ်ထားသည့် ရည်ရွယ်ချက်ကို ပျက်သုဉ်းစေသကဲ့သို့ ပြည်တွင်းဈေးကွက်ကိုလည်း ပျက်စီးစေလျက်ရှိကြောင်း စသည်ဖြင့် ဖော်ပြထားပါသည်။ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့ အပါအဝင် SAARC အဖွဲ့အတွင်းရှိ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၅ နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တင်ပို့သော ကုန်စည်များစွာသည် ၂၀၁၁ ခုနှစ်ကတည်းကပင် SAFTA ကုန်သွယ်ရေးသဘောတူညီချက်အရ အကောက်ခွန်နှုန်းထား သုညရာခိုင်နှုန်းအထိ သက်သာခွင့် ရရှိခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ် အခွန်လျော့ချမှုက အိန္ဒိယကုန်သည်များကို တွန်းအား ဖြစ်စေလျက်ရှိ

          ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်းထားများအား မကြာသေးမီက လျော့ချပေးခဲ့ရာ အိန္ဒိယနိုင်ငံရှိ ဆန်တင်ပို့သည့်လုပ်ငန်းများအနေဖြင့် ရှေ့လာမည့်လမှ စတင်၍ ဖိလစ်ပိုင်နိုင်ငံသို့ ဘာစမာတီမဟုတ်သောဆန်များကို ပိုမိုတိုးမြှင့်တင်ပို့ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။   ကမ္ဘာပေါ်၌ ဆန်တင်သွင်းမှု ဒုတိယအများဆုံးဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် အနည်းဆုံး ပမာဏ သတ်မှတ်ချက် (Minimum Access Volume) အတွင်း ဆန်တင်သွင်းမှုအတွက် သွင်းကုန်ခွန် ၄၀% နှင့် ၎င်းပမာဏပြင်ပ၌ တင်သွင်းမှုအပေါ် သွင်းကုန်ခွန် ၅၀% ကောက်ခံရန် သတ်မှတ်ထားရှိခဲ့ပါသည်။ သို့ရာတွင် ဖိလစ်ပိုင်နိုင်ငံသမ္မတ ရိုဒရီဂိုဒူတာတေးသည် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် အကောက်ခွန်နှုန်းထား ပြင်ဆင်သည့်အမိန့် EO 135 ကို ၁၅-၅-၂၀၂၁ နေ့တွင် လက်မှတ်ရေးထိုးလျက် ဆန်တင်သွင်းမှုအပေါ် သွင်းကုန်ခွန်အား ၃၅%  သို့ လျော့ချခဲ့ပြီး ၁ နှစ် ကာလအထိ ခွင့်ပြုပေးခဲ့ကြောင်း ဖိလစ်ပိုင်သတင်းအေဂျင်စီ (PNA) ၏ ဖော်ပြချက်အရ သိရှိရပါသည်။ သို့ဖြစ်ရာ အိန္ဒိယကုန်သည်များသည် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရာတွင် မူလက သွင်းကုန်အခွန် ၅၀% ပေးဆောင်ရမည့် အခြေအနေမှ ယခု ၁၅% လျော့နည်းသက်သာသည့် အခွင့်အလမ်းကို ရရှိလာခြင်းဖြစ်ပါသည်။ အိန္ဒိယဆန်တင်ပို့သူလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. BV Krishna Rao က ယခုအခါ အိန္ဒိယသည် အခြားသော အာဆီယံနိုင်ငံများနှင့် တန်းတူညီမျှသည့် အကောက်ခွန်နှုန်းထားဖြင့် တင်ပို့နိုင်သည့် အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ရာ အိန္ဒိယ ကုမ္ပဏီများသည် ဇွန်လကုန်ပိုင်းမှ စတင်၍ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့နိုင်ရေး စိတ်အားထက်သန်လျက်ရှိကြောင်း၊ သို့သော် ကုန်သေတ္တာများ ရလွယ်နိုင်မှုမှာ အဓိကအခက်အခဲအဖြစ် ကြုံတွေ့နေရကြောင်း၊ ၎င်းတို့အနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တင်ပို့ရေး နည်းလမ်းများကို လေ့လာလျက်ရှိကြောင်းနှင့် ယခင်နှစ်တင်ပို့ခဲ့သည့် ပမာဏနည်းတူ လက်ရှိဘဏ္ဍာနှစ်၌ ဘာစမာတီ မဟုတ်သောဆန်များအား ပြည်ပတင်ပို့နိုင်လိမ့်မည် မျှော်မှန်းထားကြောင်း စသည်ဖြင့် ပြောဆိုပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ နှစ်စဉ်ဆန်တင်သွင်းမှုမှာ တန်ချိန် ၂.၅ သန်းခန့်ရှိပြီး ၎င်းအနက် တန်ချိန် ၂ သန်းခန့်သည် အရည်အသွေးကောင်းမွန်သည့် တန်းမြင့်ဆန်များဖြစ်ကြောင်း၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ အရည်အသွေးမြင့်မားသည့် ရနံ့မွှေးကြိုင်သော ကောက်ညှင်းအနွယ်ဝင်ဆန်များကို အဓိက ရယူတင်သွင်းလျက်ရှိကြောင်း အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြပါသည်။

          အိန္ဒိယ လယ်ယာပို့ကုန်များ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) ၏ စာရင်းများ အရ အိန္ဒိယနိုင်ငံသည် ၂၀၂၀-၂၀၂၁ ခုနှစ်၌ ပြည်ပသို့ ဆန်တန်ချိန် ၁၇.၇ သန်း တင်ပို့နိုင်ခဲ့ရာ ယခင်နှစ်တင်ပို့မှု တန်ချိန် ၉.၅ သန်းထက် နှစ်ဆမျှတိုးတက်လာခဲ့ကြောင်း တွေ့ရှိရသည်။ အဆိုပါ ပမာဏအနက် ဘာစမာတီဆန်တင်ပို့မှုမှာ တန်ချိန် ၄.၄၅ သန်းဖြင့် တိုးတက်မှု ၄% ခန့် ရရှိခဲ့ပြီး၊ ဘာစမာတီမဟုတ်သော ဆန်များအား ယခင်နှစ်ထက် ၁၆၀% တိုးမြှင့်လျက် တန်ချိန် ၁၃.၀၉ သန်း အထိ တင်ပို့ခဲ့ခြင်းဖြစ်သည်။ တန်ဖိုးအားဖြင့် ဘာစမာတီ မဟုတ်သော ဆန်၌ ဒေါ်လာ ၄.၈ ဘီလီယံ (ရူပီးငွေ ၃၅၄၄၈ ကုဋေ) တင်ပို့ခြင်းဖြစ်ပြီး ဘာစမာတီဆန်တွင် ဒေါ်လာ ၄ ဘီလီယံ (ရူပီးငွေ ၂၉၈၄၉ ကုဋေ) ဖြစ်ကြောင်း တွေ့ရှိရပါသည်။

(နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့သည့် သတင်း)

တောင်အာဖရိကနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ဥရောပအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာသတင်းများသတင်း

ဥရောပအဖွဲ့ဝင်နိုင်ငံများသတင်း
ကပ်ရောဂါကာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ပိုမိုစားသုံးလာကြ သည့်သတင်း
ဘယ်လ်ဂျီယံနိုင်ငံရှိ ဈေးကွက်သုတေသနကုမ္ပဏီ (GfK) ၏ စစ်တမ်းအရ ကိုရိုနာဗိုင်းရပ်စ် ကပ် ရောဂါ ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ကို ပိုမို စားသုံးလာကြသော်လည်း ၎င်းစားသုံးမှုသည် အာဟာရပညာရှင်များကလိုလားသည့်အဆင့်သို့ မရောက်ရှိသေးကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ကပ်ရောဂါကြောင့် အလုပ်သမားအများစု အလုပ်အကိုင် ဆုံးရှုံးခြင်း၊ နေအိမ်မှတစ်ဆင့် အလုပ်တာဝန်များဆောင်ရွက်ရခြင်းတို့ကြောင့် လက်လီအရောင်းဆိုင်များ မှ စားသောက်ကုန်များဝယ်ယူမှုသည် (၁၂%)တိုးတက်လာသကဲ့သို့ ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ဟင်း သီးဟင်းရွက်ဝယ်ယူမှုသည် (၁၁%)၊ သစ်သီးဝလံများဝယ်ယူမှု (၄%)တိုးတက်ခဲ့ကြောင်း၊ နိုင်ငံရှိ အိမ် ထောင်စုများ အများဆုံးဝယ်ယူကြသည့် ဟင်းသီးဟင်းရွက်များမှာ ခရမ်းချဉ်သီး၊မုန်လာဉနှင့်ကြက်သွန်နီ တို့ဖြစ်ပြီး သစ်သီးဝလံများတွင် ငှက်ပျောသီး၊ပန်းသီးနှင့် လိမ္မော်သီးတို့ဖြစ်သော်လည်း အိမ်ထောင်စုများ အနေဖြင့် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများစားသုံးမှုသည် အလွန် နည်းပါးသေး၍ နိုင်ငံသားများ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ ပိုမိုစားသုံးရေး အားပေးလှုံ့ဆော်သည့် အစီအစဉ်သစ်တစ်ရပ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအဖွဲ့(FAO)က၂၀၂၁ ခုနှစ်အား နိုင်ငံတကာဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံနှစ် အဖြစ်ကြေညာခဲ့မှုအရ အပင်ထွက် စားသောက်ကုန် များ စားသုံးမှုမြှင့်တင်ရေးအားပေးခြင်းကို ၎င်းအစီအစဉ်တွင် ထည့်သွင်းမည်ဖြစ်ကြောင်းနှင့် ဘယ်လ်ဂျီယံ နိုင်ငံတဝှမ်း ပြင်သစ်ဘာသာနှင့် ဒတ်ချ်ဘာသာစကားတို့ဖြင့် ထုတ်လွှင့်သည့် ရုပ်မြင်သံကြား အစီအစဉ်များ၌ ကြော်ငြာခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
ချီကာဂို စတော့ဈေးကွက်တွင် ပဲပုတ်စေ့ဈေးနှုန်း ၂ % မြင့်တက်သည့်သတင်း
၂၀၂၁-၂၀၂၂ ခုနှစ်တွင် မြောက်အမေရိကတိုက်မှ ပဲပုတ်စေ့တန်ချိန်(၁၁၉.၈၈)သန်းခန့် စိုက်ပျိုး ထွက်ရှိ နိုင်ကြောင်းအမေရိကန်စိုက်ပျိုးရေးဌာန(USDA)ကထုတ်ပြန်ကြေငြာပြီးနောက် ၁၂.၅.၂၀၂၁ ရက် နေ့တွင် ချီကာဂိုစတော့ဈေးကွက်၌ ပဲပုတ်စေ့ဈေးနှုန်းများ လျင်မြန်စွာမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင်မြောက်အမေရိကတိုက်မှပဲပုတ်စေ့တန်ချိန်(၁၂၀.၈၆)သန်းစိုက်ပျိုးထွက်ရှိနိုင်ပြီး တန်ချိန်(၃.၈၁) သန်းအထိ လက်ကျန် ကျန်ရှိနိုင်ကြောင်း စတော့ဈေးကွက်ကခန့်မှန်းထားကြောင်း၊၂၀၂၁-၂၀၂၂ခုနှစ်တွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပဲပုတ်စေ့တန်ချိန် (၃၈၅.၅၃)သန်း စိုက်ပျိုးထွက်ရှိနိုင်ကြောင်းနှင့် လက် ကျန် ပဲပုတ်စေ့တန်ချိန် (၉၁.၁) သန်း ကျန်ရှိနိုင်ကြောင်း USDA က ခန့်မှန်းထားကြောင်း၊ အမေရိကန် စတော့ဈေးကွက်သည် တစ်ကမ္ဘာလုံး၏ ပဲပုတ်စေ့လက်ကျန်အား တန်ချိန် (၈၈.၈)သန်းသာ ကျန်ရှိနိုင် သည်ဟု သတင်းတွင်ဖော်ပြထားကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လအတွက် ပဲပုတ်စေ့တစ်စည် ကြိုပွိုင့် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ(၁၆.၅၀)ဖြစ်ပြီးတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၃၆)ဆင့်ထိ ဈေးနှုန်း မြင့်တက်နိုင်ကြောင်းနှင့် ဩဂုတ်လတွင်ပဲပုတ်စေ့တစ်စည်၏ကြိုပွိုင့်ဈေးနှုန်းသတ်မှတ်ချက်မှာ အမေရိ ကန်ဒေါ်လာ(၁၅.၈၁)ဖြစ်ပြီး အမေရိကန်ဒေါ်လာ(၂၈)ဆင့်ထိ ဈေးနှုန်း မြင့်တက်နိုင်ကြောင်း စတော့ဈေး ကွက်သတင်း၌ဖော်ပြထားကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလအတွက် အမေရိကန်နိုင်ငံတွင် ပဲပုတ်စေ့ တန်ချိန်(၁၁၉.၈၈)သန်း၊ ဘရာဇီးလ်နိုင်ငံတွင် (၁၄၄)သန်းနှင့် အာဂျင်တီးနားနိုင်ငံတွင်(၅၂)သန်း စိုက်ပျိုး ထွက်ရှိနိုင်ကြောင်း (USDA)က ခန့်မှန်းထားသည့်အပြင် ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပဲပုတ်စေ့တန်ချိန်(၁၀၃) သန်းအထိ တရုတ်နိုင်ငံကတင်သွင်းနိုင်ကြောင်း USDA ခန့်မှန်းချက်သတင်း၌ ဖော်ပြထားကြောင်း သိရှိရပါသည်။
(Brasilia စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တောင်အာဖရိကနိုင်ငံသတင်း
တောင်အာဖရိကနိုင်ငံတွင်စားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုသည်အစားအသောက်ထုတ်လုပ်သူများအတွက် အကြပ်ရိုက်စေသည့်သတင်း
စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်မှုကိုဉီးတည်သည့် စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်သူ များ၏ ဈေးနှုန်းမြင့်တက်ခြင်းသည် စားသောက်ကုန် ထုတ်လုပ်သူများအတွက် မြင့်တက်လာသည့် ဈေးနှုန်းကို လက်ခံဆောင်ရွက်ရန်နှင့် စားသုံးသူ ဝယ်ယူသူများအတွက် ဝန်ထုပ်ဝန်ပိုးကိုရှောင်လွှဲနိုင်ရန် အခက်တွေ့နေကြောင်း၊ စားသောက်ကုန် အမြောက်အမြား ထုတ်လုပ်သူများ အဓိကအသုံးပြုရသည့် စိုက်ပျိုရေးထွက်ကုန် ကုန်ကြမ်များ ဈေးနှုန်းမြင့်မားမှုသည် ၎င်းတို့အတွက် အရှုံးအမြတ်မျဉ်းကို အဓိက ခြိမ်းခြောက်မှုတစ်ခုဖြစ်စေကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်သူများ ဈေးနှုန်းဖောင်းပွမှုသည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလကစတင်၍ (၁၂.၃%)သို့ တရှိန်ထိုးမြင့်တက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်လည်း (၇.၂%)အထိရှိခဲ့ကြောင်း၊ ကောက်ပဲသီးနှံနှင့် အခြားသီးနှံများ၏ ဈေးနှုန်းမြင့်တက်မှုနှုန်းသည်လည်း (၁၇.၂%)၊မွေးမြူရေးထွက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် (၁၂.၆%)၊ တိရစ္ဆာန်နှင့်တိရစ္ဆာန်ထွက်ပစ္စည်း များ၏ ဈေးနှုန်းမြင့်တက်မှုသည် (၉.၈%) ရှိကြောင်း၊ ၎င်းတို့ အားလုံးပေါင်း၏ ဈေးနှုန်းမြင့်တက်မှုသည် စိုက်ပျိုးရေးထွက်ကုန်ထုတ်လုပ်သူများ ဈေးနှုန်းပေါင်း၏ (၆၀%) နီးပါးရှိနေကြောင်း၊ စိုက်ပျိုးရေး ကုန် ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်မားမှုသည် စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်သူ များ၏ထုတ်လုပ်မှုဈေးနှုန်း များကို မြင့်တက်စေသောဖိအားဖြစ်နေကြောင်း၊ စီးပွားရေးအားနည်းမှုနှင့်အတူ ဘဏ္ဍာရေးအကန့် အသတ်ဖြစ်နေသော အိမ်ထောင်စုများ၏အခြေအနေကို ထည့်သွင်းစဉ်းစားရ၍ အစားအသောက် ထုတ် လုပ်သူများအတွက် ဈေးနှုန်းတိုးမြှင့်ထုတ်လုပ်ရေး ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြောင်း၊ ထုတ်လုပ်သူ များအနေဖြင့် အကျိုးအမြတ်ရရှိမှုများသည်လည်း မတင်မကျအခြေအနေသာရှိသည့်အတွက် လုပ်ငန်း တွင် မလိုအပ်သောအသုံးစရိတ်များလျှော့ချထားရကြောင်း၊ တောင်အာဖရိကနိုင်ငံရှိ အိမ်ထောင်စုများ၏ ဝင်ငွေသည်ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့်များစွာထိခိုက်စေခဲ့ပြီး၂၀%ထိကျဆင်းခဲ့ကြောင်းသိရှိရပါသည်။
(တောင်အာဖရိကနိုင်ငံ ၊ ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
တရုတ်နိုင်ငံသတင်း
အာဆီယံအင်တာနက်ကဏ္ဍကို တရုတ်နိုင်ငံက တိုက်ရိုက်ထုတ်လွှင့်မှုများဖြင့် ကူညီပေးလျှက်ရှိသည့် သတင်း
အရှေ့တောင်အာရှ၏ နာမည်ကြီး Lazada e-commerce platform ပေါ်တွင် ထိုင်းဖောက်သည် များအတွက် (၈၅)ယွမ်တန် Stylus အား တိုက်ရိုက်ထုတ်လွှင့်(Livestreaming)၍ အရောင်းမြှင့်တင်ရန် နယ်စပ်ဖြတ်ကျော် e-commerce ကုမ္ပဏီဖြစ်သည့် Tus-Innovation က ထိုင်းစကားပြောနိုင်သည့် တရုတ်ဧည့်လမ်းညွှန်ဖြစ်သူ Zhou Xingxing အား ငှားရမ်းခဲ့စဉ်က ထိုင်းနိုင်ငံတွင် အွန်လိုင်းမှ ဈေးဝယ် သည့်အကျင့် ရှိ / မရှိ မသေချာ သောကြောင့်လည်းကောင်း၊ လျှပ်စစ်ပစ္စည်းကို ရောင်းချရမည်ဖြစ်သော ကြောင့်လည်းကောင်း မိမိကိုယ်ကို ယုံကြည်မှုမရှိဖြစ်ခဲ့သော်လည်း လျှပ်စစ်ပစ္စည်း (၈)မယ်အား တစ် နာရီအတွင်း Zhou ကမိတ်ဆက်ပေးနိုင်ခဲ့ပြီး လူပေါင်း(၁)ထောင်ကျော် ကြည့်ရှုခဲ့ကြောင်းသိရှိရသည့် အတွက် အရှေ့တောင်အာရှနိုင်ငံများတွင်ဒစ်ဂျစ်တယ်စီးပွားရေးဈေးကွက်အလားအလာကို သူမမြင်တွေ့ ခဲ့ရသည်ဟုဖြေကြားခဲ့ကြောင်း၊အရှေ့တောင်အာရှနိုင်ငံများတွင်ဟွာဝေးအပါအဝင်တရုတ်နိုင်ငံ၏ နာမည် ကြီးကုန်ပစ္စည်းများက တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် အရောင်းမြှင့်တင်ခြင်းကို ဆောင်ရွက်လာလျှက်ရှိ ကြောင်း ၊၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၌ Lazada e-commerce platform ပေါ်မှ တနေ့တာ ဈေးရောင်း ပွဲတော်ကြီးကျင်းပခဲ့ရာ ကုန်ပစ္စည်းအမှတ်တံဆိပ်နှင့် အွန်လိုင်းအရောင်းဆိုင်ပေါင်း(၃)သိန်းခွဲကျော်ပါဝင် ခဲ့ကြောင်းသိရှိရပါသည်။
(နန်နင်းမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)
အလုပ်လုပ်ကိုင်နိုင်သူဉီးရေ လျော့ကျနိုင်မှုအခက်အခဲများနှင့်ရင်ဆိုင်နိုင်ရသည့်အချက်များ ပေကျင်းမှ ကြိုတင် သတိပေးပြောကြားသည့်သတင်း
တရုတ်ပြည်မကြီး၌၂၀၂၀ ပြည့်နှစ်တွင် လူဉီးရေ(၅.၃၈%)တိုးတက်ခဲ့ရာ အချိန်ကာလတစ်ခုအထိ (၁.၄)ဘီလီယံအထက်တွင် ရှိနေမည်ဖြစ်ကြောင်း၊ယခုလက်ရှိတွင် တရုတ်နိုင်ငံ၌အလုပ်လုပ်ကိုင်နိုင်သည့် အရေအတွက် များပြားလျှက်ရှိသော်လည်း အသက်အရွယ်ကြီးသူ များပြားလာမှုအပေါ် အခြေခံ ကြည့် လျှင် အလုပ်လုပ်ကိုင်နိုင်သည့်အရေအတွက်မှာ နှစ်စဉ်လျော့ကျလာလျှက်ရှိသောကြောင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လိုက်လျောညီထွေရှိအောင် ပြင်ဆင်ညှိနှိုင်းရမည်ဖြစ်ကြောင်း၊ လူဉီးရေသန်းခေါင်စာရင်းဆန်းစစ်ချက်များအရ လာမည့်ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံရှိ လုပ်သားအင်အား လျော့ကျနိုင်သဖြင့် ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုများ လျော့ကျနိုင်ပြီး ဆန်းသစ်တီထွင်မှုများနှင့် စားသုံးသူများ၏ဝယ်လိုအား လျော့ကျနိုင်ရာ တရုတ်နိုင်ငံ၌ ဝန်ထမ်းများ ပင်စင်ယူရာတွင် အမျိုးသားများအတွက် အသက်(၆၀)နှစ်နှင့် အမျိုးသမီးများအတွက် (၅၅) နှစ် အသီးသီးသတ်မှတ်ထားရာမှ တဖြည်းဖြည်းတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၌ ရင်ဆိုင် နေရသည့် အဓိကအခက်အခဲမှာ အသက်အရွယ် ကြီးရင့်သူများ လျင်မြန်စွာများပြားလာခြင်းနှင့် ပြည့်စုံ ကြွယ်ဝမှုမတိုင်မီ အသက်အရွယ်ကြီးမြင့်သွားခြင်း အစရှိသည်တို့ဖြစ်ကြောင်း၊အမျိုးသမီးများနှင့် ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးအတွက် ငွေကြေးထောက်ပံ့ကူညီခြင်းထက် အလုပ်အကိုင်ရရှိရေး ပိုမို အားပေးဆောင်ရွက်သင့်ကြောင်း၊နောင်လာမည့်(၅)နှစ်အတွင်း တရုတ်နိုင်ငံ၏လူဉီးရေစတင်ကျဆင်းနိုင် ခြင်း၊ အသက်အရွယ်ကြီးသူများ များပြားလာခြင်း၊ ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းနှင့် ထိမ်းမြား လက်ထပ်မှုများလျော့နည်းလာသည့်အချက်များတိုးမြင့်လာခြင်းမှာတရုတ်နိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်စိန်ခေါ်မှုများဖြစ်စေကြောင်းရေးသားထားသည်ကိုသိရှိရပါသည်။
(ဟောင်ကောင်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အာဂျင်တီးနားနိုင်ငံ၏ အမဲသားတင်ပို့မှု ယာယီပိတ်ပင်သည့်မူဝါဒကြောင့် ဘရာဇီးလ်လုပ်ငန်းရှင်များ အကျိုးဖြစ်ထွန်း

အသားပို့ကုန်များကို ရက် (၃၀) ကြာ ယာယီပိတ်ပင်ရန် အာဂျင်တီးနားအစိုးရက ဆုံးဖြတ်ခဲ့သည်။ အာဂျင်တီးနားအစိုးရ၏ အသားပို့ကုန်များအပေါ် ယာယီပိတ်ပင်သည့် မူဝါဒသည် တရုတ်နိုင်ငံက အများဆုံးဝယ်ယူတင်သွင်းနေသည့် ကမ္ဘာ့အမဲသားဈေးကွက် တွင် ဘရာဇီးလ်နိုင်ငံ၏ ပို့ကုန်အသားများအတွက် ဈေးကွက်နေရာ ပိုမိုရရှိစေလျက်ရှိသည်။ ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံသို့ တင်သွင်းခဲ့သည့် အသားများတွင် အာဂျင်တီးနားနိုင်ငံမှ (၂၀) ရာခိုင်နှုန်းပါဝင်ခဲ့ကြောင်း စီးပွားရေးအကြံပေးကုမ္ပဏီ Agrifatto ၏ ညွှန်ကြားရေးမှူး Lygia Pimentel က သတင်းဌာနသို့ ပြောကြားခဲ့သည်။ အာဂျင်တီးနားနိုင်ငံ ကုန်သွယ်မှု ပမာဏ၏ ၇.၅ ရာခိုင်နှုန်းသည် ပြည်ပသို့ အသားတင်ပို့မှုမှ ရရှိနေကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
အာဂျင်တီးနားအစိုးရ၏ အသားတင်ပို့မှု ပိတ်ပင်သည့် မူဝါဒကြောင့် တရုတ်နိုင်ငံသည် ဘရာဇီးလ်နိုင်ငံမှ အသားများကို အဓိကဝယ်ယူတင်သွင်းရန်ပြင်ဆင်လျက်ရှိကြောင်း သတင်း တွင် ဖော်ပြထားသည်။ ဘရာဇီးလ်နိုင်ငံ၏ အသားများအပေါ် တရုတ်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာမည့်အခြေအနေသည် အသားထုတ်လုပ်သည့် ဘရာဇီးလ်လုပ်ငန်းရှင်များအတွက် အကျိုးဖြစ်ထွန်းသော်လည်း ပြည်တွင်းတွင် အသားဈေးနှုန်းများ မြင့်တက်တက်လာနိုင်သည့် အတွက် ပြည်တွင်းငွေ ကြေးတန်ဖိုး ကျဆင်းမှုဒဏ်ကို ပြည်သူများ တွေ့ကြုံခံစားနိုင်ကြောင်း Lygia က သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
အာဂျင်တီးနားသမ္မတ၏ အသားတင်ပို့မှုယာယီပိတ်ပင်သည့် မူဝါဒသည် ရက်ပေါင်း (၃၀) ထက် ပိုမိုကြာမြင့်ပါက အသားထုတ်လုပ်သည့် အာဂျင်တီးနား လုပ်ငန်းရှင်များအတွက် ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်ကြောင်း အကြံပေးကုမ္ပဏီ၏သတင်းတွင် ဖော်ပြထားသည်။ အာဂျင်တီးနားသမ္မတအနေဖြင့် ပြည်တွင်းအသားဈေးနှုန်းများ ပုံမှန်ဈေးနှုန်းဖြစ်ပေါ်စေရန် အတွက် ပြည်ပသို့အသားတင် ပို့မည့် ပမာဏအပေါ်တွင်သာ ကန့်သတ်ချက်များချမှတ် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အသားတင်ပို့မှု ယာယီပိတ်ပင်ခြင်းသည် အခြားပြဿနာများ ကို ပိုမိုဖြစ်ပေါ်စေကြောင်း Lygia က သတင်း ဌာနသို့ ပြောကြားခဲ့ပါသည်။
လတ်တလောပြဿနာမှာ ဈေးကွက်အတွင်းသို့ အသားများပိုမိုဝင်ရောက်လာရန်ဖြစ်ပြီး အသားဈေးနှုန်းများ မြင့်တက်နေမှုသည် အာဂျင်တီးနား ပြည်တွင်းဈေးကွက်တွင်သာမက တစ်ကမ္ဘာလုံးတွင်လည်း ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များ၏ အသားထုတ်လုပ်မှု ကုန်ကျစရိတ်များအပေါ် မူတည်၍ အသားဈေးနှုန်းများ အတက်အကျ ဖြစ်ပေါ်လျက်ရှိကြောင်း ကုမ္ပဏီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
အစိုးရ၏ ဈေးနှုန်းမြင့်တက်မှု ထိန်းချုပ်ရေးဆောင်ရွက်ချက်များသည် ပြည်တွင်း အသားဈေးနှုန်းများအပေါ် ကာလတိုအတွင်းသာ ထိရောက်မှုရှိနိုင်ကြောင်း၊ ထိန်းချုပ်ရေး မူဝါဒအား ကာလရှည်လုပ်ဆောင်ပါက လုပ်ငန်းများအပေါ် ထိခိုက်မှုများရှိလာပြီး အသား ထုတ်လုပ်မှုများ တဖြေးဖြေးလျော့ကျလာကာ ဈေးနှုန်းမြင့်တက်မှုများ ပိုမိုဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များ၏ ထောက်ပြပြောပြချက်များအား သတင်းတွင် ဖော်ပြထားပါသည်။
ထို့အပြင် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့်လည်း အသားထုတ်လုပ်မှုကုန်ကျစရိတ် များအပေါ် အထူးသတိပြုရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း ပုံမှန်အခြေအနေထက် မြင့်မားသော ဈေးနှုန်းများ ဖြစ်ပေါ်နေခြင်းသည် ကာလတစ်ခုအတွင်းသာ လုပ်ငန်းရှင်များ အား အကျိုးဖြစ်ထွန်းနိုင်ပြီး ရေရှည်တွင် ဈေးကွက်ဖွံ့ဖြိုးမှုအပေါ်၌ ထိခိုက်နိုင်ကြောင်း၊ စီမံခန့်ခွဲမှုကောင်းမွန်ရန် အလွန် အရေးကြီးကြောင်း ပညာရှင်များ၏ သုံးသပ်ချက်များအား သတင်းတွင် ဖော်ပြထားပါသည်။
(ရင်းမြစ်- ဘရာဇီးလ်နိုင်ငံရှိ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အခွန်စည်းမျဉ်းသစ်များဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူရေးပြင်ဆင်ဆောင်ရွက် နေသည့် အီးယူ

COVID-19 ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် အီးယူ၏ စီးပွားရေးပြန်လည်နာလန်ထူရန်ကြိုးပမ်းမှုကို အထောက်အကူပြုမည့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွန်စနစ်တစ်ရပ် အတွက် အစီအမံများကို ဥရောပကော်မရှင်က ချမှတ်ခဲ့ကြောင်း သိရပါသည်။ ဥရောပ ကော်မရှင်သည် ၂၁ ရာစုအတွက် စီးပွားရေးလုပ်ငန်းဆိုင်ရာအခွန် (Business Taxation for the 21st century) အမည်ရှိ Communication ကို ဥရောပပါလီမန်သို့ ၁၈-၅-၂၀၂၁ ရက် တွင် တင်သွင်းခဲ့ပါသည်။ ယင်းတွင် လာမည့်နှစ်များအတွင်း အီးယူအတွက် အခွန်ဘဏ္ဍာငွေ လုံလောက်စွာ ရရှိရေးနှင့် စီးပွားရေးပြန်လည်နာလန်ထူလာစေရေးဆိုင်ရာ ရေတို/ရေရှည် မျှော်မှန်းချက်များပါဝင်ပါသည်။
အီးယူ၏ စီးပွားရေးလုပ်ငန်းဆိုင်ရာအခွန်စနစ်သစ်သည် ကမ္ဘာ့အခွန်စနစ် ပြုပြင် ပြောင်းလဲရေးအတွက် G20 နှင့် OECD တို့၏ ဆွေးနွေးချက်များကို ထည့်သွင်းစဉ်းစားလျက် ရေရှည်တည်တံ့၍ အလုပ်အကိုင်ပေါများသည့် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသော၊ အီးယူ၏ မဟာဗျူဟာမြောက်တံခါးဖွင့်ရပ်တည်ရေးမူဝါဒကို မြှင့်တင်ပေးနိုင်သော စီးပွားရေး လုပ်ငန်းဝန်းကျင်တစ်ရပ်ကို ဖန်တီးရန် ရည်ရွယ်ပါသည်။
အီးယူသည် ၂၀၂၃ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းအခွန်ဆိုင်ရာမူဘောင်အသစ် တစ်ရပ် ကို တင်သွင်းမည်ဖြစ်ပြီး၊ ယင်းမူဘောင်သစ်တွင် အီးယူဘုံဈေးကွက်အတွင်း ပို၍လုပ်သာ ကိုင်သာရှိသော စီးပွားရေးဝန်းကျင်တစ်ရပ်ဖန်တီးကာ အခွန်ဆိုင်ရာ အတားအဆီးများနှင့် စီမံအုပ်ချုပ်မှုဝန်ထုပ်ဝန်ပိုးများကို လျှော့ချဖယ်ရှားသွားမည်ဖြစ်သည်။ Business in Europe: Framework for Income Taxation (BEFIT) မူဘောင်ဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများအကြား အခွန်ဆိုင်ရာအခွင့်အရေးများ မျှတစွာခွဲဝေပေးမည့် ကော်ပိုရိတ်လုပ်ငန်းခွန်ဆိုင်ရာ စည်းမျဉ်း ဥပဒေတစ်ရပ်ကို ဖန်တီးပေးမည်ဖြစ်ပါသည်။ BEFIT သည် အခွန်ဆိုင်ရာ ကြိုးနီစနစ်များကို ဖြတ်တောက်ခြင်း၊ လိုက်နာရမှုကုန်ကျစရိတ်များကို လျှော့ချခြင်း၊ အခွန်ရှောင်မှုအခွင့် အလမ်းများကို အနည်းဆုံးဖြစ်စေခြင်းတို့ဖြင့် အီးယူဘုံဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်များကို ပံ့ပိုးပေးနိုင်ပါသည်။
ဥရောပကော်မရှင်၏ အခွန်စနစ်သစ်အဆိုပြုချက်တွင် အီးယူ၌ လုပ်ငန်းလည်ပတ် နေသောကုမ္ပဏီကြီးများ၏ အခွန်နှုန်းထားများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု တိုးတက် လာစေရေး၊ အခွန်ရှောင်မှုတိုက်ဖျက်ရေးဆိုင်ရာ အစီအမံများ ပါဝင်ပါသည်။ ထို့ပြင် ကော်ပိုရိတ်လုပ်ငန်းခွန်ကိစ္စရပ်၌ ကုမ္ပဏီများ၏ ကြွေးမြီနည်းဖြင့်ဘဏ္ဍာငွေဖြည့်တင်းခြင်း (Debt Financing) နှင့် ငွေဖြစ်လွယ်မှုနည်းအရ ဘဏ္ဍာငွေဖြည့်တင်းခြင်း (Equity Financing) တို့ အကြားဘက်လိုက်မှုများကိုဖြေရှင်း၍ စီးပွားရေး ပြန်လည်နာလန်ထူရေးကို အထောက်အကူ ဖြစ်စေမည့် အစီအမံများကိုလည်း ထည့်သွင်းထားပါသည်။
အလားတူ အဆိုပါအခွန်စနစ်သစ်အဆိုပြုချက်တွင် အခွန်ဆုံးရှုံးမှုများကုစားရေး အကြံပြုချက်များကို ဖော်ပြထားပါသည်။ ၎င်းအရ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး လုပ်ငန်းများအတွက် အခွန်ပြန်အမ်းငွေဆိုင်ရာဆောင်ရွက်ခွင့် (Loss carry-back) ကို အနည်းဆုံး ဘဏ္ဍာနှစ်တစ်နှစ်စာ ခွင့်ပြုမည်ဖြစ်ပါသည်။ ယင်းသို့ ခွင့်ပြုပေးခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ၏ ငွေကြေးလည်ပတ်စီးဆင်းမှုကို အထောက်အကူပြုနိုင်ပြီး အထူး သဖြင့် SMEs လုပ်ငန်းများအတွက် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရှိရပါသည်။
(ရင်းမြစ်- ဘရပ်ဆဲလ်မြို့ရှိ စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)
photo-credit

ကမ္ဘာ့နိုင်ငံများ၏စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာသတင်းများ

ဥရောပအဖွဲ့ဝင်နိုင်ငံများသတင်း

အာဂျင်တီးနားအစိုးရ၏အမဲသားတင်ပို့မှုကန့်သတ်ချက်များကြောင့်ဘရာဇီးလ်တို့၏အကျိုးဖြစ်ထွန်းခြင်း

၁။      အမဲသားတင်ပို့မှုများအပေါ် စောင့်ကြည့်နိုင်မည့်မှတ်ပုံတင်စနစ်အသစ်ကိုစတင်ကျင့်သုံးတော့မည်ဟု အာဂျင်တီးနားအစိုးရက သတင်းထုတ်ပြန် ကြေငြာခဲ့ကြောင်း၊ နိုင်ငံ၏ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်နေသည့် အခြေအနေများကို အာဂျင်တီးနားအစိုးရက ထုတ်ပြန်ကြေငြာပြီးနောက် အဆိုပါမှတ်ပုံတင်စနစ် ကျင့်သုံးမည့်မူဝါဒကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်နေမှုကို ရပ်တန့်ရန်အတွက် ပို့ကုန်ဆိုင်ရာတားမြစ်ကန့်သတ်ချက်များအား အစိုးရက ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစိုးရ၏ ပို့ကုန်ကန့်သတ်ချက်ဆောင်ရွက်မှုများကြောင့် ပြည်တွင်းအသားဈေးနှုန်းများမှာ ပုံမှန် အခြေ အနေသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း၊ အာဂျင်တီးနားအစိုးရ၏ ပို့ကုန်ကန့်သတ်မှု လုပ်ဆောင်ချက် များသည် ဘရာဇီးလ်နိုင်ငံ၏ အသားတင်ပို့မှုအတွက် ဈေးကွက်နေရာ ပိုမိုရရှိစေမည်ဖြစ်ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးကုမ္ပဏီ Safras မှ ဈေးကွက်သုတေသနပညာရှင် Fernando Iglesias က သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့အမဲသားဈေးကွက်တွင် ဘရာဇီးလ်နိုင်ငံနှင့်အာဂျင်တီးနား နိုင်ငံတို့သည် အဓိကပြိုင်ဖက်များဖြစ်ကြပြီး တရုတ်နိုင်ငံဈေးကွက်သို့လည်း အမဲသား အမြောက်အများ တင်ပို့လျှက်ရှိကြောင်း၊ နိုင်ငံ၏စီးပွားရေး တည်ငြိမ်မှုရှိရန်အတွက် အာဂျင်တီးနားအစိုးရအနေဖြင့် မဟာ ဗျူဟာများရေးဆွဲ၍ ထိန်းချုပ်မှုများ လုပ်ဆောင်လျှက်ရှိပြီး အာဂျင်တီးနားအစိုးရ၏ ပို့ကုန်ကန့်သတ် ချက်များ ချမှတ်ကျင့်သုံးမှုသည်  ဘရာဇီးလ်နိုင်ငံ အမဲသားပို့ကုန်များအတွက် ဈေးကွက်အခွင့်အလမ်း များပိုမိုရရှိစေလျှက်ရှိကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းလျှက်ရှိသည့် အမဲသားဈေးကွက် တွင် ဘရာဇီးလ်နိုင်ငံအမဲသားပို့ကုန်များ ဈေးကွက်ပိုမိုရရှိကာ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ အာရှနိုင်ငံ များသို့ တင်သွင်းနေသည့် အသားဈေးကွက်တွင်  အာဖရိကကြက်တုပ်ကွေးရောဂါ၏ ရိုက်ခတ်မှုများ လည်းဖြစ်ပေါ်နေကြောင်း၊ကြက်တုပ်ကွေးရောဂါရိုက်ခတ်မှုကြောင့်ပြီးခဲ့သည့်ကာလများအတွင်း  အာဂျင် တီးနားနိုင်ငံမှ အသားများကို တရုတ်နိုင်ငံက အများအပြားဝယ်ယူတင်သွင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အသားလိုအပ်ချက်မှာ လစဉ်မြင့်တက်လျှက်ရှိနေသဖြင့် အသားထုတ်လုပ်တင်ပို့နေသည့် မည်သည့်နိုင်ငံ မဆို တရုတ်နိုင်ငံသို့တင်ပို့နိုင်မည့် အခွင့်အလမ်းများဖြစ်ပေါ်နေကြောင်းသိရှိရပါသည်။

(Brasilia စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

အာဂျင်တီးနားနိုင်ငံ၏ ဂျုံဈေးနှုန်းများကြောင့် ဘရာဇီးလ်နိုင်ငံ ဂျုံထုတ်လုပ်သူများ၏ စိတ်ဝင်စားမှု မြင့်တက်ခြင်း

၂။         ဘရာဇီးလ်နိုင်ငံ ဂျုံဈေးကွက်တွင် အရောင်းအဝယ်များအေးစက်လျှက်ရှိနေသဖြင့် ပြည်တွင်းရှိ ဂျုံမှုန့် အသုံးပြုသည့်စက်ရုံများမှ ဝယ်ယူအသုံးပြုမှု မြင့်တက်လာစေရန် ဆွဲဆောင်မှုများ လုပ်ဆောင် လျှက်ရှိကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့်ဂျုံမှုန့်များသည် သယ်ယူပို့ဆောင်စရိတ်များနည်းပါးသော်လည်း အနည်းငယ်သာ ထုတ်လုပ်သဖြင့် ပြည်ပမှ တင်သွင်းသည့် ဂျုံမှုန့်များအပေါ်တွင်သာ အဓိကမှီခိုနေ ရကြောင်း၊ ဘရာဇီးလ်နိုင်ငံနိုင်ငံသို့  ဂျုံမှုန့်အဓိကတင်သွင်းလျှက်ရှိသည့်အာဂျင်တီးနားနိုင်ငံတွင် ပြည်တွင်း ဂျုံမှုန့်ဈေးနှုန်းများ သိသာစွာမြင့်တက်လျှက်ရှိရာ ဘရာဇီးလ်နိုင်ငံရှိ ဂျုံမှုန့်ဈေးကွက်အပေါ်တွင်လည်း ရိုက်ခတ်မှုများရှိနေကြောင်း၊ ပြည်တွင်းဂျုံမှုန့် ဈေးနှုန်းများ မြင့်တက်နေမှုကြောင့် အာဂျင်တီးနားနိုင်ငံ၏ ဂျုံမှုန့်တင်ပို့မှုအား ထိခိုက်နိုင်မှုအပေါ်တွင်လည်း ဘရာဇီးလ်နိုင်ငံဝယ်လက်များက စိုးရိမ်ပူပန်လျှက် ရှိကြောင်း သိရှိရပါသည်။

(Brasilia စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အမေရိကန်နိုင်ငံသို့ ပြောင်းတင်ပို့မှု ၃၅ % ပိုမိုတိုးတက်ခဲ့ကြောင့် USDA ကပြောကြားခြင်း

၃။         ၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် အမေရိကန်နိုင်ငံမှ ပြောင်းစေ့တန်ချိန် (၅၂၁၃၀၀) တင်ပို့နိုင်ခဲ့ကြောင်း၊ ပြောင်းစေ့အဓိကဝယ်လက်များဖြစ်သည့်မက္ကဆီကိုနိုင်ငံသို့ တန်ချိန်(၂၉၆၉၀၀)၊ တောင်ကိုရီးယားနိုင်ငံသို့ တန်ချိန်(၁၁၇၁၀၀)၊ဆော်ဒီအာရေဗျနိုင်ငံသို့တန်ချိန်(၈၉၂၀၀)၊ကိုလံဘီယာနိုင်ငံသို့တန်ချိန် (၇၁၁၀၀)နှင့် အီဂျစ်နိုင်ငံသို့ တန်ချိန် (၅၈၂၀၀)တို့အား အသီးသီးတင်ပို့နိုင်ခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်၊ သီးနှံရာသီအတွက် အမေရိကန်နိုင်ငံမှ ပြောင်းစေ့တန်ချိန် (၅၅၃၄၀၀)အားလည်း ရောင်းချထားပြီးဖြစ်ရာ အမေရိကန်နိုင်ငံ၏ အဓိက ဝယ်လက်နိုင်ငံသို့ တန်ချိန် (၃၆၁၄၀၀)၊ ဂွါတီမာလာနိုင်ငံသို့ တန်ချိန်(၁၃၆၇၀၀)၊ ပနားမားနိုင်ငံသို့ တန်ချိန် (၂၀၄၀၀)နှင့် မက္ကဆီကိုနိုင်ငံသို့ တန်ချိန်(၂၀၃၀၀)အား ရောင်းချထားပြီးဖြစ်ကြောင်း၊ သင်္ဘောတင် ပြီးစီးမှု အနေ ဖြင့် ပြောင်းစေ့တန်ချိန် (၁.၉၁၅)သန်းရှိကြောင်း၊ ပြောင်းစေ့တင်ပို့မှုအနေဖြင့် တရုတ်နိုင်ငံသို့ တန်ချိန် (၅၆၁၆၀၀)၊ ဂျပန်နိုင်ငံသို့ တန်ချိန်(၃၉၉၅၀၀)၊ မက္ကဆီကိုနိုင်ငံသို့ တန်ချိန်(၂၈၇၄၀၀)၊ တောင် ကိုရီးယားနိုင်ငံသို့ တန်ချိန် (၁၈၃၈၀၀)နှင့် ကိုလံဘီယာနိုင်ငံသို့ တန်ချိန်(၉၄၆၀၀)တို့အား အသီးသီး တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

(Brasilia စီးပွားရေးသံမှူး ပေးပို့သည့်သတင်း)

ကပ်ရောဂါကာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို ပိုမို စားသုံး လာ ကြခြင်း

၄။      ဘယ်လ်ဂျီယံနိုင်ငံရှိ ဈေးကွက်သုတေသနကုမ္ပဏီ  GfK စစ်တမ်းအရ ကိုရိုနာဗိုင်းရပ်စ် ကပ် ရောဂါ ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံ၌ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ များကို ပိုမိုစားသုံးလာကြသော်လည်း  စားသုံးမှုသည် အာဟာရပညာရှင်များက လိုလားသည်အဆင့်သို့ မရောက်ရှိသေးကြောင်း၊၂၀၂၀ ပြည့်နှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌  ကပ်ရောဂါကြောင့် အလုပ်သမား အများစု အလုပ်အကိုင်ဆုံးရှုံးခြင်း၊ နေအိမ်မှတစ်ဆင့် အလုပ်တာဝန်များ ဆောင်ရွက်ရခြင်းတို့ကြောင့် လက်လီအရောင်းဆိုင်များမှ  စားသောက်ကုန်များဝယ်ယူမှုသည် (၁၂%)တိုးတက်လာခဲ့ကြောင်း၊ အလား တူ ဟင်းသီးဟင်းရွက်ဝယ်ယူမှုသည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် (၁၁%)၊သစ်သီးဝလံများဝယ်ယူမှု(၄%) တိုးတက်ခဲ့ကြောင်း၊ ဘယ်လ်ဂျီယံနိုင်ငံရှိ အိမ်ထောင်စုက အများဆုံးဝယ်ယူကြသည့် ဟင်းသီးဟင်းရွက် မှာခရမ်းချဉ်သီး၊မုန်လာဥနီနှင့်ကြက်သွန်နီတို့ဖြစ်ကြောင်း၊ သစ်သီးဝလံများတွင် ငှက်ပျောသီး၊ ပန်းသီးနှင့် လိမ္မော်သီးများကို အများဆုံးဝယ်ယူကြသော်လည်း ဘယ်လ်ဂျီယံနိုင်ငံရှိ အိမ်ထောင်စုများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများစားသုံးမှုသည် အလွန်နည်းပါးနေသေးကြောင်း၊ သို့ဖြစ်၍ ဘယ်လ် ဂျီယံနိုင်ငံ၊ ဖလန်းဒါးဒေသအစိုးရ၏ လယ်ယာစိုက်ပျိုးရေးနှင့်ရေထွက်ပစ္စည်းဈေးကွက်ဗဟိုဌာန (VLAM) က ဘယ်လ်ဂျီယံနိုင်ငံ ပြည်သူများအား ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများ ပိုမိုစားသုံးရေး အားပေး လှုံ့ဆော်သည့်အစီအစဉ်သစ်တစ်ရပ်ကို ဆောင်ရွက်သွားမည်ဖြစ်ရာ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ် ရိက္ခာအဖွဲ့(FAO)က ၂၀၂၁ ခုနှစ်အား နိုင်ငံတကာဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံနှစ်အဖြစ် ကြေငြာ ခဲ့မှုအရ အပင်ထွက်စားသောက်ကုန်များ စားသုံးမှုမြှင့်တင်ရေး အားပေးခြင်းကို ယင်းအစီအစဉ်တွင် ထည့်သွင်းခြင်းသာမက ဘယ်လ်ဂျီယမ်နိုင်ငံတစ်ဝန်း ပြင်သစ်ဘာသာနှင့် ဒတ်ချ်ဘာသာစကားတို့ဖြင့် ထုတ်လွှင့်သည့် ရုပ်မြင်သံကြားအစီအစဉ်များ၌ ကြော်ငြာခြင်းကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အီးယူပြင်ပနိုင်ငံများမှခရီးသွားများ အီးယူနယ်မြေအတွင်း ဝင်ရောက်မှုဆိုင်ရာကန့်သတ်ချက်များကို ဖြေ လျှော့ပေးရန် ဥရောပကော်မရှင်ကအဆိုပြုခဲ့ခြင်း

၅။      အီးယူနယ်မြေအတွင်း၌ ဗိုင်းရပ်စ်ကူးစက်မှုထိန်းချုပ်ရန် အီးယူပြင်ပနိုင်ငံသားများအတွက် ချမှတ်ထားသည့် မလိုအပ်ဘဲခရီးသွားခြင်းများ(non- essential travel) ကန့်သတ်ပိတ်ပင်ထားမှုများကို ဖြေလျှော့သွားရေး အဆိုပြုချက်တစ်ရပ်ကို ဥရောပကော်မရှင်က အီးယူအဖွဲ့ဝင်နိုင်ငံများထံသို့ ၂၀၂၁ ခုနှစ်၊ မေလဆန်းတွင် တင်သွင်းခဲ့ကြောင်း၊ အဆိုပြုချက်များတွင်  ဥရောပ ဆေးဝါးအေဂျင်စီ (European Medicines Agency-EMA)မှခွင့်ပြုထားသည့်ကာကွယ်ဆေး(သို့)ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ကာကွယ်ဆေး တစ်မျိုးမျိုးကိုထိုးနှံပြီးကြောင်း အထောက်အထားပြနိုင်သည့် အီးယူပြင်ပနိုင်ငံသားများကို အီးယူနယ်မြေ အတွင်း  ပြန်လည်ဝင်ရောက်ခွင့်ပြုသွားရန်၊ အီးယူနယ်မြေသို့ non essential travel ဝင်ရောက်ခွင့်ပြု ထားသည့်နိုင်ငံစာရင်းကိုရောဂါကူးစက်မှုအပေါ်မူတည်၍တိုးမြှင့်ခွင့်ပြုသွားရန်နှင့် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ တွေ့ရှိလာပါက အရေးပေါ်ထိန်းချုပ်မှုစနစ် (Emergency Brake)ထားရှိသွားရန်တို့ပါဝင်ကြောင်း၊ယင်း အဆိုပြုချက်အရ အီးယူအဖွဲ့ဝင်နိုင်ငံများသို့မဝင်ရောက်မီ အနည်းဆုံး(၁၄)ရက်ကြိုတင်၍ အီးယူ က တရားဝင်ခွင့်ပြုသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးမျိုးကို ထိုးနှံပြီးသူများအား အီးယူအတွင်းသို့  ခရီးသွားလာခွင့်ပြုသွားရန်ဖော်ပြထားကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများသည် Negative PCR Test နှင့် Quarantine လိုအပ်ချက်ကို ဖြေလျှော့ပေးမည်ဆိုပါက အီးယူပြင်ပမှ ကာကွယ်ဆေးထိုးနှံပြီးသည့် ခရီး သည်များကိုလည်း အလားတူဖြေလျှော့ပေးမည်ဟုဆိုကြောင်း၊အီးယူအဖွဲ့ဝင်နိုင်ငံများအကြား တပြေးညီ အကောင်အထည်ဖော်နိုင်ရန် ဥရောပကော်မရှင်မှ အဆိုပြုထားသည့် European Digital Green Certificate ကို ဇွန်လကုန်တွင် အတည်ပြုနိုင်ရန် မျှော်မှန်းထားကြောင်း၊ ယင်းလက်မှတ်ကို လက်တွေ့ ဆောင်ရွက်နိုင်ခြင်းမရှိသေးမီ အီးယူပြင်ပနိုင်ငံများမှ ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်းလက်မှတ်များ တင်ပြလာပါက အဖွဲ့ဝင်နိုင်ငံများသည် မိမိနိုင်ငံ၏ဥပဒေအတိုင်းစိစစ်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အီးယူနယ်မြေအတွင်းသို့  non- essential travel အဖြစ်ဝင်ရောက်ခွင့်ကို နိုင်ငံ(၇)နိုင်ငံအား ခွင့်ပြုထား ကြောင်း၊အဆိုပါနိုင်ငံများမှာဩစတြေးလျ၊နယူးဇီလန်၊ရဝမ်ဒါ၊ စင်ကာပူ၊တောင်ကိုရီးယားနှင့်တရုတ်နိုင်ငံ (အပြန်အလှန်ခွင့်ပြုရန်ညှိနှိုင်းဆဲ)တို့ဖြစ်ကြောင်း၊ non- essential travel ခွင့်ပြုသည့် နိုင်ငံများစာရင်းကို သက်ဆိုင်ရာနိုင်ငံ၏ ကပ်ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်၍ အီးယူက ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များ၏ အပြုသဘောသက်ရောက်မှုများရှိလာသဖြင့် non- essential travel ခွင့်ပြုသည့် နိုင်ငံများစာရင်းအတွက်  စံနှုန်းများကိုပြင်ဆင်ရန် ဥရောပကော်မရှင်က အဆိုပြုထား ကြောင်း၊ ခွင့်ပြုမည့်နိုင်ငံကို တိုးမြှင့်သတ်မှတ်ရာတွင်  (၁၄)ရက်အတွင်း ရောဂါကူးစက်သူအရေအတွက် သတ်မှတ်ချက်အား(၂၅)ဉီးမှ(၁၀၀)ဉီးသို့ တိုးမြှင့်၍ နှစ်ပတ်တစ်ကြိမ် ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း၊

သို့ရာတွင်  အီးယူပြင်ပနိုင်ငံများ၌ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲကြောင့် အရေးပေါ် အခြေအနေဖြစ်လာပါက ၎င်းနိုင်ငံနှင့်အီးယူအကြားအပြန်အလှန်ခရီးသွားလာမှုများကိုယာယီဆိုင်းငံ့နိုင်သည့်အရေးပေါ်ထိန်းချုပ်မှု စနစ်(Emergency Brake Mechanism )ကို ထားရှိမည်ဖြစ်ကြောင်း၊ မဖြစ်မနေအကြောင်းကိစ္စဖြင့် ခရီး သွားလာမှုများ(Essential travel)အတွက်စည်းမျဉ်းစည်းကမ်းများမှာမူပြောင်းလဲခြင်းမရှိဘဲ ၎င်းတို့အနေ ဖြင့် ကာကွယ်ဆေး အပြည့်အဝထိုးနှံပြီးခြင်းမရှိစေကာမူ အီးယူနယ်မြေသို့ ခရီးသွားလာနိုင်ကြောင်း၊ ကော်မရှင်၏ အဆိုပြုချက်ကို အီးယူအဖွဲ့ဝင်နိုင်ငံများအကြား ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊မေလကုန်တွင် အတည်ပြုနိုင်ရန်မျှော်လင့်ထားကြောင်းသိရှိရပါသည်။

(ရင်းမြစ်-ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

 

လူဇင်ဘတ်နိုင်ငံတွင် သတင်းအချက်အလက်နည်းပညာဖြင့် လယ်သမားများနှင့် ဝိုင်စပျစ်စိုက်ပျိုးသူများ အား ကူညီပေးလျှက်ရှိခြင်း

၆။      လူဇင်ဘတ်နိုင်ငံ၌ လယ်သမားများနှင့် ဝိုင်စပျစ်စိုက်သူများအတွက် Agrimeteo အမည်ရှိ စနစ် ဖြင့် မိုးလေဝသ သတင်းအချက်အလက် ဝန်ဆောင်မှုပေးခြင်းကို ဆောင်ရွက်ပေးနေကြောင်း၊ မိုးလေဝသ ဆိုင်ရာ Station ပေါင်း(၃၂)ခုမှ မိုးလေဝသအခြေအနေများကို (၁၀)မိနစ်ခြားတစ်ကြိမ် တိုင်းတာပြီး နောက် မိုဘိုင်းကွန်ယက်မှုတစ်ဆင့် သတင်းအချက်အလက်များကို လယ်ယာစိုက်ပျိုးရေး နည်းပညာ ဝန် ဆောင်မှုဌာန(Agricultural Technical Services Administration- ASTA)၏ ရုံးချုပ်သို့ ပေးပို့ပေးခြင်း ဖြစ်ကြောင်း၊ မိုးလေဝသ သတင်းအချက်အလက်များကို Website ပေါ်တွင်ဖော်ပြထားပြီး မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ အဆိုပါသတင်းအချက်အလက်များကို လယ်သမားများနှင့် ဝိုင်စပျစ် စိုက် ပျိုးသူများက ၎င်းတို့၏ စိုက်ပျိုးရေးလုပ်ငန်းများအတွက်  အဓိကအသုံးပြုကြကြောင်း၊ အပူချိန်၊ မိုးရွာ သွန်းမှု၊လေတိုက်ခတ်မှု၊ နေရောင်ခြည်ရရှိမှု စသည့်သတင်းအချက်အလက်များအပြင် အပင်ပိုးမွှားနှင့် ရောဂါများအတွက် ခန့်မှန်းချက်များကိုပါရရှိနိုင်သည်ဟုဆိုကြောင်း၊ ဥပမာအားဖြင့် သစ်သီးဝလံ စိုက်ပျိုး သူများသည် ၎င်းတို့၏ ပန်းသီး၊သစ်တော်သီးပင်များ၌ scab infections ကျရောက်နိုင်ခြေအဆင့်နှင့် စပ် လျဉ်းသည့် သတင်းအချက်အလက် ရရှိနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါသတင်းအချက်အလက်များ ရရှိခြင်း ဖြင့် လယ်သမားများသည် အပင်ကာကွယ်ရေးပစ္စည်းများ အချိန်ကိုက် မှန်ကန်စွာအသုံးပြု၍ ကာကွယ် နိုင်မည့်အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း၊ အပင်ပိုးမွှားနှင့်ရောဂါများကို ခန့်မှန်းရာတွင်  လူဇင်ဘတ် နိုင်ငံသည် ရှေ့ဆောင်နိုင်ငံဖြစ်သည်ဟု ASTA ၏ မိုးလေဝသဌာန  အကြီးအကဲဖြစ်သူ Dr. Andrew Ferrrone က ပြောကြားခဲ့ကြောင်း၊ ပညာရှင်များအနေဖြင့် ၎င်းတို့၏ forecast  models များနှင့် မြေပြင် တွင် အမှန်ဖြစ်ပျက်နေမှုများကို နှိုင်းယှဉ်၍ အပင်ပိုးမွှားများ ရှိ/မရှိနှင့် ၎င်းတို့၏တွက်ချက်မှုများ မှန်ကန်ခြင်းရှိ/မရှိကို လေ့လာခြင်းဖြစ်ကြောင်း၊ အဆိုပါ ပညာရှင်များ၏ အနာဂတ်အစီအစဉ်များမှာ ၎င်းတို့၏ forecast models များနှင့်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ပြောင်းလဲနိုင်သည့် မိုးလေဝသ အခြေအနေများကို ချိတ်ဆက်သွားရန်ဖြစ်ကြောင်း၊ လူဇင်ဘတ်နိုင်ငံရှိ လယ်သမားများနှင့် ဝိုင် စပျစ် စိုက်ပျိုးသူများသည် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်နေရပြီး အခြား တစ်ဖက်တွင်လည်း အပူချိန်နှင့်မိုးရွာသွန်းမှု၊ အပင်ပိုးမွှားရောဂါတို့ကြောင့်ဖြစ်ပေါ်သည့် အခက်အခဲများ ကို ကြုံတွေ့နေရကြောင်း၊ အပူချိန် ပိုမိုမြင့်မားလာမှုကြောင့် အပင်ပိုးမွှားရောဂါအသစ်များ ကျရောက်မှု ရှိပြီး climate change ကြောင့် လူဇင်ဘတ်နိုင်ငံ၌ မိုးခေါင်မှုများကို ပိုမိုဖြစ်စေနိုင်သည်ဟု ဆိုကြောင်း၊ ထို့ကြောင့် Agrimeteo အနေဖြင့် သီတင်းပတ်နှင့်လအလိုက်ခန့်မှန်းချက်များထက်ကျော်လွန်၍ longer– term forecast များကို ဆောင်ရွက်လိုကြောင်းသိရှိရပါသည်။

(ဘရပ်ဆဲလ်မြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

တောင်အာဖရိကနိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးလုပ်ငန်းများ ဆုံးရှုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများ ထဲမှ တစ်နိုင်ငံအဖြစ်ပါဝင်နေခြင်း

၇။      တောင်အာဖရိကနိုင်ငံသည် အသေးစား၊အငယ်စားနှင့်၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဆုံး ရှုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများတွင် တစ်နိုင်ငံအဖြစ်ပါဝင်နေပြီး ပထမနှစ်အတွင်း အဆိုပါလုပ်ငန်းများသည် လုပ်ငန်း(၇)ခုတွင် (၅)ခုဆုံးရှုံးလျှက်ရှိကြောင်း၊ Cova အကြံပေးဝန်ဆောင်မှုလုပ်ငန်း၏ ကျွမ်းကျင်သူ ညွှန်ကြားရေးမှူးက SMMEs ကဏ္ဍသည် နိုင်ငံ၏အလုပ်လက်မဲ့နှင့် မညီမျှမှု၊စိန်ခေါ်မှုများကို ဖြေရှင်းပေး နိုင်ရန် အဓိကအခန်းကဏ္ဍမှပါဝင်လျှက်ရှိသော်လည်း SMMEs  များအနေဖြင့် ကောင်းမွန်စွာဆောင်ရွက် နိုင်ခြင်းမရှိခဲ့ကြောင်း၊ တောင်အာဖရိကနိုင်ငံ၏ စီးပွားရေးဆုံးရှုံးမှုနှုန်းသည် အခြားကမ္ဘာ့နိုင်ငံများ၏ ဖြစ် ပေါ်မှုနှုန်းထက်မြင့်မားနေရာ အဓိကအားဖြင့် ငွေကြေးရရှိမှုအခွင့်အလမ်း မရှိခြင်းကြောင့်ဖြစ်ပြီး SMMEs အားလုံး၏ ၆% သာ အစိုးရ၏အထောက်အပံ့ပေးမှုကိုရရှိခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဌာနကြီးမှူးက အစိုးရအနေဖြင့် အလုပ်အကိုင်ဖန်တီးပေးနိုင်ရေး ဖိအားဖြင့်ရင်ဆိုင်နေရသဖြင့် စီးပွားရေး လုပ်ငန်း လုပ်ကိုင်လိုသူများ စတင်လုပ်ကိုင်နိုင်ရန် စီးပွားရေးလုပ်ငန်းနှင့်ပံ့ပိုးမှု ဖွံ့ဖြိုးတိုးတက်ရေး အစီ အစဉ်များကိုဆောင်ရွက်ပေးလျှက်ရှိကြောင်း၊ ၎င်းအပြင် လက်ရှိစီးပွားရေးလုပ်ငန်းများကို ရေရှည် စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်အောင်ဆောင်ရွက်ခြင်းသည်လည်း အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင် ပြီး နိုင်ငံ၏စီးပွားရေး များစွာတိုးတက်စေမည်ဖြစ်သည့်အတွက် လက်ရှိစီးပွားရေးလုပ်ငန်းများနှင့် ပူး ပေါင်းဆောင်ရွက်လျှက်ရှိကြောင်း၊ တောင်အာဖရိကနိုင်ငံစာရင်းအင်းဌာန၏ဖော်ပြချက်အရ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကြောင့် လုပ်ငန်းပိတ်သိမ်းရသည့်နှုန်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် များစွာရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊မတ်လအတွင်း ကုမ္ပဏီပေါင်း (၂၁၆)ခုပိတ်သိမ်းရပြီး ဖေဖော်ဝါရီလတွင် (၁၇၈)ခုအထိ ပိတ်သိမ်းခဲ့ရသဖြင့် ၂၁% မြင့်မားခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း လုပ်ငန်းပိတ်သိမ်း ရသည့်နှုန်းသည် စုစုပေါင်း(၁၈.၉%)အထိရှိခဲ့ကြောင်း၊ အများဆုံးထိခိုက်ခဲ့သည့်လုပ်ငန်းများမှာ ငွေကြေး ဝန်ဆောင်မှုကဏ္ဍ၊ အာမခံလုပ်ငန်း၊ အိမ်ရာရောင်းဝယ်မှုလုပ်ငန်း၊ စီးပွားရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကုန်သွယ်မှု၊ အစားအသောက်ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း၊ အိမ်ငှားဝန်ဆောင်မှုလုပ်ငန်းနှင့် ထုတ်လုပ်မှု လုပ်ငန်းများဖြစ်ကြောင်းသိရှိရပါသည်။

(တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

ဩစတြေးလျနိုင်ငံသတင်း

ခရီးသွားစီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် ကျွမ်းကျင်သူပညာရှင်က အကြံဉာဏ်များပေးမည့်သတင်း

၈။        ဩစတြေးလျ ခရီးသွားလုပ်ငန်းကဏ္ဍအတွက်  ခရီးသွားစီးပွားရေး ပြန်လည်ထူထောင်နိုင်ရေး နှင့်ရေရှည်အောင်မြင်မှုရရှိစေရန် ကျွမ်းကျင်သူပညာရှင်အဖွဲ့က ဆွေးနွေးပွဲပြုလုပ်၍ အစိုးရထံသို့ အကြံ ဉာဏ်များပေးသွားမည်ဖြစ်ပြီး အဆိုပါဆွေးနွေးမှု၌ ခရီးသွားစီးပွားရေးဆိုင်ရာအကြံဉာဏ်များပေးမည် ဖြစ်ရာ ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာကျောင်းသားများ၊ စီးပွားရေးလုပ်ငန်းနှင့် အပန်းဖြေ ခရီးသွားများ၊ စီးပွားရေးအစီအစဉ်နှင့်အခြားအဓိကအစီအစဉ်များ၊ ကာလတို နိုင်ငံခြားသားလုပ်သားများ အပါအဝင် နိုင်ငံတကာခရီးသွားလုပ်ငန်းနှင့်ဆက်စပ်သည့် အခြားကဏ္ဍများဖြစ်သော ဟိုတယ်လုပ်ငန်း နှင့် လေကြောင်းပို့ဆောင်ရေးဆိုင်ရာခရီးသွားစီးပွားရေးတစ်ခုလုံးအကျုံးဝင်မည်ဖြစ်ကြောင်း၊ယခင် ဖက် ဒရယ်ခရီးသွားလုပ်ငန်းဝန်ကြီးဖြစ်သူအားခရီးသွားစီးပွားရေးကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင်အဖြစ်(၆)လတာ ကာလအတွက် ခန့်အပ်ထားကြောင်း၊ကုန်သွယ်ရေး၊ ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ဩစတြေးလျ သည်ကမ္ဘာလှည့်ခရီးသွားဆိုက်ရောက်မှုတွင်ကမ္ဘာ့ဉီးဆောင်သူအဖြစ်ရပ်တည်လျှက်ရှိပြီး ဆန်းကျယ်လှပသောခရီးသွားဆွဲဆောင်မှုများ၊အရည်အသွေးမြင့် ခရီးသွားအတွေ့အကြုံများပေးနိုင်သော နိုင်ငံလည်း ဖြစ်ကြောင်း၊ အစိုးရသည် Covid-19 ဆိုင်ရာ စိန်ခေါ်မှုများကို ထိန်းကျောင်းဆောင်ရွက်နိုင်ရန် Jobkeeper အစီအစဉ်မှတဆင့် Covid-19 ပြန်လည်ထူထောင်ရေးရန်ပုံငွေ ဩစတြေးလျဒေါ်လာ (၁)ဘီလီယံနှင့် လေယာဉ်ခရီးစဉ်(၈၀၀၀၀၀) ကို ထက်ဝက်ဈေးနှုန်းထိ လျှော့ချပေးခြင်းဖြင့် ခရီးသွား လုပ်ငန်းကဏ္ဍ အတွက် အကူအညီများပေးခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းဝန်ကြီးဉီးဆောင်သည့် ကျွမ်းကျင် ပညာရှင်အဖွဲ့တွင် ခရီးသွားစီးပွားရေးလုပ်ငန်းကဏ္ဍမှ(၄)ဦးအပါအဝင် စုစုပေါင်းကျွမ်းကျင်ပညာရှင်(၅)ဉီး ပါဝင်ဖွဲ့စည်းထားပြီး Covid-19 အကျပ်အတည်းမှ ပေါ်ထွက်လာကာ ရေရှည်အောင်မြင်မှုရရှိစေမည့် နိုင်ငံ၏အရေးပါသောကဏ္ဍအတွက်  ၎င်း အဖွဲ့ကအကူအညီပေးနိုင်ခြင်းဖြစ်ကြောင်း၊ဩစတြေးလျနိုင်ငံ ခရီးသွားစီးပွားရေးလုပ်ငန်းမှာ နောင်အနာဂတ်တွင်  ကြံ့ကြံ့ခံရပ်တည်နိုင်ကာ စဉ်ဆက်မပြတ် ယှဉ်ပြိုင် နိုင်စွမ်းရှိသော ကဏ္ဍတစ်ရပ်အနေဖြင့် ရပ်တည် နိုင်မည့်အခွင့်အလမ်းရှိသည်ကို တွေ့မြင် ရလျှက်ရှိသည်ဟု သတင်းထုတ်ပြန်ထားကြောင်း၊ ကျွမ်းကျင် ပညာရှင်အဖွဲ့၏အစီရင်ခံစာတွင် လာမည့်(၁၀)နှစ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍကို ဆန်းသစ်တီထွင် ရန်၊ထုတ်လုပ်မှုမြှင့်တင် ဆောင် ရွက်ပေးရန်နှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် စိစစ်လေ့လာချက်များ ပါဝင်မည် ဖြစ်ကြောင်း၊ ယခင်ဖော်ထုတ်ချမှတ်ထားသည့် Tourism 2030 ကို Covid-19 ကြောင့် ခေတ္တရပ်ဆိုင်း ထားမည်ဖြစ်ပြီး ယခု “Reimagining the visitor Economy” ဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍ ရေရှည်ကြီးထွားမည့် မူဘောင်တစ်ရပ်ကို ဖော်ထုတ်ချမှတ်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

(ဩစတြေးလျနိုင်ငံ၊ကင်ဘာရာမြို့ စီးပွားရေးသံမှူးပေးပို့သည့်သတင်း)

အိန္ဒိယနိုင်ငံသတင်း

၂၀၂၁-၂၀၂၂ စိုက်ပျိုးရေးနှစ်၌ ကောက်ပဲသီးနှံ တန်ချိန် ၃၀၇.၃၁ သန်းအထိ တိုးတက်ထွက်ရှိရန် အိန္ဒိယ အစိုးရက အစီအမံများချမှတ်ခြင်း

၉။      အိန္ဒိယနိုင်ငံ၊ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီးဌာနသည် ၂၀၂၁ ခုနှစ် မိုးသီးနှံစိုက်ပျိုးမှုဆိုင်ရာ အမျိုးသားအဆင့် ညီလာခံ (National Conference on Agriculture for Kharif Campaign-2021) ကို ၃၀-၄-၂၀၂၁ နေ့၌ ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့ရာ အိန္ဒိယ စိုက်ပျိုးရေး ဝန်ကြီး နာရင်ဒရာဆင်းတိုမာ တက်ရောက်အမှာစကားပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ် များက လယ်ယာစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအစီအမံများကို ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ညီလာခံတွင် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ကောက်ပဲသီးနှံထွက်ရှိမှုကို တန်ချိန် (၃၀၁.၉၂)သန်းရရှိရန် ရည် မှန်းချက်ထားရှိဆောင်ရွက်ခဲ့ရာ ဒုတိယအကြိမ်ခန့်မှန်းချက်အရ တန်ချိန် (၃၀၃.၃၄) သန်းအထိ ရရှိနိုင် ဖွယ်ရှိကြောင်း၊ယခင်နှစ်စိုက်ပျိုးထွက်ရှိမှုထက် ၁.၉၆% တိုးတက်လာခဲ့ပြီး အထူးသဖြင့် ပဲမျိုးစုံ၌တန်ချိန် (၂၄.၄၂)သန်းနှင့် ဆီထွက်သီးနှံတွင် တန်ချိန် (၃၇.၃) သန်းအထိ ထွက်ရှိခဲ့ကြောင်း၊ လာမည့် ၂၀၂၁-၂၀၂၂ သီးနှံစိုက်ပျိုးရေးနှစ်တွင် ကောက်ပဲသီးနှံ တန်ချိန်ပေါင်း (၃၀၇.၃၁) သန်းထွက်ရှိရန် လျာထားကြောင်း၊ အိန္ဒိယ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ရှင်သန်ရပ်တည်မှု ရည်မှန်းချက်ကိုရရှိအောင်စွမ်းဆောင်ရာ၌ ပြည်ပမှ တင်သွင်းနေရမှုအပေါ် အမှီပြုနေရသည့် ပဲ မျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အထွက်တန်ချိန်ပမာဏ မြင့်မား စွာရရှိရန် ဦးတည်ချက်ချမှတ်ထားကြောင်း၊ ၎င်းသီးနှံအုပ်စု ၂ ခုအား ပြည်တွင်း၌ ပြတ်လပ်မှုမရှိစေရေး အတွက် ပြည်နယ်အစိုးရများအနေဖြင့် စစ်ဆင်ရေးသဖွယ်သဘောထား၍ လုပ်ဆောင်ကြရန်ဖြစ်ပြီး ဈေးကွက်ချိတ်ဆက်ရရှိနိုင်သည့် အော်ဂဲနစ်စိုက်ပျိုးရေးထုတ်ကုန်များအား တိုးတက်ထုတ်လုပ်နိုင်သော နယ်မြေဒေသများကို ပြည်နယ်များ၌ သတ်မှတ်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်းနှင့် ဗဟိုအစိုးရမှ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးမည်ဟု  ဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၁၀။    အထူးစီမံကိန်းများအား အကောင်အထည်ဖော်ဆောင်မှု၏ ရလာဒ်အဖြစ် Zaid season ခေါ် နွေ သီးနှံရာသီ၌ စိုက်ပျိုးမှုဧရိယာသည် ဟက်တာ(၆၃.၄၄)သိန်းရှိရာမှ ဟက်တာ(၇၅.၇၅) သိန်းသို့ တိုးတက် လာမှုနှင့်အတူ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ကောက်ပဲသီးနှံ ထုတ်လုပ်နိုင်မှုမှာ တိုးတက်လာကြောင်း၊ ယခုနှစ် မုတ်သုံရာသီမှာ ပုံမှန်အခြေအနေ (ကာလရှည် ပျမ်းမျှတွက်ချက်မှု၏ ၉၈% ခန့်) အတိုင်း ကောင်းမွန် ဖွယ်ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ယခင်နှစ် ရိတ်သိမ်းချိန်ကာလ၌ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ထိခိုက်မှုရှိသော ပဲပုတ်နှင့် ပြောင်းသီးနှံတို့မှအပ ကျန်သီးနှံများအတွက် မျိုးစေ့လုံလောက်မှုရှိကြောင်း၊ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဆိုင်ရာ အတွင်းဝန်က ပြည်နယ်စိုက်ပျိုးရေးဌာနများ အနေဖြင့် တောင်သူလယ်သမားများထံသို့ မျိုးစေ့နှင့်မြေဩဇာများကို အချိန်မီပံ့ပိုးနိုင်ရေးအတွက် သွင်းအားစု လိုအပ်ချက်အား ခန့်မှန်းတွက်ချက်လျက် ဗဟိုအစိုးရထံတင်ပြရန်လိုအပ်ကြောင်းနှင့် အိန္ဒိယ စိုက်ပျိုးရေး ဦးစီးဌာနသည် မိုးသီးနှံများအတွက် မျိုးစေ့နှင့်ဆက်စပ်သွင်းအားစုထောက်ပံ့မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ 

နှစ်ကာလကြာမြင့်စွာရပ်ဆိုင်းထားခဲ့သော အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့၏ ကုန်သွယ်ရေး ဆွေးနွေးပွဲများ ပြန်လည်စတင်မည်ဖြစ်ခြင်း

၁၁။    ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့၌ ၈-၅-၂၀၂၁ နေ့တွင် ကျင်းပရန်ရှိသည့် အိန္ဒိယနိုင်ငံနှင့် ဥရောပ သမဂ္ဂတို့မှ နိုင်ငံခေါင်းဆောင်များ၏ ညီလာခံဆွေးနွေးပွဲမတိုင်မီ အကြို သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ၆-၅-၂၀၂၁ နေ့၌ ပြုလုပ်ခဲ့ရာ (၈) နှစ်ကြာခန့် ဆိုင်းငံ့ထားခဲ့သည့် ကုန်သွယ်ရေး ဆွေးနွေးပွဲများကို ပြန်လည်စတင်သွားရန်ရှိကြောင်း ဥရောပသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူ အဆင့်မြင့် အရာရှိတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် အိန္ဒိယ၏ ကိုယ် ကျိုးစီးပွားကာကွယ်ရေး သမားရိုးကျ ချဉ်းကပ်လုပ်ဆောင်မှုများအား ဖြေလျော့ပေးမှုနှင့်အတူ အပြန် အလှန်အကျိုးဖြစ်ထွန်းပြီး ဘက်စုံလွှမ်းခြုံမှုရှိသည့် သဘောတူညီချက်ပေါ်ထွက်လာရန် မျှော်လင့်လျက် ရှိကြောင်းနှင့် ကုန်သွယ်ရေးကဏ္ဍသည် ဥရောပသမဂ္ဂနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးရာနှင့် မဟာဗျူဟာကျ ပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းမွန်သည့် နယ်ပယ်ဧရိယာများ၌ တစ်ခု အပါအဝင်ဖြစ်သည်ဟု အဆိုပါအရာရှိကပြောဆိုခဲ့ကြောင်း၊ အိန္ဒိယနှင့် ဥရောပသမဂ္ဂတို့အကြား ကုန် သွယ်ရေးဆိုင်ရာစေ့စပ်ညှိနှိုင်းဆွေးနွေးမှုများမှာ ၂၀၁၃ ခုနှစ်တွင် အကောက်ခွန်နှုန်းထားများ လျှော့ချ ရေးနှင့် အိန္ဒိယအလုပ်သမားများအား ဥရောပသို့ လွယ်ကူစွာ ဝင်ရောက်ခွင့်ပြုရေးကိစ္စရပ်များအပေါ် ဆွေးနွေးမှု၌ လိပ်ခဲတည်းလည်းဖြစ်ပေါ်ခဲ့ပြီးနောက် ရပ်ဆိုင်းနေခဲ့ခြင်းဖြစ်ကြောင်း၊        ဥရောပကောင်စီ၏ ဥက္ကဋ္ဌ၏ ဖိတ်ကြားလာမှုအရ ၈-၅-၂၀၂၁ စနေနေ့တွင် ကျင်းပမည့် အဆိုပါထိပ်သီးဆွေးနွေးပွဲသို့ ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံ (၂၇) ခုမှ ခေါင်းဆောင်များနှင့်အတူ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း၊ အဆိုပါ ညီလာခံအစည်းအဝေး၌ လက်ရှိ ကြုံ တွေ့နေရသည့် Covid-19 ကပ်ရောဂါအား တားဆီးထိန်းချုပ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကုန်သွယ်ရေး၊ နည်းပညာနှင့် ဆက်သွယ်မှုကွန်ယက်ကဏ္ဍများ၌ မိတ်ဖက်ဆောင်ရွက်မှု၊ အင်ဒို-ပစိဖိတ် ဒေသတွင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ လူသားအခွင့်အရေးကာကွယ်မှုနှင့် စည်းမျဉ်းအခြေပြု ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးရန်အစီအစဉ်များပါဝင်ကြောင်း သိရှိရပါသည်။

နိုင်ငံပိုင်ဘဏ်များအနေဖြင့် ပြည်ပရှိအပ်နှံငွေများအား ပြန်လည်ထုတ်ယူထားကြရန် အိန္ဒိယအစိုးရ က ညွှန်ကြားထားခြင်း

၁၂။     နယ်သာလန်နိုင်ငံ၊ The Hague မြို့ရှိ အငြင်းပွားမှုဖြေရှင်းရေးတရားရုံး (Permanent Court of Arbitration - PCA) က နောက်ကြောင်းပြန် အာဏာသက်ရောက်မှုရှိသည့် အခွန်ပေးဆောင်ရေးဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်၍ အိန္ဒိယအစိုးရအနေဖြင့် ဗြိတိန်နိုင်ငံအခြေစိုက် Cairn Energy စွမ်းအင် ကုမ္ပဏီသို့ တရားစရိတ်နှင့် နစ်နာကြေးငွေ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ (ရူပီးငွေ ကုဋေ ၈၀၀၀ ခန့်) ‌ပေးလျော်ရန် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ဆုံးဖြတ်ခဲ့ရာတွင် PCA တရားရုံး၏ ဆုံးဖြတ်ချက်အတိုင်း ရှင်းလင်းဆောင်ရွက်ပေးရန် အိန္ဒိယအစိုးရဘက်မှ နှောင့်နှေးမှုရှိသည့်အပေါ် Cairn ကုမ္ပဏီသည် ဖေဖော် ဝါရီလ(၁၂)ရက်နေ့၌ အမေရိကန်နိုင်ငံရှိ တရားရုံးတွင် ဒီကရီအား အတည်ပြုပေးရန် မှတ်ပုံတင် လျှောက် ထားခဲ့ပြီးနောက် ဗြိတိန်၊ ပြင်သစ်၊ နယ်သာလန်၊ စင်ကာပူနှင့် ကနေဒါ နိုင်ငံများရှိ တရားရုံးများ၌လည်း အလားတူဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းအပြင် ဘဏ်ငွေစာရင်းများအပါအဝင် အိန္ဒိယနိုင်ငံ၏ ပြည်ပရှိ ပိုင် ဆိုင်မှုများကိုလည်း လေ့လာဆန်းစစ်လျက် အခြားနိုင်ငံအချို့တွင်လည်း ဇာရီမှု မှတ်ပုံတင် လျှောက် ထားရန် လုပ်ဆောင်လျက်ရှိသော်လည်း ပြည်တွင်းရှိ နိုင်ငံပိုင်ဘဏ်များအနေဖြင့် ပြည်ပရှိဘဏ်များ၌ Nostro Accounts များဖွင့်လှစ်လျက် ကုန်သွယ်ရောင်းဝယ်မှုနှင့် နိုင်ငံခြားငွေဖြင့် ပေးချေရှင်းလင်းမှုများ လုပ်ကိုင်နိုင်ရန် အပ်နှံထားသောငွေများအားပြန်လည်ထုတ်ယူထားကြရန် အိန္ဒိယအစိုးရက မကြာသေးမီ ရက်များအတွင်းက ညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

၁၃။    ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ထိုကဲ့သို့ ပြည်ပ၌ အပ်နှံထားသည့်ငွေကြေးများအား ပြန် လည်ထုတ်ယူထားရှိရန်အတွက် အိန္ဒိယဘဏ္ဍာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသည်ဟု အမည်ဖော်ပြလိုခြင်းမရှိသော အရာရှိတစ်ဦးကပြောကြားကြောင်း၊ နိုင်ငံပိုင်ဘဏ် (၁၂) ခု၌ ပါဝင်သည့် ဘဏ်တစ်ခုမှ အရာရှိတစ်ဦးကလည်း ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသည်မှာ မှန်ကန်ပြီး အချို့ သောတရားရုံးများသည် အိန္ဒိယအစိုးရ၏ ပြည်ပရှိပိုင်ဆိုင်မှုများကို သိမ်းဆည်းခြင်း (သို့) ဆိုင်းငံ့ ထိန်း သိမ်းထားခြင်း လုပ်ဆောင်ဖွယ်ရှိလာမည့်အရေးကို အစိုးရက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်ဟု ပြောဆို ကြောင်း၊ Cairn Energy ကုမ္ပဏီကမူ ထိုသို့ဇာရီမှုများ ဖွင့်လှစ်ထားရှိသော်လည်း ၎င်းတို့အနေဖြင့် အိန္ဒိယအစိုးရနှင့် အပြုသဘောဆောင်သည့် ဆက်ဆံလုပ်ကိုင်မှုများကို ဆက်လက်ဆောင်ရွက်မည်ဟု  ၆-၅-၂၀၂၁ နေ့၌ ပြောဆိုခဲ့ကြောင်း၊ယခုကဲ့သို့ နှစ်ဘက်အငြင်းပွားမှုကိစ္စရပ်သည် ၂၀၀၆-၂၀၀၇ ခုနှစ် တွင် Cairn India Holdings ၏ ပိုင်ဆိုင်မှုများအား Cairn India ကုမ္ပဏီလက်အောက်သို့ ပြောင်းရွှေ့ ပေါင်းစည်းမှုအပေါ် အိန္ဒိယအစိုးရက နောက်ကြောင်းပြန် အာဏာသက်ရောက်မှုရှိသည့် အရင်းအနှီး လွှဲပြောင်းမှုမှ အခွန်‌ငွေ ရူပီး (၂၄၅၀၀) ကုဋေ တောင်းခံရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ Cairn Energy ကုမ္ပဏီသည် အိန္ဒိယနိုင်ငံအတွင်းရှိ တရားရုံးအဆင့်ဆင့်၌ အမှုရင်ဆိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် သတ္တုတွင်းလုပ်ငန်းကြီးတစ်ခုဖြစ်သော Vedanta ကုမ္ပဏီသို့ Cairn Energy ကုမ္ပဏီက ၎င်း၏ Cairn India ပိုင်ဆိုင်မှုများအား လွှဲပြောင်းရောင်းချရာတွင် ပေးဆောင်ရန် အခွန်ကြွေးကျန် ရှိ သည်ဟူသောအချက်ဖြင့် အိန္ဒိယအခွန်အာဏာပိုင်များက ၁၀% ထက်ပိုမိုသော ပမာဏကို ရောင်းချရန် ခွင့်မပြုပဲ တားမြစ်ခဲ့သည့့်အပြင် အိန္ဒိယအစိုးရသည် Cairn India ကုမ္ပဏီမှ ဗြိတိန်နိုင်ငံရှိ Cairn Energy ကုမ္ပဏီသို့ လွှဲပြောင်းမည့် ပိုင်ဆိုင်မှုများကိုလည်း ထိန်းသိမ်းထားခဲ့ကြောင်းသိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရေးအတွက် အထွက်နှုန်းမြင့်မျိုးစေ့များကို အစိုးရ က အခမဲ့ထောက်ပံ့မည်

၁၄။    ပြည်တွင်း၌ ပဲမျိုးစုံအား လုံလောက်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရန် ရည်ရွယ်လျက် ၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးရာသီ အထူးမဟာဗျူဟာကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ် ကြောင်း အိန္ဒိယစိုက်ပျိုးရေးနှင့်တောင်လယ်သမားများဖူလုံရေးဝန်ကြီးဌာနက ၆-၅-၂၀၂၁ နေ့၌ သတင်း ထုတ်ပြန်ခဲ့ရာ           အဆိုပါသတင်းထုတ်ပြန်ချက်၌ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ် ဆောင်ပြီးနောက် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့၏ စိုက်ဧကနှင့် အထွက်နှုန်းတိုးမြင့်ရေး အသေးစိတ် အစီအမံများကို ချမှတ်ပြီးဖြစ်ကြောင်း၊ ၎င်းမဟာဗျူဟာအရ ပြည်နယ်များနှင့် ဗဟိုမျိုးစေ့ဌာနများရှိ အထွက်နှုန်းမြင့်မားသောသီးနှံမျိုးစေ့များကိုအခမဲ့ဖြန့်ဖြူးလျက် သီးညှပ်နှင့်သီးသန့် စိုက်ပျိုးမှုဧရိယာကို တိုးချဲ့မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးရာသီ၌ တန်ဖိုးအားဖြင့် ရူပီး‌ငွေ (၈၂.၀၁) ကုဋေ ရှိသော သီးနှံမျိုးစေ့ထုပ် (seed mini kits) ပေါင်း (၂၀၂၇၃၁၈) ထုပ်ကို ဖြန့်ဝေပေးရန် အဆိုပြုထား ကြောင်း၊အိန္ဒိယအစိုးရသည် ပဲစင်းငုံအား သီးညှပ် (Intercropping)စိုက်ပျိုးရန်အတွက် လွန်ခဲ့သော(၁၀) နှစ်အတွင်း အထွက်နှုန်း ၁ ဟက်တာလျှင် (၁၅)ကွင်တယ်အောက် လျော့နည်းခြင်းမရှိသော အသိအမှတ် ပြုမျိုးစေ့များ (certified seeds)အပါအဝင် မျိုးစေ့ထုပ် (၁၃၅၁၇၁၀)ထုပ်ကို လည်းကောင်း၊ ပဲတီစိမ်းကို သီးညှပ်စိုက်ပျိုးရန်အတွက် လွန်ခဲ့သော (၁၀) နှစ်အတွင်း အထွက်နှုန်း (၁၀) ကွင်တယ်/ ဟက်တာ အောက် လျော့နည်းခြင်းမရှိသည့် မျိုးစေ့ထုပ် ၄၇၃၂၉၅ ထုပ်ကိုလည်းကောင်း အခမဲ့ဖြန့်ဖြူးမည်ဖြစ် ကြောင်း၊ မတ်ပဲသီးနှံကိုမူ သီးညှပ်စိုက်ပျိုးရန်အတွက် လွန်ခဲ့သော (၁၀) နှစ်အတွင်း အထွက်နှုန်း (၁၀) ကွင်တယ်/ဟက်တာအောက် လျော့နည်းခြင်းမရှိသည့် မျိုးစေ့ထုပ် (၉၃၈၀၅) ထုပ်နှင့် Sole Crop အဖြစ် သီးသန့်စိုက်ပျိုးရန်အတွက် လွန်ခဲ့သော (၁၅)နှစ်အတွင်း အထွက်နှုန်း(၁၀)ကွင်တယ်/ဟက်တာ အောက် လျော့နည်းခြင်းမရှိသည့် မျိုးစေ့ထုပ် (၁၀၈၅၀၈) ထုပ်တို့ကို ဖြန့်ဝေမည်ဖြစ်ကြောင်း၊ အထက်ပါ သီးညှပ်နှင့် သီးသန့်စိုက်ပျိုးရန် ဖြန့်ဝေမည့်မျိုးစေ့များသည် ၂၀၂၁ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရေးရာသီ အတွင်း ဧရိယာဟက်တာပေါင်း (၄.၀၅)သိန်းအားလွှမ်းခြုံမှုရှိမည်ဖြစ်ပြီး ဗဟိုအစိုးရ၏ ရန်ပုံငွေမှ ကျခံ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊၎င်းအပြင် ပြည်နယ်အစိုးရများ၏အစီအစဉ်ဖြင့် ယခုနှစ် မိုးသီးနှံပဲမျိုးစုံ အား ပုံမှန်စိုက်ဧကထက် ပိုမိုတိုးချဲ့မှုများတွင်လည်း ဗဟိုအစိုးရက ရန်ပုံငွေ မျှဝေကျခံမည်ဖြစ်ကြောင်း၊အိန္ဒိယ စိုက်ပျိုးရေးနှင့် တောင်လယ်သမားများဖူလုံရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ပဲစင်းငုံ သီးညှပ် စိုက်ပျိုးမှုအား အန္တရာပရာဒေ့ရှ်၊ ချတ္တဂါ၊ ဂူဂျရတ်၊ ဟာရီယာနာ၊ ကာနာတကာ၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရဋ္ဌ၊ ရာဂျပ်စတန်၊ တမီနာဒူ၊ တဲလန်ဂါနာနှင့် ဥတ္တာပရာ‌ဒေ့ရှ် ပြည်နယ်(၁၁) ခုရှိ ခရိုင်ပေါင်း (၁၈၇) ခုတွင် စိုက်ပျိုးမည်ဖြစ်ကြောင်း၊ ပဲတီစိမ်းသီးညှပ်စိုက်ပျိုးမှုကို အန္တရာပရာဒေ့ရှ်၊ ဂူဂျရတ်၊ ဟာရီယာနာ၊ ကာနာ (၈၅) ခုတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မတ်ပဲသီးနှံ သီးညှပ်စိုက်ပျိုးခြင်းအား အန္တရာပရာဒေ့ရှ်၊ ကာနာ တကာ၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရဋ္ဌ၊ တမီနာဒူနှင့် ဥတ္တာပရာ‌ဒေ့ရှ် ပြည်နယ်(၆) ခုရှိ ခရိုင်ပေါင်း(၆၀) ခုတွင် ဖော်ဆောင်မည်ဖြစ်ပြီး သီးသန့်စိုက်ပျိုးမှုမှာ ၎င်းပြည်နယ်(၆ ) ခုကို လွှမ်းခြုံမှုရှိမည်ဖြစ်ကြောင်း၊ အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖော်ပြချက်အရ ယခုနှစ် မိုးသီးနှံ ပဲမျိုးစုံမျိုးစေ့ ထောက်ပံ့မှုအစီအစဉ်အား ခရိုင်အလိုက် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ဗဟိုနှင့် ပြည်နယ်အဆင့် အစိုးရဌာနများအကြား စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုး ရေး ကျင့်စဉ်ကောင်းများနှင့်အညီ ထုတ်လုပ်နိုင်စေရန်အတွက် သီးနှံစိုက်ပျိုးသည့် ရာသီကာလအတွင်း ခရိုင်စိုက်ပျိုးရေးရုံးများနှင့် ATMA network တို့မှတစ်ဆင့် ခရိုင်အဆင့် သင်တန်းများကို ပို့ချမည် ဖြစ်ကြောင်းနှင့် ခရိုင်အဆင့်၌အတည်ပြုသတ်မှတ်ထားသည့်နေရာဒေသများသို့ သီးနှံမျိုးစေ့များ ဖြန့်ဖြူး ခြင်းကို ၁၅-၆-၂၀၂၁ နေ့အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

(ရင်းမြစ်-အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ စီးပွားရေးသံမှူးပေးပို့လာသည့်သတင်းများ)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ