သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

တားမြစ်ထားသောဆေးဝါးပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး အမှတ်တံဆိပ်ပါ စားသုံးဆီနှင့် အသင့်သောက်သုံရန် ရေသန့်ပါကင်ဗူး များအား ဓနုဖြူမြို့နယ်၌ ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ စိန်နှင်းဆီ ကုန်စုံဆိုင် ဦးဆန်းထွန်းသိန်း (၅)ရပ်ကွက်ဒေါ်ခင်လှ ကုန်စုံဆိုင် ဦးအောင်မြင့်ဦး (၄)ရပ်ကွက်၊ ငွေမိုး ကုန်စုံဆိုင် ဦးတင်ကိုကို(၄)ရပ်ကွက်၊ မိဘမေတ္တာ၊ သိန်းကမ္ဘာ၊ ကိုတင်အေး၊ ဦးစိုးနိုင်၊ ဂန္ဓမာ ဈေးဆိုင်များ၊ ဦးကျင်လှ ရေသန့်၊ လမ်ငးရေသန့်၊ ဦးကျော်ရွှေရေသန့်၊ ဒေါ်ရှုဝမ်၊ ဦးတင်အေး ရေသန့်ဆိုင်များကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ တိုင်ရင်းဆေးပညာဦးစီးဌာနတို့ ကူးပေါင်း၍ ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်မှု မရှိစေရေးနှင့် တာမြစ်ဆေးဝါးများရောင်းချမှု မရှိစေရေးကို (၁၉-၇-၂၀၂၅) နေ့ နံနက် (၀၉း၃၀)နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           မြို့နယ်အတွင်း   ဒေသခံပြည်သူများ ကျန်းမာရေးအတွက် ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော ဆေးဝါးပစ္စည်းများ   ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် စစ်ဆေးခြင်း၊ သောက်ရေသန့်အမျိုးမျိုးတွင် (FDA)  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါ/ မပါနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း ပြည့်စုံမှုရှိ/ မရှိ စသည်ဖြင့် စစ်ဆေးခြင်း၊ ပြည်တွင်းသို့တင်သွင်းသည့် စားအုန်းဆီများ သတ်မှတ်အရည်အသွေးပြည့်မီရေး ကျန်းမာရေးနှင့်ကိုက်ညီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကိုသုံးစွဲနိုင်ရေး ဗူးသွပ်ဆီများတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များပါဝင်မှုရှိ/ မရှိကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဓနုဖြူဈေးကွက်အတွင်း သတ်မှတ်ချက်နှင့် ညီသော ကုန်စည်များရောင်းချနေခြင်းကို  တွေ့ရှိရပြီး၊ ဆိုင်ရှင်များကို သက်တ်းလွန်ကုန်စည်များရောင်းချခြင်းမပြုရန် အသိပေးပြောကြားစစ်ဆေးခဲ့ကြောင်း သိရသည်။

           ဒေသခံပြည်သူများထံ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌  အခက်အခဲမဖြစ်စေရေးအတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ် ကြရန်နှင့် ရောင်းချခြင်းမပြုရန်တားမြစ်ထားသော ဆေးဝါးပစ္စည်းများကို ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်း ဆွေးနွေးပြောကြားကြောင်း သိရှိရပါသည်။        

DOCA(ဧရာဝတီ)

၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဇူလိုင်လအတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍   ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။ ထိုသို့စောင့်ကြည့်စစ်ဆေးနိုင်ရန် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူးအောက်မနိမ့်သူကို စစ်ဆေးရေးမှူးအဖြစ် ခန့်အပ်တာဝန်ပေး၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မိမိတို့ဌာနမှဦးဆောင်၍သော်လည်းကောင်း၊ မိတ်ဖက် ဌာနများဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေး၊ စည်ပင်၊ စိုက်ပျိုးရေး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော အဖွဲ့ဖြင့်သော်လည်းကောင်း စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်း ရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း စွာအသုံးပြုခွင့်ရရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်သွားစေရေး တို့အတွက် ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ဈေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များ၊ လူသုံးကုန်များ၊ စက်ရုံများ၊  ဆေးဝါးမျိုးစုံနှင့် စက်သုံးဆီများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ရာ (၂၃) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး အနေဖြင့် တစ်နှစ်စာအတွင်း ဦးစားပေးဆောင်ရွက်ရန် လျာထားသည့်  ကုန်စည် (၁၀) မျိုးဖြစ်သည့် အသင့်သောက်အချိုရည်၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး၊ စည်သွပ်အစား အစာအမျိုးမျိုး၊ စားသုံးဆီ အမျိုးမျိုး၊ အေးခဲအစားအစာအမျိုးမျိုး၊ သောက်ရေသန့်အမျိုးမျိုး၊ အရန်သင့်အစားအစာအမျိုးမျိုး၊ အာဟာရဖြည့်စွက်စာအမျိုးမျိုး၊ ကလေးကစားစရာအရုပ်နှင့်ပစ္စည်း အမျိုးမျိုး၊ သွားတိုက်ဆေးအမျိုးမျိုး တို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းတို့ ဆောင်ရွက်ခဲ့ ကြောင်း၊ စားသုံးသူများအနေဖြင့် ကုန်စည်များ ဝယ်ယူအသုံးပြုရာတွင် ယင်းကုန်စည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ ပြည့်စုံစွာရရှိ နိုင်ပြီး စားသုံးသူ၏လိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များအား ရွေးချယ်ဝယ်ယူ နိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဥပဒေပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြနိုင်ရေး၊ ဌာန၏ အတည်ပြုချက်ရယူရန်တင်ပြလာပါက ဌာနမှ ဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ပြန်ကြားပေးနိုင် ရေးတို့ကို ဆွေးနွေးအသိပေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာန များမှလည်း သတ်မှတ်လိုင်စင်များ ရှိ/မရှိ စစ်ဆေးပြီး၊ လိုင်စင်လျှောက်ထားနိုင်ရေး၊ သက်တမ်း ကုန်လိုင်စင်များအား သက်တမ်းတိုးဆောင်ရွက် နိုင်ရေး၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် မသင့်သည့် ကုန်စည်များအား ရောင်းချခြင်းမပြုစေရေး အသိပညာပေးပြောကြားခဲ့ပါသည်။   

DOCA(စစ်ကိုင်း)

 

မအူပင်မြို့နယ်ရှိ ဆေးဆိုင်များနှင့် စားသုံးဆီဆိုင်များအား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဧရာဝတီတိုင်းဒေသကြီး၊​ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ​ဆေးဆိုင်များနှင့် စားသုံးဆီဆိုင်များအား မအူပင်ခရိုင် (FDA)၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးအဖွဲ့၊ စာ်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၁၈-၇-၂၀၂၅) နေ့နံနက် (၁၀း၃၀) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ စစ်​​ဆေးရာတွင်​ဆေးဆိုင်များအားစစ်​ဆေးရာ၌ ဆေးဝါးရောင်းချခွင့်လိုင်စင်ရှိ/ မရှိ၊ ရောင်းချ​သော ဆေးဝါးများတွင်အညွှန်းများတပ်ဆင်မှုရှိ/ မရှိ၊ (FDA)မှတားမြစ်ထား​သော ​ဆေးဝါးများ​အား ရောင်းချခြင်းရှိ/ မရှိ စစ်​ဆေးခဲ့​ပြီး ပြည်တွင်းထုတ်အမှတ် တံဆိပ်ပါစားသုံးဆီများ စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ FDA ထောက်ခံချက်ရှိ/ မရှိ၊ ဈေးကွက်အတွင်း အမှတ်တံဆိပ်ပါရောနှောဆီ (Blended OIL) ဖြန့်ဖြူးရောင်းချမှုများအား မြေပြင်ကွင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

            စစ်ဆေးစဉ်အတွင်း ဈေးကွက်၌ သတ်မှတ်ချက်နှင့် မညီရောင်းချခြင်းများ တားမြစ်ကုန်စည်များ၊ သက်တမ်းလွန်ကုန်စည်နှင့်၊ ဈေးဝါးများရောင်းချခြင်းတွေ့ရှိပါက အမျိုးသားအစားအသောက်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် ယခုလို စစ်ဆေးဆောင်ရွက်မှုများကို မကြာခဏ ပြုလုပ်မည်ဖြစ်သဖြင့် ဆိုင်ရှင်းများ အထူးအလေးထားလိုက်နာရောင်းချရန်တို့ကို မှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် ဆန်စက်သို့ ဂတ်စ် အသုံးပြုလည်ပတ်နေမှုကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

           ၂၀-၇-၂၀၂၅နေ့ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရွေကျောင်းမြောက်ကျေးရွာ အုပ်စု၊ဂုံမင်းကျေးရွာရှိ ဆန်စက်မှ ဂတ်စ်ဖြင့်လည်ပတ်ကြိတ်ခွဲရာ တွင်အနံ့ဆိုးများထွက်ရှိသဖြင့် တိုင်ကြားစာနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ပေးထားသည်အပေါ် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီမှူး ကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

             စစ်ဆေးဆောင်ရွက်ရာတွင် ဆန်စက်မှ လည်ပတ်နေမှုအခြေအနေနှင့် ကန်သုံးကန် ပြုလုပ်ထားရှိမှုစနစ်များကို စစ်ဆေးခြင်း၊ ရေဆိုးထွက်ပေါက်လမ်းကြောင်း အခြေအနေများကိုစစ်ဆေးခြင်းနှင့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ Gasifier အသုံးပြု စက်မှုလုပ်ငန်းများအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး ဆောင်ရွက်သွားနိုင်မည့် အစီအမံများ စနစ်တကျဆောင်ရွက်ထားရှိရန်ကို ဆန်စက်လုပ်ငန်းရှင်ကိုမှာကြားပြီး ဆန်စက်မှ ဆောင်ရွက်ထားရှိသော ဖြစ်စဉ်များကို စိစစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လက်ဆက်ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၂၈၅ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ် ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရပါသည်။

          ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရေးစားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်း ရာတွင် စားအုန်းဆီတင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ် မှုများအရ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁8 ရက်နေ့မှ 24 ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၆,၂၈၅ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေး ထုတ်ပြန်ကြေညာထားကြောင်းသိရှိရပါ​သည်။   

          ပြည်တွင်းဈေးကွက်အတွင်း အဆိုပါထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက်   ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ကြောင်းသိရှိရသည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်တနင်္လာနေ့တိုင်းထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါသည်။

၂၀၂၅ခုနှစ် ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဇူလိုင် လအတွင်း ကုန်စည်များတွင် မြန်မာဘာသာဖြင့်ကုန်အညွှန်းအမှတ်အသားဖော်ပြမှုအား စိစစ်ပြန်ကြား

  စားသုံးသူကာကွယ်ရေးဥပဒေအရကုန်စည်များတွင်မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရန် ကုန်စည်အမျိုးအစားအလိုက် အသေးစိတ် ညွှန်ကြားချက်ကို မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါညွှန်ကြားချက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာလာကြပြီး ၎င်းတို့ ထုတ်လုပ်သည့် ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမှုအပေါ် ဥပဒေ၊ ညွှန်ကြား ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စိစစ်ပေးရန် စားသုံးသူရေးရာဦးစီးဌာနသို့ တင်ပြလာကြကြောင်း သိရှိရသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သန့်စင် ဆိတ်သားမွကြော် နှင့် ဆိတ်သားခြောက်မီးကင် လုပ်ငန်းတို့မှ ၎င်းတို့၏ ကုန်စည်များပေါ်တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြမှုအား စိစစ်ပြန်ကြားပေးရန် တင်ပြမှုအား စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနက ဥပဒေ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း၊ လိုအပ်သည့်အချက်များနှင့် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်သွားရန်ပြန် ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ နီလာစက်မှုဇုန်ရှိ နိုင်းစတား ဂျုံခေါက်ဆွဲစက်ရုံသို့ ကွင်းဆင်း

စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၃)ဦးတို့သည် ခရိုင်ကျန်းမာရေး ဦးစီးဌာန၊  စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁  ရက်နေ့ နေ့လည် ၁၄း၀၀ နာရီ အချိန်တွင် စစ်ကိုင်းမြို့၊  နီလာစက်မှုဇုန်ရှိ  နိုင်းစတား ဂျုံခေါက်ဆွဲခြောက်စက်ရုံသို့ ကွင်းဆင်း၍ ပိုင်ရှင်ဒေါ်ဌေးဌေးဝင်းနှင့် တွေ့ဆုံပြီး  ဂျုံခေါက်ဆွဲ ထုတ်လုပ်၊ ရောင်းဝယ်မှုအခြေအနေများ၊ ဈေးနှုန်း၊ဈေးကွက် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ရာ လုပ်ငန်းလည်ပတ်ရင်းနှီးငွေ သိန်း(၂၀၀၀) ကျပ်၊ လုပ်သားအင်အား ကျား (၂၀) ဦး၊ မ (၆၀) ဦးဖြင့် လုပ်ကိုင်ဆောင်ရွက်ကြောင်း၊လုပ်အားခအနေဖြင့် ကျားတစ်ဦးလျှင် (၁၅၀၀ဝိ/- မှ ၁၈၀၀ဝိ/-)၊ မ တစ်ဦးလျှင် (၁၀၀၀ဝိ/-) ဖြင့် နေ့ချင်း ပေးချေကြောင်း၊  ကုန်ကြမ်း ဂျုံများ ဖြစ်သော ဒုံးပျံနှင့် OK အမှတ်တံဆိပ်များအား ရန်ကုန်မြို့မှ တိုက်ရိုက် ဝယ်ယူသုံးစွဲ ကြောင်း၊ ဂျုံ (၅၀) ကီလိုဂရမ် တစ်အိတ်လျှင် (၁၉၀၀၀ဝိ/-) ဖြင့် ဝယ်ယူရကြောင်း၊ တစ်ရက်လျှင် ဂျုံ (၅၀) ကီလိုဂရမ်အိတ် (၅၀) အိတ်အသုံးပြု ထုတ်လုပ်လျှင် ဂျုံခေါက်ဆွဲ (၁၇၅၀၀) ပိဿာ ထွက်ရှိကြောင်း၊ ဈေးနှုန်းများမှာ (၈၀၀) ဂရမ် (၄၆၀ဝိ/-)၊  (၇၅၀) ဂရမ် (၄၃၀ဝိ/-)၊ (၄၀၀) ဂရမ် (၂၃၅ဝိ/-)ဖြင့်  ရောင်းချကြောင်း၊ လက်ရှိတွင် ရန်ကုန်၊ တောင်ကြီး၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ရမည်းသင်း၊ သာစည်၊ မလှိုင် နှင့် နေပြည်တော်သို့ တင်ပို့ ရောင်းချကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

“ကျောက်ဆည်မြို့ရှိ ဟိန်းထက်ဆန်အရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း”

  စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ၃၀ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ “မြို့မဈေး”ရှိ အိမ်သုံးဆေးဝါးအရောင်းဆိုင်များအား ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ၊ လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် အိမ်သုံးဆေးဝါးများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်ပြီး ဆေးနှင့်ဆေးပစ္စည်းများကို သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။   

DOCA(စစ်ကိုင်း)   

ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်း

         အသင့်စားမုန့်တွေ စားသုံးမိတာများခြင်းကြောင့် ကလေးငယ်တွေမှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါစတဲ့ ရောဂါမျိုးတွေ ဖြစ်ပွားနေတာတွေ့ရှိရတာကြောင့် အခြေခံပညာကျောင်းများတွင် ရောင်းချနေသော အသင့်စားမုန့် များကို စစ်ဆေးဆောင်ရွက်ရန်လိုအပ်သဖြင့် ကျန်းမာရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းအသိပညာပေးခြင်း၊ မုန့်ဈေးတန်းများကို စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

            ပန်းတနော် အနောက်ပိုင်းရပ်ကွက် အ-မ-က-၂ ကျောင်းတွင် နံနက်(၀၈၁၅)နာရီအချိန်တွင် စစ်ဆေးခဲကြရာ မုန့်မျိုးစုံနှင့်စားသောက်ကုန်ပစ္စည်းများ ကုန်အညွှန်းအမှတ်အသားများပြည့်စုံ မှန်ကန်စွာဖော်ပြပါရှိမှုရှိ၊ မရှိ၊ သက်တမ်းလွန်မုန့်များ ရောင်းချမှုရှိ၊မရှိ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသည့် စားသောက်ကုန်ပစ္စည်းများဖြစ်ရေးတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ သူတွေအနေနဲ့ အစားအသောက်မှာ သုံးစွဲရန်ခွင့်မပြုတဲ့ ဆိုးဆေးတွေကို လုံးဝ အသုံးမပြုရန်နဲ့ မုန့်ဈေးတန်း ဆိုင်ရှင်များကို အသိပေးပြောကြားခဲ့ပြီး ကျောင်းကျန်းမာရေးအဖွဲ့မှ ကြပ်မတ်ဆောင်ရွက်ရန် တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ် အ.မ.က -၂ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသာလူငယ်အသိပညာပေး ဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်အတွင်းိ  ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို (၁၉-၇-၂၀၂၅) နံနက်  (၁၀း၀၀) နာရီအချိန်တွင် ပန်းတနော်မြို့နယ် အနောက်ပိုင်းရပ်ကွက် အခြေခံပညာမူလ တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။

      လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင်  ကျန်းမာရေးဦးစီးဌာန၊ သွားကျန်းမာရေး ဆရာဝန်များနှင့် စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း အသိပညာပေး ဟောပြောခဲ့ကြသည်။ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား/ သူများကို ကျန်းမာရေးနှင့် သွားခံတွင်း ဂရုစိုက်စေရန် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု စစ်ဆေးပြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်သင်းသင်းမာ အငယ်တန်းစာရေးက ဆိုးဆေးအန္တရာယ်နှင့် စားသုံးရန်မသင့်သော ကုန်စည်များအကြောင်းကို အသိပညာပေးရှင်းလင်းပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ အသိပညာပေးပြောကြားပြီး ကုန်စည်များရွေးချယ်ရာတွင် ခွဲခြားကြည့်ရှုပြီးရွေးချယ်တက်စေရန် သတိပြုရမည့်ဆိုးဆေးများ အန္တရာယ်နှင့် စားသုံးရန်မသင့်သော  အစားအစာများနှင့် အချိုရည်များအကြောင်း ပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသူ/ သား (၃၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ