ပြည်ပကုန်သွယ်မှုသတင်းများ

Powered by Drupal

၂၀၂၅ ခုနှစ်တွင်ထိုင်းနိုင်ငံ၏ဆန်တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျဆင်းနိုင်

             အိန္ဒိယနိုင်ငံကဆန်တင်ပို့မှုပြန်လည်စတင်သောကြောင့် ၂၀၂၅ ခုနှစ် တွင် ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်ကထက် ၂၅ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်းသိရပါသည်။ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Chookiat Ophaswongse က ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဆန်တန်ချိန် ၇.၅ သန်းတင်ပို့ရန်မျှော်လင့်ရပြီး ၂၀၂၄ ခုနှစ်က တင်ပို့ခဲ့သည့် တန်ချိန် ၁၀ သန်းထက် ၂.၅ သန်းလျှော့ကျနိုင်ကြောင်းပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံထံမှယှဉ်ပြိုင်မှုပြင်းထန်လာခြင်းနှင့် အင်ဒိုနီးရှားနိုင်ငံထံမှဝယ်လိုအားလျှော့ကျမှု ကလည်း ထိုသို့ကျဆင်းနိုင်ကြောင်း ခန့်မှန်းသည့်အချက်များတွင် ပါဝင်နေကြောင်းသိရှိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)

၂၀၂၄ ခုနှစ်တွင် ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ၂၄.၇၇ဘီလီယံ ရရှိခဲ့သည့်ဗီယက်နမ်

               ဗီယက်နမ်နိုင်ငံ၏ ၂၀၂၄ ခုနှစ်တွင် စုစုပေါင်းကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၇၈၆.၂၉ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၁၅.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၄.၇၇ ဘီလီယံ ရရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး က ဇန်နဝါရီလ ၆ ရက်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် နိုင်ငံသည် အမေရိကန်ဒေါ်လာ ၄၀၅.၅၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၈၀.၇၆ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်းခဲ့ကြောင်းသိရပါသည်။ ထိုတင်ပို့သည့် စုစုပေါင်းတန်ဖိုးတွင် ပြည်တွင်းကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၁၁၄.၅၉ ဘီလီယံရှိပြီး ရေနံစိမ်း ပါဝင်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ အမေရိကန်‌ဒေါ်လာ ၂၉၀.၉၄ ဘီလီယံ ရှိကြောင်းသိရပါသည်။ ကုန်ပစ္စည်းအမျိုးအစား ၃၇ ခုတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် အသီးသီးရရှိခဲ့ကြောင်းသိရပါသည်။ တင်သွင်းမှုတွင် ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၄၀.၁၁ ဘီလီယံနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ အမေရိကန်ဒေါ်လာ၂၄၀.၆၅ ဘီလီယံသုံးစွဲခဲ့ကြောင်းသိရသည်။ ၂၀၂၅ ခုနှစ်တွင် တင်ပို့မှု ဆက်လက်မြှင့်တင်ရန် ဗီယက်နမ်သည် လက်ရှိတည်ရှိသော လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်(FTA)များမှ အကောင်းဆုံးအခြေအနေများကို ရှာဖွေသွားမည်ဖြစ်ကာ ပို့ကုန်သွင်းကုန်ဈေးကွက်များကိုတိုးချဲ့ရန်နှင့် ကွဲပြားရန် FTA အသစ်များ လက်မှတ်ထိုးနိုင်ရန် ကြိုးပမ်းသွားမည်ဟုသိရပါသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးဖြစ်သူ Vo Van Hung က ဌာနသည် ပြည်တွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန် များကို စားသုံးမှုနှင့် ကုန်ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် ၂၀၂၅ မှစ၍ လာမည့်နှစ်များအတွင်း စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များအတွက် တင်ပို့ရာဈေးကွက်များတိုးမြှင့်ရန်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် အနီးကပ်ညှိနှိုင်းဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

တောင်ကိုရီးယားနိုင်ငံ၏တတိယအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဗီယက်နမ်ဆက်လက်ရပ်တည်

               ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ်၌ တရုတ်နှင့်အမေရိကန်တို့၏နောက်တွင် တောင်ကိုရီးယားနိုင်ငံ ၏ တတိယအကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာနက ဇန်နဝါရီလ ၆ ရက်နေ့ကထုတ်ပြန်ခဲ့သည့် အချက်အလက်အရ နိုင်ငံ၏တင်ပို့မှုစုစုပေါင်းတန်ဖိုး မှာ အမေရိကန်ဒေါ်လာ ၆၈၃.၈ ဘီလီယံရှိပြီး ဗီယက်နမ်နိုင်ငံသို့အမေရိကန်ဒေါ်လာ ၅၈.၃ ဘီလီယံတန်ဖိုးတင်ပို့ခဲ့ကာ အမေရိကန်ဒေါ်လာ ၂၈.၄ ဘီလီယံတန်ဖိုး ပြန်လည်တင်သွင်း ခဲ့ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံ၏ ဗီယက်နမ်နှင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၆.၇ ဘီလီယံရှိပြီး တရုတ်(အမေရိကန်ဒေါ်လာ ၂၇၂.၉ ဘီလီယံ) နှင့် အမေရိကန်(အမေရိကန်ဒေါ်လာ ၁၉၉.၉ ဘီလီယံ)နောက်တွင် တတိယ နေရာ၌ ရပ်တည်ခဲ့ကြောင်းသိရပါသည်။ တောင်ကိုရီးယားနိုင်ငံသည်  ကုန်သွယ်ရေးပိုငွေ အမေရိကန်ဒေါ်လာ ၂၉.၉ ဘီလီယံရရှိခဲ့ပြီး အမေရိကန်ထံမှရရှိသည့် ကုန်သွယ်ရေး ပိုငွေ အမေရိကန်ဒေါ်လာ ၅၅.၇ ဘီလီယံပြီးနောက် ဒုတိယအများဆုံးဖြစ်ကြောင်းသိရပါသည်။ ကိုရီးယားအေဂျင်စီများ၏ ဆန်းစစ်ချက်အရ ထိုသို့ကုန်သွယ်ရေးပိုငွေရရှိမှုသည် နိုင်ငံ၏ ဆီမီးကွန်ဒတ်တာတင်ပို့မှု ၂၀၂၃ ခုနှစ်မှစ၍ ပြန်လည်နာလံထူလာသောကြောင့်ဖြစ်ကြောင်း သိရပါသည်။ တောင်ကိုရီးယားနိုင်ငံ သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂၉.၂ ဘီလီယံ တန်ဖိုးရှိသော ဆီမီးကွန်ဒတ်တာ များတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၄၃.၉ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်းသိရပါသည်။ ဆီမီးကွန်ဒတ်တာသည် နိုင်ငံ၏ဗီယက်နမ်သို့ အကြီးမားဆုံး တင်ပို့ခဲ့ သည့်ပစ္စည်းဖြစ်ကြောင်း သိရပါသည်။ နှစ်နိုင်ငံကြားကုန်သွယ်မှုသည်  လုပ်သားအားပြုရသည့် အထည်အလိပ်မှစ၍ ဆီးမီးကွန်ဒတ်တာကဲ့သို့သော တန်ဖိုးမြင့်ကုန်ပစ္စည်းများထိ ပါဝင်ကြောင်း သိရပါသည်။ ၂၀၁၄ တွင် စတင်အကောင်အထည်ဖော်ခဲ့သည့် ဗီယက်နမ်-တောင်ကိုရီးယား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်ကလည်း ကုန်သွယ်မှုပမာဏကို အမေရိကန်‌ ဒေါ်လာ ၃၀ ဘီလီယံမှ ၈၀ ဘီလီယံထိ မြင့်တင်နိုင်ခဲ့ကြောင်းသိရပါသည်။ ခရီးသွားကဏ္ဍတွင် လည်း တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်သို့အများဆုံး လာရောက် လည်ပတ်သည့် နိုင်ငံ အဖြစ် ရပ်တည်နေကြောင်းသိရပါသည်။ အာဆီယံ၏အရေးပါမှုကြီးထွားလာမှုကြောင့် တောင်ကိုရီးယားနိုင်ငံသည် ကုန်သွယ်ရာတွင် အမေရိကန်နှင့်တရုတ်ကို အလွန်အမင်းမီခိုနေရမှုကို လျှော့ချနိုင်ခဲ့ပြီး ဗီယက်နမ်သည် အရေးပါသောအာဆီယံနိုင်ငံအဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

ဗီယက်နမ်နှင့်လာအိုတို့ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်

                ဗီယက်နမ်နိုင်ငံစက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန(MoIT) နှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ လာအိုသံရုံးတို့သည် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အနီးကပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရပါသည်။ ဗီယက်နမ်စက်မှုနှင့် ကုန်သွယ် ရေးဝန်ကြီးဖြစ်သူ Nguyen Hong Dien နှင့် လာအိုသံအမတ် Khamphao Ernthavanh တို့သည် ၎င်တို့၏အလုပ်သဘောဆွေးနွေးမှုအတည်ပြုခြင်းကို ဇန်နဝါရီလ ၃ ရက်နေ့က ဟနွိုင်းမြို့တွင်ကျင်းပခဲ့ပါသည်။ ၂၀၂၄ တွင် နှစ်နိုင်ငံကြားကုန်သွယ်မှုသည် ကောင်းမွန်သော ရလဒ်ရရှိခဲ့ပြီး အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ခန့်မှန်းရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၃၄ ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုပမာဏသည် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သည့် ပထမဆုံး အကြိမ် ဖြစ်ပြီး အစိုးရနှစ်ဖက်စလုံး၏ သတ်မှတ်ရည်မှန်းချက်ကို ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ Dien က ထိုအောင်မြင်မှုသည် နှစ်နိုင်ငံလုံးမှစီးပွားရေးလုပ်ငန်းများ၊ အာဏာပိုင်များနှင့် အစိုးရ များ၏ ကြိုးပမ်းအားထုတ်မှုများ၏ ရှင်းလင်းသောရလဒ်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဗီယက်နမ်-လာအိုကုန်သွယ်ရေးသဘောတူညီချက်နှင့်ပတ်သတ်၍ Dien က ဗီယက်နမ်နှင့် လာအိုစက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနများသည် ၂၀၂၄ ခုနှစ် ဧပြီလ ၈ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်အသစ်အား အစိုးရနှစ်ဖက်စလုံးမှခွင့်ပြုရန်အတွက် လိုအပ်သောလုပ်ငန်းစဉ်များကို ပြီးမြောက်ခဲ့ပြီဖြစ်ပြီး အကောင်အထည်ဖော်ရန်အဆင်သင့် ဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။ ဝန်ကြီးသည် သံအမတ်ကြီးကို လာအိုအာဏာပိုင်များနှင့် အတူ အတွင်းပိုင်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးရန်တောင်းဆို ခဲ့ကြောင်းသိရပါသည်။ စွမ်းအင်နှင့်သတ္တုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်ပတ်သတ်၍ Dien က၂ ၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြားကျောက်မီးသွေးနှင့် လျှပ်စစ်ဝယ်ယူခြင်းနှင့် ရောင်းချ ခြင်းသည် အလွန်အပေါင်းလက္ခဏာဆောင်ခဲ့ကြောင်းပြောကြားခဲ့ပါသည်။ Khamphao က လတ်တလောနှစ်များအတွင်း နှစ်နိုင်ငံ၏အထင်ကြီးဖွယ်အောင်မြင်မှုများအပေါ် အမြင်ကိုဝေမျှ ခဲ့ပြီး ဗီယက်နမ်၏ပို့ကုန်သွင်းကုန်ကဏ္ဍနှင့် စက်မှုကဏ္ဍကြီးထွားမှုကို ချီးမွမ်းပြောကြား ခဲ့ပါသည်။ ထို့ပြင်ဗီယက်နမ်အား လာအိုဈေးကွက်သို့ ရေနံနှင့် Gasoline များရောင်းချပေးပြီး ပြည်တွင်းလောင်စာဈေးကွက်တည်ငြိမ်စေရန် ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း သံအမတ်ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်အတွက်တင်ပို့ရန်ရည်မှန်းချက်အမေရိကန်ဒေါ်လာ သန်း ၈၅၀ ရည်မှန်းထားသည့်ဗီယက်နမ်၏ Gia Lai ပြည်နယ်

              ဗီယက်နမ်နိုင်ငံ၏ Gia Lai ပြည်နယ်သည် ၂၀၂၅ ခုနှစ်အတွက် အမေရိကန်ဒေါ်လာ သန်း၈၅၀ တင်ပို့ရန်ရည်မှန်းထားကြောင်းသိရပါသည်။ ထိုရည်မှန်းချက်ပြည့်မီရန် ပြည်နယ် စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာနသည်အလားအလာရှိသော‌ ဈေးကွက်များတွင် ကုန်စည်ပြပွဲများကျင်းပခြင်းမှတစ်ဆင့်ကုန်သွယ်မှုမြှင့်တင်ခြင်းပါဝင်သော ဗျူဟာမြောက်စီမံချက်များနှင့်စက်မှုအခြေခံအဆောက်အအုံများတိုးတက်ရေးတို့ကိုအသားပေးထားကြောင်းသိရပါသည်။ ပြည်နယ်သည်ပြည်တွင်းစီးပွားရေးလုပ်ငန်းများကမ္ဘာသို့ဝင်ရောက်နိုင်ရန်အတွက်ဒစ်ဂျစ်တယ်နည်းပညာကူးပြောင်းမှုအရှိန်မြှင့်တင်ခြင်းနှင့်စီမံခန့်ခွဲမှုစနစ်ပြုပြင်ခြင်းတို့ကိုဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချရန်နှင့်ယှဉ်ပြိုင်နိုင်စွမ်းမြှင်တင်ရန်ရည်ရွယ်၍ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကိုအဓိကအာရုံစိုက်ထားကြောင်းသိရပါသည်။ Gai Lai ပြည်နယ် သည် မေလ ၂၀၂၃ တွင်ခွင့်ပြုချက်ရခဲ့သည့် Vietnam’s National Power Development Plan 8 အောက်တွင်စီမံကိန်းများကို အဆင့်မြှင့်တင်လျှက်ရှိကြောင်း သိရပါသည်။ Gai Lai ၏ စက်မှုနှင့်ကုန်သွယ်ရေးဦးစီးဌာန၏ညွှန်ကြားရေးမှူးဖြစ်သူ Pham Van Binh က စီးပွားရေးလုပ်ငန်း များအတွက် အကောင်းဆုံးဖြစ်နိုင်သောအခြေအနေများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထို့မှသာ ၂၀၂၅ တွင် ပို့ကုန်ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၈၅၀ သန်းရောက်ရှိ နိုင်ရုံသာမက ကျော်ဖြတ်နိုင်မည်ဟုပြောကြားခဲ့ပါသည်။ ကော်ဖီသည် အဓိကထုတ်ကုန်အဖြစ် ရပ်တည်နေပြီး ၂၀၂၄ တွင်တန်ချိန် ၂၁၀၀၀၀ တင်ပို့ရာမှဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၀ သန်း ရရှိခဲ့ကာ စုစုပေါင်းပို့ကုန်ဝင်ငွေရရှိမှု၏ ၈၀ ရာခိုင်နှုန်းရှိကြောင်းသိရပါသည်။ အခြားပို့ကုန်များတွင် ရာဘာစေးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၂၅ သန်းနှင့် သစ်ထုတ်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂.၂၅ သန်းရရှိခဲ့ကြောင်းသိရပါသည်။၂၀၂၄ တွင် Gai Lai သည် ပြည်ပတင်ပို့မှုမှတစ်ဆင့် ဝင်ငွေအမေရိကန်‌ဒေါ်လာ ၈၂၀ သန်းရရှိခဲ့ပြီး ၂၀၂၃ ကထက် ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)

၂၀၂၅ ခုနှစ်တွင်အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးတင်ပို့ရန်ရည်မှန်းထားသည့် ဗီယက်နမ်၏ Soc Trang ပြည်နယ်

            ပင်လယ်စာ၊ အရည်အသွေးမြင့်သောဆန်၊ သစ်သီးများနှင့် အဝတ်အထည်များအစရှိသည့် အဓိကထုတ်ကုန်များအား ပြုပြင်ထုတ်လုပ်မှုအရှိန်မြှင့်တင်ခြင်းအားဖြင့် ဗီယက်နမ်၏ Soc Trang ပြည်နယ်သည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံတန်ဖိုးတင်ပို့ရန် ရည်ရွယ် ထားကြောင်း သိရပါသည်။ ထိုရည်မှန်းချက်ပြည့်မီရန် ပြည်နယ်သည် ထုတ်ကုန်အရည်အသွေး မြှင့်တင်ခြင်း၊ ဒီဇိုင်းကွဲပြားခြင်းနှင့် ဈေးကွက်တိုးချဲ့ရန် အာရုံစိုက်ထားကြောင်း သိရပါသည်။ အချို့သောစီးပွားရေးလုပ်ငန်းများအတွက် နာလံထူမှုနှေးကွေးခြင်းပါဝင်သည့် စိန်ခေါ်မှုများ ၂၀၂၄ ခုနှစ်တွင်ရှိခဲ့သော်လည်း ပြည်နယ်သည် တင်ပို့မှုမှတစ်ဆင့် အမေရိကန် ၁.၈ ဘီလီယံရရှိခဲ့ ကြောင်း သိရပါသည်။ အဓိကဝင်ငွေရရှိခဲ့သည့် ပို့ကုန်များတွင် ပင်လယ်စာ(အမေရိကန်ဒေါ်လာ ၉၁၀ သန်း)နှင့် ဆန်(အမေရိကန်ဒေါ်လာ၇၉၈ သန်း)တို့ဖြစ်ကြောင်းသိရပါသည်။ ဆန်တင်ပို့မှု သိသာစွာကြီးထွားလာရခြင်းသည် တန်ချိန် ၁.၃ သန်းနီးပါးဖြင့် များပြားစွာထုတ်လုပ်နိုင်ခြင်းနှင့် အရည်အသွေးမြင့်တက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်းသိရပါသည်။ ပြည်နယ်၏ဆန်သည် အားကောင်းသော ဂုဏ်သတင်းရရှိနေပြီး ဗီယက်နမ်ဆန်အမှတ်တံဆိပ်ကို ကမ္ဘာ့အဆင့်တွင် ပိုမိုကျယ်ပြန့်စေခဲ့ကြောင်းသိရပါသည်။ လာမည့်အချိန်တွင် ပြည်နယ်သည် ၎င်းတို့၏အထူးဆန်မျိုးကွဲများကိုမြှင့်တင်ရန်၊ ဆန်အမှတ်တံဆိပ်ခိုင်မာစေရေးတည်ဆောက်ရန်နှင့် ပို့ကုန်မြှင့်တင်ရန်အတွက် သိပ္ပံနည်းကျဈေးကွက်ရှာဖွေရန် စီစဉ်နေကြောင်းသိရပါသည်။ သင့်လျော်သောဈေးကွက် အခြေအနေများနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်းများနှင့်အတူ Soc Trang ၏ ဆန်တင်ပို့မှုသည် လာမည့်နှစ်များတွင် ဆက်လက်အားကောင်းနေရန် မျှော်လင့်ရကြောင်း သိရှိရပါသည်။

Vietnam Plus

DOCA(ရန်ကုန်)                  

ကယ်လီဖိုးနီးယားတွင် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေသောကြောင့် ကြက်ဥဈေးနှုန်းများဆက်လက်မြင့်တက်လျက်ရှိ

            အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ နောက်ဆုံးထုတ်ပြန်ချက်တစ်ခုအရ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်မားလာခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ်တွင် ကြက်ဥဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်းသိရသည်။ ဇန်နဝါရီ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာအရ Golden State ရှိ ကြက်ဥအခွံကြီး ဥတစ်ဒါဇင်အတွက် စံနှုန်းတန်ဖိုးမှာ ၀.၇၈ ဒေါ်လာမှ ၈.၉၇ ဒေါ်လာအထိမြင့်တက်ခဲ့ပြီး ကယ်လီဖိုးနီးယား တောင်ပိုင်းတွင် ဂျမ်ဘို ဥတစ်ဒါဇင်၏ လက်ကားဈေးသည် ပျမ်းမျှ ၈.၉၁ ဒေါ်လာ မှ ၉.၁၀ ဒေါ်လာထိမြင့်တက်ခဲ့ကြောင်းသိရသည်။ ဂျမ်ဘိုကြက်ဥများသည် USDA မှ သတ်မှတ်သော အကြီးဆုံးအရွယ်အစားရှိသော ကြက်ဥဖြစ်သည်။ လက်လီရောင်းချသူများထံပေးပို့သော အခွံကြီးဥများအတွက် မကြာသေးမီက နယူးယောက်ဈေးကွက်တွင် လက်ကားဈေးသည် တစ်ဒါဇင်လျှင် ၀.၁၂ မှ ၆.၀၆ ဒေါ်လာအထိ မြင့်တက်ခဲ့သည်။ ဒီဇင်ဘာလအထိ စီးပွားဖြစ် စားပွဲတင်ကြက်ဥအမျိုးမျိုးတွင် HPAI အဆက်မပြတ်ဖြစ်ပွားလျက်ရှိပြီး သိသာသော ကြက်ဥဈေးများမြင့်မားခြင်းနှင့် ရောင်းလိုအားဆိုင်ရာ စိုးရိမ်မှုများအပေါ် USDA မှ အပြစ်တင်ခဲ့သည်။ ဒီဇင်ဘာလနှောင်းပိုင်းတွင် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာနမှ တောရိုင်းနေငှက် စီးပွားဖြစ် ကြက်များနှင့် ဝါသနာဖြစ် မွေးမြူကြသော သိုးများ ၁၂၈၉၀၇၃၉၂ ကောင်ရောဂါကူးစက်ခံခဲ့ရပြီး ဒီဇင်ဘာလ ၂ ရက်နေ့ကမှတ်တမ်းတင်ထားခဲ့သော အကောင်ရေ ၁၁၁၄၁၂၆၂၆ ကောင်ထက် တိုးပွားလာကြောင်းသိရသည်။ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှု မှာ နိုင်ငံ၏ ပြည်နယ် ၅၀ လုံးတွင် ဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါသည်။

Source : Xinhua

DOCA(ရန်ကုန်)

တရုတ်၏ စွမ်းအင်သုံးကားအသစ် SUV များ ဘရူနိုင်းနိုင်ငံတွင် ရေပန်းစားလျက်ရှိ

          တရုတ်နိုင်ငံ၏ ကျော်ကြားသော မော်တော်ကားထုတ်လုပ်သူ Great Wall Motors သည် ၎င်း၏ စွမ်းအင်သုံး SUV ကားအသစ်အား ဘရူးနိုင်းတွင် မိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ပြီး ပြည်တွင်းဈေးကွက်မှ နွေးထွေးစွာ ကြိုဆိုမှုကို ခံယူခဲ့သည်။ ဘရူးနိုင်းနိုင်ငံမြို့တော် Bandar Seri Begawan ရှိ GWM Experience Center အသစ်တွင် သောကြာနေ့က မိတ်ဆက်ပွဲအခမ်းအနားသို့ ဧည့်သည်များနှင့် ဒေသခံသုံးစွဲသူ ၂၀၀ နီးပါး တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ဘရူးနိုင်းနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Xiao Jianguo နှင့် ဘရူနိုင်းနိုင်ငံမှ ဧည့်သည်တော်များသည် ကားအသစ်ကို မိတ်ဆက်ပြသခဲ့သည်။ ဘရူးနိုင်းနိုင်ငံ၏ အထင်ကရမော်တော်ကား ရောင်းဝယ်ရေး Berjaya Sdn Bhd ၏ မန်နေဂျင်းဒါရိုက်တာ Pengiran Erwan Ab Rahanan က GWM Tank 500 ကို မိတ်ဆက်ခြင်းသည် ဘရူးနိုင်းနိုင်ငံသို့ တရုတ်မော်တော်ယာဉ်ဆန်းသစ်တီထွင်မှုနည်းပညာများကို ယူဆောင်လာရန် ကုမ္ပဏီ၏ ကတိကဝတ်ကို သက်သေပြလျက်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်မော်တော်ကား အမှတ်တံဆိပ်များသည် မကြာသေးမီနှစ်များအတွင်း ဘရူးနိုင်းဈေးကွက် တွင် ပိုမိုရေပန်းစား လာခဲ့သည်။ Great Wall Motor သည် ၂၀၂၁ ခုနှစ်တွင် ဈေးကွက်သို့ တရားဝင် ဝင်ရောက် လာချိန်မှစ၍ မော်တော်ကားအမျိုးမျိုး အစီးရေ ၁၀၀၀ နီးပါးကို ရောင်းချနိုင်ခဲ့ပြီး ရောင်းအား အရှိန်အဟုန်ဖြင့် တိုးလာခဲ့ကြောင်း Great Wall Motor ၏ ဒေသတွင်းဈေးကွက် ရှာဖွေရေး ဒါရိုက်တာ Zhao Meng မှပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ကနေဒါ၊ ဂျပန်နိုင်ငံတို့နှင့် ကုန်သွယ်မှုများ တိုးတက်ခဲ့

             G7 အဖွဲ့ဝင်နိုင်ငံများဖြစ်သော ကနေဒါနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် ၂၀၂၄ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံ၏ ပဉ္စမနှင့်ဆဋ္ဌမမြောက် အကြီးဆုံးကုန်သွယ်ဖက်များဖြစ်လာစေရန် လမ်းကြောင်းပေါ်တွင်ရှိနေကြောင်း အကောက်ခွန်နှင့်အခွန်ကြီးကြပ်မှုဦးစီးဌာန (GDCE) ၏ မကြာသေးမီကထုတ်ပြန်ခဲ့သော အချက်အလက်များအရသိရသည်။ ၂၀၂၄ ခုနှစ်အတွင်း မှတ်တမ်းများအရ ထိုနှစ်နိုင်ငံနှင့်ကမ္ဘောဒီးယားတို့အကြား အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၂၃ ခုနှစ် ကုန်သွယ်မှုကိန်းကဏန်းများထက် သိသိသာသာတိုးတက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ဂျပန်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁.၉၄၉ ဘီလီယံရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူ ကာလထက် ၁၉ ရာခိုင်နှုန်းနီးပါးတိုးလာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လအတွင်း ဂျပန်နိုင်ငံမှ သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၆၇၇.၄၁ သန်းရှိပြီး ဂျပန်နိုင်ငံသို့ အဝတ်အထည်၊ ဖိနပ်၊ အိတ်၊ ပရိဘောဂ၊ သားရေထုတ်ကုန်များ၊ အလှကုန်မျာ၊ စက္ကူနှင့် ရုံးသုံးပစ္စည်းများတင်ပို့ခဲ့သည်။ ဂျပန်နိုင်ငံမှ မော်တော်ကား၊ စက်ယန္တယားများနှင့် လျှပ်စစ် ပစ္စည်းများ၊ အထည်လိပ်နှင့် ပလက်စတစ်ပစ္စည်းများတင်သွင်းခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁) လ အတွင်း ကမ္ဘောဒီးယားနိုင်ငံနှင့် ကနေဒါနိုင်ငံတို့သည် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၀၆၃ ဘီလီယံအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အလားတူကာလထက် ၂၇ ရာခိုင်နှုန်း တိုးတက် လာခဲ့သည်။ ကနေဒါနိုင်ငံသို့ကမ္ဘောဒီးယားပို့ကုန်များသည် လက်ရှိတွင် ကုန်သွယ်မှုဆက်ဆံရေး ကိုလွှမ်းခြုံထားပြီး နှစ်နိုင်ငံကုန်သွယ်မှုစုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းအထိ ရှိသည်။ ၂၀၂၄ ခုနှစ် အတွင်း ကမ္ဘောဒီးယားနိုင်ငံမှကနေဒါသို့ အဝတ်အထည်၊ ဖိနပ်၊ အိတ်နှင့်စက်ဘီးတို့ကို အဓိက တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

Siem Reap ငါးလုပ်ငန်းသည် ဩစတြေးလျသို့တင်ပို့မှုချဲ့ထွင်ခဲ့

             ကမ္ဘောဒီးယားနိုင်ငံ၊ Siem Reap ပြည်နယ်အခြေစိုက် ငါးလုပ်ငန်းလုပ်ကိုင်သည့် Home Taste Food Enterprise သည် ၎င်းတို့၏ ပြုပြင်ထားသောငါးထွက်ကုန်များကို ဩစတြေးလျ နိုင်ငံသို့တင်ပို့ခဲ့ပြီး ပြည်ပဈေးကွက်တွင် ဝယ်လိုအားတိုးပွားလာမှုကိုဖြည့်ဆည်းပေးခဲ့သည်။ တင်ပို့ရောင်းချသူများသည် ကုမ္ပဏီ၏နိုင်ငံတကာလက်လှမ်းမီမှုကိုချဲ့ထွင်ရန်နှင့် ဩစတြေးလျ တွင် အရည်အသွေးမြင့်ငါးထွက်ကုန်များဝယ်လိုအားကို ဖြည့်ဆည်းရန်ကုမ္ပဏီ၏ ကတိကဝတ် ကိုပြသခဲ့ပြီး လုပ်ငန်းအတွက်သိသာထင်ရှားသောလှုပ်ရှားမှုတစ်ရပ်ဖြစ်ကြောင်း Home Taste Food Enterprise တည်ထောင်သူ Sim Sereirath ကပြောကြားခဲ့သည်။ ပို့ကုန်ကုမ္ပဏီ Polycell (Cambodia) Co.,Ltd နှင့်ပူးပေါင်း၍ ပြုပြင်ပြီးငါးတန်ချိန် ၃ တန်ကျော်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင်တင်ပို့ခဲ့ပြီးလာမည့်အပတ်တွင် ဈေးကွက်သို့ရောက်ရှိရန်စီစဉ်ထား ကြောင်း Sim Sereirath ကပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း အဆိုပါ Home Taste Food Enterprise သည်၎င်း၏ ပထမအသုတ်ငါးထွက်ကုန်များ ၄.၇ တန်ကို ဩစတြေးလျ နိုင်ငံသို့တင်ပို့ခဲ့ပြီး နိုင်ငံခြားဈေးကွက်သို့ငါးထွက်ကုန်တင်ပို့သည့် ပထမဆုံးသောကမ္ဘောဒီးယား ကုမ္ပဏီဖြစ်လာခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) သည် အဓိကလုပ်ဖော်ကိုင်ဖက်များနှင့်ပူးပေါင်းကာ ငါးလုပ်ငန်းလုပ်ကိုင်သူများ၏ အရည်အသွေးနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု စစ်ဆေးခြင်းများကိုသေချာစေရန်အတွက် ပြည်တွင်းငါးလုပ်ငန်းကို ဆက်လက်ပံ့ပိုးပေးနေကြောင်း (MAFF) မှ ပြောရေးဆိုခွင့်ရှိသူ Im Rachna က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) ၏ ကိန်း ကဏန်းများအရ နိုင်ငံတော်သည် ၂၀၂၄ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၉၃၀,၀၀၀ သန်းခန့် ငါးထွက်ကုန်များတင်ပို့ခဲ့ပြီး ၂၀၂၃ ခုနှစ်ထက် ၈၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်းသိရှိရပါသည်။

Source: Khmer Times

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်ပကုန်သွယ်မှုသတင်းများ