သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပန်းတနော်မြို့ပေါ်ရှိ စိုက်ပျိုးရေး သုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာ ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာဝန်ခံ မသင်းသင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပန်းတနော်မြို့ပေါ်ရှိ  စိုက်ပျိုးရေး သုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာဆိုင်များသို့ (၁၃.၃.၂၀၂၂) နေ့နံနက် (၀၉:၃၀)နာရီအချိန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

            အဆိုပါ ဈေးကွက်စောင့်ကြည့် စစ်ဆေးမှုတွင် ပန်းတနော်မြို့နယ်တာဝန်ခံ မသင်းသင်းစိုးမှ စိုက်ပျိုးရေးသုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာများနှင့် မျိုးစေ့ထုတ်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိရေး စားသုံးသူကာကွယ်ရေးဥပဒေ၏ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသား မပါရှိပါက မရောင်းချသင့်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများကို အကျယ်တဝင့် ဆွေးနွေးပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဓနုဖြူမြို့ပေါ်ရှိ  ဓါတ်မြေဩဇာ နှင့် စိုက်ပျိုးရေးသုံး ကိရိယာ ရောင်းချသော ဆိုင်များအား ဈေးကွက်စောင့်ကြည့်

              စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက် အဖွဲ့အစည်းများဖြစ်သော  စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ဓနုဖြူမြို့ပေါ်ရှိ  ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံး ကိရိယာရောင်းချသော ဆိုင်များအား (၁၂.၃.၂၀၂၂) နေ့နံနက် (၀၉:၃၀)နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

         ၎င်းဈေးကွက်စောင့်ကြည့် စစ်ဆေးမှုတွင် စိုက်ပျိုးရေးသုံးကိရိယာ ဓါတ်မြေဩဇာ ၊ မျိုးစေ့ထုတ်နှင့် ပိုးသတ်ဆေးများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားပါရှိမှု ရှိ/ မရှိနှင့် ကုန်အညွှန်းအမှတ်အသားမပါရှိပါက မရောင်းချသင့်ကြောင်းနှင့် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းများကို အကျယ်တဝင့်ဆွေးနွေး  စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ရခိုင်ပြည်နယ်အတွင်း မြန်မာနိုင်ငံ စားသုံးသူစွမ်းဆောင်နိုင်မှု အညွှန်းကိန်းစစ်တမ်း (Myanmar Consumer Empowerment Index- MCEI) ကောက်ယူခြင်း

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည်မည်မျှရှိသည်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်သိရှိနိုင်ရန်အတွက် စားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်းစစ်တမ်းအား ကောက်ယူသွားမည်ဖြစ်ရာ ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်လည်း စားသုံးသူစွမ်းဆောင်နိုင်မှုအညွှန်းကိန်းစစ်တမ်းအား လူကိုယ်တိုင်တိုက်ရိုက် မေးမြန်းခြင်းနှင့် Online မှမေးမြန်းခြင်း နည်းလမ်း(၂)သွယ်ဖြင့် ကောက်ယူခဲ့ပါသည်။ စစ်တမ်း ကောက်ယူရာတွင် ရခိုင်ပြည်နယ်ရှိ လူဦးရေစာရင်းပေါ်အခြေခံ၍ လူဦးရေ(၁)သိန်းလျှင် (၆)ဦးနှုန်းဖြင့် လူကိုယ်တိုင်(၁၃၀)ဦး၊ Online မှ(၂၀)ဦး၊ စုစုပေါင်းလူဦးရေ(၁၅၀)ဦးအား ၂၀၂၂ ခုနှစ်၊ မေလမှစတင်၍ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)၏လုပ်ငန်းစီမံချက်အတိုင်း ကောက်ယူခဲ့ပါသည်။

          ထိုသို့စစ်တမ်းကောက်ယူရာတွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲမှ ပြည်သူ (၂၀) ဦး၏ e-mail လိပ်စာများနှင့် Messengers များသို့ Online Survey Link အား ပေးပို့၍ Online မှတဆင့် ကောက်ယူခဲ့ပြီး တိုက်ရိုက်မေးမြန်းခြင်း(၁၃၀)ဦးအား ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မောင်တောခရိုင်၊ ကျောက်ဖြူခရိုင်နှင့် သံတွဲခရိုင်များရှိ ရပ်ကွက်၊ ကျေးရွာများသို့ ပြည်နယ်ဦးစီးမှူးနှင့် သက်ဆိုင်ရာခရိုင်ဦးစီးမှူးများမှ  တာဝန်ပေးအပ်ထားသော ဝန်ထမ်းများမှ သွားရောက်ကွင်းဆင်းကောက်ယူခဲ့ပါသည်။

          စစ်တမ်းကောက်ယူရာတွင် ပြည်သူများသို့ စားသုံးသူအသိပညာပေးမှုလုပ်ငန်းများ၊ စားသုံးသူ ထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ကုစားမှုအစီအစဉ်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ စားသုံးသူ များသိရှိရမည့် သတင်းအချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများနှင့် ပြဌာန်းချက်များအပေါ် သိရှိမှုအခြေအနေ စသည့်အချက်များကို အခြေခံသည့် စစ်တမ်းမေးခွန်းလွှာအား မေးမြန်းခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)                                        

ချောက်မြို့နယ် ပြည့်ပင်ကျေးရွာသို့ မိတ်ဖက်ဌာနများနှင့်  ပူးပေါင်းပြီး အသိပညာပေးဆွေးနွေးခြင်းနှင့် စျေးကွက်စောင့်ကြည့်ခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ မကွေးခရိုင်၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မြတ်မိုး(မြို့နယ်ဦးစီးမှူး)၊ ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)တို့သည် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ်အေးမြတ်မြတ်သင်း(ဦးစီးအရာရှိ)၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်ဆုဆုဇင်(မြို့နယ်တာဝန်ခံ)နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့နှင့် ပူးပေါင်း၍ (၁၃.၅.၂၀၂၂)ရက်နေ့(၁၄:၀၀)နာရီမှ (၁၆:၀၀)နာရီထိ ချောက်မြို့နယ် ပြည့်ပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ စားသုံးသူအသိပညာပေးဆွေးနွေးခြင်း၊ စားအုန်းဆီ အစားထိုးနေကြာပိုမိုစိုက်ပျိုးထုတ်လုပ်ရေး အသိပညာပေးခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးခြင်း စသည်ဖြင့် ကဏ္ဍအလိုက်ဆောင်ရွက်ခဲ့ကြပါသည်။

            အဆိုပါဆွေးနွေးပွဲတွင် ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးမှ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း  စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက CICC မှလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ fb page  နှင့် www. doca .gov .mm website  တို့မှ လည်းကောင်း၊  Call Center နံပါတ်(1535) မှလည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

            ဆက်လက်၍ ဒေါ်ချိုဝေလွင်(ဒု-ဦးစီးမှူး)မှ ကုန်စည်နှင့်ကုန်ပစ္စည်းများ ဝယ်ယူရာတွင် သတိပြုရမည့် စားသုံးသူ ကာကွယ်‌ရေးဥပဒေ ၂၀၁၉အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများအကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးခြင်း၊  ကျေးရွာရှိ ကုန်စုံဆိုင်(၃)ဆိုင်အား စားသုံးရန်မသင့်တားမြစ်ထားသော ကုန်စည်များ၊ သက်တမ်းလွန်နှင့် ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော စားသောက်ကုန်များ၊ ရောင်းချမှုရှိ/မရှိအား အဖွဲ့ဖြင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

DOCA(မကွေး)

 

 

စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းရောင်းချသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၁၃.၅.၂၀၂၂ ရက်နေ့တွင် စိုက်ပျိုးရေး လုပ်ငန်းသုံးပစ္စည်းရောင်းချနေသော စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူးဦးအောင်ကျော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာ ဖော်ပြရမည့်အချက်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာအချက်များနှင့်ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းသို့မဟုတ်ရောင်းချခြင်းမပြုရန်၊ ဖောက်ဖျက်ကျူးလွန်ပါက စားသုံးသူကာကွယ်ရေး ဥပဒေအရ ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။

DOCA(ကချင်)

လက်လီ/လက်ကားကုန်စုံဆိုင်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

           ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊မြစ်ကြီးနားခရိုင်မှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် စားသုံးသူပြည်သူများ လုံခြုံစိတ်ချရမှုရှိစေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်းကို မြစ်ကြီးနာမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စု၊ ကဝါးခကျေးရွာရှိ လက်လီ/လက်ကားကုန်စုံဆိုင် လုပ်ငန်းရှင်(၂)ဦးအား ၁၃.၅.၂၀၂၂ ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် တွေ့ဆုံ၍စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်စည်/ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံစားသုံးသူကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာဖော်ပြရမည့်အချက်များ၊ ကုန်စည်/ဝန်ဆောင်မှုစပ်လျဉ်း၍ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း၊ ရောင်းချခြင်းဆိုင်ရာတားမြစ်ချက်များ ပြစ်မှု၊ပြစ်ဒဏ်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်ပြည်နယ်)

 

ညောင်လေးပင်မြို့ မြို့မစျေးကြီးအတွင်း ဆပ်ပြာမွှေးခဲများနှင့်ပတ်သက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

                ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ညောင်လေးပင် မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၂.၅.၂၀၂၂ ရက်နေ့တွင် ညောင်လေးပင်မြို့နယ် ၊ မြို့မစျေးအတွင်း ပင်ရင်းကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော ဆပ်ပြာခဲများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်မှု ရှိ/မရှိ ၊ ဖော်ပြပါ အလေးချိန်နှင့် အမှန်တကယ်ပါဝင်သော အလေးချိန် ကိုက်ညီမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

          ထိုသို့ စစ်ဆေးရာတွင် စျေးကွက်အတွင်းရောင်းချလျှက်ရှိသော ဆပ်ပြာမွှေးခဲများအနက် အချို့ဆပ်ပြာမွှေးခဲများသည် ဖော်ပြထားသော အလေးချိန်နှင့် ပါဝင်သောအလေးချိန် အနည်းငယ်လျော့နည်းသည်ကို တွေ့ရှိရပါသဖြင့် မြို့မစျေးကြီးအတွင်းရှိ  ကုန်စုံဆိုင်များအား ဖော်ပြပါ အလေးချိန် နှင့် အမှန်တကယ်ပါဝင်သော အလေးချိန် ကိုက်ညီမှုမရှိသည့် ကုန်ပစ္စည်းများအား ကုမ္ပဏီသို့ ပြန်လည်ပြောကြားပြီး လဲလှယ်၍ ပြန်လည်‌‌ရောင်းချရန် ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ အခွင့်အရေးနှင့် တာဝန်များ ၊ စာသုံးသူကာကွယ်‌ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း  သိရှိရပါသည်။

DOCA(ပဲခူး)

 

မြိတ်မြို့၊ ကလွင်သုဿန်ဘေး တွင် ဓါတုဆေးဝါးများအား မီးရှို့ဖျက်ဆီး

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ (ခရိုင်မီးသတ်)ဌာနများ ပူးပေါင်းအဖွဲ့သည် ၂၀၂၂ခုနှစ်၊ မေလ (၁၃)ရက်နေ့၊ နံနက် (၁၀း၀၀) နာရီ အချိန်တွင် JDS ကုမ္ပဏီမှဓါတုဆေးဝါးများကို မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ ကလွင်သုဿန်ဘေး၌ မီးရှို့ဖျက်စီးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

         အဆိုပါဆေးဝါးများသည် JDS ကုမ္ပဏီမှ သက်တမ်းကုန်နေသောဆေးဝါးနှင့် ပျက်စီးနေသောဆေးဝါး(၈၀)မျိုးဖြစ်ပြီး မီးရှို့ဖျက်စီးခဲ့သောဆေးဝါးများ၏ စုစုပေါင်းတန်းဖိုးမှာ ၃၆၈၀၀၀၀၀ိ/- ခန့် ရှိကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(တနင်္သာရီ)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းဆွေးနွေးပွဲ

           ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ၊ ဒိုးတန်းကျေးရွာအုပ်စု ၊ တောင်ဘို့ကိုးလုံးကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း၌ ၂၈.၄.၂၀၂၂ ရက်နေ့ မွန်းလွဲ ၁:၀၀ နာရီတွင် ဒိုက်ဦးမြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၊ မြို့နယ် ဆည်မြောင်း ဦးစီးဌာန၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဖိတ်ကြားထားသော တောင်သူများ တက်‌ရောက်၍ စိုက်ပျိုးရေး ၊  မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ နည်းပညာပေးသင်တန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ဥက္ကဌ ဦးဝင်းမြင့်က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန ၊ ဦးစီးမှူးမှ နည်းပညာပေးသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စိုက်ပျိုးရေး၌ အဓိကဖြစ်သော မြေ ၊ မျိုး ၊ ပိုးမွှားများအကြောင်းကို လည်းကောင်း ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌‌ရေး ဦးစီးမှူးက မြစိမ်းရောင် စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့နယ် ဆည်မြောင်းဦးစီးဌာနမှ နွေစပါးစိုက်ပျိုးရေးအတွက် ရေရရှိရေးကို လည်းကောင်း ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးမှူးမှ အသားကဏ္ဍတိုးတက်‌ရေးအတွက် လည်းကောင်း၊ စက်မှုလယ်ယာဦးစီးမှူးမှ ကောက်စိုက်စက် ၊ ရိတ်သိမ်းစက်များ အကြောင်းကို လည်းကောင်း ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဒိုက်ဦးမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးနှင့် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလို၍ မေးမြန်းချက်များကို သက်ဆိုင်ရာ ဌာနများမှ ပြန်လည် ဖြေကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ဒိုက်ဦးမြို့နယ် ဓာတ်မြေသြဇာ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပပြုလုပ်

         ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အမှတ်(၃) စိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြုလေ့လာမှုစခန်း (ACLC) ၌ ၂၇.၄.၂၀၂၂ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီး  ၊ ဝန်ကြီးချုပ်မှ ထောက်ပံပေးအပ်သော ဓာတ်မြေသြဇာအိတ်များကို တစ်နှစ်သုံးသီး စိုက်ပျိုးသော ဒိုးတန်းကျေးရွာမှ တောင်သူဦးမောင်စိုးထံသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောတောင်သူများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဒိုက်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်မှ အမှာစကားပြောကြားခဲ့ပြီး တောင်သူဦးမောင်စိုးက ဓာတ်မြေသြဇာ ၂၀ အိတ်အား ထောက်ပံ့ပေးအပ်သည့်အတွက် ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ